မြင်စိုင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"==မြင်စိုင်း== မြင..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၃၇၊ ၂၄ ဩဂုတ် ၂၀၁၁ ရက်နေ့က မူ

မြင်စိုင်း

မြင်စိုင်းသည် ယခုအခါ ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အတွင် မထင်မရှားတည်ရှိသော ရွာတစ်ရွာဖြစ်၍၊ အင်းဝမြို့ဟောင်း၏ တောင်ဖက် ၁၉ မိုင် အကွာတွင် တည်ရှိသည် ။ သက္ကရာဇ် ၆၄၆ ခုနှစ်တွင် တရုတ်တို့ မြန်မာနိုင်ငံတွင်းသို့ ချဉ်းနင်းဝင် ရောက်တိုက်ခိုက်လာ၍ ပုဂံပြည် ပျက်ပြီးသည့်နောက်တွင် မြန်မာ့အင်အားကို ရုံးစုကာ တရုတ်စစ်ကို အကြိမ်ကြိမ် တွန်းလှန်ခဲ့သောရှမ်းညီနောင် ၃ ဦးအနက် အကြီးဆုံးဖြစ်သူ အသခ‡ယာ မင်းပြုသော မြို့ဖြစ်၍ မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းတစ်ခုလည်းဖြစ်ခဲ့သည်။ မြင်စိုင်းမြို့သည်ကား အနော်ရထာမင်းစောသည် တရုတ်၊ ရှမ်း၊ ယွန်းတို့နှင့် မရောစွက် မနှောင့်ရှက်စိမ့်သောငှာ သက္ကရာဇ်၃၉၅ ခုနှစ်တွင် ဗန်းမော်ခရိုင် ကောင်းစင်၊ ကောင်းတုံမှစ၍ ရမည်းသင်းခရိုင်တွင် ဆွာမြို့အထိ ခံမြို့ကြီး ၄၃ မြို့တည်ခဲ့ရာတွင်တစ်ခုအပါအဝင် ဖြစ်သည်။ ထိုစဉ်က ရှမ်းနယ်စပ်၊ မြန်မာနယ်စွန်၌ တည်ရိသည် ။ ရှမ်းအမြောက် အမြား မှီခိုနေထိုင်သော အရပ်ဖြစ်၏။ မြင်စိုင်းမြို့သည် ပုဂံမင်းများလက်ထက်က မြစ်သား ၁၁ ခရိုင်ဟု ခေါ်အပ်သော လယ်တွင်း ၁၁ ရွာ တွင်ပါဝင်သည် ။ မြစ်သား ၁၁ခရိုင်ကား စမုန်မြစ်၊ ပန်းလောင်မြစ်၊ ဒုဋ္ဌဝတီမြစ်တို့ဖြင့် တင့်တယ်လျက် ထိုမြစ်တို့၏ ကျေးဇူး ကြောင့် ထိုနယ်တွင် ကောက်ပဲသီးနှံ ဖွံ့ဖြိုးကြီးပွားသည် ။ ထိုကြောင့် ထိုအရပ်သည် ပုဂံမင်းတို့၏ အားထားရာ တိုင်းခြေပြည်မြစ် ဖြစ်လေသည် ။ ထိုအကြောင်းကြောင့် လည်း ရှမ်းညီနောင် ၃ ပါး အားကောင်းနိုင်ခဲ့ခြင်း ဖြစ်၏။ တရုတ်တို့ ဝင်လာသောအခါ တရုတ်ပြေးမင်းဟု တွင်လာမည့် နရသီဟပတေ့ ထွက်ပြေးတိမ်းရှောင်သည်မှ စ၍ မြင်စိုင်းထင်ရှားလာသည် ။ မြင်စိုင်းကား နရသီဟပတေ့ မင်းကြီးက မိမိထံ ခစားထမ်းရွက်လာသည့် ရှမ်းညီနောင် ၃ ဦးအနက် အကြီးဆုံးအသခ‡ယာအား ပေးထားသောမြို့ဖြစ်၏။ နရသီဟပတေ့မင်းကြီးသည် အလတ်ရာဇသင်္ကြံကို မက္ခရာမြို့နှင့် အငယ်သီဟသူကို ပင်လယ်မြို့ အသီးအသီး ပေးထားသေးသည်။ သက္ကရာဇ် ၆၆၁ ခုနှစ်တွင် နရသီဟ ပတေ့၏ သား ကျော်စွာကို နန်းချပြီးနောက် ရှမ်းညီနောင် ၃ ဦးတို့သည် မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်တို့တွင် အသီးအသီး မင်းပြိုင်ပြုကြလေရာ၊ အကြီးဆုံးဖြစ်သူ အသခ‡ယာမင်းသည် မြင်စိုင်း၌သက္ကရာဇ် ၆၆၂ ခုနှစ်တွင် ထီးနန်း စိုက်ထူသည် ။ သက္ကရာဇ် ၆၇၂ ခုနှစ်တွင် ညီတော် သီဟသူက ဆေးဖြင့် အန္တရာယ်ပြု၍ အနိစ္စရောက်သည် ။ ရှမ်းညီနောင်တို့မှာ အဖ ရှမ်း၊ အမိ မြန်မာတို့မှ ပေါက်ပွားကာ မြန်မာမင်းခစာ ဗုဒ္ဓ အယူဝါဒီများဖြစ်၍ မြန်မာမင်းတို့၏ကျေးဇူးမမေ့ကြပေ။ မြန်မာပြည်နှင့် မြန်မာလူမျိုတို့ကို တရုတ်စစ်ဘေးမှ ကာကွယ်ရမည့် တာဝန်နှင့် မြန်မာမင်ဆက်ကို ဆက်လက်ပြုစုရမည့် တာဝန်သည် သူတို့ ၃ ဦး၏ တာဝန်ဖြစ်သည်ဟု ယုံမှတ် ကြသည် ။ မြန်မာနိုင်ငံနှင့် ဗုဒ္ဓသာသနာကို ကာကွယ် စောင့်ရှောက်ကြသည် ။ ထိုကြောင့်လည်း ထိုခေတ်က စည်ပင်ဝပြောသည် ၊ မြင်စိုင်းမြို့သည် ကောင်းစားခဲ့စဉ်က ပန်းမာလ်ဥယျာဉ် တို့ဖြင့် တင့်တယ်သည် ။ ပြောင်ခင်း၊ လူးခင်းတို့ဖြင့် စိမ်းစိုသည်။ တောင်ထွတ် တောင်ထိပ်တို့သည် ဘုရားတန်ဆောင်း ကျောင်းပြသာဒ်တို့ဖြင့် ကြည်ညိုဖွယ် ရှိသည်။ အိမ်တော် နန်းတော်တို့ဖြင့် ခမ်းနားသည်။ ဤသည့် အကြောင်းများကို တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော အစချီသည့် မြင်စိုင်းငါးစီးရှင် ကာချင်းတပုဒ်တွင် ဖော်ပြထားသည်ကို တွေ့ရသည် ။ ဘိုးတော်ဘုရားလက်ထက်တွင် ကျောက်ဆည်ခရိုင်တစ်ခုလုံးကို ၉ ခရိုင်ဖွဲ့တော်မူ၍ လယ်တွင်းကိုးခရိုင်ခေါ်တွင် စေခဲ့ရာ၊ ထိုအခါ မြင်စိုင်းသည် ခရိုင်မြို့စာရင်းတွင် ပါဝင်ခဲ့လေသည် ။


ယခုအခါ မြင်စိုင်းကားမြို့ပျက်မြို့ဟောင်းဖြစ်၍ မြို့ရိုးပျက်များကို တွေ့နိုင်ပေသေးသည် ။ [၁]


ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)