မာတိကာသို့ ခုန်သွားရန်

အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဖက်ပေ

ဝီကီပီးဒီးယား မှ

အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဖက်ပေ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဖက်ပေ: တနင်္ဂနွေနှင့် စနေ၊ တနင်္လာနှင့် ကြာသပတေး၊ အင်္ဂါနှင့် ရာဟု၊ ဗုဒ္ဓဟူးနှင့် သောကြာဂြိုဟ်တို့သည် ဓာတ်သဘောတူညီသောကြောင့် မိတ်ဆွေဓာတ်များ ဖြစ်ကြသည်။

ဆိုလိုသည်မှာ ရှေးမြန်မာလူမျိုးတို့၏ နက္ခတ္တဗေဒနှင့် ဓာတ်ကြီးလေးပါး (တေဇော၊ အာပေါ၊ ဝါယော၊ ပထဝီ) အယူအဆကို အခြေခံထားသော ယုံကြည်မှုကို ဖော်ပြသည်။ ဂြိုဟ်များသည် ဓာတ်တစ်ခုစီကို ကိုယ်စားပြုပြီး တူညီသော ဓာတ်များ ပေါင်းစပ်မိပါက သင့်မြတ်သည်ဟု ယုံကြည်ကြသည်။ ဤဆိုရိုးစကားသည် ထိုသို့ သင့်မြတ်သော ဂြိုဟ်အတွဲများကို ဖော်ပြခြင်းဖြစ်သည်။

အသေးစိတ်

[ပြင်ဆင်ရန်]
  • အန်/တော: တနင်္ဂနွေ/စနေ (တေဇောဓာတ်)
  • ဂဗ်/ဘေ: တနင်္လာ/ကြာသပတေး (ပထဝီဓာတ်)
  • စ/ရေ: အင်္ဂါ/ရာဟု (ဝါယောဓာတ်)
  • ဝံ/သေ: ဗုဒ္ဓဟူး/သောကြာ (အာပေါဓာတ်)

တေဇောနှင့် တေဇော၊ ပထဝီနှင့် ပထဝီ၊ ဝါယောနှင့် ဝါယော၊ အာပေါနှင့် အာပေါတို့သည် တူညီသော ဓာတ်များဖြစ်သောကြောင့် သင့်မြတ်သည်ဟု ဆိုလိုသည်။ အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဂြိုဟ်ပေ နှင့် အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ မှတ်လေဓာတ်ဖက်သာ ဟူ၍လည်း အဆိုများရှိပြီး အဓိပ္ပာယ် အတူတူပင် ဖြစ်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • "အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဂြိုဟ်ပေ။" []
  • "အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ မှတ်လေဓာတ်ဖက်သာ။" []


Burmese Lexicon တွင်လည်း ဤအကြောင်းအရာနှင့် ဆက်စပ်သော အချက်အလက်များကို တွေ့ရှိနိုင်ပါသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၂၂၅-ခန့်] လောကီညွန့်။၂။
  3. [၁၃၃၆] လောကီစုံ။ ၃။