အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၅-၂၀၂၆
| |||||||||||||||||||||||||||||||||||||||||
ပြည်သူ့လွှတ်တော် ၃၃၀ နေရာ အမျိုးသားလွှတ်တော် ၁၁၀ နေရာ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၃၂၂ နေရာ တိုင်းရင်းသားလူမျိုးဝန်ကြီး ၂၉ နေရာ ပြိုင်ဖက်ကို အနိုင်ရရန် ၂၂၁ နေရာ လိုအပ် | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| |||||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||||
၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ သည် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ကျင်းပသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြန်မာ့သမိုင်းတွင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းလည်း ဖြစ်သည်။ထူးခြားချက်အနေဖြင့် ဤရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ယခင်မဲပေးစနစ် အနိုင်ရသူ အကုန်ယူစနစ် အပြင်၊ အချိုးကျ ကိုယ်စားပြုစနစ်ကိုလည်း ပူးတွဲ အသုံးပြုမည့်အပြင်၊ ရွေးကောက်ပွဲများကိုလည်း တစ်ရက်ထဲမကျင်းပဘဲ အပိုင်း (၃)ပိုင်းခွဲ၍ ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်သည် ။[၁]
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ စုစုပေါင်း ၅၇ ခုရှိသည်။ ယင်းပါတီများအနက် ပြည်ထောင်စုတစ်ဝန်းလုံးတွင် မဲဆွယ်စည်းရုံးမည့် ပါတီ ၆ ခု နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုတည်းတွင်သာ စည်းရုံးမည့်ပါတီ ၅၁ ခု ပါဝင်သည်။
အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၅ နယ်၊ အမျိုးသား လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် ( FPTP ) မဲဆန္ဒနယ် ၇၃ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၅၇ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် တို့တွင် အသီးသီးပြုလုပ်ကြမည်ဖြစ်သည်။
ရက်သတ်မှတ်ခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊မတ် ၇ ရက် ဘီလာရုဇ်နိုင်ငံချစ်ကြည်ရေးခရီးစဥ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များဖြစ်ကြသည့် သမ္မတ လူကာရှင်ကို နှင့် ယာယီသမ္မတ(တာဝန်)ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်းဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က ရွေးကောက်ပွဲကို တရားဝင်ကြေညာခဲ့သည်။[၂]
၂၀၂၅ ခုနှစ်၊မတ် ၂၅ ရက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ကျင်းပသွားမည်ဟု ဆက်လက် ပြောဆိုခဲ့သည်။[၃][၄]
အပိုင်း (၁)
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈ ရက် တွင် ရွေးကောက်ပွဲကော်မရှင် သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ၏ ပထမအပိုင်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာသည်။[၅][၆]
ဩဂုတ် (၂၀) ရက်၌ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ် (၁၀၂) မြို့နယ်အား ရွေးကောက်ပွဲကောက်မရှင်က သတ်မှတ်ကြေညာခဲ့သည်။ [၇]
အပိုင်း (၂)
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၂၈ ရက် တွင် ရွေးကောက်ပွဲကော်မရှင် သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ၏ အပိုင်း(၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာသည်။ယင်းအပြင် အပိုင်း(၂) ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ် (၁၀၀)ကိုပါ တစ်ပါတည်း ထည့်သွင်း ကြေညာခဲ့သည်။[၈]
အပိုင်း (၃)
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ဒီဇင်ဘာ ၂၅ ရက် တွင် ရွေးကောက်ပွဲကော်မရှင် သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ၏ အပိုင်း(၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာသည်။ယင်းအပြင် အပိုင်း(၃) ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ် (၆၃)ကိုပါ တစ်ပါတည်း ထည့်သွင်း ကြေညာခဲ့သည်။[၉]
| စဉ် | တိုင်း/ပြည်နယ် | ပါဝင်သည့်မြို့နယ်များ | မှတ်ချက် | စဉ် | တိုင်း/ပြည်နယ် | ပါဝင်သည့်မြို့နယ်များ | မှတ်ချက် |
|---|---|---|---|---|---|---|---|
| ၁။ | ကချင် |
|
၆ မြို့နယ် | ၉။ | မန္တလေး |
|
၈ မြို့နယ် |
| ၂။ | ကယား |
|
၂ မြို့နယ် | ၁၀။ | မွန် |
|
၅ မြို့နယ် |
| ၃။ | ကရင် |
|
၃ မြို့နယ် | ၁၁။ | ရခိုင် |
|
၃ မြို့နယ် |
| ၄။ | ချင်း | တီးတိန်
ဟားခါး |
၂ မြို့နယ် | ၁၂။ | ရန်ကုန် |
|
၁၂ မြို့နယ် |
| ၅။ | စစ်ကိုင်း |
|
၁၂ မြို့နယ် | ၁၃။ | ရှမ်း |
|
၁၂ မြို့နယ် |
| ၆။ | တနင်္သာရီ |
|
၄ မြို့နယ် | ၁၄။ | ဧရာဝတီ |
|
၈ မြို့နယ် |
| ၇။ | ပဲခူး |
|
၈ မြို့နယ် | ၁၅။ | နေပြည်နယ် |
|
၈ မြို့နယ် |
| ၈။ | မကွေး |
|
၉ မြို့နယ် |
| စဉ် | တိုင်း/ပြည်နယ် | ပါဝင်သည့်မြို့နယ်များ | မှတ်ချက် | စဉ် | တိုင်း/ပြည်နယ် | ပါဝင်သည့်မြို့နယ်များ | မှတ်ချက် |
|---|---|---|---|---|---|---|---|
| ၁။ | ကချင် |
|
၃ မြို့နယ် | ၇။ | မကွေး |
|
၁၁ မြို့နယ် |
| ၂။ | ကယား |
|
၂ မြို့နယ် | ၈။ | မန္တလေး |
|
၉ မြို့နယ် |
| ၃။ | ကရင် |
|
၂ မြို့နယ် | ၉။ | မွန် |
|
၅ မြို့နယ် |
| ၄။ | စစ်ကိုင်း |
|
၁၁ မြို့နယ် | ၁၀။ | ရန်ကုန် |
|
၁၆ မြို့နယ် |
| ၅။ | တနင်္သာရီ |
|
၃ မြို့နယ် | ၁၁။ | ရှမ်း |
|
၁၇ မြို့နယ် |
| ၆။ | ပဲခူး |
|
၁၂ မြို့နယ် | ၁၂။ | ဧရာဝတီ |
|
၉ မြို့နယ် |
| စဉ် | တိုင်း/ပြည်နယ် | ပါဝင်သည့်မြို့နယ်များ | မှတ်ချက် | စဉ် | တိုင်း/ပြည်နယ် | ပါဝင်သည့်မြို့နယ်များ | မှတ်ချက် |
|---|---|---|---|---|---|---|---|
| ၁။ | ကချင် |
|
၅ မြို့နယ် | ၆။ | မန္တလေး |
|
၈ မြို့နယ် |
| ၂။ | ကရင် |
|
၂ မြို့နယ် | ၇။ | ရန်ကုန် |
|
၁၇ မြို့နယ် |
| ၃။ | စစ်ကိုင်း |
|
၂ မြို့နယ် | ၈။ | ရှမ်း |
|
၉ မြို့နယ် |
| ၄။ | တနင်္သာရီ |
|
၃ မြို့နယ် | ၉။ | ဧရာဝတီ |
|
၉ မြို့နယ် |
| ၅။ | ပဲခူး |
|
၈ မြို့နယ် |
နောက်ခံသမိုင်းကြောင်းနှင့်ထင်ရှားဖြစ်စဥ်များ
[ပြင်ဆင်ရန်]ဤရွေးကောက်ပွဲသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည်။ အာဏာသိမ်းပြီးချိန်မှစ၍ စစ်တပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး တိုင်းပြည်ကို အရေးပေါ်အခြေအနေ[၁၀]အဖြစ် အုပ်ချုပ်ခဲ့ပြီး မြန်မာနိုင်ငံ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ခဲ့သည်။အစောပိုင်းကာလများအတွင်း ရွေးကောက်ပွဲနှင့် ပတ်သတ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် အာဏာသိမ်းပြီးနောက် ၂ နှစ်နှင့် ခြောက်လအကြာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ထဲတွင် ရွေးကောက်ပွဲ ကျင်းပရန် ကတိပြုခဲ့သည်။ [၁၁][၁၂]
၂၀၂၁
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ်၊ဩဂုတ် ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်သည့် ပြောကြားသည့် မိန့်ခွန်း၌ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ်များသည် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြီးစီးနိုင်ဖွယ်ရှိကြောင်း ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။[၁၃]
“ဖွဲ့စည်းပုံအခြေခံဥပဒေ မှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ)အရ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာတိုးမြှင့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ပြီးစီးအောင် ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက်ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာ ပါပဲ”
၂၀၂၂
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ်၊စက်တင်ဘာ ၆ ရက် ရုရှားခရီးစဥ်အတွင်း ရုရှားပိုင် RIA သတင်းဌာန နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံမေးမြန်းကြစဉ် ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်သွားမည့်အကြောင်း ပြောဆိုခဲ့ပြန်ပြီး၊ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားမှုသည် အချိန်လုံလုံလောက်လောက်ရှိသည့်အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမဆိုင်း ပြောဆိုရန် စောလွန်းသေးသည့်အကြောင်းပါ ထည့်သွင်းပြောဆိုခဲ့သည်။[၁၄]
၂၀၂၃
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စစ်တပ်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပိုမိုအသာစီးရစေနိုင်သော အနိုင်ရသူ အကုန်ယူစနစ်အစား အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲထားသည့် ရွေးကောက်ပွဲ ဥပဒေသစ်ကို ပြသခဲ့သည်။[၁၅] ယခင်ရှိထားသော တပ်မတော်သား ၂၅ ရာခိုင်နှုန်း အပြင် လေးပုံတစ်ပုံအနိုင်ရရုံဖြင့် အစိုးရဖွဲ့စေနိုင်ရန် ပြင်ဆင်ထားပုံရသည်။[၁၆][၁၇][၁၈][၁၉][၂၀][၂၁][၂၂][၂၃][၂၄]
၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည်။[၂၅]ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်က စစ်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ထံသို့ အီလက်ထရောနစ်မဲပေးစက်ဖြစ်သော Myanmar Electronic Voting Machine (MEVM) ကို လာရောက်ပြသခဲ့သည်။[၂၆]
အာဏာသိမ်းပြီးနောက် ဖယ်ရှားခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဥပဒေသစ်အရ မှတ်ပုံမတင်ခဲ့ခြင်းကြောင့် ပါတီအား ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာခဲ့သည်။[၂၇] ဒုတိယမြောက် အတိုက်အခံပါတီဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဖျက်သိမ်းကြောင်း အလားတူ ကြေညာခဲ့သည်။[၂၈][၂၉] စစ်တပ်နောက်ခံပြု ပြည်ခိုင်ဖြိုးပါတီအား ဧပြီ (၂၀)ရက်နေ့တွင် အမှတ်စဉ် (၁)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။[၃၀]
၂၀၂၃ ခုနှစ်၊ ၂၂ ရက် တွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်သွားမည်ဟု အာမခံကြောင်း ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ဇူလိုင် ၁၁ ရက်တွင်လည်း စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရာ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းသည့်အချိန်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု အာမခံကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း ၂၀၂၁ ခုနှစ်၊ဩဂုတ် ၁ ရက် နှင့် ၂၀၂၂ ခုနှစ်၊စက်တင်ဘာ ၆ ရက် ကတိစကားများဖြစ်သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း စီစဥ်ထားသည့် ရွေးကောက်ပွဲသည် ပျက်ပြယ်သွားခဲ့သည်။
၂၀၂၅
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ဘီလာရုဇ်နိုင်ငံ သမ္မတ လူကာရှင်ကို နှင့် တွေ့ဆုံချိန် သတင်းစာရှင်းလင်းပွဲ၌ စစ်ခေါင်းဆောင်သည် ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ အစောပိုင်းတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည်ဟု ထပ်မံ ကတိပြုခဲ့ပြန်သည်။ [၃၁]
ဆက်၍ ၂၀၂၅ ခုနှစ်၊မတ် ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင်၌ ရွေးကောက်ပွဲပြုလုပ်မည့် ကတိစကားအတိုင်း အကောင်အထည်ဖော်မည့်အကြောင်း ပြောဆိုခဲ့သည်။ဤသို့ဖြင့် အထွေထွေရွေးကောက်ပွဲ ၂၀၂၆-၂၀၂၆ သည် ဖြစ်ပေါ်လာခဲ့သည်။
၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက် နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြို့နယ်ပေါင်း (၂၆၇) မြို့နယ် တွင် ရွေးကောက်ပွဲ ကျင်းပရန် လျာထားပြီး ယခင်ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) နှစ်မျိုးလုံး အသုံးပြု ဆောင်ရွက်သွားမည့်အကြောင်း တရားဝင်ပြောဆိုခဲ့သည်။[၃၂] ရွေးကောက်ပွဲကျင်းပမည့် နယ်မြေဒေသများသည် အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေဒေသများမှ လွဲပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် အားလုံးတို့တွင် ဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲပြီး ကျင်းပမည်ဟု ဆိုသည်။
၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက်တွင် စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များ အသုံးပြုရန် စီစဉ်နေကြောင်း ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အစည်းအဝေး၌ ပြောကြားခဲ့သည်။[၃၃]ရွေးကောက်ပွဲအတွက် လိုအပ်သော မဲပေးစက်များကို ထုတ်လုပ်နေပြီး ရရှိလာသည့် စက်များကို တိုင်းနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် မပျက်စီးစေရန် စနစ်တကျ သိမ်းဆည်းခြင်းများအတွက် စီမံဆောင်ရွက်ထားကြောင်း ၎င်းက ဆိုသည်။[၃၃]အစည်းအဝေးမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်မှစ၍ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပသွားမည်ဟု ကောက်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားထားသည်။ ဤရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ၉ ပါတီနှင့် တိုင်း/ပြည်နယ်အလိုက် ယှဉ်ပြိုင်မည့် ၄၅ ပါတီ ရှိသည်။[၃၃]
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သုံးရပ် (အမျိုးသား၊ ပြည်သူ့၊ တိုင်းဒေသကြီး/ပြည်နယ်) ၏ ရွေးကောက်ပွဲနည်းဥပဒေများနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်ကြေညာခဲ့သည်။ [၃၄][၃၅]
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲအောင်မြင်ရန်အတွက် ဆန္ဒမဲပေးသူမည်မျှရှိရမည်ဟု ဥပဒေတွင် သတ်မှတ်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ အခြားနိုင်ငံများတွင်လည်း ထိုသို့သတ်မှတ်ထားသည်ကို မတွေ့ရကြောင်းနှင့် ရာခိုင်နှုန်း ၅၀ နှင့်အထက် မဲပေးနိုင်ပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လုံခြုံရေးဆိုင်ရာ အချက်အလက်များရယူခြင်းတို့ကို လုပ်ဆောင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမအကြိမ် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်ဦးရေ၏ ထက်ဝက်ကျော် တက်ရောက်ပါက အစည်းအဝေးအထမြောက်နိုင်ကြောင်းနှင့် ဒုတိယအကြိမ်တွင် သုံးပုံတစ်ပုံ တက်ရောက်ပါက အထမြောက်နိုင်ကြောင်းကိုလည်း ထောက်ပြခဲ့သည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း တက်ရောက်နိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်နိုင်သည့် မြို့နယ်များအားလုံးတွင် ကျင်းပနိုင်ရန် ရည်မှန်းထားပြီး၊ သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရသူများကို ကြိုတင်မဲဖြင့် မဲပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။[၃၆][၃၇]
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကွေးတိုင်းခရီးစဉ်အတွင်း ဒီဇင်ဘာလကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ၏ ပထမအဆင့်ကို ခရိုင်မြို့ကြီးများနှင့် ဆက်စပ်မြို့များတွင် စတင်ပြုလုပ်မည် ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက မကွေးတပ်နယ်သို့ ရောက်ရှိစဉ်တွင် ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာသောအခါ တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်တော့မည်မဟုတ်ဘဲ ကာကွယ်ရေးလုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက်သွားမည် ဟုလည်း ပြောကြားခဲ့သည်။[၃၈]
ဩဂုတ်လ (၂၀) ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များကို ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်မှစ၍ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင် တင်သွင်းနိုင်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံး နေ့ရက်သည် ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် ဖြစ်ကြောင်း သတ်မှတ်ကြေညာထားသည်။ ထို့အပြင် PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မိမိပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်း တစ်ဦးအတွက် အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းပါက စတင် အစားထိုး ပြန်လည်တင်သွင်းရမည့် နေ့ရက်သည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်ဖြစ်ပြီး နောက်ဆုံး နေ့ရက်သည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ဖြစ်ကြောင်း သတ်မှတ်ကြေညာထားသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့် နေ့ရက်သည် ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် မှ အောက်တိုဘာ ၄ ရက် အထိဖြစ်ကြောင်း သတ်မှတ်ကြေညာထားသည်။ [၃၉][၄၀]
ထို့နောက်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံပါတီများအနေဖြင့် ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး စက်တင်ဘာ ၇ ရက် နောက်ဆုံးထား၍ ကော်မရှင်သို့ တင်ပြရမည်ဖြစ်ကြောင်း ဩဂုတ်လ (၂၀) ရက်နေ့တွင် ကော်မရှင်က ကြေညာထားသည်။ သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းအား ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းမည်ဟု ဩဂုတ်လ (၂၀) ရက်နေ့တွင် ကြေညာသည်။ [၄၁]
ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ပါဝင်သောပုဂ္ဂိုလ်များအနေဖြင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၁ ရက်တွင် ကြေညာလိုက်သည်။ [၄၂][၄၃][၄၄]
ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက်ပုံစံ (၁၅)များကို သြဂုတ် ၂၁ ရက်မှစတင် သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၁ ရက်နေ့တွင် ကြေညာလိုက်သည်။[၄၅][၄၆]ဩဂုတ်လ (၂၆) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတစ်ခုကျင်းပခဲ့ပြီး၊ နိုင်ငံရေးပါတီ ၆၁ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ကိုးပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း၌သာစည်းရုံးမည့်ပါတီ ၅၂ ပါတီဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီလျှောက်ထားသော နိုင်ငံရေးပါတီအားလုံး စိစစ်ခွင့်ပြုပြီးဖြစ်ပါကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောသည်။[၄၇][၄၈]
- ထို့အပြင်၊ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့်ရက်ကို စက်တင်ဘာ ၁၇ ရက်အထိ ထပ်တိုးပေးလိုက်ကြောင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံအပြီးတွင် ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။[၄၉]
- ရွေးကောက်ပွဲဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါဝင်သူဖြစ်ရမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်သတ်မှတ်လိုက်သည်။ ဆိုလိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် မိမိနေထိုင်ရာဒေသမှ အခြားမြို့နယ်သို့ ရွေးကောက်ပွဲသွားရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပေ။ [၄၉]
- ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းနှင့် ပတ်သက်၍ အခြေခံပညာအထက်တန်းအဆင့် အောင်မြင်ပြီးသူဖြစ်ရမည် ဟု နိုင်ငံရေးပါတီများကို သတိပြုစေရန် တိုက်တွန်းပြောကြားခဲ့သည်။[၅၀]
- ပြည်တွင်း၊ ပြည်ပတွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူများ အပါအဝင် ကြိုတင်မဲပေးလိုသူများသည် ပုံစံ (၁၅) ဖြင့် တောင်းဆိုမဲပေးနိုင်သည်။ ထို့အပြင် ၎င်းတို့သည် ရောက်ရှိနေထိုင်ရာ အရပ်ဒေသတွင် မဲပေးလိုပါက အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်ပြီးဖြစ်ကြောင်း ထောက်ခံချက်ဖြင့် မဲပေးခွင့်ရရှိသည်။[၅၁]
- အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်တစ်ဦးသည် မဲတစ်မဲသာ ပေးရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အရ ထိုတစ်မဲတည်းကိုပင် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) နှစ်ခုလုံးအတွက် ထည့်သွင်းရေတွက်မည်ဖြစ်သည်။[၅၂]
စက်တင်ဘာလ (၉) ရက် တွင် ပါတီဝင်ဦးရေ မပြည့်မီသည့် NDF ပါတီနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ၊ DNP ပါတီ၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့အား မှတ်ပုံတင်ပယ်ဖျက်၍ ပါတီဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကြေညာလိုက်သည်။[၅၃]
အောက်တိုဘာလ (၂၅)ရက် တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သည် လွှတ်တော်အလိုက် မဲဆန္ဒနယ် အသီးသီးတွင် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း (၅၀၂၃)ဦးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊သက်တိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများနှင့် ညီညွှတ်မှုမရှိသဖြင့် ပယ်ဖျက်ခဲ့သည့် ကိုယ်စားလှယ်လောင်း (၈၆)ဦးရှိသည်ဟု ကြေညာသည်။ထိုထဲ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ဖျက်ခံရပြီး၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်သည်ဟု ကော်မရှင်ဘက်က ပြောဆိုခဲ့သည်။
အောက်တိုဘာ (၂၈) ရက် တွင် ရွေးကောက်ပွဲကောက်မရှင် သည် ပြည်တွင်း၊ပြည်ပ သတင်းထောက်များအား အထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဥ်းပြီး သတင်းရယူခွင့်ရှိကြောင်း ကြေညာခဲ့သည်။ယင်းအပြင် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ၏ ဒုတိယအပိုင်းကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပမည့်အကြောင်း နှင့် ဒုတိယအပိုင်း ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ် (၁၀၀)ကိုလည်း သီးခြား ကြေညာခဲ့သည်။
ဒီဇင်ဘာ ၂၅ ရက် တွင် ရွေးကောက်ပွဲကော်မရှင် သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ၏ အပိုင်း(၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာသည်။ယင်းအပြင် အပိုင်း(၃) ရွေးကောက်ပွဲပြုလုပ်မည့် မြို့နယ် (၆၃)ကိုပါ တစ်ပါတည်း ထည့်သွင်း ကြေညာခဲ့သည်။
ဒီဇင်ဘာ ၂၇ ရက် တွင် ရွေးကောက်ပွဲကော်မရှင် သည် နောက်ဆက်တွဲ ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်များစာရင်း ထုတ်ပြန်ကြေညာခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း
[ပြင်ဆင်ရန်]| ဤဆောင်းပါးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တစိတ်တဒေသ ဖြစ်သည် |
|
|
|
တရားစီရင်ရေး
|
|
|
|
စစ်ပြိုင်အစိုးရအဖွဲ့
|
|
အခြားအကြောင်းအရာများ |
|
|
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် နစကက ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို တစ်နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။ ဥပဒေသစ်တွင် အခန်း ၅ ခန်းနှင့် ပုဒ်မ ၂၇ ခု ပါဝင်ပြီး ပါတီများဖွဲ့စည်းမှတ်ပုံတင်ရန် စံနှုန်းများကို သိသိသာသာ တိုးမြှင့်သတ်မှတ်ထားသောကြောင့် နိုင်ငံရေးပါတီများအကြား ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဓိကအားဖြင့် အခန်း (၂)၊ ပါတီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ပုဒ်မများကို ဝေဖန်ခဲ့ကြခြင်း ဖြစ်ပါသည်။[၅၄]
ဥပဒေသစ်အရ ပါတီတည်ထောင်လိုပါက အနည်းဆုံး လူ ၁၅ ဦး ရှိရမည်ဖြစ်ပြီး တည်ထောင်သူများသည် အသက် ၂၅ နှစ် ပြည့်ရမည်။ ထို့ပြင် သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ထောင်ကျနေသူ၊ သောင်းကျန်းသူ/အကြမ်းဖက်/မတရားအသင်းအဖွဲ့ဝင်၊ မူးယစ်ဆေးပြစ်မှုနှင့် ငြိစွန်းသူ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ရဟု သတ်မှတ်ထားသည်။[၅၄]
ပါတီဝင်ဦးရေ၊ ရန်ပုံငွေနှင့် ရုံးခန်းဆိုင်ရာ သတ်မှတ်ချက်များ
[ပြင်ဆင်ရန်]နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်၏ ပုဒ်မ ၅ (စ) အရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ (တစ်သိန်း) စည်းရုံးရမည်ဖြစ်သည်။ ယခင်ဥပဒေတွင် ၁၀၀၀ သာ လိုအပ်ခဲ့ရာ အဆ ၁၀၀ တိုးမြှင့်ထားသည်ကို တွေ့ရသည်။ တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမည်ဟု ပြဋ္ဌာန်းထားရာ ယခင် ၅၀၀ မှ နှစ်ဆ တိုးမြှင့်ထားသည်။
ပုဒ်မ ၅ (ဆ) တွင် ပါတီရန်ပုံငွေနှင့်ပတ်သက်၍ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဆိုလျှင် ကျပ်သိန်း ၁၀၀၀ နှင့် တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခု၌ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမည်ဟု ပြဋ္ဌာန်းထားသည်။ ဤပြဋ္ဌာန်းချက်သည် ဥပဒေဟောင်းတွင် မပါဝင်ဘဲ အသစ်ထည့်သွင်းထားခြင်း ဖြစ်သည်။
ပါတီရုံးခန်း ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ပုဒ်မ ၅ (ဇ) တွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ ၏ အနည်းဆုံးထက်ဝက်ဖြစ်သော မြို့နယ် ၁၆၀ ကျော် (၁၆၅ မြို့နယ်) တွင် ရုံးခန်းများ ဖွင့်လှစ်ရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်။ တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဆိုလျှင် အဆိုပါ တိုင်းနှင့် ပြည်နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့နယ် တွင် ပါတီရုံးခန်းများ ဖွင့်လှစ်ရမည် ဖြစ်သည်။ ဤပြဋ္ဌာန်းချက်သည်လည်း ယခင်ဥပဒေဟောင်းတွင် ပါဝင်ခြင်းမရှိသည့် အချက်ဖြစ်သည်။
အကျိုးဆက်များ
[ပြင်ဆင်ရန်]နစက အသစ်ပြဋ္ဌာန်းလိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ ပုဒ်မများကြောင့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ရန် နိုင်ငံရေးပါတီအချို့ အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။ ရလဒ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၅၀ (ရှိရင်းစွဲ) နှင့် ပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၁၅ ပါတီ (စုစုပေါင်း ၆၅ ပါတီ) ရှိခဲ့သော်လည်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီမှာ ၁၂ ပါတီသာ ရှိခဲ့ပါသည်။[၅၄]
သတ်မှတ်ချက်များ လျော့ချခြင်း
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှ တင်းကျပ်သည့် အချက်အချို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်တွင် ပြင်ဆင်ထုတ်ပြန်ခဲ့သည်။ ဤပြင်ဆင်ချက်များသည် ပါတီများအတွက် လိုအပ်သည့် စံနှုန်းအချို့ကို ဖြေလျှော့ပေးခဲ့သည်။[၅၅]
ပြင်ဆင်ထားသည့် အဓိကအချက်များမှာ ပါတီဝင်အရေအတွက်နှင့် ပါတီရုံးခန်း ဖွင့်လှစ်ထားရှိမှုတို့ဖြစ်သည်။ ယခင်က ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အရေအတွက် တစ်သိန်းရှိရမည်ဟု သတ်မှတ်ထားရာမှ ငါးသောင်းအထိ လျှော့ချခဲ့သည်။ ထို့ပြင် ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံတစ်ဝန်းရှိ မြို့နယ်သုံးပုံတစ်ပုံ၌ ပါတီရုံးခန်းများ ဖွင့်လှစ်ထားရှိရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြင်ဆင်ခဲ့သည်။ [၅၆]
ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
[ပြင်ဆင်ရန်]နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေအား ဇူလိုင် ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။အဆိုပါပြင်ဆင်မှုအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(က) တွင် ပုဒ်မခွဲငယ် (၁၁) အဖြစ် "ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခြင်း" ဟူသော စာသားကို စစ်ကောင်စီက ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။ မူလက အခန်း ၃ (ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း) ၏ ပုဒ်မ ၁၂ ပုဒ်မခွဲ (က) တွင် ပုဒ်မခွဲငယ် (၁၀) ထိသာ ရှိခဲ့သည်။[၅၇]
စက်တင်ဘာလ ပြင်ဆင်ချက်
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာ၌ ယခင်က သတ်မှတ်ထားသော မဲဆန္ဒနယ်အားလုံး၏ တစ်ဝက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့် ပြဋ္ဌာန်းချက်ကို မဲဆန္ဒနယ်အားလုံး၏ လေးပုံတစ်ပုံတွင်သာ ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်ခဲ့သည်။[၅၈][၅၉]
အောက်တိုဘာလ ပြင်ဆင်ချက်
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊အောက်တိုဘာလ (၂၆) ရက် နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကောာ်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို ပြင်ဆင်ထုတ်ပြန်ခဲ့သည်။
အကျိုးဆက်များ
[ပြင်ဆင်ရန်]ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအသုံးစရိတ်ကို တိုးမြှင့်ပြင်ဆင်လိုက်ခြင်းဖြစ်၍၊ပြင်ဆင်လိုက်သည့် နည်းဥပဒေအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၂၁ ပါ ငွေကျပ်သိန်း ၁၅၀ အစား ငွေကျပ်သိန်း ၃၀၀၊ ငွေကျပ်သိန်း ၃၀၀ အစား ငွေကျပ်သိန်း ၅၀၀ ဖြစ်သွားခဲ့သည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည် ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ခဲ့ရာတွင် အဓိကအားဖြင့် ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများ၊ ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအတွက် ပြစ်ဒဏ်များကို ပြောင်းလဲခဲ့သည်။
ပုဒ်မ ၄၀ အရ ကိုယ်စားလှယ်လောင်းတစ်ဦးစီသည် ရွေးကောက်ပွဲနေ့တွင် မိမိမဲဆန္ဒနယ်ရှိ မဲရုံတိုင်း၌ မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်တစ်ဦးစီကို ခန့်အပ်နိုင်မည်ဖြစ်ပြီး ၎င်းတို့သည် သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင်ပါဝင်ပြီး မဲပေးပိုင်ခွင့်ရှိသူများ ဖြစ်ရမည်။ [၆၀]
ပုဒ်မ ၄၉ (ခ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများသည် ကိုယ်စားလှယ်လောင်းများရရှိသည့် မဲအရေအတွက်ကို ပြုစု၍ ခိုင်လုံသောမဲအများဆုံးရရှိသူများကို ရွေးကောက်တင်မြှောက်ခံရသူများအဖြစ် ကြေညာရမည်ဖြစ်ပြီး၊ ပုဒ်မ ၄၉ (ဂ) အရ မဲအရေအတွက်တူညီပါက ကော်မရှင်အဖွဲ့ခွဲက စိစစ်ပြီး ကော်မရှင်သို့တင်ပြရမည်ဖြစ်ကာ၊ ကော်မရှင်၏ ညွှန်ကြားချက်အရ ထပ်မံကျင်းပသည့်ရွေးကောက်ပွဲတွင် မဲတူညီသူများသာ ယှဉ်ပြိုင်ခွင့်ရှိသည်။
ပုဒ်မ ၆၄ တွင် ရွေးကောက်ပွဲဆိုင်ရာ လိမ်လည်စွပ်စွဲခြင်း၊ မဲပေးမှုနှင့်ပတ်သက်၍ မမှန်မကန်တိုင်တန်းခြင်း၊ ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ အီလက်ထရောနစ်မဲပေးစက် ဖျက်ဆီးခြင်း သို့မဟုတ် ယူဆောင်ခြင်း စသည့်ပြစ်မှုများအတွက် ထောင်ဒဏ်သုံးနှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ [၆၁]
ပုဒ်မ ၈၈ အရ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု၊ အဂတိလိုက်စားမှု၊ သို့မဟုတ် ပြင်းထန်သည့်ပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများသည် ကော်မရှင်၏ ကြေညာချက်အရ နောင်ပြုလုပ်မည့် မည်သည့်လွှတ်တော်ရွေးကောက်ပွဲတွင်မျှ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိတော့ဘဲ၊ တရားမဲ့ပြုကျင့်မှုများ၌ သိလျက်နှင့်ပါဝင်ပတ်သက်သည့် ကိုယ်စားလှယ်လောင်းများသည် လက်ရှိနှင့် နောက်ထပ်လွှတ်တော်သက်တမ်းနှစ်ခုအတွက် ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။
ထို့အပြင် ပုဒ်မ ၈၈-က အဖြစ် အသစ်ထပ်မံဖြည့်စွက်ထားရာတွင် ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်းလျှောက်လွှာ သို့မဟုတ် ကိုယ်ရေးမှတ်တမ်းတွင် လိမ်လည်ဖြည့်သွင်းခြင်း သို့မဟုတ် စာရွက်စာတမ်းအတုများ တင်သွင်းခြင်းပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါက ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။
အောက်တိုဘာလ ပြင်ဆင်ချက်
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊အောက်တိုဘာလ (၂၆) ရက် နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်သည်။
အကျိုးဆက်များ
[ပြင်ဆင်ရန်]ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအသုံးစရိတ်ကို တိုးမြှင့်ပြင်ဆင်လိုက်ခြင်းဖြစ်၍၊ပြင်ဆင်လိုက်သည့် နည်းဥပဒေအရ နည်းဥပဒေ ၉၉ ပါ ငွေကျပ်သိန်း ၁၅၀ သည် ငွေကျပ်သိန်း ၃၀၀ ဖြစ်သွားခဲ့သည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်မြောက် ပြင်ဆင်ပြဋ္ဌာန်းလိုက်ရာ၊ ၎င်းဥပဒေသည် အချိုးကျကိုယ်စားပြု (PR) စနစ်နှင့် နိုင်သူကုန်ယူ (FPTP) စနစ်တို့ကို ပူးတွဲကျင့်သုံးရန် ရည်ရွယ်သည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ မပါရှိသော တိုင်းဒေသကြီး/ပြည်နယ်များအတွက် FPTP စနစ်ဖြင့် ကိုယ်စားလှယ် ၆ ဦးကို မြို့နယ်များစုစည်း၍ ရွေးချယ်ရန် သတ်မှတ်ပေးရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ပါရှိသော တိုင်းဒေသကြီး/ပြည်နယ်များအတွက်မူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ တစ်ခုစီကို မဲဆန္ဒနယ်တစ်ခုစီအဖြစ် သတ်မှတ်ကာ ကျန်ရှိသောမဲဆန္ဒနယ်များကို မြို့နယ်များ စုစည်း၍ FPTP စနစ်ဖြင့် ကိုယ်စားလှယ် ၆ ဦး ရွေးချယ်ရမည်ဖြစ်သည်။ ကျန်ရှိသည့် ကိုယ်စားလှယ် ၆ ဦးကိုမူ PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရမည်ဖြစ်ပြီး၊ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သော နေရာသည် မူလမဲဆန္ဒနယ်အတွင်း၌သာ ပါဝင်သည်ဟု မှတ်ယူရမည်။ [၆၂]
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၄ တွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများဖြစ်သည့် လိမ်လည်စွပ်စွဲခြင်း၊ မဲမမှန်ကန်ကြောင်း တိုင်တန်းခြင်း၊ ရွေးကောက်ပွဲနှောင့်ယှက်ခြင်း၊ သို့မဟုတ် အီလက်ထရောနစ်မဲပေးစက် ဖျက်ဆီးခြင်းများအတွက် ထောင်ဒဏ်သုံးနှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၈၁-က (အသစ်ထပ်မံဖြည့်စွက်) အရ FPTP စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်တစ်ဦးသည် တရားမဲ့ပြုကျင့်မှုကြောင့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပါက ၎င်း၏မဲရလဒ်များကို ပယ်ဖျက်မည်ဖြစ်ပြီး၊ PR စနစ်ဖြင့် ရွေးချယ်ခံရသူများအတွက်မူ ပယ်ဖျက်လိုက်သည့်မဲများကို နုတ်၍ ကျန်ရှိသောမဲများကို ပြန်လည်တွက်ချက်ကာ ကိုယ်စားလှယ်အမည်စာရင်းကို ပြန်လည်ကြေညာရမည်။ [၆၃]
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ (က) အရ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု သို့မဟုတ် အဂတိလိုက်စားမှုစသည့် ပြင်းထန်သည့်ပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ယှဉ်ပြိုင်ခွင့်မရှိတော့ဘဲ၊ ပုဒ်မ ၈၈ (ခ) အရ ကော်မရှင်က တရားမဲ့ပြုကျင့်မှုများကို စစ်ဆေးတွေ့ရှိပါက ပါတီ သို့မဟုတ် အဖွဲ့အစည်းမှ တာဝန်ရှိသူများ ပါဝင်ပတ်သက်ခဲ့ကြောင်း ပေါ်ပေါက်ပါက သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းသည် လက်ရှိနှင့် နောက်ထပ်လွှတ်တော်သက်တမ်းနှစ်ခုအတွက် ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၉ (က) အရ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ပါက PR စနစ်ဖြင့် ရွေးချယ်သူများအတွက် သတ်မှတ်ချက်အတိုင်း အစားထိုးဖြည့်စွက်မည်ဖြစ်ပြီး၊ FPTP စနစ်ဖြင့် ရွေးချယ်သူများအတွက်မူ ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်း ဆောင်ရွက်ရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။
အောက်တိုဘာလ ပြင်ဆင်ချက်
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊အောက်တိုဘာလ (၂၆) ရက် နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်သည်။
အကျိုးဆက်များ
[ပြင်ဆင်ရန်]ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအသုံးစရိတ်ကို တိုးမြှင့်ပြင်ဆင်လိုက်ခြင်းဖြစ်၍၊ပြင်ဆင်လိုက်သည့် နည်းဥပဒေအရ နည်းဥပဒေ ၉၉ ပါ ငွေကျပ်သိန်း ၁၅၀ သည် ငွေကျပ်သိန်း ၃၀၀ ဖြစ်သွားခဲ့သည်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ခြင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးကျစီကို FPTP စနစ်ဖြင့် ရွေးချယ်ရန် သတ်မှတ်ရမည်ဖြစ်ပြီး၊ ကျန်ရှိသောကိုယ်စားလှယ်များအတွက် မြို့နယ်များကို စုစည်း၍ PR စနစ်ဖြင့် ရွေးချယ်နိုင်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရမည်။ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များအတွက်မူ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်ခုစီအဖြစ် သတ်မှတ်ရမည်။ [၆၄]
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၉ (က) အရ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ပါက PR စနစ်ဖြင့် ရွေးချယ်သူများအတွက် သတ်မှတ်ချက်အတိုင်း အစားထိုးဖြည့်စွက်မည်ဖြစ်ပြီး၊ FPTP စနစ်ဖြင့် ရွေးချယ်သူများအတွက်မူ ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်း ဆောင်ရွက်ရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။[၆၄]
အောက်တိုဘာလ ပြင်ဆင်ချက်
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊အောက်တိုဘာလ (၂၆) ရက် နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို ထုတ်ပြန်သည်။
အကျိုးဆက်များ
[ပြင်ဆင်ရန်]တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ နည်းဥပဒေ ၉၇ နည်းဥပဒေခွဲ(က) နည်းဥပဒေခွဲငယ်(၃) နည်းဥပဒေခွဲငယ်စိတ်(ငင)တွင် ခြွင်းချက်အဖြစ် “ခြွင်းချက်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါဝင်သော မဲဆန္ဒနယ်အတွင်းရှိ မြို့နယ်များအတွက်ဖြစ်လျှင် ရွေးကောက် တင်မြှောက်ခံရသည့် သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်အားသက်ဆိုင်ရာမြို့နယ်၏ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးစားပေး သတ်မှတ်ပေးရမည်။” ပါဝင်သွားခဲ့သည်။
ယင်းအပြင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ နည်းဥပဒေ ၉၉ နည်းဥပဒေခွဲ(က) ပါ “သိန်းတစ်ရာ့ငါးဆယ်” ဆိုသည့်စကားရပ်ကို “သိန်းသုံးရာ” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ နည်းဥပဒေခွဲ(ခ)ပါ “သိန်းသုံးရာ” ဆိုသည့်စကားရပ်ကို “သိန်းငါးရာ” ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း အသီးသီးအစားထိုးသွားခဲ့သည်။
အထွေထွေရွေးကောက်ပွဲများ ကာကွယ်ပေးရေး ဥပဒေ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် "ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ" ကို နစကက ပြဋ္ဌာန်းကာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားအောင် ပြောဆိုသူများကို ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်မည်ဖြစ်သည်။ အဆိုပါဥပဒေအရ ပြစ်မှုတစ်ရပ်ရပ် ကျူးလွန်ရာတွင် တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေပါက ပါဝင်သူအားလုံးကို သေဒဏ် ချမှတ်မည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။[၆၅]
တားမြစ်ချက်များနှင့် ပြစ်ဒဏ်များ
[ပြင်ဆင်ရန်]ဥပဒေ၏ ပုဒ်မ ၁၆ တွင် မည်သူမျှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း သို့မဟုတ် စာရေးသားဖြန့်ချိခြင်းတို့ကို မပြုရဟု တားမြစ်ထားသည်။ ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ပါက ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၇ နှစ်အထိ ချမှတ်မည်ဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။ လူစုလူဝေးဖြင့် ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ပုဒ်မ ၁၇ တွင် မဲဆန္ဒရှင်ကို မဲမပေးနိုင်ရန် ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း စသည့် လုပ်ရပ်များအတွက်လည်း ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်မည်ဟု ဖော်ပြထားသည်။
ပုဒ်မ ၁၈၊ ၁၉ နှင့် ၂၀ တို့တွင်လည်း မဲရုံမှူး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်လောင်းများ၏ တာဝန်ဝတ္တရားနှင့် မဲဆွယ်စည်းရုံးမှုများကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ နာကျင်စေခြင်းတို့ မပြုလုပ်ရန် တားမြစ်ထားသည်။ အဆိုပါ ပုဒ်မများပါ တားမြစ်ချက်များကို ကျူးလွန်ပါက ငွေဒဏ်အပြင် ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၂၀ နှစ်အထိ၊ လူစုလူဝေးဖြင့် ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး တစ်သက်အထိ ပြစ်ဒဏ်များ ပါဝင်ကြောင်း တွေ့ရသည်။
ထို့အပြင် မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ ရွေးကောက်ပွဲကော်မရှင်ရုံး သို့မဟုတ် မဲရုံအဆောက်အအုံများကို ဖျက်ဆီးခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေပါကလည်း ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ အများဆုံး ၁၀ နှစ်အပြင် ငွေဒဏ် ချမှတ်နိုင်မည်ဟု ပြဋ္ဌာန်းထားသည်။
လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုနှင့် စောင့်ကြည့်ခြင်း
[ပြင်ဆင်ရန်]ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများကိုလည်း ဗဟို၊ ဒေသဆိုင်ရာဖြစ်သော တိုင်း၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ်အဆင့် စသဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲကာလ လုံခြုံရေးကို ထိပါးစေနိုင်သည်ဟုဆိုကာ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်သတင်းယူခြင်းနှင့် အရေးယူခြင်းများပါ ဆောင်ရွက်သွားမည်ဖြစ်သည်။
၂၀၂၅ ဩဂုတ် ၁၃ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ ပထမဆုံး အစည်းအဝေး (၁/၂၀၂၅) ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ အရိန္ဒမာခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်သူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်အပါအဝင် ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူ ၄၀ ဦး တက်ရောက်ခဲ့ကြသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၄၅ ဦးတို့သည် ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။[၆၆]
မဲဆန္ဒနယ်များ သတ်မှတ်ခြင်း
[ပြင်ဆင်ရန်]ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်မြေများကို ဩဂုတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူ အနိုင်ရယူစနစ် (FPTP) ဖြင့် ၃၃၀ နယ်၊[၆၇] အမျိုးသားလွှတ်တော်အတွက် ရောနှောစနစ် (MMP) ဖြင့် ၁၁၀ နယ် (FPTP ၈၄ နယ်၊ PR ၂၆ နယ်)[၆၈]၊ တိုင်း/ပြည်နယ်လွှတ်တော်အတွက် ရောနှောစနစ် (MMP) ဖြင့် ၃၆၄ နယ် (FPTP ၃၂၂ နယ်၊ PR ၄၂ နယ်)[၆၉] နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် သတ်မှတ်ထားသည်။ [၇၀]မဲဆန္ဒနယ်မြေများ၏ အသေးစိတ်စာရင်းကို နေ့စဉ်သတင်းစာများတွင် ဖော်ပြသွားမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။[၇၁]
ထုတ်ပြန်ချက်တစ်ခုအရ မဲဆန္ဒနယ်မြေများတွင် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ထားသည့် မြို့နယ်များ ပါဝင်သည်။ အထူးသဖြင့် စစ်ကိုင်း၊ မန္တလေး၊ ကယား၊ ကချင်၊ ရခိုင်၊ ချင်း၊ ရှမ်း (မြောက်ပိုင်း) နှင့် ကရင်ပြည်နယ်တို့ရှိ မြို့နယ်အများစုသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ တပ်မတော်မှ ဆုံးရှုံးထားသည့် နယ်မြေများ၊ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေများ၊ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများနှင့် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ဒေသများကိုလည်း မဲဆန္ဒနယ်များအဖြစ် သတ်မှတ်ထားသည်။ [၇၂][၇၃][၇၄]
| စဉ် | လွှတ်တော်များ | မဲပေးစနစ် | မဲဆန္ဒနယ်များ | လွှတ်တော်နေရာ | |||||
|---|---|---|---|---|---|---|---|---|---|
| FPTP | PR | စုစုပေါင်း | ရွေးကောက်ခံ | တပ်မတော် | စုစုပေါင်း | ||||
| ၁။ | ပြည်သူ့လွှတ်တော် | မဲအများဆုံးရသူ အနိုင်ရယူစနစ် (FPTP) | ၃၃၀ | ၀ | ၃၃၀ | ၃၃၀ (၇၅%) | ၁၁၀ (၂၅%) | ၄၄၀ | |
| ၂။ | အမျိုးသားလွှတ်တော် | ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) | ၈၄ | ၂၆ | ၁၁၀ | ၁၁၀ (၇၄.၃%) | ၃၈ (၂၅.၄%) | ၁၄၈ | |
| ၃။ | တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် | ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) | ၃၂၂ | ၄၂ | ၃၆၄ | ၃၆၄ (၇၄.၆%) | ၁၂၄ (၂၅.၇%) | ၄၈၈ | |
| ၄။ | တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် | မဲအများဆုံးရသူ အနိုင်ရယူစနစ် (FPTP) | ၂၉ | ၀ | ၃၆၄ | ၂၉ | ၀ | ၂၉ | |
ဩဂုတ် ၃၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်ကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။[၇၅] ပြင်ဆင်ချက်တွင် မဲဆန္ဒနယ် အမှတ် (၁) အဖြစ် ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်၊ တံတားဦးခရိုင်၊မြင်း ခြံခရိုင် တစ်ခုလုံးပါဝင်ပြီး ရွေးကောက်တင်မြှောက်မည့် လွှတ်တော်ကိုယ်စားလှယ်(၂) ဦး၊ မဲဆန္ဒနယ် အမှတ်(၂) အဖြစ်လည်း ရွေးကောက်တင်မြှောက်မည့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးဖြစ်ပြီး ပြင်ဦးလွင်ခရိုင်၊ မဟာအောင်မြေခရိုင်၊ သပိတ်ကျင်းခရိုင်၊ အမရပူရခရိုင်၊ အောင်မြေသာစံ ခရိုင်တစ်ခုလုံး၊ မဲဆန္ဒနယ် အမှတ်(၃)အဖြစ် မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင် နှင့် ပြည်ထောင်စုနယ်မြေတစ်ခုလုံး ပါဝင်ပြီး ရွေးကောက်တင်မြှောက်မည့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦး ဖြစ်သည်။ [၇၆]
ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ်များ
[ပြင်ဆင်ရန်]စက်တင်ဘာလ (၁၄) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၁၀၄ /၂၀၂၅) ဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်များစာရင်းကို ထုတ်ပြန်ခဲ့ပြီး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၉ ) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ( ၅၆ ) နယ်တို့ ပါဝင်သည်။[၇၇][၇၈]
၂၀၂၅ ခုနှစ်၊ဒီဇင်ဘာ ၅ ရက်ကစပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲ ၂၀၂၅-၂၀၂၆ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်းကို စတင်ကြေညာခဲ့သည်။
မှတ်ပုံတင်ထားသည့်ပါတီများ
[ပြင်ဆင်ရန်]နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ (၂၀၂၃ ခုနှစ်) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ (၂၀၂၄ ခုနှစ်) အရ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများသည် အောက်ပါအတိုင်း ရှိပါသည်။[၇၉]
| စဉ် | နိုင်ငံရေးပါတီအမည် | မှတ်ပုံတင်ခွင့်ပြုသည့်ရက်/အမှတ်စဉ် | ကြေညာချက်အမှတ် | မှတ်ချက် |
|---|---|---|---|---|
| ၁ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | ၂၀-၄-၂၀၂၃ / အမှတ်စဉ် (၁) | ၆/၂၀၂၃ | |
| ၂ | မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) | ၂၄-၄-၂၀၂၃ / အမှတ်စဉ် (၂) | ၇/၂၀၂၃ | |
| ၃ | ဒီမိုကရေစီပါတီသစ် (ကချင်) | ၂၅-၄-၂၀၂၃ / အမှတ်စဉ် (၃) | ၈/၂၀၂၃ | |
| ၄ | ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ | ၂၅-၄-၂၀၂၃ / အမှတ်စဉ် (၄) | ၉/၂၀၂၃ | |
| ၅ | တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | ၂၅-၄-၂၀၂၃ / အမှတ်စဉ် (၅) | ၁၀/၂၀၂၃ | |
| ၆ | ရခိုင့်ဦးဆောင်ပါတီ (AFP) | ၂-၅-၂၀၂၃ / အမှတ်စဉ် (၆) | ၁၁/၂၀၂၃ | |
| ၇ | တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (T.N.D.P) | ၂-၅-၂၀၂၃ / အမှတ်စဉ် (၇) | ၁၂/၂၀၂၃ | |
| ၈ | ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P) | ၂-၅-၂၀၂၃ / အမှတ်စဉ် (၈) | ၁၃/၂၀၂၃ | |
| ၉ | ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ | ၂-၅-၂၀၂၃ / အမှတ်စဉ် (၉) | ၁၄/၂၀၂၃ | |
| ၁၀ | ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ | ၄-၅-၂၀၂၃ / အမှတ်စဉ် (၁၀) | ၁၅/၂၀၂၃ | |
| ၁၁ | ၂၂-၁၁-၂၀၂၃ တွင် ပြန်လည်ဖျက်သိမ်း။ [၈၀] | |||
| ၁၂ | လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (L.N.D.P) | ၅-၅-၂၀၂၃ / အမှတ်စဉ် (၁၂) | ၁၇/၂၀၂၃ | |
| ၁၃ | ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၅-၅-၂၀၂၃ / အမှတ်စဉ် (၁၃) | ၁၈/၂၀၂၃ | |
| ၁၄ | အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၈-၅-၂၀၂၃ / အမှတ်စဉ် (၁၄) | ၁၉/၂၀၂၃ | |
| ၁၅ | အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) | ၁၆-၅-၂၀၂၃ / အမှတ်စဉ် (၁၅) | ၂၀/၂၀၂၃ | |
| ၁၆ | ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KKDUP) | ၁၆-၅-၂၀၂၃ / အမှတ်စဉ် (၁၆) | ၂၁/၂၀၂၃ | |
| ၁၇ | ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
(Karen National Democratic Party) |
၂၂-၅-၂၀၂၃ / အမှတ်စဉ် (၁၇) | ၂၂/၂၀၂၃ | |
| ၁၈ | ကရင်ပြည်သူ့ပါတီ (KPP) | ၂၂-၅-၂၀၂၃ / အမှတ်စဉ် (၁၈) | ၂၃/၂၀၂၃ | |
| ၁၉ | ၂၀-၁၁-၂၀၂၃ တွင် ပြန်လည်ဖျက်သိမ်း။ | |||
| ၂၀ | နာဂအမျိုးသားပါတီ (NNP) | ၃၀-၅-၂၀၂၃ / အမှတ်စဉ် (၂၀) | ၂၅/၂၀၂၃ | |
| ၂၁ | ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ | ၅-၆-၂၀၂၃ / အမှတ်စဉ် (၂၁) | ၂၆/၂၀၂၃ | |
| ၂၂ | ပြည်သူ့ရှေ့ဆောင်ပါတီ | ၅-၆-၂၀၂၃ / အမှတ်စဉ် (၂၂) | ၂၇/၂၀၂၃ | |
| ၂၃ | ၉-၆-၂၀၂၃ / အမှတ်စဉ် (၂၃) | ၂၈/၂၀၂၃ | ၉-၉-၂၀၂၅ တွင် ပြန်လည် ဖျက်သိမ်းသည်။ | |
| ၂၄ | အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ | ၉-၆-၂၀၂၃ / အမှတ်စဉ် (၂၄) | ၂၉/၂၀၂၃ | |
| ၂၅ | ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ | ၉-၆-၂၀၂၃ / အမှတ်စဉ် (၂၅) | ၃၀/၂၀၂၃ | |
| ၂၆ | ပြည်သူ့အလုပ်သမားပါတီ | ၂၁-၆-၂၀၂၃ / အမှတ်စဉ် (၂၆) | ၃၁/၂၀၂၃ | |
| ၂၇ | မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၂၁-၆-၂၀၂၃ / အမှတ်စဉ် (၂၇) | ၃၂/၂၀၂၃ | |
| ၂၈ | ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) | ၂၃-၆-၂၀၂၃ / အမှတ်စဉ် (၂၈) | ၃၃/၂၀၂၃ | |
| ၂၉ | ဒီမိုကရက်တစ်ပါတီ | ၂၃-၆-၂၀၂၃ / အမှတ်စဉ် (၂၉) | ၃၄/၂၀၂၃ | |
| ၃၀ | ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ | ၂၃-၆-၂၀၂၃ / အမှတ်စဉ် (၃၀) | ၃၅/၂၀၂၃ | |
| ၃၁ | ၂၃-၆-၂၀၂၃ / အမှတ်စဉ် (၃၁) | ၃၆/၂၀၂၃ | ၉-၉-၂၀၂၅ တွင် ပြန်လည် ဖျက်သိမ်းသည်။ | |
| ၃၂ | မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MRO National Development Party) | ၃-၇-၂၀၂၃ / အမှတ်စဉ် (၃၂) | ၃၇/၂၀၂၃ | |
| ၃၃ | အမျိုးသားဒီမိုကရေစီပါတီသစ် (New National Democracy Party) | ၁၄-၇-၂၀၂၃ / အမှတ်စဉ် (၃၃) | ၃၈/၂၀၂၃ | |
| ၃၄ | အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ (NIDP) | ၁၄-၇-၂၀၂၃ / အမှတ်စဉ် (၃၄) | ၃၉/၂၀၂၃ | |
| ၃၅ | “ဝ” အမျိုးသားပါတီ (WA National Party) | ၂၇-၇-၂၀၂၃ / အမှတ်စဉ် (၃၅) | ၄၀/၂၀၂၃ | |
| ၃၆ | ခူမီးအမျိုးသားပါတီ | ၁၁-၈-၂၀၂၃ / အမှတ်စဉ် (၃၆) | ၄၁/၂၀၂၃ | |
| ၃၇ | အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ | ၁၅-၉-၂၀၂၃ / အမှတ်စဉ် (၃၇) | ၄၂/၂၀၂၃ | |
| ၃၈ | ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ | ၇-၁၁-၂၀၂၃ / အမှတ်စဉ် (၃၈) | ၄၃/၂၀၂၃ | |
| ၃၉ | ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ | ၇-၁၁-၂၀၂၃ / အမှတ်စဉ် (၃၉) | ၄၄/၂၀၂၃ | |
| ၄၀ | မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ | ၁၃-၁၁-၂၀၂၃ / အမှတ်စဉ် (၄၀) | ၄၅/၂၀၂၃ | |
| ၄၁ | ခေတ်သစ်ပြည်သူ့ပါတီ (Modern People Party) | ၂၀-၁၁-၂၀၂၃ / အမှတ်စဉ် (၄၁) | ၄၆/၂၀၂၃ | |
| ၄၂ | လေဘာပါတီ (Labour Party) | ၂၀-၁၁-၂၀၂၃ / အမှတ်စဉ် (၄၂) | ၄၇/၂၀၂၃ | |
| ၄၃ | ၂၃-၁၁-၂၀၂၃ / အမှတ်စဉ် (၄၃) | ၅၀/၂၀၂၃ | ၉-၉-၂၀၂၅ တွင် ပြန်လည် ဖျက်သိမ်းသည်။ | |
| ၄၄ | ၈၈ မျိုးဆက်ကျောင်းသားလူငယ်များပါတီ | ၂၉-၁၁-၂၀၂၃ / အမှတ်စဉ် (၄၄) | ၅၁/၂၀၂၃ | |
| ၄၅ | ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ | ၂၉-၁၁-၂၀၂၃ / အမှတ်စဉ် (၄၅) | ၅၂/၂၀၂၃ | |
| ၄၆ | လူထုပါတီ (The Party for People) | ၂၁-၁၂-၂၀၂၃ / အမှတ်စဉ် (၄၆) | ၅၃/၂၀၂၃ | |
| ၄၇ | ပြည်သူ့ပါတီ (People’s Party) | ၂၉-၁၂-၂၀၂၃ / အမှတ်စဉ် (၄၇) | ၅၄/၂၀၂၃ | |
| ၄၈ | မွန်တိုးတက်ရေးပါတီ | ၁-၄-၂၀၂၄ / အမှတ်စဉ် (၄၈) | ၁/၂၀၂၄ | |
| ၄၉ | ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ | ၂၅-၄-၂၀၂၄ / အမှတ်စဉ် (၄၉) | ၂/၂၀၂၄ | |
| ၅၀ | မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ | ၁၅-၇-၂၀၂၄ / အမှတ်စဉ် (၅၀) | ၃/၂၀၂၄ | |
| ၅၁ | ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) | ၁၉-၈-၂၀၂၄ / အမှတ်စဉ် (၅၁) | ၄/၂၀၂၄ | |
| ၅၂ | မွန်ညီညွတ်ရေးပါတီ (Mon Unity Party) | ၉-၉-၂၀၂၄ / အမှတ်စဉ် (၅၂) | ၅/၂၀၂၄ | |
| ၅၃ | ၁၂-၁၁-၂၀၂၄ / အမှတ်စဉ် (၅၃) | ၆/၂၀၂၄ | ၉-၉-၂၀၂၅ တွင် ပြန်လည် ဖျက်သိမ်းသည်။ | |
| ၅၄ | လူမှုစီးပွားမြှင့်တင်ရေးပါတီ | ၁၈-၁၁-၂၀၂၄ / အမှတ်စဉ် (၅၄) | ၇/၂၀၂၄ | |
| ၅၅ | ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (UADP) | ၂-၁၂-၂၀၂၄ / အမှတ်စဉ် (၅၅) | ၈/၂၀၂၄ | |
| ၅၆ | ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) | ၂၀-၂-၂၀၂၅ / အမှတ်စဉ် (၅၆) | ၁/၂၀၂၅ | |
| ၅၇ | ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) | ၁၀-၇-၂၀၂၅/အမှတ်စဉ် (၅၇) | ၂/၂၀၂၅ | |
| ၅၈ | ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) | ၄-၈-၂၀၂၅/အမှတ်စဉ် (၅၈) | ၄၁/၂၀၂၅ | |
| ၅၉ | ဇိုမီးအမျိုးသားပါတီ (Zomi National Party) | ၇-၈-၂၀၂၅/အမှတ်စဉ် (၅၉) | ၄၂/၂၀၂၅ | |
| ၆၀ | ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီ | ၈-၈-၂၀၂၅/အမှတ်စဉ် (၅၉) | ၄၇/၂၀၂၅ | |
| ၆၁ | မျိုးဆက်သစ်ဝံသာနုပါတီ | ၂၀-၈-၂၀၂၅/အမှတ်စဉ် (၆၁) | ၅၈/၂၀၂၅ | |
| ၆၂ | ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ | ၂၀-၈-၂၀၂၅/အမှတ်စဉ် (၆၂) | ၅၉/၂၀၂၅ | |
| ၆၃ | ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၂၀-၈-၂၀၂၅/အမှတ်စဉ် (၆၃) | ၆၀/၂၀၂၅ |
ပြည်ထောင်စုတစ်ဝန်းလုံးစည်း ရုံးမည့် ပါတီများ
[ပြင်ဆင်ရန်]- ကျားဖြူပါတီ
- တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
- မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
- ပြည်သူ့ပါတီ
- ပြည်သူ့ရှေ့ဆောင်ပါတီ
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(ပါတီဖျက်သိမ်း)အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(ပါတီဖျက်သိမ်း)အမျိုးသမီးပါတီ (မွန်)(ပါတီဖျက်သိမ်း)
ငြင်းပယ်သည့် ပါတီများ
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ပေးရန် လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသော ပါတီများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
| စဉ် | ပါတီအမည် | ငြင်းပယ်သည့် ရက်စွဲ | အကြောင်းအရာ | ရင်းမြစ် |
|---|---|---|---|---|
| ၁။ | ရခိုင်အမျိုးသားပါတီ | ၂၀၂၄ ဇူလိုင် ၁ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း | [၈၁] |
| ၂။ | ကချင်အမျိုးသားကွန်ဂရက်ပါတီ | ၂၀၂၄ ဇူလိုင် ၈ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း | [၈၂] |
| ၃။ | ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း | ||
| ၄။ | ပြည်သူ့အင်အားပါတီ | ၂၀၂၄ ဇူလိုင် ၂၂ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း | [၈၃] |
| ၅။ | လူ့ဘောင်သစ်ပါတီ | ၂၀၂၄ ဩဂုတ် ၅ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း | [၈၄] |
| ၆။ | ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | |||
| ၇။ | ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ | ၂၀၂၄ နိုဝင်ဘာ ၂၈ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း | [၈၅] |
၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီ တည်ထောင်လိုသူများသည် ၎င်းတို့ တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ရာ၊ ကော်မရှင်၏ စိစစ်ချက်အရ တည်ထောင်ရန် ငြင်းပယ်ခြင်းခံခဲ့ရသော ပါတီများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
| စဉ် | ပါတီအမည် | ငြင်းပယ်သည့် ရက်စွဲ | အကြောင်းအရာ | ရင်းမြစ် |
|---|---|---|---|---|
| ၁။ | ဝံသာနုပါတီ | ၂၀၂၃ မေ ၁၀ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း | [၈၆] |
| ၂။ | ဒီမိုကရေစီပါတီ | ၂၀၂၄ မေ ၇ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း | [၈၇] |
| ၃။ | ချင်းပြည်သူ့ပါတီ | ၂၀၂၄ မေ ၁၄ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း | [၈၈] |
| ၄။ | ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ | ၂၀၂၄ မေ ၂၁ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း | [၈၉] |
| ၅။ | ပြည်သူ့အင်အားဒီမိုကရေစီပါတီ | ၂၀၂၅ ဇူလိုင် ၁၆ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း | [၉၀] |
| ၆။ | လီရှောအမျိုးသားပါတီ | ၂၀၂၅ ဇူလိုင် ၁၆ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်း |
ရွေးကောက်ပွဲ ပါဝင်မည့် ပါတီအလိုက် ကိုယ်စားလှယ်လောင်း ဦးရေစာရင်း
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ၂၀၂၅ စက်တင်ဘာ ၈ ရက်နေ့မှ ၂၀၂၅ စက်တင်ဘာ ၂၂ ရက်နေ့အထိ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် အမည်စာရင်းတင်သွင်းခဲ့ကြသည်။
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ ၆ ပါတီ၊ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှုမှာ အောက်ပါအတိုင်းဖြစ်သည် -
| စဉ် | ပါတီ | ပြည်သူ့လွှတ်တော် | အမျိုးသားလွှတ်တော် | တိုင်း/ပြည်နယ် လွှတ်တော် | တိုင်းရင်းသားလူမျိုး | စုစုပေါင်း |
|---|---|---|---|---|---|---|
| ၁ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ | ၂၆၅ | ၁၅၆ | ၅၆၉ | ၂၈ | ၁,၀၁၈ |
| ၂ | တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ | ၁၈၂ | ၁၁၁ | ၃၈၇ | ၁၄ | ၆၉၄ |
| ၃ | ပြည်သူ့ရှေ့ဆောင်ပါတီ | ၁၉၃ | ၁၄၅ | ၃၂၀ | ၁၄ | ၆၇၂ |
| ၄ | မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ | ၁၂၅ | ၅၅ | ၂၄၃ | ၅ | ၄၂၈ |
| ၅ | ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) | ၁၅၉ | ၇၆ | ၃၄၁ | ၈ | ၅၈၄ |
| ၆ | ပြည်သူ့ပါတီ | ၁၅၂ | ၇၃ | ၂၇၈ | ၉ | ၅၁၂ |
| ၇ | တိုင်းဒေသကြီး/ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၁ ပါတီ | ၂၀၃ | ၂၁၃ | ၅၂၅ | ၁၉ | ၉၆၀ |
| ၈ | တစ်သီးပုဂ္ဂလ | ၅၁ | ၃ | ၃၃ | ၈ | ၉၅ |
| စုစုပေါင်း | ၁,၃၃၀ | ၈၃၂ | ၂,၆၉၆ | ၁၀၅ | ၄,၉၆၃ |
ထင်ရှားဖြစ်ရပ်များ
[ပြင်ဆင်ရန်]ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတင်သွင်းခဲ့သူ မရှိခဲ့၍ အလိုအလျောက် ကိုယ်စားလှယ်ဖြစ်သွားခဲ့ရသူများမှာ အောက်ပါအတိုင်း ဖြစ်သည်။
| စဉ် | အမည် | မဲဆန္ဒနယ် | ပါတီ | လွှတ်တော်နေရာ | တိုင်းဒေသကြီး/ပြည်နယ် | ရွေးကောက်ပွဲအမျိုးအစား |
|---|---|---|---|---|---|---|
| ၁ | ဦးရယ်ဒမ်းတန် | နောင်မွန်း မဲဆန္ဒနယ် | ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ | ပြည်သူ့လွှတ်တော် | ကချင်ပြည်နယ် | မဲအများဆုံးရသူ အနိုင်ရယူစနစ် (FPTP) |
| ၂ | ဦးကွမ်းဆန်း | မံစီ မဲဆန္ဒနယ် | ||||
| ၃ | ဦးအောင်နိုင် | ရွှေကူ မဲဆန္ဒနယ် | ကချင်ပြည်နယ်လွှတ်တော် | |||
| ၄ | ဦးကျော်ဝင်း | ရွှေကူ မဲဆန္ဒနယ် | ပြည်သူ့လွှတ်တော် | |||
| ၅ | ဦးဝေလင်းထွန်း | မင်းကင်း မဲဆန္ဒနယ် | ပြည်သူ့လွှတ်တော် | စစ်ကိုင်းတိုင်းဒေသကြီး | ||
| ၆ | ဦးကျော်လွင်ဦး | ကောလင်း မဲဆန္ဒနယ် | စစ်ကိုင်းတိုင်းဒေသ သကြီးလွှတ်တော် | |||
| ၇ | ဦးထိန်မင်း | ဝန်းသို မဲဆန္ဒနယ် | ||||
| ၈ | ဦးစိုးပိုင် | ဝန်းသို မဲဆန္ဒနယ် | ပြည်သူ့လွှတ်တော် | |||
| ၉ | ဦးခင်မောင်လွင် | တမူး မဲဆန္ဒနယ် | စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် | |||
| ၁၀ | ဦးအောင်မင်းကျော်သူ | ဘုတလင် မဲဆန္ဒနယ် | ||||
| ၁၁ | ဒေါ်စန္ဒာသိန်း | မော်လိုက် မဲဆန္ဒနယ် | ||||
| ၁၂ | ဦးမြင့်စိုးဆင့် | မော်လိုက် မဲဆန္ဒနယ် | ပြည်သူ့လွှတ်တော် | |||
| ၁၃ | ဦးထွန်းလွင် | ကနီ မဲဆန္ဒနယ် | စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် | |||
| ၁၄ | ဦးဥာဏ်ထွန်း | ကနီ မဲဆန္ဒနယ် | ပြည်သူ့လွှတ်တော် | |||
| ၁၅ | ဦးအောင်ဇော်ဦး | ဆားလင်းကြီး မဲဆန္ဒနယ် | စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် | |||
| ၁၆ | ဦးစောမောင် | ဆားလင်းကြီး မဲဆန္ဒနယ် | ပြည်သူ့လွှတ်တော် | |||
| ၁၇ | ဦးရဲမိုးနိုင် | ရေဦး မဲဆန္ဒနယ် | စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် | |||
| ၁၈ | ဦးစိုးတင့်အောင် | ရေဦးမဲဆန္ဒနယ် | ပြည်သူ့လွှတ်တော် | |||
| ၁၉ | ဦးခင်မောင်မြင့် | ရေဖြူ မဲဆန္ဒနယ် | တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် | တနင်္သာရီတိုင်းဒေသကြီး | ||
| ၂၀ | ဦးမင်းနိုင် | ရေဖြူ မဲဆန္ဒနယ် | ပြည်သူ့လွှတ်တော် | |||
| ၂၁ | ဦးတင့်လွင် | လောင်းလုံမဲဆန္ဒနယ် | ||||
| ၂၂ | ဦးအောင်မျိုးထွန်း | သရက်ချောင်း မဲဆန္ဒနယ် | တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် | |||
| ၂၃ | ဦးဇော်ထွန်းဦး | ဂန့်ဂေါ မဲဆန္ဒနယ် | မကွေးတိုင်းဒေသကြီးလွှတ်တော် | မကွေးတိုင်းဒေသကြီး | ||
| ၂၄ | ဒေါ်အိဖြူလွင် | ဂန့်ဂေါ မဲဆန္ဒနယ် | ပြည်သူ့လွှတ်တော် | |||
| ၂၅ | ဒေါ်ရီရီလှိုင် | ဖယ်ခုံ မဲဆန္ဒနယ် | ပြည်သူ့လွှတ်တော် | ရှမ်းပြည်နယ် | ||
| ၂၆ | ဦးစိုင်းထွန်းလင်း | မိုးနဲ မဲဆန္ဒနယ် | ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ | |||
| ၂၇ | ဦးမြင့်ဝင်း | ကျောက်မဲ မဲဆန္ဒနယ် | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | ရှမ်းပြည်နယ်လွှတ်တော် | ||
| ၂၈ | ဦးရန်ကျော် | မက်မန်း မဲဆန္ဒနယ် (ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) | ပြည်သူ့လွှတ်တော် | |||
| ၂၉ | ဦးကိန်မိုင် | ကချင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (ကချင်ဝန်ကြီး) | ရှမ်းပြည်နယ်လွှတ်တော် | |||
| ၃၀ | ဦးထွန်းအောင် | အာခါတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (အာခါဝန်ကြီး) | အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ | |||
| ၃၁ | ဒေါ်အေးချိုစိန် | ကယန်း(ခ)ပဒေါင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (ကယန်းဝန်ကြီး) | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | |||
| ၃၂ | ဦးအမ်ဇော်လတ် | အမျိုးသားလွှတ်တော် - ၁ (ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) | ဝ အမျိုးသားပါတီ | အမျိုးသားလွှတ်တော် |
တုံ့ပြန်မှုများ
[ပြင်ဆင်ရန်]နိုင်ငံရေးပါတီများ
[ပြင်ဆင်ရန်]ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက Myanmar Hard Talk မီဒီယာနှင့် တွေ့ဆုံစဉ်
“ဒီရွေးကောက်ပွဲရလဒ်ဟာ လက်ရှိအာဏာရယူထားတဲ့ တပ်မတော်နဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်မယ့် ရလဒ်မျိုးဖြစ်လို့မရဘူး။ ဒီပြဿနာဟာ တပ်မတော်နဲ့လက်တွဲပြီးဖြေရှင်းရမယ့်ပြဿနာဖြစ်တယ်”
အာဆီယံအဖွဲ့ဝင်များ
[ပြင်ဆင်ရန်]မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇူလိုင် ၉ ရက်နေ့တွင် ကွာလာလမ်ပူ၌ ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပနိုင်ရန် သင့်လျော်သော ပတ်ဝန်းကျင် ဖန်တီးပေးရေးအတွက် သက်ဆိုင်သူအားလုံးကို တိုက်တွန်းပြောကြားခဲ့သည်။[၉၃] နောက် ဇူလိုင် ၁၁ ရက်တွင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရေးသည် ဦးစားပေး လုပ်ဆောင်ရမည့်အရာ မဟုတ်ကြောင်း အာဆီယံအဖွဲ့ကြီး၏ အစည်းအဝေးတွင် သဘောတူခဲ့ကြသည်ဟု ပြန်လည် ပြောကြားခဲ့သည်။ ထိုအစား စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေး ကတိကဝတ်များကို လိုက်နာရန် တိုက်တွန်းခဲ့သည်ဟု မလေးရှားတွင် ပြုလုပ်နေသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ သတင်းစာရှင်းလင်းပွဲတွင် မိုဟာမက်ဟာဆန်က ပြောကြားသည်။[၉၄]
နိုင်ငံတကာအဖွဲ့အစည်းများ
[ပြင်ဆင်ရန်]ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြုခံထားရသူ ဆမ်ကိုတာရို အိုနေးက အိမ်နီးချင်းမြန်မာနိုင်ငံရှိ စစ်ကောင်စီအား ထိုင်းနိုင်ငံက တရားဝင်မှု မပေးသင့်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် အမေရိကန်နိုင်ငံခြားရေးဌာနက စစ်ကောင်စီ၏ ယခုနှစ်ကုန်တွင် ကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲကို အားမပေးကြောင်းလည်း ထောက်ပြခဲ့သည်။ "အတိုက်အခံခေါင်းဆောင် အများစု ထောင်ကျနေချိန်မှာ တိုင်းပြည်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ မကျင်းပနိုင်တဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ထိုင်းနိုင်ငံကို တိုက်တွန်းချင်ပါတယ်" ဟု ၎င်းက ပြောဆိုသည်။[၉၅]
တော်လှန်ရေး စစ်ပြိုင် အစုအဖွဲ့များ
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် "နိုင်ငံရေး ပါတီများအား အသွင်ကူးပြောင်းရေးကာလတွင် အရေးယူနိုင်ရန် စောင့်ကြည့်မှတ်တမ်းတင်သွားမည်" ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။ [၉၆]
ရခိုင်ပြည်နယ်၊ မြို့နယ်အများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၂၀၂၅ ဩဂုတ်လ ၁၁ ရက်နေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီက ပြုလုပ်ရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်အတွင်း ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ [၉၇]
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပသည့် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနား၌ ပြောကြားသည့် လူထုမေတ္တာရပ်ခံစာရုပ်သံတွင် စစ်တပ်၏ ရွေးကောက်ပွဲ ဖြစ်မြောက်အောင်မြင်မှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခြင်းနှင့် အဆုံးမသတ်နိုင်သော စစ်အာဏာတည်မြဲခြင်းတို့နှင့် အတူတူပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့ကြောင့် ရွေးကောက်ပွဲ မဖြစ်မြောက်အောင် လုပ်ဆောင်ရန်မှာ တစ်မျိုးသားလုံး၏ တာဝန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ [၉၈]ကမ္ဘာ့နိုင်ငံများ၏ အသိမှတ်ပြုမှုရရှိရန် အာဏာသိမ်း စစ်အုပ်စုမှ ပြင်ဆင်နေသည့် ရွေးကောက်ပွဲ ကျင်းပခြင်းသည် လူငယ်များ၏ အနာဂတ်ကံကြမ္မာကို အဆုံးသတ်သွားစေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။[၉၉] ၂၀၂၅ ဩဂုတ် ၂၆ ရက်နေ့တွင် ရွေးကောက်ပွဲအပေါ် “ စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ” ဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ကြောာင်း၊ နိုင်ငံရေးပါတီများက အဆိုပါ အတုအယောင်ရွေးကောက်ပွဲ တွင်ပါဝင်ခြင်းသည် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီစနစ်တည်ဆောက်မှုအတွက် အဟန့်အတားဖြစ်စေသည်ဟု ကေအဲန်ယူဗဟိုအလုပ်မှုဆောင်ကော်မတီက ထုတ်ပြန်ခဲ့သည်။ [၁၀၀][၁၀၁][၁၀၂]
အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးသည် တော်လှန်ရေး၏ အဓိကပန်းတိုင်ဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့သော ပြစ်မှုများအား ရှောင်လွှဲရန် ရည်ရွယ်သည့် မည်သည့်ရွေးကောက်ပွဲကိုမဆို တရားမဝင်သော ရွေးကောက်ပွဲအတုများအဖြစ် သတ်မှတ်ကာ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဩဂုတ် (၂၂) ရက်နေ့တွင် ထုတ်ပြန်သည်။ [၁၀၃][၁၀၄]
ဆက်စပ် ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ညှိနှိုင်းအဖြေရှာတဲ့နိုင်ငံရေးနည်းလမ်းကိုအယုံအကြည်မဲ့လာကြပြီလား?။ BNI။ 2025-6-27 တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲကို ဒီဇင်ဘာ(သို့) ၂၀၂၆ မှာ ကျင်းပမည်။ CNI (၇ မတ် ၂၀၂၅)။ ၁၃ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲကို နှစ်လအတွင်း လေးပိုင်းခွဲ ကျင်းပမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော။ Narinjara (မတ် ၂၆/ ၂၀၂၅)။ 2025-6-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-27 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား။ Ministry of Information (2025-3-26)။ 2025-6-27 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-27 တွင် ပြန်စစ်ပြီး။
- ↑ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို သတ်မှတ်ကြေညာခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 15 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒီဇင်ဘာ ၂၈ ရွေးကောက်ပွဲ စတင်ကျင်းပမယ်။ BBC Burmese။ 26 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း( ၂ )ကျင်းပမည့် နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း။ MOI Myanmar (၂၈ အောက်တိုဘာ ၂၀၂၅)။ ၂၉ အောက်တိုဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း။ MOI Myanmar (၂၅ ဒီဇင်ဘာ ၂၀၂၅)။ ၂၆ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ https://www.bloomberg.com/news/articles/2022-07-31/myanmar-extends-state-of-emergency-for-six-months-until-february
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 15 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 August 2022 တွင် ပြန်စစ်ပြီး။
- ↑ https://www.aljazeera.com/news/2021/8/1/min-aung-hlaing-promises-myanmar-multi-party-elections-2023
- ↑ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြီးစီးနိုင်ဖွယ်ရှိဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆို။ ဆင်ဟွာသတင်း (၁ ဩဂုတ် ၂၀၂၁)။ ၁၃ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း လာမယ့်နှစ်မှာ ကျင်းပမည် (စစ်ကောင်စီအကြီးအကဲ)။ VOA (၇ စက်တင်ဘာ ၂၀၂၂)။ ၁၃ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ A Road to Nowhere: The Myanmar Regime’s Stage-managed Elections (in en) (2023-03-28)။ 2023-03-29 တွင် ပြန်စစ်ပြီး။
- ↑ "Myanmar junta promises elections by 2023"၊ Deutsche Welle၊ 1 August 2021။
- ↑ "Min Aung Hlaing says no Myanmar elections until 2023"၊ 1 Aug 2021။
- ↑ "Myanmar military prepares for election in bid for legitimacy"၊ Nikkei Asia၊ 23 July 2022။
- ↑ "Myanmar Extends State of Emergency For Six Months Until February"၊ Bloomberg၊ 31 July 2022။
- ↑ "Myanmar’s Military Junta Takes Step Toward Controversial Election"၊ The Diplomat၊ 5 January 2023။
- ↑ "Myanmar military announces strict new election law ahead of polls"၊ Al Jazeera၊ 27 January 2023။
- ↑ "Myanmar army set to cement rule with tough new election criteria"၊ Reuters၊ 27 January 2022။
- ↑ "Myanmar military rulers extend state of emergency by six months"၊ Al Jazeera၊ 1 February 2023။
- ↑ "Myanmar junta extends state of emergency, effectively delaying polls"၊ Agence France-Presse၊ Yangon: France24၊ 1 February 2023။
- ↑ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်။
- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Myanmar Electronic Voting Machine (MEVM) တည်ဆောက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ။
- ↑ "Aung San Suu Kyi’s National League for Democracy party dissolved"၊ The Guardian၊ 28 March 2023။
- ↑ Shan prominent party decides not to register for junta’s election (in en)။ 2023-03-20 တွင် ပြန်စစ်ပြီး။
- ↑ "‘We Agree the Law is Unfair’: SNLD"၊ The Irrawaddy၊ 1 February 2023။
- ↑ အရေးပေါ်ကာလ သက်တမ်းတိုး၊မတိုး ကာလုံ မှာ ဆုံးဖြတ်မယ် လို့ စစ်ကောင်စီပြော။
- ↑ https://asia.nikkei.com/Spotlight/Myanmar-Crisis/Myanmar-military-prepares-for-election-in-bid-for-legitimacy
- ↑ မြို့နယ် ၂၆၇ ခုတွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီဆို။ Mizzima။ 12 August 2025 တွင် ပြန်စစ်ပြီး။
- 1 2 3 ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲပေးစက်အသုံးပြုနိုင်ဖို့ လုပ်မယ်လို့ စစ်ကောင်စီ ရွေး/ကော် ပြော။ BBC Burmese။ 2025-6-21 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-21 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မည်ဟု သတ်မှတ်ချက်မရှိဟု စစ်ခေါင်းဆောင်ပြော။ DVB။ 13 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေး ကျင်းပ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကားပြောကြား။ Ministry of Information။ 13 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲ ပထမအပိုင်းကို ခရိုင်မြို့ကြီးတွေမှာ စကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော။ BBC Burmese။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များသတ်မှတ်ကြေညာခြင်း။ Ministry of Information။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းအား စက်တင်ဘာ ၈ ရက်တွင် စတင် တင်သွင်းနိုင်ကြောင်း UEC ကြေညာ။ Eleven Media။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက်ပြည့်မီရေး ဆောင်ရွက်ပြီး နောက်ဆုံးတင်ပြရမည့် နေ့ရက်ထုတ်ပြန်ခြင်း။ Ministry of Information။ 17 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဝန်ကြီးတွေ စည်းရုံးရေး စစ်ကော်မရှင် ရွေးကော်ခွင့်ပြု။ BBC Burmese။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ပါဝင်သောပုဂ္ဂိုလ်များ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိကြောင်း UEC ကြေညာ။ Eleven Media။ 19 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ၊ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိကြောင်း အသိပေးချက် ထုတ်ပြန်ကြေညာခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 19 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ပရောက်မဲဆန္ဒရှင်များမှ ပုံစံ (၁၅) များကို သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်မည့် နေ့ရက်၊ အချက်အလက်ဖြည့်သွင်းပြီးသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့နိုင်မည့်နေ့ရက်များထုတ်ပြန်ခြင်း။ MOI။ 19 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက်ပုံစံ(၁၅)များကို သြဂုတ် ၂၁ ရက်မှစတင် သက်ဆိုင်ရာသံရုံးများတွင် စတင်ထုတ်ယူနိုင်ကြောင်း UEC ကြေညာ။ Eleven Media။ 20 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နောင်ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသည် ဘွဲ့ရသူများဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ယခုကပင်စီစဉ်။ ပြန်ကြားရေးဝန်ကြီးဌာန။ 26 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နောင်လာမည့် ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသည် ဘွဲ့ရသူများဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ယခုကတည်းက စီစဉ်ထားကြရန် UEC ဥက္ကဋ္ဌ ပြောကြား။ Eleven Media။ 26 August 2025 တွင် ပြန်စစ်ပြီး။
- 1 2 ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမယ့်ရက် ထပ်တိုး။ BBC Burmese။ 27 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နောင်လာမယ့် ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းက ဘွဲ့ရသူတွေဖြစ်ရမည်ဟု UEC ပြော။ DVB။ 27 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နောင်လာမည့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ ဘွဲ့ရသူဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများ ကြိုတင်စီစဉ်ထားရန် လိုအပ်။ NP News။ 27 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၁ မဲကို စနစ် ၂ မျိုးအတွက် ရေတွက်မယ်။ BBC Burmese။ 27 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း။ ပြန်ကြားရေးဝန်ကြီးဌာန။ 9 September 2025 တွင် ပြန်စစ်ပြီး။
- 1 2 3 နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဘယ်အချက်တွေကို ပြင်ဆင်လိုက်သလဲ။ Eleven Media။ 2025-6-11 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ။ Ministry of Information။ 2025-6-27 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှာ ဘယ်အချက်တွေကို ပြင်ဆင်လိုက်သလဲ။ Eleven Media။ 2025-6-27 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်း။ DVB Burmese။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ။ ပြန်ကြားရေးဝန်ကြီးဌာန။ 22 September 2025 တွင် ပြန်စစ်ပြီး။
- ↑ တနိုင်ငံလုံးပြိုင်မည့်ပါတီများ မဲဆန္ဒနယ်အားလုံး၏ ၄ ပုံ ၁ ပုံ မပြိုင်နိုင်ပါက ပါတီဖျက်သိမ်းခံရမည်ဟု ပြင်ဆင်ပြဋ္ဌာန်း။ DVB။ 22 September 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ။ Ministry of Information။ 2025-7-29 တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာနှင့် ကိုယ်ရေးမှတ်တမ်းတွင် လိမ်လည်ဖြည့်သွင်းထားကြောင်း စစ်ဆေးတွေ့ရှိရပါက တရားစွဲဆိုခြင်းခံရမည့် အချက်ပါဝင်သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်း။ Eleven Media။ 2025-7-29 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေ။ Ministry of Information။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်ပြု(PR )စနစ်နှင့် နိုင်သူကုန်ယူ( FPTP)စနစ် ပူးတွဲကျင့်သုံးမည့် ရွှေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ် ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း။ Eleven Media။ 2025-7-30 တွင် ပြန်စစ်ပြီး။
- 1 2 တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း။ Myanmar Digital News။ 13 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ။ Ministry of Information။ 2025-7-30 တွင် ပြန်စစ်ပြီး။
- ↑ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၅) ကျင်းပ။ Myanmar National Portal။ 11 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း။ Ministry of Information။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း။ Ministry of Information။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း။ Ministry of Information။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ကြေညာခြင်း။ Ministry of Information။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်မြေများ ထုတ်ပြန်ကြေညာ။ ပြန်ကြားရေးဝန်ကြီးဌာန။ 12 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဆုံးရှုံးနယ်မြေများနှင့် ERO နယ်မြေများပါ စစ်ကော်မရှင် UEC က မဲဆန္ဒနယ်အဖြစ် သတ်မှတ်။ Mizzima။ 12 August 2025 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကော်မရှင်ခန့် ရွေး/ကော်ကြေညာတဲ့ မဲဆန္ဒနယ်တွေထဲ စစ်တပ်လက်လွှတ်ထားရတဲ့ဒေသတွေပါဝင်နေ။ BBC Burmese။ 12 August 2025 တွင် ပြန်စစ်ပြီး။
- ↑ တော်လှန်ရေးနယ်မြေတွေမှာပါ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာ (ရုပ်/သံ)။ Irrawaddy။ 16 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးတိုင်း အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်။ Popular Myanmar။ 31 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်ကြေညာ။ MOI။ 31 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ကြေညာချက်အမှတ် ( ၁၀၄ / ၂၀၂၅ )။ UEC။ ၁၄ စက်တင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် မဲဆန္ဒနယ်စာရင်းကို UEC ကြေညာ။ NP News။ 14 September 2025 တွင် ပြန်စစ်ပြီး။
- ↑ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီများစာရင်း။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်။ ၂၀၂၅-၆-၂၆ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၂၅-၆-၂၆ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ဖျက်သိမ်းပေးရန် မြိုတိုင်းရင်းသားပါတီ၏ တောင်းဆိုမှုကို UEC ခွင့်ပြု။ NP News။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း သတင်းထုတ်ပြန်ချက်။ UEC။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း သတင်းထုတ်ပြန်ချက်။ UEC။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း သတင်းထုတ်ပြန်ချက်။ UEC။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း သတင်းထုတ်ပြန်ချက်။ UEC။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း သတင်းထုတ်ပြန်ချက်။ UEC။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ သတင်းထုတ်ပြန်ချက်။ UEC။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း သတင်းထုတ်ပြန်ချက်။ UEC။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း သတင်းထုတ်ပြန်ချက်။ UEC။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း သတင်းထုတ်ပြန်ချက်။ UEC။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားခြင်းများကိုစိစစ်ခွင့်ပြုပေးလျက်ရှိခြင်း၊နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားခြင်းများကိုငြင်းပယ်လျက်ရှိခြင်း။ UEC။ 2025-7-28 တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲရလဒ် စစ်တပ်နှင့် ထိပ်တိုက်တွေ့မည့် ရလဒ်မျိုးဖြစ်မရဟု ဦးကိုကိုကြီးပြော။ Mizzima။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ စစ်တပ်မကြိုက်သည့် ရွေးကောက်ပွဲရလာဒ်ထွက်လို့မရဟု ဦးကိုကိုကြီးသတိပေး။ Zalen။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေသည့် ပတ်ဝန်းကျင်ဖန်တီးပေးရန် မလေးရှား တိုက်တွန်း။ DVB Burmese။ 2025-7-10 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ရွေးကောက်ပွဲ နံပါတ်တစ် ဦးစားပေးရမည့်အရာ မဟုတ်ဟု အာဆီယံ ပြော။ Development Media Group။ 2025-7-10 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့ရွေးကောက်ပွဲအား ထိုင်းက မထောက်ခံသင့်ကြောင်းနှင့် အမေရိကန်က အားမပေးကြောင်း ကန်သံအမတ်ကြီးလောင်း ပြော။ Mizzima။ 11 August 2025 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ပြိုင်မည့် ပါတီများအား အရေးယူနိုင်ရန် စောင့်ကြည့်သွားမည်ဟု NUG ပြော။ Ayeyarwaddy Times။ 2025-7-1 တွင် ပြန်စစ်ပြီး။
- ↑ ရခိုင်ပြည်၌ စစ်ကောင်စီ ရွေးကောက်ပွဲ လုပ်ခွင့်မပြုဟု AAပြော။ Ludu Nway OO။ 9 August 2025 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ ရွေးကောက်ပွဲ မဖြစ်အောင်လုပ်ဆောင်ဖို့က တစ်မျိုးသားလုံးတာဝန်လို့ KNU ဥက္ကဋ္ဌ ပြော။ ဘီဘီစီမြန်မာ။ ၁၃ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲကြောင့် လူငယ်တို့၏အနာဂတ် အဆုံးသတ်သွားစေကြောင်း ကေအဲန်ယူဥက္ကဋ္ဌ ပြော။ Karen Information Center။ 12 August 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Statements။ KNU။ 26 August 2025 တွင် ပြန်စစ်ပြီး။
- ↑ “စစ်တပ်ကို အကျိုးပြုမည့် လူနှင့် ပါတီရွေးချယ်ပွဲ” ကို ပြည်သူတရပ်လုံး ဆန့်ကျင်ကြရန် KNU ထုတ်ပြန်။ DVB။ 26 August 2025 တွင် ပြန်စစ်ပြီး။
- ↑ စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်တပ်ကိုအကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲသာဖြစ်ဟု KNU ပြော။ Mizzima။ 26 August 2025 တွင် ပြန်စစ်ပြီး။
- ↑ နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၃ ဩဂုတ် ၂၀၂၅ )။ Mizzima။ 22 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရန် ကြိုးပမ်းသွားမည်ဟု NUCC ထုတ်ပြန်။ DVB။ 22 August 2025 တွင် ပြန်စစ်ပြီး။