စွာစော်ကဲ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး Robot: Cosmetic changes
အရေးမကြီးNo edit summary
စာကြောင်း ၂ - စာကြောင်း ၂ -


== ကျမ်းကိုး ==
== ကျမ်းကိုး ==
* ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း- [[ဒေါက်တာနိုင်ပန်းလှ]]
* ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း- [[ဒေါက်တာ နိုင်ပန်းလှ]]
{{အင်းဝခေတ်}}
{{အင်းဝခေတ်}}



၁၉:၅၉၊ ၂၁ ဇူလိုင် ၂၀၁၁ ရက်နေ့က မူ

အင်းဝမြို့တည်မင်းဖြစ်သည့် သတိုးမင်းဖျား နတ်ရွာစံလျှင် မင်းကြီးစွာစော်ကဲ တရဖျားဘွဲ့ဖြင့် အင်းဝတွင် နန်းတက်သည်။ မှုးမတ်တို့က နန်းလျာမရှိသဖြင့် ရမည်းသင်းစား သီလဝကို နန်းအပ်ကြသော်လည်း သီလဝက ငြင်းဆန်ကာ ဘုရင့်ယောက်ဖဖြစ်သည့် အမြင့်စား တရဖျားစော်ကဲအား နန်းအပ်ရန်ပြောဆိုသဖြင့် စာစော်ကဲ အင်းဝတွင်နန်းတက်ရသည်။ နန်းတက်ပြီးနောက် မွန်တို့ဒေသ ရာမညတွင် ဟံသာဝတီမှ ရာဇာဓိရာဇ်(ဗညားနွဲ့) နှင့် ဦးရီးတော်များမညီမညွှတ်ဖြစ်နေကြောင်းသိရပြီး မြောင်းမြစား လောက်ဖျားက ဟံသာဝတီကို အတူတကွပူးပေါင်းတိုက်ခိုက်ရန် စာပေးပို့ စည်းရုံးသောကြောင့် ဟံသာဝတီသို့ စစ်ချီလေသည်။ သို့ရာတွင် ငယ်ရွယ်ပြီး အစွမ်းအစရှိသူ ရာဇာဓိရာဇ်အား အနိုင်ရအောင်မစွမ်းစောင်နိုင်ပဲ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုနောက် အင်းဝပိုင် ကူထွတ်(ယနေ့မြန်အောင်) နှင့် အလွဲတို့ကို ရာဇာဓိရာဇ်က လာရောက်တိုက်ခိုက်သိမ်းပိုက်သဖြင့် ပြန်လှည်တိုက်ခိုက်တွန်းလှန်သည်။ အမတ်များလျှောက်တင်မှုကြောင့် ရာဇာဓိရာဇ်အလျော့ပေးကာ ကူထွတ်နှင့် အလွဲတို့ကို ပြန်လည်ပေးအပ်သဖြင့် သစ္စာပြုပြီး စစ်ပြေငြိမ်းကြသည်။ သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင် နန်းတက်၏။

ကျမ်းကိုး