ကျော်ဇော၊ ဗိုလ် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၂ - စာကြောင်း ၄၂ -
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:နိုင်ငံရေးသမားများ]]
[[Category:နိုင်ငံရေးသမားများ]]
[[Category:မြန်မာ့နိုင်ငံရေးသမားများ]]
[[Category:မြန်မာ့ သမိုင်း]]
[[Category:မြန်မာ့ သမိုင်း]]
[[Category:သမိုင်း]]
[[Category:သမိုင်း]]

၀၃:၁၅၊ ၃ ဩဂုတ် ၂၀၁၁ ရက်နေ့က မူ

ဗိုလ်ကျော်ဇော
မွေးသက္ကရာဇ်၁၉၁၈-ခု၊ နိုဝင်ဘာ (၃၀)ရက်
မွေးဖွားရာဒေသသုံးဆယ်မြို့နယ်၊ ဆိုင်းစုကျေးရွာ
အမည်ရင်းကိုရွှေ
ဗိုလ်ဘွဲ့အမည်ဗိုလ်ကျော်ဇော
ဂျပန်အမည်တာနီငုချီ ရှင်အိချိ (Taniguchi Shin-ichi)
မိဘအမည်ဉီးပန်း + ဒေါ်တင့်
နိုင်ငံသားဖိုင်:Flag of Myanmar.png
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ပညာအရည်အချင်းအင်္ဂလိပ် မြန်မာ ၁ဝ တန်း
အလုပ်အကိုင်ကျောင်းအုပ်
ဆုတံဆိပ်စစ်သည်တော်ကောင်း (ပထမအဆင့်)၊ လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်)


ဗိုလ်မှူးချုပ် ကျော်ဇော (၁၉၁၉)

ဗိုလ်မှူးချုပ် ကျော်ဇောသည် ရဲဘော် သုံးကျိပ်ဝင်များအနက် သက်ရှိထင်ရှား ကျန်ရှိနေသူ နှစ်ဦးအနက်မှ တစ်ဦးဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ပြင်းထန်ပြီး လက်ဝဲဝါဒီတစ်ဦးဖြစ်သူ ဗိုလ်ကျော်ဇောသည် ၁၉၄၄ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီသို့ ဝင်ခဲ့သည်။ ပါတီမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပါတီ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်သည့်တိုင် ပါတီတွင်း လှုပ်ရှားမှု များထက် သူ၏စစ်မြေပြင်တွင် သူရသတ္တိ ပြောင်မြောက်မှုတို့ကိုသာ လူသိ များသည်။

ဗိုလ်ကျော်ဇော၏ ထင်ရှား ကျော်ကြားခြင်းသည် ၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် အင်းစိန်တိုက်ပွဲတွင် ဖြစ်သည်။ ရန်ကုန်မြို့ မြောက်ဘက် ဆင်ခြေဖုံး နေရာအတော်များများအား သိမ်းပိုက်ထားသည့် ကရင် သူပုန်တို့ကို တိုက်ထုတ်ခဲ့သော သုံးလကျော်ကြာ တိုက်ပွဲသည် သူ၏ စစ်မှုထမ်းသက် တစ်လျှောက် မေ့မရနိုင်သော အရှည်လျားဆုံး စစ်ပွဲ၊ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနှင့် အန္တရာယ် အများဆုံး စစ်ပွဲဟူ၍ သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် မှတ်တမ်းတင်ရေးသားခဲ့သည်။ အင်းစိန်တိုက်ပွဲအတွင်း ဗိုလ်ကျော်ဇောသည် တပ်ဖွဲ့များနှင့်အတူ ရင်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ၊ သတ္တိ ပြောင်မြောက်သည့် တပ်မှူး တဦး အဖြစ် အထက် အရာရှိများ၊စစ်သားဟောင်းကြီးများက အမှတ်ရ ကြသည်။

ရှမ်းပြည်နယ်အတွင်း တရုတ်ဖြူကူမင်တန်တပ်များ ကျူးကျော် ဝင်ရောက်မှုကို တပ်မတော်က တိုက်ထုတ်စဉ်တွင်လည်း ဗိုလ်ကျော်ဇော ၏အမည်အား လူတိုင်း ပါးစပ်ဖျားမှ တဖွဖွ ပြောဆိုရသည်အထိ ထင်ရှားပြန်သည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် သူ၏ စွန့်စားခန်းတို့သည် လူပြောများသော အကြောင်းများဖြစ်လာသည်။ မြန်မာတပ်များ ထိုင်းနိုင်ငံ နယ်ခြားကို ဖြတ်သန်းခွင့်ရရှိနိုင်ရန် ဘိန်းအရောင်းအဝယ် တစ်ခုတွင် ကူမင်တန်တို့လိမ်လည်ခြင်းကို ခံလိုက်ရသော ထိုင်းဗိုလ်ချုပ် တစ်ဦးနှင့် ဗိုလ်ကျော်ဇော သဘောတူညီမှု ရယူနိုင်ခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ် အနီး တောတောင်ထူထပ်သည့် ဒွိုင်တန်တောင်တန်းပေါ်ရှိ ကူမင်တန် ခံတပ်စခန်းကို တိုက်ခိုက်ရန် စစ်ပြင်နေစဉ် ထိုင်းဆက်သွယ်ရေး အရာရှိ တစ်ယောက်က ထိုခံတပ်ကို သိမ်းပိုက်ရန်အတွက် လိုအပ်သောကြာချိန်ကို မေးသည်အခါ "မနက် ၈ နာရီ စတိုက်ရင် နောက်အကျဆုံး ညနေ ၄ နာရီ ငါတို့ အလံကို တောင်ကုန်းပေါ်မှာ လွှင့်မယ်" ဟု ဗိုလ်ကျော်ဇောက ရဲဝံ့စွာ အကြောင်း ပြန်ခဲ့သည်။ ထိုတိုက်ပွဲကို ကြည့်ရန် ထိုင်းနိုင်ငံဘက် အခြမ်းတွင် လူတစ်သောင်းကျော် စုဝေး ရောက်ရှိနေကြပြီး၊ တိုက်ပွဲရလာဒ်ကို အလောင်းအစား လုပ်နေသူများလည်း ရှိခဲ့သည်ဟု ဆိုသည်။ ဗိုလ်ကျော်ဇောသည် ကတိအတိုင်း ညနေ ၄ နာရီတွင် မြန်မာ့အောင်လံကို လွှင့်ထူနိုင်ခဲ့သည်။

၁၉၅၇ ခုနှစ်၊ ဧပြီလအရောက်တွင် ဗိုလ်ကျော်ဇော၏ ကံကြမ္မာ အပြောင်းအလဲ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ဗမာပြည် ကွန်မြူနစ် ပါတီအမာခံ စခန်း တစ်ခုကို တပ်မတော်မှဝင်ရောက် စီးနင်း တိုက်ခိုက်ရာမှ ရှာဖွေတွေ့ရှိခဲ့တဲ့ အထောက်အထားများအရ တပ်မတော်၏လှုပ်ရှားမှု သတင်းများအား ဗိုလ်ကျော်ဇော မှ ကွန်မြူနစ် သူပုန်များထံသို့ ပေးပို့ခဲ့သည့်အတွက် ရာထူးမှအနား ပေးခြင်းခံခဲ့ရသည်။ တပ်မတော်မှ အနားယူ ခဲ့ပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေးကို တက်တက်ကြွကြွထောက်ခံခဲ့သည်။

၁၉၇၆ ခုနှစ်မှာ အစိုးရရဲ့ တင်းကျပ်သော လုံခြုံရေး အတားအဆီးများကြားမှ ဗမာပြည် ကွန်မြူနစ် ပါတီ ထိန်းချုပ်ရာ နယ်မြေသို့ ရှောင်ထွက် နိုင်ခဲ့ပြီးနောက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်နှင့် စစ်ကော်မရှင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ပါတီတွင်း ပြိုင်ဆိုင်မှုတို့ကြောင့် ပါတီပြိုကွဲခဲ့သော ၁၉၈၉ ခုနှစ်တွင် ဗိုလ်ကျော်ဇောသည် တရုတ်ပြည်ထဲသို့ ဝင်ရောက် ခိုလှုံခဲ့ရသည်။

အခုအခါ အသက် ၉ဝ ရှိပြီ ဖြစ်သော ဝါရင့် တပ်မှူးကြီး ဗိုလ်ကျော်ဇောသည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် အခြေချ နေထိုင်လျက် ရှိသည်။ ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ဒီနေ့ခေတ် တပ်မတော်ကို 'ကြေးစားတပ်' ဟု ပြောဆိုခဲ့သည်။ တိုင်းပြည် အကျိုးအတွက် စစ်တိုက်ခဲ့သည့် သူတို့ခေတ်က တပ်မတော် ခေါင်းဆောင်တွေနှင့် မတူတော့သည့် "ဒီနေ့ခေတ် စစ်ခေါင်းဆောင်တွေရဲ့ တခုတည်းသော ရည်ရွယ်ချက်က စစ်အာဏာရှင် စနစ်ကို ထိန်းသိမ်း ကာကွယ်ဖို့" ဟုလည်း ပြောခဲ့သည်။[၁]

ကိုးကား

  1. (၆၄) နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အထိမ်းအမှတ် ဧရာဝတီ မဂ္ဂဇင်း၊ ၂ဝဝ၉ မတ်လ ၂၇ ရက်၊