စွန်ပလွံပင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
image+interwiki
အရေးမကြီး r2.6.5) (ရိုဘော ပေါင်းထည့်နေသည: ace, am, ar, az, bg, bs, ca, cs, cy, da, de, el, eo, es, et, eu, fa, fi, fr, hak, he, hi, hr, hsb, hu, ia, id, io, is, it, ja, kk, ko, lbe, lt, ml, mr, ms, nah, nl, nn, no, pcd,
စာကြောင်း ၄၃ - စာကြောင်း ၄၃ -
[[Category:အပင်]]
[[Category:အပင်]]


[[ace:Keureuma]]
[[am:ተምር]]
[[ar:نخلة]]
[[az:İran xurması]]
[[bg:Финикова палма]]
[[bs:Datula]]
[[ca:Palmera datilera]]
[[cs:Datlovník pravý]]
[[cy:Palmwydden ddatys]]
[[da:Ægte Daddelpalme]]
[[de:Echte Dattelpalme]]
[[el:Χουρμαδιά]]
[[en:Phoenix dactylifera]]
[[en:Phoenix dactylifera]]
[[eo:Daktilopalmo]]
[[es:Phoenix dactylifera]]
[[et:Datlipalm]]
[[eu:Datil palmondo]]
[[fa:خرما]]
[[fi:Välimerentaateli]]
[[fr:Palmier-dattier]]
[[hak:Tsûng-su]]
[[he:תמר מצוי]]
[[hi:खजूर]]
[[hr:Datulja]]
[[hsb:Wšědny datlowc]]
[[hu:Közönséges datolyapálma]]
[[ia:Palma de Dactylo]]
[[id:Kurma (pohon)]]
[[io:Dateliero]]
[[is:Döðlupálmi]]
[[it:Phoenix dactylifera]]
[[ja:ナツメヤシ]]
[[kk:Құрма]]
[[ko:대추야자]]
[[lbe:Чассаг]]
[[lt:Datulinis finikas]]
[[ml:ഈന്തപ്പന]]
[[mr:खजूर]]
[[ms:Pokok kurma]]
[[nah:Zōyacapolcuahuitl]]
[[nl:Dadelpalm]]
[[nn:Daddel]]
[[no:Daddelpalme]]
[[pcd:Pron·nhié `d Afrique]]
[[pl:Daktylowiec właściwy]]
[[pms:Phoenix dactylifera]]
[[ps:کجوره]]
[[pt:Tamareira]]
[[ru:Финик пальчатый]]
[[sc:Pramma de datteros]]
[[simple:Date Palm]]
[[sl:Pravi datljevec]]
[[so:Geed Timir]]
[[sr:Датула]]
[[sv:Dadelpalm]]
[[te:ఖర్జూరం]]
[[th:อินทผลัม]]
[[tr:Hurma]]
[[uk:Фінік їстівний]]
[[ur:کھجور]]
[[wa:Pålmî ås dates]]
[[yi:טײטלבױם]]
[[zh:海枣]]

၀၅:၂၅၊ ၁၁ ဇူလိုင် ၂၀၁၁ ရက်နေ့က မူ

စွံပလွံပင်ပေါ်မှ အသီးများ

စွန်ပလွံပင်

စွန်ပလွံပင်သည် အုန်းပင် ထန်းပင်မျိုးတို့တွင် ပါဝင်၍၊ ရာသီဥတု ပူပြင်းခြောက်သွေ့ လွန်းသောအရပ်တွင် ပေါက် ရောက်သည်။ ထို့ကြောင့် ရှေးပဝေဏီမှစ၍၊ တူးမြောင်းများဖြင့် ရေသွင်း စိုက်ပျိုးနိုင်သော အာဖရိကတိုက် မြောက်ပိုင်းနှင့် အာရှတိုက်ရှိ သဲကန္တာရအရပ်များတွင် စွန်ပလွံပင်ကို အထူး တစ်လည် စိုက်ပျိုးခဲ့ကြသည်။


ရှေးမဆွကစ၍ ထိုအရပ်ဒေသများတွင်နေထိုင်ကြသူတို့သည် စွန်ပလွံသီးကိုနေ့စဉ်စားသုံးရန်အစာအဖြစ် သုံးစွဲခဲ့ကြသည်။ စွန်ပလွံသား ကိုလည်း အခြားသစ်သား များနည်းတူ အမျိုးမျိုး အသုံးချခဲ့ကြသည်။ ပူပြင်းခြောက်သွေ့သော ဒေသများတွင် စွန်ပလွံပင်များသည် အပန်းဖြေရန် အရိပ်ကောင်းပေးကြပေသည်။အာရေဗျသဲကန္တာရနှင့် ဆဟားရား သဲကန္တာရများတွင်ရှိသော အိုအေးစစ် ခေါ် စိမ့်စမ်းပေါ်ထွက်ရာ ကန္တာရရိပ်သားများ၌ စွန်ပလွံပင်များ ကို စိုက်ပျိုးနိုင်၍သာ လူများ နေထိုင်နိုင်ပေသည်။ အီဂျစ်တစ် နိုင်ငံတည်း၌ စွန်ပလွံပေါင်း ၅ သိန်းကျော်မျှရှိသည်။

စွန်ပလွံပင်သည် လှပတင့်တယ်သော သစ်ပင်မျိုးဖြစ် သည်။ ပင်စည်မှာ ဖြောင့်မတ်ရှည်လျား၍ အပင်ထိပ်မှာသာ အရွက်များဝေဆာလေသည်။ ပင်စည်အမြင့် ပေ ၆ဝ မှ ပေ ၈ဝ အထိရှိသည်။ ပင်စည်၏ အခေါက်သည် ကြမ်းထော်သည်။ ငှက်တောင်သဖွယ်ဖြစ်သော အရွက်များသည် အလျား ၁ဝပေမှ ပေ ၂ဝ အထိ ရှိသည်။ စွန်ပလွံပင်သည် အသက်ရှည်သော သစ်ပင်ဖြစ်ရာ နှစ်ပေါင်း တစ်ရာကျော်အထိ နှစ်စဉ်ဆက်ကာ အသီးများသီးလေ့ရှိသည်။ အသီးကို အမှည့်အတိုင်းဖြစ်စေ၊ အခြောက်လှန်း၍ဖြစ်စေ စားသုံးကြသည်။ အချို့အသီးခိုင်ကြီး များတွင် တစ်ခိုင်လျှင် အသီးပေါင်း ၁ဝဝဝ ကျော်ပါ၍ အလေး ချိန်အားဖြင့် ပေါင် ၂ဝ ကျော်မျှ ရှိသည်။ အီရတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စွန်ပလွံ အများဆုံး စိုက်ပျိုးသော တိုင်းပြည်ဖြစ် ရာ ဥရောပတိုက်နှင့် အမေရိကတိုက်များသို့ စွန်ပလွံသီး အမြောက်အများ တင်ပို့လေသည်။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် တောင်ပိုင်း၌လည်း စွန်ပလွံပင်ကို စိုက်ပျိုးကြသည်။ ဥရောပတိုက်ရှိ မြေထဲပင်လယ်ကမ်းခြေတစ် လျှောက်၌ စွန်ပလွံပင်များကို အလှအပသက်သက် စိုက်ပျိုးကြ သည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)