"အစိုးရ" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၁၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
အရေးမကြီး
Robot: Cosmetic changes
အရေးမကြီး
အရေးမကြီး (Robot: Cosmetic changes)
အစိုးရ ဆိုသည်မှာ တိုင်းပြည်တစ်ခု၏ [[အချုပ်အခြာအာဏာ]] အလုံးစုံ ကိုသော်လည်းကောင်း၊ အလုံးစုံ မဟုတ်ပဲ အုပ်ချုပ်ရေး အာဏာ တစ်ခုတည်းကို သော်လည်းကောင်း ကိုင်တွယ် အုပ်ချုပ်ရသည့် လူပဂ္ဂိုလ် တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်း တစ်ရပ် ကိုဆိုလိုသည်။
= အစိုးရ တစ်ရပ်အဖြစ် သတ်မှတ်နိုင်သည့် အချက်များ =
 
အစိုးရ တစ်ရပ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် အောက်ပါ အချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။
# အုပ်ချုပ်ခံ ပြည်သူရှိခြင်း
# သံတမန် ဆက်သွယ်မှုရှိခြင်း
# ပြည်သူတို့က ရွေးကောက် တင်မြှောက်ထားခြင်း နှင့်
# အမိန့်ပေးနိုင်သည့် အာဏာရှိခြင်းတို့ ဖြစ်သည်။
 
= အစိုးရ နှစ်မျိုး =
တိုင်းပြည် တစ်ခုကို အုပ်ချုပ်သည့် အစိုးရ ကို သတ်မှတ်ရာတွင် ဥပဒေ ပညာရှင်များက အာဏာ လက်ကိုင် အစိုးရ (ဒီဂျူရီ / de jure) နှင့် အာဏာ လက်ခံအစိုးရ (ဒီဖက်တို / de facto) ဟူ၍နှစ်မျိုး သတ်မှတ်ကြသည်။
 
== အာဏာ လက်ကိုင် အစိုးရ ==
တိုင်းပြည် အာဏာကို ပြည်သူတို့၏ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်မဟုတ်ပဲ (သို့) အာဏာကို ပြည်သူတို့က အပ်နှင်းသည် မဟုတ်ပဲ အာဏာသိမ်းခြင်း (သို့) အကြောင်း အမျိုးမျိုးဖြင့် အာဏာကို ရယူထားသည့် အစိုးရမျိုးကို ဆိုလိုသည်။ ထိုအစိုးရမျိုးသည် အစိုးရအဖြစ် အသိအမှတ်ပြုနိုင်သည့် သတ်မှတ်ချက် ၄ ချက်တွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားခြင်း ဟူသည့် အချက်မှ လွှဲကာ ကျန်အချက်များနှင့် ပြည့်စုံသည့်အတွက် အစိုးရ အဖြစ် လက်ခံ သတ်မှတ်ကြပါသည်။
 
== အာဏာ လက်ခံအစိုးရ ==
တိုင်းပြည် အာဏာကို ပြည်သူတို့က တရားဥပဒေ နည်းလမ်းကျ ရွေးကောက်တင် မြှောက်ခြင်းခံရသည့် အစိုးရ ဖြစ်သည်။ တစ်နည်းဆိုလျှင် အာဏာကို ပြည်သူတို့ က အပ်နှင်းခြင်းကို လက်ခံထားသည့် အစိုးရဖြစ်သည်။ ထိုအစိုးရမျိုးသည် အသိအမှတ်ပြု ရမည့်အချက်အားလုံး (၄ ချက်လုံး) နှင့် ကိုက်ညီသည့်အတွက် အစိုးရ အဖြစ်လက်ခံ သတ်မှတ်ကြပါသည်။
 
= အစိုးရ၏ တာဝန် =
အစိုးရ တစ်ရပ်ဖြစ်လာသည်နှင့် အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာ ကို ကိုင်တွယ်ကာ တိုင်းပြည်နှင့် ပြည်သူတို့၏ အကျိုးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိလျှင်) ထိန်းသိမ်း ဖော်ဆောင်ရန်၊တိုင်းပြည်၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းရန်၊ပြည်သူတို့၏ ငြိမ်းချမ်းမှုကိုဖေါ်ဆောင်ရန်၊မိမိနိုင်ငံကို ကာကွယ်ရန် တာဝန်ရှိပေသည်။
 
= အစိုးရအဖွဲ့ =
အစိုးရဖြစ်သည့် လူပုဂ္ဂိုလ်သော် လည်းကောင်း၊ အဖွဲ့အစည်းသော် လည်းကောင်း တိုင်းပြည် အာဏာကို ကိုင်တွယ် ကျင့်သုံးပြီး အုပ်ချုပ်ရန်အတွက် အစိုးရအဖွဲ့ (ကတ်ဘိနက်) ကိုဖွဲ့စည်းကာ သတ်ဆိုင်ရာ ဝန်ကြီးဌာနများတွင် အကြီးအကဲ ဝန်ကြီးများကို ရွေးချယ် ခန့်အပ်မြဲဖြစ်သည်။ ထိုဝန်ကြီးများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လွှတ်တော်ဖွဲ့ စည်းထားလျှင် [[လွှတ်တော်]]မှ အတည်ပြု ပေးရန် လိုအပ်သည်။ သက်ဆိုင်ရာ ဝန်ကြီးများသည် မိမိတို့၏ ဝန်ကြီးဌာန များတွင် အကြီးအကဲ အဖြစ် တာဝန်ယူကာ လုပ်ငန်းများကို ဆောင်ရွက်ရသည်။ [[သမ္မတစနစ်‎]] တွင် သမ္မတက တာဝန်ခံပြီး၊ ပါလီမန် ဒီမိုကရေစီ စနစ် တွင် ဝန်ကြီးချုပ်က တာဝန်ခံသည်။ ထိုသို့ ဌာနလက်ကိုင်ဝန်ကြီးများ အပါအဝင် ဌာနလက်ကိုင် မဟုတ်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို လည်း လိုအပ်လျှင် လိုအပ်သလို ခန့်အပ်လေ့ရှိပါသည်။ [[ပါလီမန် ဒီမိုကရေစီ စနစ်]] ကျင့်သုံးသည့် နိုင်ငံများတွင် ဝန်ကြီးအဖွဲ့အတွင်း လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲရန် အတွက် အတွင်းဝန် ရာထူးဖြင့် ဝန်ကြီးတစ်ဦးကို တရားဝင် ခန့်အပ်လေ့ရှိသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း [[ဦးသန့်]] သည် မြန်မာနိုင်ငံတွင် ပါလီမန် ဒီမိုကရေစီ ခေတ်က [[ဦးနု]] အစိုးရအဖွဲ့တွင် အတွင်းဝန် အဖြစ် ကာလအတန် ကြာထမ်းဆောင်ခဲ့ဖူးသည်။
 
 
[[Category:လူမှုရေး]]
၃၂၆၀၈

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး