သန်းစိန်၊ ဦး၊ သီရိပျံချီ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |
||
စာကြောင်း ၈ - | စာကြောင်း ၈ - | ||
| ဌာနေ = |
| ဌာနေ = |
||
| မွေးဖွားရာ = [[ရန်ကုန်]] |
| မွေးဖွားရာ = [[ရန်ကုန်]] |
||
| နိုင်ငံသား = [[ |
| နိုင်ငံသား = [[မြန်မာ]] |
||
| လူမျိုး = [[ဗမာ]] |
| လူမျိုး = [[ဗမာ]] |
||
| ကြင်ဖော် = ဒေါ်သိန်းနှစ် |
| ကြင်ဖော် = ဒေါ်သိန်းနှစ် |
၁၉:၄၅၊ ၁ စက်တင်ဘာ ၂၀၁၁ ရက်နေ့က မူ
သီရိပျံချီဦးသန်းစိန် (၁၉၁၁ - ၁၉၉၉) | |
---|---|
သီရိပျံချီဦးသန်းစိန် |
|
အမည်ရင်း | သန်းစိန် |
မွေးသက္ကရာဇ် | ဒီဇင်ဘာလ ၂၂ ရက် ၁၉၁၁ |
ကွယ်လွန် | မတ်လ ၈ ရက် ၁၉၉၉ |
နိုင်ငံသား | မြန်မာ |
လူမျိုး | ဗမာ |
မွေးရပ်ဇာတိ | ရန်ကုန် |
ကြင်ဖော် | ဒေါ်သိန်းနှစ် |
ပါလီမန်အတွင်းဝန် သီရိပျံချီ ဦးသန်းစိန်
- လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)
- (ဒီဇင်ဘာ ၂၂ ရက် ၁၉၁၁ ခုနှစ် - ဩဂုတ်လ ၈ ရက် ၁၉၉၉ ခုနှစ်)
နိုင်ငံရေးဆောင်ရွက်ချက်များ အကျဉ်းချုပ်
- ၁၉၁၁ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၇၃) တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။
- ပုဇွန်တောင် အမျိုးသားကျောင်း၊ မက်သဒစ်ကျောင်းတို့တွင် ၁၀တန်းအထိ ပညာဆည်းပူးခဲ့သည်။
- ၁၉၂၀ ပထမကျောင်းသားသပိတ်တွင် အသက် ၉ နှစ်အရွယ် ဗိုလ်တထောင် စိန့်ဘားန်စ်ဘတ်သာသနာပြုကျောင်း ၄ တန်း ကျောင်းသားဘဝမှစပြီး အားပေး ပါဝင်ခဲ့သည်။
- ၁၉၃၁ ခုနှစ် ဒိုင်အာခီ - ဟုမ္မရူး (ဝံသာနု) ခေတ်မှစ၍ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ရာ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးအရေးတော်ပုံကြီးတလျောက် တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဗမာပြည်ဆိုရှယ်လစ်ပါတီ)၊ ဖက်ဆစ်တော်လှန်ရေး၊ မြေပေါ် မြေအောက် လှုပ်ရှားမှုကြီးများတွင် ထက်မြက်စွန့်စား ပါဝင်ဆောင်ရွက်ခဲ့သည်။
- ၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့ ဗမာ့လွတ်လပ်ရေး တပ်မတော်စစ်ရုံးချုပ် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ဦးစီးမှုအောက်တွင် ဆက်သွယ်ရေးနှင့် နေရာချထားရေး ဌာနကြီးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
- ၁၉၄၆-၄၇ ခုနှစ်တွင် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၊ ဒု-ဥက္ကဌ သခင်နု ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့ဝင်အဖြစ် လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည်။
- ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် တွံတေးမဲဆန္ဒနယ်မှ ဖဆပလအမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
- ၁၉၄၈ ခုနှစ် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးမော်ကွန်းကျောက်တိုင် တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
- ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက် ရန်ကုန်ခရိုင် ဖဆပလအဖွဲ့ချုပ် အတွင်းရေးမှူး၊ ဗမာပြည်ဆိုရှယ်လစ်ပါတီဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ရန်ကုန်ခရိုင် ပါတီအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
- ၁၉၅၂ ခုနှစ်နှင့် ၁၉၅၆ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများတွင် တွံတေးမဲဆန္ဒနယ် ဖဆပလအမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး အမျိုးသားစီမံကိန်းဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနများတွင် ပါလီမန်အတွင်းဝန်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။
- ၁၉၅၈ ခုနှစ် သန့်ရှင်းဖဆပလ အဖွဲ့ချုပ် အလုပ်အမှုဆောင်၊ ၁၉၆၀ ခုနှစ် သိမ်ဖြူမဲဆန္ဒနယ် သန့်ရှင်းဖဆပလ (နောင် ပြည်ထောင်စုပါတီ) အမတ်အဖြစ် ရွေးကောက် တင်မြှေက်ခံရသည်။
- ၁၉၆၀ ခုနှစ် ပြည်သူ့လွှတ်တော် ဆော်သြရေးမှူးချုပ်နှင့် သာသနာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။
- ၁၉၆၂-၆၃ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ နိုင်ငံရေးအကျဉ်းသားအဖြစ် ထိန်းသိမ်းခံခဲ့ရသည်။
- ၁၉၈၈ ခုနှစ် နာယကကြီး ဦးနု ကြီးမှူးသော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး (၁) အဖြစ် ဆောင်ရွက်ခဲ့သည်။
- ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ဦးနု ခေါင်းဆောင်သော စင်ပြိုင်အစိုးရ အဖွဲ့ဝင်အဖြစ် ပုဒ်မ ၁၀(ခ) ဖြင့် နေအိမ်၌ တားဆီးမိန့်ထုတ်ပြန် တားဆီးခံခဲ့ရပြီး ၁၉၉၂ ခုနှစ် ဧပြီလ ၂၅ ရက်တွင် တားဆီးခံရမှုမှ လွတ်မြောက်သည်။
- တားဆီးခံရမှုမှ လွတ်မြောက်ချိန်မှစ၍ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် ဦးဆောင်သည့် ဝါရင့်နိုင်ငံရေး ပုဂ္ဂိုလ်ကြီး ၂၃ ဦးအစုတွင် တက်ကြွစွာ ပါဝင်လျက် အမျိုးသား ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အမျိုးသားမြင့်မြတ် နိုင်ငံရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ကွယ်လွန်ချိန်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
ဗုဒ္ဓသာသနာရေးဆောင်ရွက်ချက်များ အကျဉ်းချုပ်
- ၁၉၃၀ ခုနှစ် မေလ ၅ ရက် ငလျင်ကြောင့် ရွှေတိဂုံစေတီတော် ပိန္နဲတိုင် ကျိုးခဲ့ရာ ရန်ကုန်တမြို့လုံးရှိ ဘာသာရေး၊ သာသနာရေးအသင်းအဖွဲ့စုံ စုပေါင်း ဖွဲ့စည်းခဲ့သည့် ရွှေတိဂုံစေတီတော် စောင့်ရှောက်ရေးအဖွဲ့ကြီး အကျိုးဆောင်အတွင်းရေးမှူးအဖြစ် ၁၉ နှစ်သားအရွယ်တွင် ဆောင်ရွက်၍ စေတီတော်ကြီး ပိန္နဲတိုင်အပါအဝင် ဘက်စုံ မွမ်းမံ ပြုပြင် တည်ဆောက်မှုများ ပြုခဲ့သည်။
- ဒုတိယကမ္ဘာစစ်အပြီးတွင် အကြောင်းကြောင်းကြောင့် ယိုယွင်း ပျက်စီးခဲ့သည့် ရန်ကုန်မြို့ ဗိုလ်တထောင် ကျိုက်ဒေးအပ်စေတီ၊ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရား၊ ပဲခူးမြို့ ရွှေမော်ဓောစေတီ၊ တွံတေးမြို့ ရွှေဆံတော်စေတီများ ပြုပြင် မွမ်းမံရေးတို့ကို ဇွဲလုံ့လကြီးစွာ ပြီးမြောက်အောင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
- ၁၉၅၀ ခုနှစ်တွင် နောင်အခါ သီရိမင်္ဂလာကမ္ဘာအေးစေတီ တည်ထား ကိုးကွယ်ရာနှင့် ဆဋ္ဌသံင်္ဂါယနာတင် မဟာပါသနလှိုဏ်ဂူတော်ကြီး တည်ထားရာ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေကို ဝန်ကြီးချုပ်ဦးနု၏ တာဝန်ပေးချက်အရ နေရာရှာဖွေသည့်အဆင့်မှ စေတီတော် ပန္နက်ချခြင်းအလယ်၊ လှိုဏ်ဂူတော်ကြီး တည်ဆောက် ပြီးစီးသည့် အဆုံးတိုင် ကိုယ်ရောစိတ်ပါ မြှုပ်နှံပါဝင် ဆောင်ရွက်ခဲ့သည်။
- သီရိမင်္ဂလာကမ္ဘာအေးစေတီ ဂေါပကအဖွဲ့တွင် ဆယ်စုနှစ်များစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။
- ၁၉၅၅ ခုနှစ်တွင် တရုတ်ပြည် ပီကင်းမြို့မှ ရန်ကုန်မြို့သို့ ဗုဒ္ဓဘာသာဝင်များ ဖူးမျှော် ကြည်ညိုနိုင်ရေးအတွက် ဗုဒ္ဓမြတ်စွာ ဆံတော်ကို တာဝန်ယူ ပင့်ဆောင်ခဲ့သည်။
- ၁၉၄၈ - ၅၅ ခုနှစ်များအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ တာဝန်ပေးချက်အရ ပြည်ထောင်စု တောင်တန်းသာသနာပြုအဖွဲ့ချုပ် အကျိုးတော်ဆောင်အဖြစ် ကချင်၊ ရှမ်း၊ ဝ၊ နာဂ၊ ပလက်ဝ၊ ကန္တရဝတီ တောင်တန်းဒေသများသို့ ခက်ခဲ ပင်ပန်းစွာ လှည့်လည်လျက် တောင်တန်းသားပေါင်း ၁၀ သိန်းကျော်ခန့် ဗုဒ္ဓဘာသာဝင်များ ဖြစ်လာအောင် တောင်တန်းဒေသ ဗုဒ္ဓသာသနာပြု လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
- ၁၉၅၆ ခုနှစ် ဝန်ကြီးချုပ် ဦးနု ပဓာနဒါယကာအဖြစ် ကြီးမှူး ဆောင်ရွက်ခဲ့သည့် ဆဋ္ဌသံင်္ဂါယနာတင်ပွဲကြီးနှင့် သာသနာနှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ် အောင်ပွဲသဘင်ကြီးကို ၁၉၅၆ ခုနှစ် မေလ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့ရာ အောင်ပွဲကျင်းပရေး ဗဟိုအဖွဲ့အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။
- ၁၉၆၀ ခုနှစ် နိုင်ငံတော်အစိုးရက ဖွဲ့စည်းတာဝန်အပ်နှင်းခဲ့သော ဗုဒ္ဓဘာသာ သာသနာကို နိုင်ငံတော်ဘာသာ၊ သာသနာအဖြစ် သတ်မှတ်ရေးဆိုင်ရာ အကြံပေးအဖွဲ့၏ အတွင်းရေးမှူး (၁) အဖြစ် အစီရင်ခံစာ အပြည့်အစုံ တင်ပြနိုင်သည်အထိ ဆောင်ရွက်ခဲ့သည်။
- ၁၉၈၀ ခုနှစ်တွင် ဥက္ကဌကြီး ဦးနု ဦးဆောင်၍ သြဂုတ်လ ၂၀ ရက်တွင် ဖွဲ့စည်းခဲ့သော ပိဋကတ်ဘာသာပြန်အဖွဲ့တွင် အမှုဆောင်အဖြစ် တက်ကြွစွာ ပါဝင်ခဲ့သည်။
- လွတ်လပ်ရေးအကြိုကာလ ၁၉ နှစ်သားအရွယ်မှ ကွယ်လွန်ချိန်အထိ အကျိုးတော်ဆောင်၊ ဥက္ကဌ၊ နာယက စသည့် ထိပ်တန်း တာဝန်ကြီးများ၌ ရွေးကောက် တင်မြှောက် တာဝန်ပေးအပ်ခံရသည့် ဘာသာရေးအဖွဲ့အစည်းများမှာ -
(က) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ် (အေဘီဘီအေ)
(ခ) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ)
(ဂ) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာပုညကုသလအသင်း (ဘီဘီအမ်အေ)
(ဃ) ရာမခရစ်ရှနားဘုရားကျောင်းအဖွဲ့ (အာရ်အမ်အက်စ်) တို့ဖြစ်သည်။
နိုင်ငံခြားခရီးစဉ်များ
- သာသနာရေးတာဝန်၊ အစိုးရတာဝန်တို့ဖြင့် ကမ္ဘောဒီးယား၊ ဂျပန်၊ ဗီယက်နမ်၊ တရုတ်၊ ထိုင်း၊ လာအို၊ ဟောင်ကောင်၊ အိန္ဒိယ၊ အီဂျစ်၊ ကနေဒါ၊ အမေရိကန်၊ ချက်၊ ဂရိ၊ ဂျာမဏီ၊ ပိုလန်၊ ပြင်သစ်၊ ရုရှား၊ ဟန်ဂေရီ၊ အီတလီ၊ အင်္ဂလန်နိုင်ငံများသို့ ကြိမ်ဖန်များစွာ သွားရောက်ခဲ့သည်။
သီရိပျံချီဦးသန်းစိန် မကွယ်လွန်မီ ရေးသားခဲ့သော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိမှ ကျန်ရစ်သူမိသားစု၏ ခွင့်ပြုချက်ဖြင့် ကူးယူတင်ပြသည်။