မုယော: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
[[File:Barley.jpg|thumb|200px|မုယောခင်းတစ်ခု]]
==မုယော(Barley)==
ဥရောပတိုက် ဆွစ်ဇာလန်နိုင်ငံတွင်
[[ဥရောပတိုက်]]၊ [[ဆွစ်ဇာလန်နိုင်ငံ]]တွင်
ရှေးကျောက်ခေတ်ကနေထိုင်ခဲ့သော သူများသည်
ရှေးကျောက်ခေတ်ကနေထိုင်ခဲ့သော သူများသည်
မုယောကိုအသုံးပြုကြကြောင်း ထိုနိုင်ငံမှ တူးဖော်ရရှိသော
မုယော(Barley)ကိုအသုံးပြုကြကြောင်း ထိုနိုင်ငံမှ တူးဖော်ရရှိသော
အခြားဝတ္ထုပစ္စည်းများနှင့်အတူ မုယောစေ့များကိုပါ
အခြားဝတ္ထုပစ္စည်းများနှင့်အတူ မုယောစေ့များကိုပါ
တွေ့ရှိရခြင်းဖြင့်သိရလေသည်။ တရုတ်ပြည်တွင် ခရစ်တော်
တွေ့ရှိရခြင်းဖြင့်သိရလေသည်။ တရုတ်ပြည်တွင် ခရစ်တော်
မပေါ်မီနှစ်ပေါင်း နှစ်ထောင်အထက်က မုယောကို စိုက်ပျိုးခဲ့
မပေါ်မီနှစ်ပေါင်း နှစ်ထောင်အထက်က မုယောကို စိုက်ပျိုးခဲ့
ကြောင်း တရုတ် လူမျိုးတို့၏ အယူဝါဒရေး စာအုပ်များတွင်
ကြောင်း [[တရုတ်]] လူမျိုးတို့၏ အယူဝါဒရေး စာအုပ်များတွင်
ဖော်ပြထားသည်။ အီဂျစ်နိုင်ငံ၌ ဟီဗြူလူမျိုးတို့သည်
ဖော်ပြထားသည်။ အီဂျစ်နိုင်ငံ၌ ဟီဗြူလူမျိုး(ဟီဘရူးလူမျိုး)တို့သည်
မုယောပင်ကို စိုက်ပျိုးခဲ့ကြောင်း ခရစ်ယန်တို့၏
မုယောပင်ကို စိုက်ပျိုးခဲ့ကြောင်း ခရစ်ယန်တို့၏
သမ္မာကျမ်းစာတွင် ဖော်ပြချက်ပါရှိသဖြင့်
သမ္မာကျမ်းစာတွင် ဖော်ပြချက်ပါရှိသဖြင့်
စာကြောင်း ၁၄ - စာကြောင်း ၁၄ -


မုယောပင် မူလပေါက်ရောက်ရာ အရပ်မှာ
မုယောပင် မူလပေါက်ရောက်ရာ အရပ်မှာ
အာရှိတိုက်အနောက်ပိုင်း ဖြစ်သည်ဟု ထင်မှတ်ရသည်။
[[အာရှတိုက်]]အနောက်ပိုင်း ဖြစ်သည်ဟု ထင်မှတ်ရသည်။
အကြောင်းဆိုသော် ထိုဒေသများတွင် မုယောပင်အရိုင်းများ
အကြောင်းဆိုသော် ထိုဒေသများတွင် မုယောပင်အရိုင်းများ
ပေါက်လျက်ရှိသည်ကို တွေ့ရခြင်းကြောင့် ဖြစ်သည်။ ယခုအခါ
ပေါက်လျက်ရှိသည်ကို တွေ့ရခြင်းကြောင့် ဖြစ်သည်။ ယခုအခါ
အလွန်အေးသော ရာသီရှိသည့်မြောက်ဘက်
အလွန်အေးသော ရာသီရှိသည့်မြောက်ဘက်
အလာစကာပြည်နယ်မှ တောင်ဘက် အိန္ဒိယနိုင်ငံကဲ့သို့
အလာစကာပြည်နယ်မှ တောင်ဘက် [[အိန္ဒိယနိုင်ငံ]]ကဲ့သို့
ပူအိုက်သော တိုင်းပြည်များအထိ မုယောပင်ကို စိုက်ပျိုးလျက်
ပူအိုက်သော တိုင်းပြည်များအထိ မုယောပင်ကို စိုက်ပျိုးလျက်
ရှိကြသည်။ ရှေးအခါက မုယောကို လူတို့ စားသုံးရန် အတွက်
ရှိကြသည်။ ရှေးအခါက မုယောကို လူတို့ စားသုံးရန် အတွက်
စာကြောင်း ၂၆ - စာကြောင်း ၂၆ -
ဥရောပတိုက်တောလက်ကျေးရွာများတွင် နေထိုင်ကြသော
ဥရောပတိုက်တောလက်ကျေးရွာများတွင် နေထိုင်ကြသော
တောင်သူလယ်သမားတို့လောက်သာ စားသုံးလျက်ရှိကြသည်။
တောင်သူလယ်သမားတို့လောက်သာ စားသုံးလျက်ရှိကြသည်။
[[File:Barley in Slovenia.jpg|thumb|200px|စိမ်းစိုနေသော မုယောပင်]]

ယခုခေတ်တွင် ဘီယာခေါ် ဗျစ်ရည်ချက်လုပ်
ယခုခေတ်တွင် ဘီယာခေါ် ဗျစ်ရည်ချက်လုပ်
ရန်နှင့် နို့မှုန့်စသော အစားအသောက်များ၌ ရောစပ်ရန်အတွက်
ရန်နှင့် နို့မှုန့်စသော အစားအသောက်များ၌ ရောစပ်ရန်အတွက်
စာကြောင်း ၄၄ - စာကြောင်း ၄၄ -
မြေယာကို နက်စွာ ထွန်ယက်ပြုပြင်ရန် မလိုချေ။
မြေယာကို နက်စွာ ထွန်ယက်ပြုပြင်ရန် မလိုချေ။


ရုရှားနိုင်ငံသည် မုယောအများဆုံး စိုက်ပျိုးသော
[[ရုရှားနိုင်ငံ]]သည် မုယောအများဆုံး စိုက်ပျိုးသော
နိုင်ငံဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
နိုင်ငံဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)</ref>
== ကိုးကား ==
== ကိုးကား ==
<references/>
<references/>
[[Category:စိုက်ပျိုးရေး]]
[[Category:အပင်]]
[[Category:မုယော]]
[[en:Barley]]
[[en:Barley]]

၀၇:၄၅၊ ၁၆ ဩဂုတ် ၂၀၁၁ ရက်နေ့က မူ

မုယောခင်းတစ်ခု

ဥရောပတိုက်ဆွစ်ဇာလန်နိုင်ငံတွင် ရှေးကျောက်ခေတ်ကနေထိုင်ခဲ့သော သူများသည် မုယော(Barley)ကိုအသုံးပြုကြကြောင်း ထိုနိုင်ငံမှ တူးဖော်ရရှိသော အခြားဝတ္ထုပစ္စည်းများနှင့်အတူ မုယောစေ့များကိုပါ တွေ့ရှိရခြင်းဖြင့်သိရလေသည်။ တရုတ်ပြည်တွင် ခရစ်တော် မပေါ်မီနှစ်ပေါင်း နှစ်ထောင်အထက်က မုယောကို စိုက်ပျိုးခဲ့ ကြောင်း တရုတ် လူမျိုးတို့၏ အယူဝါဒရေး စာအုပ်များတွင် ဖော်ပြထားသည်။ အီဂျစ်နိုင်ငံ၌ ဟီဗြူလူမျိုး(ဟီဘရူးလူမျိုး)တို့သည် မုယောပင်ကို စိုက်ပျိုးခဲ့ကြောင်း ခရစ်ယန်တို့၏ သမ္မာကျမ်းစာတွင် ဖော်ပြချက်ပါရှိသဖြင့် သိရလေသည်။ ထိုကြောင့် မုယောပင်သည် အလွန်ရှေးကျသော ကောက်ပင်များတွင် အပါအဝင် ဖြစ်သည်ဟု ဆိုရပေမည်။

မုယောပင် မူလပေါက်ရောက်ရာ အရပ်မှာ အာရှတိုက်အနောက်ပိုင်း ဖြစ်သည်ဟု ထင်မှတ်ရသည်။ အကြောင်းဆိုသော် ထိုဒေသများတွင် မုယောပင်အရိုင်းများ ပေါက်လျက်ရှိသည်ကို တွေ့ရခြင်းကြောင့် ဖြစ်သည်။ ယခုအခါ အလွန်အေးသော ရာသီရှိသည့်မြောက်ဘက် အလာစကာပြည်နယ်မှ တောင်ဘက် အိန္ဒိယနိုင်ငံကဲ့သို့ ပူအိုက်သော တိုင်းပြည်များအထိ မုယောပင်ကို စိုက်ပျိုးလျက် ရှိကြသည်။ ရှေးအခါက မုယောကို လူတို့ စားသုံးရန် အတွက် အသုံးချခဲ့ကြ၏။ သို့သော် မုယောထက် အာဟာရဓာတ် ပြည့်စုံသည့်အခြားကောက်ပင်များကို ယခုစိုက်ပျိုးလျက်ရှိကြရာ မုယောမှုန့်နှင့် လုပ်သော ပေါင်မုန့်အမည်းများကို ဥရောပတိုက်တောလက်ကျေးရွာများတွင် နေထိုင်ကြသော တောင်သူလယ်သမားတို့လောက်သာ စားသုံးလျက်ရှိကြသည်။

စိမ်းစိုနေသော မုယောပင်

ယခုခေတ်တွင် ဘီယာခေါ် ဗျစ်ရည်ချက်လုပ် ရန်နှင့် နို့မှုန့်စသော အစားအသောက်များ၌ ရောစပ်ရန်အတွက် မုယောကို အမြောက်အမြား အသုံးပြုကြသည်။ တိရစ္ဆာန်အစာအတွက်လည်း မုယောမှုန့်ကို အသုံးချနိုင်သည်။ အထူးသဖြင့် ဝက်များကို မုယောမှုန့်ကျွေးလျှင် ပို၍ဆူဖြိုးလာမည်ဖြစ်သည်။ မုယောပင်၏ ရိုးတံများတွင် ထက်မြက်စုးရှသော အမွေးအမှင်ကလေးများပေါသဖြင့် တိရစ္ဆာန်များကို ကျွေးရန်အစာအဖြစ် ထိုကောက်ရိုးများကို အသုံး မချနိုင်ချေ။ မုယောပင်များမှာ ကောက်လျင်ပင်မျိုးဖြစ်ရာ အများအားဖြင့် ဂျုံပင်များ စိုက်ပျိုးပြီးမှ မုယောကို စိုက်လေ့ရှိ ကြသည်။ ဂျုံ ထက်ဦးစွာ မုယောကို ရိတ်သိမ်းကြရသည်။ စိမ့်မစွဲ၊ ရေမဝပ်သည့် သဲမြေမျိုးတွင် မုယောပင်များ ကောင်းစွာ ဖြစ်ထွန်း၍ အမြစ်တိုသည့် ကောက်ပင်မျိုးဖြစ်သောကြောင့် မြေယာကို နက်စွာ ထွန်ယက်ပြုပြင်ရန် မလိုချေ။

ရုရှားနိုင်ငံသည် မုယောအများဆုံး စိုက်ပျိုးသော နိုင်ငံဖြစ်သည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)