မာတိကာသို့ ခုန်သွားရန်

အနိမ့်စားကမ္ဘာပတ်လမ်း

ဝီကီပီးဒီးယား မှ
ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀) မြင့်သော အနိမ့်စားကမ္ဘာပတ်လမ်းရှိ နိုင်ငံတကာအာကာသစခန်းမှ မြင်ကွင်း။ စိမ်းဝါရောင်တောက်ပနေသော ကမ္ဘာ့လေထုကို ၁၀၀ ကီလိုမီတာ ( ၆၂ မိုင်) အမြင့်ရှိ မိုးကုပ်စက်ဝိုင်းတွင်မြင်ရပြီး ၎င်းသည် ကမ္ဘာနှင့် ကမ္ဘာ့အပြင်ပိုင်း အာကာသကို ခွဲခြားပေးသည်။ ယင်းတွင် ပျံသန်းနှုန်းသည် ဂြိုဟ်ကိုပတ်စေနိုင်သည့်အလျင်အထိရောက်သည်။

အနိမ့်စားကမ္ဘာပတ်လမ်း ဆိုသည်မှာ ၁၂၈ မိနစ် သို့မဟုတ် ထို့ထက်နည်းသော ကာလအတွင်း ကမ္ဘာကိုတစ်ပတ်ပြည့်အောင် လှည့်ပတ်သည့်လမ်းကြောင်းဖြစ်သည်။ တစ်နေ့လျှင် အနည်းဆုံး ၁၁.၂၅ ကြိမ်လှည့်ပတ်သော ထိုပတ်လမ်းသည် စက်ဝိုင်းပုံမှ သွေဖယ်သည့်အချိုးအတိုင်းအတာ ၀.၂၅ အောက်နည်းသောပတ်လမ်းလည်းဖြစ်ရမည်။

[] အာကာသထဲရှိ လူလုပ်အရာဝတ္ထုအများစုသည် ကမ္ဘာပတ်လမ်းနိမ့်၌ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၈၀၀ ကီလိုမီတာ (မိုင် ၅၀၀) ဝန်းကျင်မှာ အများဆုံးတွေ့ရပါသည်။ အနိမ့်စားကမ္ဘာပတ်လမ်းတွင် ပျံသန်းနိုင်သောအမြင့်ဆုံးအကွာအဝေးသည် အလတ်စားကမ္ဘာပတ်လမ်းကိုမကျော်လွန်ပါက အများဆုံး၂၀၀၀ ကီလိုမီတာသာရှိသည်။ ကမ္ဘာ့အချင်းဝက် ၏ သုံးပုံတစ်ပုံခန့်ရှိပြီး အတွင်းပိုင်း Van Allen ရောင်ခြည်ခါးပတ် ၏ အစတွင်ရှိသည်။

အနိမ့်စားကမ္ဘာပတ်လမ်းဒေသ ဟူသော အသုံးအနှုန်းကို ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၂,၀၀၀ km (၁,၂၀၀ mi) အောက်ရှိ အာကာသဧရိယာအတွက် အသုံးပြုသည်။ (ကမ္ဘာမြေ၏ အချင်းဝက်၏ သုံးပုံတစ်ပုံခန့်)။ [] အရာဝတ္ထုများ၏ ကမ္ဘာနှင့်အဝေးဆုံးအမှတ်သည် အနိမ့်စားကမ္ဘာပတ်လမ်းထက်မြင့်နေစေကာမူ သို့မဟုတ် တစ်ဝက်တစ်ပျက်ပတ်လမ်း ဖြစ်နေစေကာမူ ဤဇုန်ကိုဖြတ်သန်းသွားမည်ဆိုပါက အနိမ့်စားကမ္ဘာပတ်လမ်းရှိဂြိုဟ်တုများစွာနှင့် တိုက်မိစေနိုင်သောကြောင့် ၎င်းတို့ကို ဂရုတစိုက် ခြေရာခံရပါသည်။

အနိမ့်စားကမ္ဘာပတ်လမ်းထက်ကျော်လွန်သော လူသားအာကာသခရီးစဉ် များမှာ အပိုလို စီမံကိန်း ၏ လကမ္ဘာမစ်ရှင်များ (၁၉၆၈-၁၉၇၂) နှင့် အာတေမစ် ၂ လကမ္ဘာကို ဖြတ်သန်းပျံသန်းခြင်း (၂၀၂၆) တို့သာဖြစ်သည်။ [] ၂၀၂၆ခုနှစ်အထိ အာကာသစခန်း အားလုံး အနိမ့်စားကမ္ဘာပတ်လမ်း အတွင်း ကမ္ဘာကိုဗဟိုပြု၍ လှည့်ပတ်ကြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Current Catalog Files June 26, 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 13, 2018 တွင် ပြန်စစ်ပြီး။ “LEO: Mean Motion > 11.25 & Eccentricity < 0.25”
  2. IADC Space Debris Mitigation Guidelines INTER-AGENCY SPACE DEBRIS COORDINATION COMMITTEE: Issued by Steering Group and Working Group 4 (September 2007)။ 2018-07-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-07-17 တွင် ပြန်စစ်ပြီး။ “Region A, Low Earth Orbit (or LEO) Region – spherical region that extends from the Earth's surface up to an altitude (Z) of 2,000 km”
  3. Artemis II (in en-US) (April 3, 2025)။ August 6, 2025 တွင် ပြန်စစ်ပြီး။