အစ္စလာမ်ဘာသာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ရိုဘော ပြင်ဆင်နေသည: ha:Musulunci
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၇၀ - စာကြောင်း ၇၀ -


ဆူဖီအယူဝါဒသည်အစ္စလာမ်၏ဆန်းကြယ်ခြိုးခြံသောပုံစံဖြစ်သည်။ဘာသာ၏စိတ်ပိုင်းဆိုင်ရာအမြင်များအပေါ်ဦးတည်ကြည့်ရှုလျှင်ဆူဖီများသည်“ထိုးထွင်းသိမြင်သောစွမ်းအားနှင့်ခံစားမှုစွမ်းအား”တို့ကို အသုံးချပြီး ၊ ဘုရားသခင်၏အတွေ့အကြုံများကို တိုက်ရိုက်ရရှိရန် ကြိုးစားကြသည်။ဆူဖီအယူဝါဒနှင့် အစ္စလာမ်ဥပဒေတို့သည် တစ်ခုကိုတစ်ခုပြီးပြည့်စုံသည်ဆိုသော်လည်း ၊ အချို့သော မွတ်စလင်များက ဆူဖီအယူ ဝါဒသည် မမျှတသည့် ဘာသာရေးပြုပြင်မွမ်းမံမှုတစ်ခုဖြစ်သည်ဟု ဝေဖန်ပြစ်တင်ကြသည်။ များစွာသော ဆူဖီ များ၏ အဆိုအမိန့်များ သို့မဟုတ် တာရီကတ်စ် (tariqas) များကို ဆွန်နီ သို့မဟုတ် ရှီအတ်ဟု အမျိုးအစား ခွဲခြားနိုင်သည်။ သို့သော်အချို့သော သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ “ဆူဖီ ” ဟု ရိုးရှင်းစွာ အမျိုးအစားခွဲ ထားသည်။အချို့သောဆူဖီအုပ်စုများကို အစ္စလာမ်မဟုတ်သကဲ့သို့ ဖော်ပြနိုင်သည့်အချိန်မှာ ၎င်းတို့၏ သင်ကြားမှုများသည် အစ္စလာမ်ဘာသာမှ အလွန်ကွဲဟြးထင်ရှားနေသည့်အချိန်တွင်ဖြစ်သည်။
ဆူဖီအယူဝါဒသည်အစ္စလာမ်၏ဆန်းကြယ်ခြိုးခြံသောပုံစံဖြစ်သည်။ဘာသာ၏စိတ်ပိုင်းဆိုင်ရာအမြင်များအပေါ်ဦးတည်ကြည့်ရှုလျှင်ဆူဖီများသည်“ထိုးထွင်းသိမြင်သောစွမ်းအားနှင့်ခံစားမှုစွမ်းအား”တို့ကို အသုံးချပြီး ၊ ဘုရားသခင်၏အတွေ့အကြုံများကို တိုက်ရိုက်ရရှိရန် ကြိုးစားကြသည်။ဆူဖီအယူဝါဒနှင့် အစ္စလာမ်ဥပဒေတို့သည် တစ်ခုကိုတစ်ခုပြီးပြည့်စုံသည်ဆိုသော်လည်း ၊ အချို့သော မွတ်စလင်များက ဆူဖီအယူ ဝါဒသည် မမျှတသည့် ဘာသာရေးပြုပြင်မွမ်းမံမှုတစ်ခုဖြစ်သည်ဟု ဝေဖန်ပြစ်တင်ကြသည်။ များစွာသော ဆူဖီ များ၏ အဆိုအမိန့်များ သို့မဟုတ် တာရီကတ်စ် (tariqas) များကို ဆွန်နီ သို့မဟုတ် ရှီအတ်ဟု အမျိုးအစား ခွဲခြားနိုင်သည်။ သို့သော်အချို့သော သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ “ဆူဖီ ” ဟု ရိုးရှင်းစွာ အမျိုးအစားခွဲ ထားသည်။အချို့သောဆူဖီအုပ်စုများကို အစ္စလာမ်မဟုတ်သကဲ့သို့ ဖော်ပြနိုင်သည့်အချိန်မှာ ၎င်းတို့၏ သင်ကြားမှုများသည် အစ္စလာမ်ဘာသာမှ အလွန်ကွဲဟြးထင်ရှားနေသည့်အချိန်တွင်ဖြစ်သည်။

[[Category:အစ္စလာမ်ဘာသာ]]


== ရည်ညွှန်းကိုးကား ==
== ရည်ညွှန်းကိုးကား ==
<references/>
<references/>
* http://en.wikipedia.org/wiki/Islam
* http://en.wikipedia.org/wiki/Islam
[[rue:Іслам]]

[[Category:အစ္စလာမ်ဘာသာ]]
[[Category:ဘာသာရေး]]
[[Category:ဘာသာရေး]]
[[Category:ကိုးကွယ်မှု]]
[[Category:ကိုးကွယ်မှု]]
စာကြောင်း ၂၁၄ - စာကြောင်း ၂၁၅ -
[[roa-rup:Islam]]
[[roa-rup:Islam]]
[[ru:Ислам]]
[[ru:Ислам]]
[[rue:Іслам]]
[[rw:Islamu]]
[[rw:Islamu]]
[[sa:इस्लाम]]
[[sa:इस्लाम]]

၀၇:၃၉၊ ၁၉ မတ် ၂၀၁၁ ရက်နေ့က မူ

ဖိုင်:Islam.1.jpg
မက္ကာ

ကာအဘာ (Kaaba) သည် အစ္စလာမ်၏ဗဟိုဖြစ်ပြီး၊ မက္ကာ(ဆော်ဒီအာရေဗျ-)တွင် တည်ရှိသည်။ ကမ္ဘာ့နိုင်ငံ များရှိ မွတ်စလင်-များ လာရောက်စုဝေး ဝတ်ပြုရာနေရာဖြစ်သည်။

အစ္စလာမ် (အာရပ်ဘာသာဖြင့်-အယ်-အစ္စလာမ် (الإسلام‎ al-’islām )၊ အသံထွက် (အစ္စလာမ်) [ʔislæːm] ( listen)[note 1])သည် ကိုရန် -် (Qur’an) ဖြင့် ချိတ်ဆက်ထားသည် အေဗရာဟင်၏ ဘာသာဖြစ်သည်။ ကိုရန်သည် ကျမ်းတစ်ဆူဖြစ်ပြီး၊ ကိုးကွယ်သူများမှ တစ်ဆူတည်းသော အနှိုင်းမဲ့ ဘုရား(အာရပ်ဘာသာဖြင့်- အလ္လာ ( الله‎, Allāh) ) ဆိုသည့်စကားလုံးအတွက် သုံးစွဲသည့် စကားလုံးဖြစ်သည်။ တမန်တော် မိုဟာမက် ၏ ရှင်းလင်းဖော်ပြချက်များနှင့် ဘဝအမှန်ဥပမာများ (ဆွန်န (Sunnah) တွင်လည်း အေဗရာဟင်နှင့် ချိတ်ဆက်မှုတွေ့ ရသည်။ဟာဒစ်(Hadith)၏ စုဆောင်းရေးသားချက်များတွင်ပါသည့် မိုဟာမက်၏ လုပ်ဖော်ကိုင်ဖက်များ၏ ဟောပြော မှုများတွင်လည်း အေဗရာဟင်၏ ဘာသာနှင့်ချိတ်ဆက်ထားကြောင်း ပြဆိုထားသည်။အစ္စလာမ်ဆိုသည်မှာ စာအားဖြင့် “တင်ပြခြင်း (ဘုရားသခင်သို့)”ဟု အဓိပ္ပါယ်ရသည်။

အစ္စလာမ်၏ အပြုကြိယာပုဒ်ဖြစ်သည့်မွတ်စလင်

မွတ်စလင်သည် အစ္စလာမ်ဘာသာကိုးကွယ်သူအတွက် သုံး သည့် စကားလုံးဖြစ်ပြီး အစ္စလာမ်၏ အပြုကြိယာပုဒ်ဖြစ်သည်။ မွတ်စလင်များသည် ၎င်းတို့၏ဘာသာကိုရှေးယခင်ကာလများကတည်းကပင် အပြီးပြည့်စုံဆုံးနှင့်စင်္ကြာဝဠာအမြင်ရှိသည့် ဘုရားတစ်ဆူတည်းကိုသာ ကိုးကွယ်သည့် ဘာသာဖြစ်သည်ဟု လက်ခံမှတ်ယူထားသည်။ အစ္စလာမ်ဘာသာသည် ဘုရားသခင်၏ ကိုယ်စားလှယ် တော်ကြီးများဖြစ်ကြသော အေဗရာဟင် ၊ မိုးဇက် နှင့် ဂျီးဇက် တိုု့မပေါ်ပေါက်မှီကတည်း က ၎င်းတို့ဘာသာသည် နေရာအနှံ့နှင့်ခေတ်ကာလများစွာတို့တွင် တည်ရှိခဲ့ပြီးဖြစ်သည်ဟု မွတ်စလင်များ ယုံကြည်လက်ခံထားသည်။ အစ္စလာမ်အစဉ်အလာသည် ရှေးယခင်မှာကြားချက်များနှင့် ဟောကြားခဲ့သည့်တရားတော်များသည် ကာလကြာမြင့်သည့်အတွက် ပြောင်းလဲမှုနှင့်မှားယွင်း တင်ပြမှုများရှိသည်ကို လက်ခံကိုင်စွဲထားသည်။ ဘာသာရေးကျင့်ကြံမှုများတွင် အစ္စလာမ်၏မဏ္ဍိုင်ကြီးငါးရပ်ဟုခေါ်ဆိုသည့် ရှောင်လွှဲ၍မရသောလုပ်ဆောင်ရမည့်ကိုးကွယ်ခြင်းငါးရပ်ပါဝင်သည်။ အစ္စလာမ်ဥပဒေ (အာရပ်ဘာသာဖြင့်ဆာရီအ(شريعةŠarīʿah)) သည်ဘဝနှင့်လူ့အဖွဲ့အစည်းအသွင်အပြင်များ အားလုံးနီးပါးတို့ကို ထိတွေ့လျက်ရှိပြီး ဘဏ်ငွေကြေးကိစ္စနှင့် စစ်ရေးစစ်ရာများမှသည် သက်သာချောင်ချိရေးနှင့် ပတ်ဝန်းကျင်ကိစ္စရပ်များ အဆုံးလွှမ်းခြုံထားသည်။ မွတ်စလင်အများစုသည် အဓိကဘာသာအုပ်စုကြီး နှစ်ခုအနက်မှတစ်ခုတွင် ပါဝင်သည်။ ယင်းဘာသာအုပ်စုကြီး နှစ်ခုမှာ ဆွန်နီ (Sunni) နှင့် ရှီးအတ် (Shi'a) တို့ဖြစ်သည်။ အစ္စလာမ်သည် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အာရှနှင့် အာဖရိကဆာဟာရဒေသငယ်တို့၏ ဒေသအများတွင် အင်အားကြီးလွှမ်းမိုးထားသော ဘာသာဖြစ်သည်။များစွာသောအစ္စလာမ်ကိုးကွယ်သူ လူမျိုးနွယ်စုများကို တရုတ်၊ ရုရှားနှင့်ဘော်လကန် ဒေသအချို့တို့ တွင် တွေ့မြင်နိုင်သည်။ 13% ရှိသော မွတ်စလင်များသည် မွတ်စလင်ဦးရေအများဆုံးနေထိုင်သည့် အင်ဒိုနီးရှားနိုင်ငံ၊ 31% သည် အိန္ဒိယတိုက်ငယ် နှင့် 20% သည် အာရပ်နိုင်ငံများတွင် နေထိုင်ကြသည်။ ဘာသာကူးပြောင်းလာသူများနှင့် နိုင်ငံကူးပြောင်းလာသူမျိုးနွယ်စုများကိုလည်း ကမ္ဘာ့နေရာအနှံ့အပြားတွင် တွေ့မြင်ရသည်။ မှန်းခြေအားဖြင့် 1.57 ဘီလီယံရှိသည့် မွတ်စလင်များ(နိုင်ငံအလိုက်မွတ်စလင်ဘာသာလူဦးရေ) ၊ အစ္စလာမ်သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးမားဆုံးသော ဘာသာဖြစ်ပြီး၊ အလျင်အမြန်ကြီးထွား လာနေသည့် ဘာသာဖြစ်သည်။

ယုံကြည်မှုအကြောင်းများ

အကိုင်ဒါ နှင့် အာမမ်

ကိုရန်တွင် ပြဆိုထားသည်မှာ မွတ်စလင်အားလုံးသည် ဘုရား၊ တရားတော်များ ကောင်းကင်တမန်တော်များ၊ လူသားတမန်တော်များနှင့် “တရားစီရင်သောနေ့” တို့ကို သက်ဝင်ယုံကြည်ရမည်။ သီးခြားဘာသာရေးအုပ်စုများအတွင်း ကွဲလွဲနေသည့် အခြားသော ယုံကြည်မှုများလည်းရှိသည်။ ဘုရားသခင်၏ အလိုတော်အရ ကြိုတင်သတ်မှတ်ခြင်း အပေါ် ဆွန်နီ၏ခံယူချက်ကို ဘုရားအမိန့် ဟုခေါ်ပြီး၊ ရှီအတ်များ၏အမြင်ကို ဘုရား၏ ဥပဒေကျင့်ထုံးဟုခေါ်ဆိုသည်။ ရှီအတ် အတွက်ထူးခြားမှုတစ်ခုမှာ အီမန်မာ(Imamah)၏အဆိုမိန့် သို့မဟုတ် အီမန်(Imams) နိုင်ငံရေးနှင့် ဝိညာဉ်ရေးရာ ခေါင်းဆောင်မှုဖြစ်သည်။ ဘုရားသခင်သည် လူသားများသို့ သူ၏နောက်ဆုံး မိန့်မှာချက်ကို ကောင်းကင် တမန်ချုပ် ကြီး ဂါ-ဘရီရယ် (archangel Gabriel) (Jibrīl) မှတစ်ဆင့်၊ တမန်တော် မိုဟာမက်ဖြင့် သိရှိအောင်ပြသခဲ့သည်ဟု မွတ်စလင်များ ယုံကြည်ကြသည်။ မွတ်စလင်များအတွက် မိုဟာမက်သည် ဘုရားသခင်၏ နောက်ဆုံးတမန်တော်ဖြစ်ပြီး၊ ကိုရန်သည် တရားတော်များ၏ အထွတ်အမြတ်စာအုပ်ဖြစ်သည်။ ကိုရန်ကို မိုဟာမက်လက်ခံရရှိထားသည်မှာ ဆယ်စုနှစ် နှစ်ခု ကျော်ကြာမြင့်ခဲ့သည်။အစ္စလာမ်ဘာသာတွင် တမန်တော်များသည် လူယောကျ်ားများဖြစ်ပြီး၊ ဘုရားသခင်မှ သူ၏မိန့်မှာချက် သတင်းစကားများကို ပေးပို့သူများအဖြစ် ရွေးချယ် ထားခြင်းဖြစ်သည်။ တမန်တော်သည် လူသားဖြစ်ပြီး၊ နတ်ဘုရားမဟုတ်သော်လည်း ၎င်းတို့၏ပြောဆိုချက်များကို သက် သေပြရန်အတွက် တန်ခိုးပြနိုင်သည်ဟု မွတ်စလင်များ ယုံကြည်ကြသည်။ အစ္စလာမ်တမန်တော်များသည် လူသားများ အားလုံးပြီး ပြည့်စုံစေရန် အနီးကပ်ဆုံး ရောက်လာသူများဖြစ်ပြီး၊ ဘုရား၏တရားတော်များကို ဘုရားထံမှ တိုက်ရိုက် ဖြစ်စေ၊ ကောင်းကင်တမန်များမှ တစ်ဆင့်ဖြစ်စေ၊ ထူးထူးခြားခြားလက်ခံရရှိသူများဖြစ်သည်။

အစ္စလာမ်၏ တမန်တော်များ

အစ္စလာမ်တွင် တမန်တော်များဟု စဉ်းစားသုံးသပ်ထားသည့် များစွာသော ပုဂ္ဂိုလ်များ၏ နာမည်များကို ကိုရန်တွင်ဖော်ပြထားသည်။ ၎င်းဖော်ပြ ထားသည့် အမည်များစာရင်းတွင် အာဒမ် (Adam)၊ နိူအာ(Noah)၊ အေဗ-ရာဟင်(Abraham)၊ မိုးဇက် (Moses) နှင့် ဂျီးဇက် (Jesus) တို့သည်လည်း ပါဝင်ကြသည်။အစ္စလာမ်ဘာသာဗေဒတွင်ပြောကြားထားသည်မှာ အာဒမ် မှစ၍ အားလုံး သော ဘုရား၏တမန်တော်များသည် အစ္စလာမ်၏ မိန့်မှာချက်များကိုဟောကြားကြသည်။ ဘုရားသခင်၏ ဆန္ဒများကို တင်ပြကြသည်။ကိုရန်၏ အဆိုအရဘုရားသခင်၏အလိုတော်သည် အေဗရာဟင်နှင့် အင်မရန်(Imran) တို့မှ ဆင်းသက်လာသူများကို နိုင်ငံများစွာသို့ဆောင်ကျဉ်းယူဆောင်ရန်ဖြစ်သည်။ အစ္စလာမ်သည် ရှေးမဆွကပင်ရှိနှင့်ပြီးသား “သဘာဝပေါ် တွင် ဘုရားသခင်မှ လူသားများအားဖန်ဆင်း ပေးထားသကဲ့သို့ အစ္စလာမ်ကို ကိုရန်ထဲတွင် ဖေါ်ပြထားသည်။”ကိုရန်တွင်ဖွင့် ဆိုထားသည်မှာ မွတ်စလင်ဆိုသည့် အမည်နာမသည် အေဗရာဟင်မှ ပေးခဲ့သည့် အမည်ဖြစ်သည်။ သမိုင်း၏အသွင်သဏ္ဍာန်အရ၊ ခုနှစ် ရာစုနှစ်အစောပိုင်းတွင် အာရေဗျ-နိုင်ငံအတွင်းမှ စတင်ခဲ့သည်။အစ္စလာမ်ဘာသာရေး ပြဋ္ဌာန်းစာအုပ်များတွင် ဂျူဒါအစ်ဇင်နှင့် ခရစ်ယာန်ဘာသာတို့သည် အေဗရာဟင်၏ သင်ကြား ချက်များနှင့် အလေ့အကျင့်ဖြစ်နေသူများဟု ဖော်ပြထားသည်။ ဂျူးများနှင့် ခရစ်ယာန်များကို “စာအုပ်တွင်ဖော်ပြခံရသောသူများ” (ahl al-kitāb) ဟုခေါ်ပြီး၊ တစ်ပါးမကသောနတ်ဘုရားတို့ကိုကိုးကွယ်သူများနှင့် ခွဲခြား၍ ထင်ထင်ရှားရှားဖော်ပြထားသည်။ ရှေးယခင်ဟောကြားခဲ့သည့် တရားတော်များဖြစ်သည့် တောရတ်((Torah)) နှင့် အင်ဂျီး(Gospels) တို့၏ အစိတ်အပိုင်းများ သည် စကားပြန်ဆိုရာတွင် ဖြစ်စေ၊ ပြဌာန်းစာအုပ်တွင်ဖြစ်စေ၊ သို့မဟုတ် နှစ်ခုစလုံးတွင်ဖြစ်စေ၊ မှားယွင်းလာခဲ့ကြ သည်ဟု မွတ်စလင်များက ယုံကြည်ကြသည်။

အစ္စလာမ်ဘာသာဘုရား

ဖိုင်:Islam.3.png

အလ္လာ(Allah)သည်အာရပ်ဘာသာစကားဖြင့်ဘုရားဟုအဓိပ္ပါယ်ရသည်ဘုရားတစ်ဆူတည်း(အစ္စလာမ်)နှင့်အလ္လာတွင်လည်းကြည့်နိုင်သည်။အလ္လာအစ္စလာမ်၏အခြေခံဘာသာရေးသဘောတရား ခံယူချက်သည် တော်ဟစ်(tawhīd) ဖြစ်သည်။ တော်ဟစ် သည် ဘုရားတစ်ဆူတည်းကိုသာ ယုံကြည်ခြင်းဖြစ်သည်။ ဘုရားသခင်အတွက် အာရပ်ဝေါဟာရ အခေါ်အဝေါ်သည် အလ္လာ (Allāh ) ဖြစ်သည်။ ပညာရှင်အများစုမှ ယုံကြည်သည်မှာ ယင်းစကားလုံးသည် ချုံ့ထားသော စကားလုံးများ ဖြစ်သည့်အ(al- )(တစ်ခု၊တစ်ယောက်၊တစ်ဦး)နှင့် အီလာ(ilāh) (ဘုရား - ယောကျာ်း)တို့ကို ချုံ့၍ ခေါ်ဆိုလာခြင်းဖြစ်ပြီး၊ အဓိပ္ပါယ်မှာ “ဘုရား” (the god) ဖြစ်သည်။ သို့သော်အခြားသော ပညာရှင်များက ဆီးရီးယားဘာသာစကား အလာသည် (Aramaic Alāhā) မှ စတင်သည်ဟုတွေ့ရှိထားကြသည်။ အစ္စလာမ်၏မဏ္ဍိုင်ကြီး ငါးခုအနက် ပထမဆုံးဖြစ်သော တော်ဟစ်(tawhīd)သည်ရှဟာဒါ(shahadah)(သက်သေခံချက်)တွင် ဖွင့်ဟပြောဆိုထားသည့် ဘုရားသခင်မှလွဲ၍ အခြားဘုရားမရှိနှင့် မိုဟာမက်သည် ဘုရားသခင်၏တမန်တော်ဖြစ်သည်ဟူသော အဆိုကို အထူးပြုဖော်ပြထားသည်။ ရိုးရာအစ္စလာမ်ဘာသာရေးပညာတွင် ဘုရားသည်အားလုံးသော နားလည်သဘောပေါက်မှုများကို ကျော်လွန်သည်။ မွတ်စလင်များတွင် ဘုရားကိုတွေ့မြင်ဖူးမျှော်နိုင်သည့် မျှော်လင့်ချက်မရှိပါ။ သို့သော် မိမိကိုစောင့်ရှောက်ကာကွယ် ပေးသူအဖြစ် ကိုးကွယ်ဆည်းကပ်ခြင်းနှင့် ရှိခိုးပူဇော်ခြင်းများပြုလုပ်သည်။ မွတ်စလင်များသည် ဂျီးဇက်(Jesus) ကို ပညာရှိ တမန်တော်အဖြစ် ယုံကြည်ကြပြီး၊ သုံးပါးတစ်ဆူ -ု (Trinity) ၏ ခရစ်ယာန် အဆိုအမိန့်နှင့် ဂျီးဇက်ကို ဘုရားဟု ဆိုခြင်းတို့ကို ငြင်းဆန်ကြသည်။ အစ္စလာမ်ဘာသာရေးပညာရပ်တွင် ဂျီးဇက်သည်လူတစ်ဦးသာဖြစ်ပြီး၊ ဘုရား၏သားတော်မဟုတ်၊ဘုရားကို ကိုရန်ကျမ်း၏ ဆူရာ(sura) သင်ခန်းစာတွင် ဖော်ပြထားသည်မှာ၊ “ဘုရားတစ်ဆူတည်း၊ ထာဝရဘုရား၊ မွေးဖွားပေးသူ မဟုတ်၊ မွေးဖွားလာသူမဟုတ်၊ တုနှိုင်းမဲ့ဘုရား” ဖြစ်သည်။

လူဦးရေပြပုံ

ဖိုင်:Islam.4.png

မွတ်စလင်လူဦးရေပြနိုင်ငံများစာရင်း တွင် လည်းကြည့်နိုင်သည်။


မွတ်စလင်လူဦးရေ ကို ရာခိုင်နှုန်းဖြင့်ဖော်ပြခြင်း

နိုင်ငံပေါင်း 232 နိုင်ငံနှင့် နေရာဒေသများ အားလုံးနီးပါးပါဝင်သော 2009 ခုနှစ် လူဦးရေလေ့လာမှု စစ်တမ်းတွင် အစီရင်ခံထားသည်မှာ ကမ္ဘာ့လူဦးရေ၏ 23% သို့မဟုတ် 1.57 ဘီလီယံရှိ လူများသည် မွတ်စလင် များဖြစ်သည်။ထိုအထဲတွင် 87–90% သည် ဆွန်နီများဖြစ်ပြီး၊ 10–13% သည် ရှီးအတ် များဖြစ်သည်။ကျန်အနည်းစုသည် အခြား သောအစ္စလာမ်ဘာသာခွဲများတွင် ပါဝင်ကြသည်။ အနီးစပ်ဆုံးခန့်မှန်းခြေအားဖြင့် နိုင်ငံပေါင်း 50 သည် မွတ်စလင် အများစုနေထိုင်ကြပြီး၊အာရပ် နိုင်ငံများတွင် ကမ္ဘာ့မွတ်စလင်လူဦးရေ၏ 20% ဝန်းကျင် နေထိုင်ကြသည်။ မွတ်စလင် အများစုသည် အာရှနှင့်အာဖရိကတို့တွင် နေထိုင်ကြသည်။အနီးစပ်ဆုံးမှန်းခြေအားဖြင့် 62% သော ကမ္ဘာ့ မွတ်စလင် လူဦးရေသည် အာရှ တွင်နေထိုင်ကြပြီး၊ ထိုလူဦးရေ 683 သန်းကျော်သည် အင်ဒိုနီးရှား၊ ပါကစ္စတန်၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ချ် နိုင်ငံတို့တွင် နေထိုင်ကြသည်။ အရှေ့အလယ်ပိုင်းတွင် တူရကီနှင့် အီရန်နိုင်ငံ တို့ကဲ့သို့ အာရပ်မဟုတ်သည့်နိုင်ငံများတွင် ကြီးမားသည့် မွတ်စလင်အများစုရှိသော နိုင်ငံများဖြစ်ပြီး၊ အာဖရိကတွင် အီဂျစ်နှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သည် မွတ်စလင်မျိုးနွယ်စုအများဆုံးရှိသည့် နိုင်ငံများဖြစ်သည်။မကြာသေးမီက အမေရိကန်နိုင်ငံတွင် ရှာဖွေတွေ့ရှိချက်များအရ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တစ်ဦးချင်း မွတ်စလင်လူဦးရေ 65.3 သန်းဖြင့် အဌမမြောက်မွတ်စလင်လူဦးရေး အများဆုံးနိုင်ငံဖြစ်သည်။ သို့သော်အခြားသော စာရင်းများတွင် သန်း20 သာရှိသည်ဟုပြထားသည်။အစ္စလာမ်သည် ဥရောပတွင်ခရစ်ယာန် ပြီးလျှင်၊ ဒုတိယလူဦးရေ အများဆုံးဘာသာဖြစ်သည်။ မွတ်စလင်လူဦးရေသည် အမေရိကနိုင်ငံများနှင့် ဩစတြေးလျ နိုင်ငံတို့တွင် ခရစ်ယာန်လူဦးရေကို တစ်ဖြည်းဖြည်းချင်း အမှီလိုက်နေသည်။

ဗလီများ

ဖိုင်:Islam.5.jpg

ဖိုင်စယ်ဗလီ၊ အစ္စလာမ်မာဘတ်မြို့၊ ပါကစ္စတန်

ဗလီသည် မွတ်စလင်များ၏ ဝတ်ပြု ကိုးကွယ်ရာနေရာဖြစ်ပြီး၊ ရံဖန်ရံခါတွင် အာရပ်နာမည်ဖြစ်သော မာစဂျစ် (masjid) ဟုရည်ညွှန်းပြောဆိုကြသည်။ အင်္ဂလိပ်စာတွင် ဗလီ ဆိုသည့်စကားလုံးသည် အစ္စလာမ်ဘာသာဝတ်ပြု ကိုးကွယ်ရန်အတွက် ဆောက်ထားသည့် မည်သည့်အဆောက်အဦးကိုမဆို ဟုဆိုထားသော်လည်း၊ အာရပ်ဘာသာစကား တွင်သေးငယ်ပြီး ပုဂ္ဂလိကပိုင်ဆိုင်သည့် ဗလီနှင့်ကြီးမားပြီး “လူအများစုဝေးဝတ်ပြုသည်”့ ဗလီ (မာစဂျစ် ဂျာမီ) (masjid jāmi`) ဟူ၍ ထင်ရှားစွာဖော်ပြသည်။ ဗလီ၏မူလရည်ရွယ်ချက်သည် ဝတ်ပြုဆုတောင်းသူများအတွက်နေရာဟု ဆိုထား သော်လည်း၊ မွတ်စလင်မျိုးနွယ်ဝင်များ အတွက် စည်းဝေးခြင်း၊ လေ့လာသင်ကြားခြင်းများ ပြုလုပ်သည့် အရေးကြီးနေရာ တစ်ခုဖြစ်သည်။ မျက်မှောက်ခေတ်ဗလီများသည် ခုနှစ် ရာစုနှစ်မှ အစောပိုင်းဒီဇိုင်းပုံစံများမှ များစွာယူထားပြီး၊ ဝတ်ပြုချိန် နိဗ္ဗာန်ဆော်ရသည့် ခိုနန်းမျှော်စင်များကဲ့သို့ ဗိသုကာလက်ရာမြောက်များကို ထည့်သွင်း တည်ဆောက်ထားသည်။

ပိုင်းခြားခြင်းများ

အစ္စလာမ်ကျောင်းများနှင့်ကျောင်းခွဲများ

အစ္စလာမ်တွင် အရေအတွက်များစွာသော ဘာသာရေးနှင့် ဆိုင်ရာဘွဲ့များရှိသည်။ ဘာသာရေး ယုံကြည်မှုတွင် အားလုံးတူညီကြသော်လည်း ထင်ရှားသည့် ဘာသာရေးပညာရပ်နှင့် ဥပဒေတို့တွင်ခြားနားမှုများရှိသည်။ မူလပထမကွဲပြားနေမှုသည် ဆွန်နီနှင့် ရှီးအတ်တို့အတွင်းဖြစ်ပြီး ဆူဖစ်(Sufism) နှင့် ကွဲပြားမှုမှာ ဆူဖစ်သည် အထင် ကရကျောင်းဆိုသည်ထက် အစ္စလာမ်၏ဆန်းကြယ်သော အလှည့်အပြောင်းဟု ယေဘုယျသုံးသပ်ထားကြသည်။ နေရာ များစွာမှရရှိထားချက်အရ၊ 70% သောကမ္ဘာ့မွတ်စလင်များသည် ဆွန်နီ၊ 20% သည် ၊ ရှီးအတ်နှင့် ကျန် 10% သည် အခြားသော အမျိုးမျိုးရှိကြသည် အဖွဲ့ငယ်များနှင့် အစ္စလာမ်အခွဲများဖြစ်သည်။

ဆွန်နီအစ္စလာမ်

ဆွန်နီ မွတ်စလင်များသည် အစ္စလာမ်ဘာသာတွင် အကြီးမားဆုံးအုပ်စုဖြစ်ပြီး ၊ ကမ္ဘာ ့မွတ်စ-လင်ဦးရေ 1.5 ဘီလီယံ၏ 70% ရှိသည်။ထို့ကြောင့် ၎င်း တို့ကို “အ အက်စ် ဆွန်န ဝါ ဂျမေး” (ပြည်သူများ၏ ဥပဒေသ နှင့် အဓိက) ဟုအမည်တပ်သည်။ အာရပ်ဘာသာတွင် အက်စ်ဆွန်န (as-Sunnah ) ၏ အဓိပ္ပါယ်မှာ “ဥပဒေသ” သို့မဟုတ် “လမ်း” ဟု ဆိုသည်။ ဆွန်န (မိုဟာမက်ဘဝ၏ ဥပမာ)သည် ဆွန်နီအဆိုအမိန့်၏ အဓိကမဏ္ဍိုင်ကြီးဖြစ် သည်ဟု ကိုရန်နှင့် ဟာဒစ်ကျမ်းတို့တွင် မှတ်တမ်းတင်ထားသည်။ ဆွန်နီများသည် ပထမဆုံးသော အုပ်ချုပ်ရေး နှင့် ဘာသာရေးအဓိကခေါင်းဆောင်ကြီး လေးဦးအား မိုဟာမက်အရိုက်အရာကို အမှန်အကန်ဆက်ခံသူများဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်သည် မည်သည့်ခေါင်းဆောင်များကိုမှ မိုဟာမက်၏ ဆက်ခံသူများအဖြစ် ပြဆိုခြင်းမရှိ ခဲ့သည့်အတွက်၊ ထိုခေါင်းဆောင်များသည် ရွေးကောက်တင်မြှောက်ခံထားခဲ့ရသူများဖြစ်မည်။ အသိအမှတ်ပြုလက်ခံထား သည် မက်ဟပ် (madh'habs) (အတွေးအခေါ်ကျောင်းများ) ကျောင်းလေးခုရှိသည်။ ၎င်းတို့မှာ ဟာနဖီ ၊ မာလီကိ ၊ ရှဖီ နှင့် ဟန်ဘာလီ တို့ဖြစ်သည်။ အားလုံးသော ထိုလေးခုသည် အခြား အခြားသော ခိုင်မာမှုများကို လက်ခံကြပြီး မွတ်စလင်တစ်ဦးသည် ယင်းတို့ထဲမှတစ်ခုခုကို သဘောကျနှစ်သက် သလို ရွေးချယ်နိုင်သည်။ ဆွန်နီဖြစ်သည်ဟု သုံးသပ်နိုင်သည့် အခြားသောအစ္စလာမ်ဘာသာအခွဲငယ်များလည်းရှိသည်။ ၎င်းဘာသာအခွဲ ငယ်များသည် အများစုမှ ခွဲထွက်လာကြပြီး၊ အစ္စလာမ်မှကွဲကွာထားသည့်ဗီဒါတ်(မွန်းမံပြင်ဆင်ချက်များ)နှင့်အစွန်းရောက်နိုင်ငံရေးအမြင်များကိုသွတ်သွင်းလက်ခံသုံးစွဲလာကြသည်။

ရှီအတ်အစ္စလာမ်

ရှီအတ်သည် အစ္စလာမ်ဘာသာဝင်များ၏ 15% ရှိပြီး၊ ဒုတိယအကြီးမားဆုံးသော ဂိုဏ်းခွဲဖြစ်သည်။သူတို့ သည် အီမမ်များ၏ နိုင်ငံရေးနှင့် ဘာသာရေး ခေါင်းဆောင်မှုကို ယုံကြည်လက်ခံကြသည်။ အီမမ်သည် အလီအစ် အဗီတာလစ်ဘ် (Ali ibn Abi Talib) မှ ဆင်းသက်လာသူများဖြစ်ပြီး၊ ရှီအတ်များ၏ အဆိုအရ ၊ အီမမ်များသည် အစ်စမာ(ismah) ၏ အသိုက်အဝန်းတွင်ရှိကြသူများဖြစ်သည်။ အစ်စမာ၏ အဓိပ္ပါယ်သည် တရားတော်အနေဖြင့် မမှား မယွင်းနိုင်ခြင်းဖြစ်သည်။ ရှီအတ်တို့သည် အလီအစ်အဗီတာလစ် (မိုဟာမက်နှင့် ဝမ်းကွဲတော်စပ်ပြီး သားမက်လည်း ဖြစ်သူ)ကို မိုဟာမက်အရိုက်အရာဆက်ခံသူအဖြစ် ယုံကြည်ကြသည်။ ရှေးယခင်မွတ်စလင်ခေါင်းဆောင်ကြီးများ၏ တရားဝင်သတ်မှတ်ခဲ့သည်များကို ငြင်းပယ်၍ အလီအစ်အဗီတာလစ်ကို ပထမဦးဆုံးသော အီမမ် (ခေါင်းဆောင်)အဖြစ် ခေါ်ဆိုကြသည်။ ရှီအတ်အများစုအတွက် အီမမ်တစ်ဦးသည် ဘုရားသခင်၏ခန့်အပ်ထားမှုများဖြင့် အုပ်ချုပ်ပြီး၊ မွတ်စလင် များအတွင်းတွင် “လုံးဝစိတ်ပိုင်းဆိုင်ရာ အာဏာပိုင် ”အဖြစ် စွဲကိုင်ထားပြီး ၎င်းတို့အဆိုအမိန့်နှင့် ဟောကြားသည့်တရားသည် နောက်ဆုံးဖြစ်သည်။ မှန်းခြေအားဖြင့် ကမ္ဘာပေါ်ရှိ ရှီအတ်ဘာသာဝင်များ၏ 40% သည် အီရန်နိုင်ငံတွင် နေထိုင်ကြပြီး ကျန် အများ စုသည် အီရတ် ၊ ပါကစ္စတန်နှင့်အိန္ဒိယနိုင်ငံတို့တွင်နေထိုင်သည်။ ရှီအတ်များသည် မွတ်စလင်လူဦးရေ အများ ဆုံးအဖြစ် အီရန်တွင်လူဦးရေ၏ (90–95%)၊ အီရတ်တွင် (65–70%) နှင့် အာဇန်ဘိုင်ဂျာ ၊ ဘာရိန်းနှင့်လက်ဘနွန်တို့ တွင် အများအဟြးနေထိုင်ကြသည်။ ရှီအတ်အစ္စလာမ်တွင် ဂုဏ်းခွဲများများစွာရှိသည်။ ထိုဂိုဏ်းခွဲများတွင် ဆယ့်နှစ်ပါး (iṯnāʿašariyya) ဂိုဏ်းခွဲသည် အကြီးဆုံးဖြစ်ပြီး ရှီအတ်အမှတ်သင်္ကေတအဖြစ် ရည်ညွှန်းကြသည်။ ဆယ့်နှစ်ပါးရှီအတ်များ သည် ဆွန်နီများနှင့် များစွာသော အရေးအကြီးဆုံးအပိုင်း လေ့ကျင့်မှုများတွင် တူညီကြသော်လည်း ဟာဒစ်ကျမ်းပါ အချက် အလက်များ၏ခိုင်မာမှုနှင့် အရေးပါမှုများအပေါ်တွင်မူ သဘောထားကွဲဟြးလျက်ရှိသည်။ ဆယ့်နှစ်ပါးရှီအတ်သည် ဂျာဖာရီဥပဒေ သဘောတရားဟုခေါ်သည့် တရားရေးဓလေ့ထုံးတမ်းများကို လိုက်နာကြသည်။အခြားသော အဖွဲ့ငယ်များတွင် ပါဝင်သည့် အစ်စမေးလီ (Ismaili ) နှင့် ဇိုင်ဒီ (Zaidi) တို့သည် အရိုက်အရာဆက်ခံသူများနှင့် ဘာသာရေးယုံကြည်မှုများ ဆယ့်နှစ်ပါး ရှီအတ်များနှင့် ကွဲဟြးလျက်ရှိသည်။

ဆူဖီဝါဒ

ဖိုင်:Islam.6.jpg

တူရကီတွင် ဆူဖီရစ်ဝဲတောင်းခံခြင်း

ဆူဖီအယူဝါဒသည်အစ္စလာမ်၏ဆန်းကြယ်ခြိုးခြံသောပုံစံဖြစ်သည်။ဘာသာ၏စိတ်ပိုင်းဆိုင်ရာအမြင်များအပေါ်ဦးတည်ကြည့်ရှုလျှင်ဆူဖီများသည်“ထိုးထွင်းသိမြင်သောစွမ်းအားနှင့်ခံစားမှုစွမ်းအား”တို့ကို အသုံးချပြီး ၊ ဘုရားသခင်၏အတွေ့အကြုံများကို တိုက်ရိုက်ရရှိရန် ကြိုးစားကြသည်။ဆူဖီအယူဝါဒနှင့် အစ္စလာမ်ဥပဒေတို့သည် တစ်ခုကိုတစ်ခုပြီးပြည့်စုံသည်ဆိုသော်လည်း ၊ အချို့သော မွတ်စလင်များက ဆူဖီအယူ ဝါဒသည် မမျှတသည့် ဘာသာရေးပြုပြင်မွမ်းမံမှုတစ်ခုဖြစ်သည်ဟု ဝေဖန်ပြစ်တင်ကြသည်။ များစွာသော ဆူဖီ များ၏ အဆိုအမိန့်များ သို့မဟုတ် တာရီကတ်စ် (tariqas) များကို ဆွန်နီ သို့မဟုတ် ရှီအတ်ဟု အမျိုးအစား ခွဲခြားနိုင်သည်။ သို့သော်အချို့သော သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ “ဆူဖီ ” ဟု ရိုးရှင်းစွာ အမျိုးအစားခွဲ ထားသည်။အချို့သောဆူဖီအုပ်စုများကို အစ္စလာမ်မဟုတ်သကဲ့သို့ ဖော်ပြနိုင်သည့်အချိန်မှာ ၎င်းတို့၏ သင်ကြားမှုများသည် အစ္စလာမ်ဘာသာမှ အလွန်ကွဲဟြးထင်ရှားနေသည့်အချိန်တွင်ဖြစ်သည်။

ရည်ညွှန်းကိုးကား