အကူအညီ:Wiki Markup နှင့် ပုံတင်ခြင်း မိတ်ဆက်/၅

ဝီကီပီးဒီးယား မှ


မိတ်ဆက်
ဝီကီပီးဒီးယားသို့ ပုံများတင်ခြင်း

မူပိုင်ခွင့် လွတ်လပ်သော အကြောင်းအရာ
ကျွန်ုပ်တို့ ပိုမိုလိုလားသည့် ပုံအမျိုးအစား

အခမဲ့မဟုတ်သော အကြောင်းအရာ
တစ်ခါတစ်ရံ လက်ခံသည်

Wikimedia Commons
ပုံများကို ပိုမိုကျယ်ပြန့်စွာ မျှဝေခြင်း

ပုံအသုံးပြုခြင်း
ဆောင်းပါးတွင်းသို့ ထည့်သွင်းခြင်း

အကျဉ်းချုပ်
သင်ဘာတွေ တတ်ကျွမ်းသွားသလဲ ကြည့်ရအောင်




မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်ရှိ ပွဲကောက် ရေတံခွန်

သင့်ပုံအား Commons သို့မဟုတ် ဝီကီပီးဒီးယားသို့ တင်ပြီးသွားပါက ဆောင်းပါးတစ်ခုအတွင်းတွင် ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်သည်။ မည်သည့်ဆိုဒ်တွင် တင်သည်ဖြစ်စေ အသုံးပြုရာတွင် နည်းလမ်းအတူတူပင် ဖြစ်သည်။ ပုံထည့်သွင်းလိုသည့် ဆောင်းပါးစာမျက်နှာရှိ [ပြင်ဆင်ရန်] ကိုနှိပ်ကာ အောက်တွင် ဖော်ပြထားသကဲ့သို့ ပုံကို ပေါ်စေလိုသည့် အနေအထားအတိုင်း အသုံးပြုနိုင်ပြီ ဖြစ်သည်။


[[File:ပုံအမည်.jpg|thumb|ပုံခေါင်းစဉ်စာသား]]


နမူနာဆိုရသော်:

[[File:Pwe Kauk Waterfall.jpg|thumb| [[မန္တလေးတိုင်းဒေသကြီး]]၊ [[ပြင်ဦးလွင်မြို့နယ်]]ရှိ [[ပွဲကောက် ရေတံခွန်]]]]

ပုံခေါင်းစဉ်စာသားတွင် လင့်ခ်များ ပါဝင်နေသည်ကို သတိပြုပါ။


ရောမမြို့ရှိ ကိုလော့စီယမ်

ပုံအား ဘယ်ဖက်အခြမ်းတွင် ထားရှိနိုင်ရန် |left ကို ထည့်သွင်းနိုင်သည်:

[[File:Colosseum in Rome, Italy - April 2007.jpg|thumb|left|ရောမမြို့ရှိ [[ကိုလော့စီယမ်]]]]


ပုံ၏ ပြသနိုင်ပုံအား ချိန်ညှိနိုင်ရန် Wikipedia:Extended image syntax တွင် အသေးစိတ် ဆက်လက်ဖတ်ရှုပါ။