ဒုတိယ အယ်လီဇဘက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ဒုတိယ အယ်လီဇဘက် စာမျက်နှာကို အဲလိဇဘတ် ၂ သို့ Hoke Kimက ရွှေ့ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး အဲလိဇဘတ် ၂ စာမျက်နှာကို ဒုတိယ အယ်လီဇဘက် သို့ ပြန်ညွှန်းပေါ်ထပ်၍ Dr Lotus Black က ရွှေ့ခဲ့သည်
(ကွဲပြားမှု မရှိ)

၁၂:၂၇၊ ၁၃ စက်တင်ဘာ ၂၀၂၂ ရက်နေ့က မူ

ဒုတိယ အယ်လီဇဘက်
Photograph of Queen Elizabeth II
အယ်လီဇဘက် (မတ် ၂၀၁၅)
နန်းသက်6 February 1952 – 8 September 2022
နန်းတက်ပွဲ2 June 1953
ယခင်လူဆဋ္ဌမမြောက် ဂျော့ဘုရင်
အမွေဆက်ခံသူတတိယမြောက် ချားလ်စ်ဘုရင်
မွေးဖွား (1926-04-21) ၂၁ ဧပြီ၊ ၁၉၂၆ (အသက် ၉၇)
မေဖဲယား၊ လန်ဒန်မြို့၊ ယူနိုက်တက်ကင်းဒမ်း
ကွယ်လွန်၈ စက်တင်ဘာ၊ ၂၀၂၂(2022-09-08) (အသက် ၉၆)
Balmoral Castle, Aberdeenshire, United Kingdom
အိမ်ထောင်ဖက်ဖိလစ် မင်းသား (အက်ဒန်ဘာရာမြို့စားကြီး) (လက်ထပ် ၁၉၄၇)
သားသမီးများ
အသေးစိတ်
အမည် အပြည့်အစုံ
အယ်လိဇဘတ် အလက်ဇန်းဒြား မယ်ရီ ဝင်ဆာ (Elizabeth Alexandra Mary Windsor)[၂]
စံအိမ်ဝင်ဆာ
ခမည်းတော်ဂျော့(၆)
မယ်တော်အယ်လိဇဘတ် ဘိုးဝက်စ် လီယန်

ဒုတိယ အဲလစ်ဇဘက် (အဲလစ်ဇဘက် အလက်ဇန်းဒြား မယ်ရီ ဝင်ဆာ၊​ ၁၉၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ – ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့) သည် ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၂၀၂၂ ခုနှစ် တွင်သူမကွယ်လွန်ချိန်အထိ ဗြိတိန်ပြည်ထောင်စုနှင့် ဓနသဟာယဘုံများ၏ ဧကရာဇ်ဘုရင်မဖြစ်ခဲ့သည်။ သူမသည် သက်တမ်းတစ်လျှောက် အချုပ်အခြာအာဏာပိုင် (၃၂) နိုင်ငံ၏ ဘုရင်မဖြစ်ခဲ့ကာ ကွယ်လွန်ချိန်တွင် ၎င်းတို့အနက် (၁၅) နိုင်ငံတွင် ဘုရင်မအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း၏နန်းစံနှစ် ၇၀ နှင့် ၂၁၄ ရက်သည် ဗြိတိသျှဘုရင်မင်းမြတ်သမိုင်းတွင် အရှည်ဆုံးဖြစ်ပြီး သမိုင်းတွင်မည်သည့်အမျိုးသမီးခေါင်းဆောင်တွင်မဆို အရှည်ကြာဆုံးမှတ်တမ်းတင်ထားသည်။

ဆဋ္ဌမမြောက် ဂျော့ဘုရင် ကွယ်လွန်ပြီးနောက်၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ ထီးနန်းကို ဆက်ခံစိုးစံသော ဘုရင်မ ဖြစ်သည်။ ဆဋ္ဌမ ဂျော့ဘုရင်နှင့် အယ်လီဇဘက်မိဖုရားတို့၏ သမီးတော်အကြီးဆုံးဖြစ်၍၊ ၁၉၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် လန်ဒန်မြို့၌ဖွားမြင်သည်။ အဋ္ဌမအက်ဒဝပ်ဘုရင် ထီးနန်းကိုစွန့်သဖြင့် ခမည်းတော် ယော့မြို့စားသည် ၁၉၃၆ ခုနှစ်တွင် ဆဋ္ဌမ ဂျော့ဘုရင်အဖြစ် နန်းတက်သောအခါ ၁ဝ နှစ်သမီး အရွယ်ရှိသော အယ်လီဇဘက်မင်းသမီးသည် နန်းလျာဖြစ်လာလေသည်။

မယ်တော်ကိုယ်တိုင် အယ်လီဇဘက်မင်းသမီး ပညာသင်ကြားရေးကို ကြီးကြပ်၍ သင်ရိုးဘာသာရပ်များအပြင် စီးပွားရေး၊ နိုင်ငံအုပ်ချုပ်မှု ဥပဒေသမိုင်း၊ နိုင်ငံရေးဆိုင်ရာပညာတို့ကို နန်းတွင်းဆရာများနှင့် သင်ကြားစေသည်။ မင်းသမီးသည် မြင်းစီးအတတ်၊ ရေကူးအတတ်တို့၌ ကျွမ်းကျင်၍၊ စန္ဒရားကိုလည်း ကောင်းစွာတီးနိုင်သည်။ ပြဇာတ်၌လည်း စိတ်ဝင်စားသည်။

၁၉၃၇ ခုနှစ်တွင် အယ်လီဇဘက်မင်းသမီးသည် အမျိုးသမီးကင်းထောက်အဖွဲ့သို့ လည်းကောင်း၊ ၁၉၄၂ ခုနှစ်တွင် ပင်လယ်ကင်းထောက်အဖွဲ့သို့ လည်းကောင်း ဝင်ရောက်ခဲ့သည်။ ထိုနှစ်အတွင်း ဂျော့ဘုရင်က သမီးတော်အား ဂရင်နေးဒီးယားအစောင့်တပ်ဖွဲ့တွင် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးအဖြစ် ခန့်အပ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက အေ၊ တီ၊ အက်စ်အရံတပ်တွင် ဝင်ရောက်စစ်မှုထမ်းခဲ့ရာ၊ ၁၉၄၅ ခုနှစ်၌ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရသည်။

၁၉၄၇ ခု နှစ်ဦးတွင် ဗြိတိသျှတော်ဝင်မိသားစုဝင် အယ်လီဇဘက်မင်းသမီးသည် ခမည်းတော်၊ မယ်တော်တို့နှင့်အတူ တောင်အာဖရိကတိုက်သို့ခရီးထွက်စဉ်က အသက် ၂၁ နှစ်ပြည့်သော မွေးနေ့အခမ်းအနားကို ကျင်းပခဲ့သည်။ ထိုမွေးနေ့တွင် မင်းသမီးက မိမိသည်ဗြိတိသျှ ဓနသဟာယနိုင်ငံများ အကျိုးကို တစ်သက်လုံးသည်ပိုးရွက်ဆောင်ပါမည်ဟူ၍ အသံလွှင့် ကြေညာခဲ့လေသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ယခင်က ဂရိမင်းသားဖီးလစ်ဖြစ်သူ ဘုရင့်ရေတပ်မတော်မှ ဗိုလ်ဖီးလစ် မောင့်ဘက်တန်နှင့် စေ့စပ်ပြီးကြောင်း ကြေညာခဲ့သည်။ ထိုနှစ် နိုဝင်ဘာလ ၂ဝ ရက် နေ့တွင် အယ်လီဇဘက် မင်းသမီးနှင့် ဖီးလစ်မင်းသားတို့သည် လန်ဒန်မြို့ရှိ ဝက်စမင်စတာဘုရားရှိခိုးကျောင်း၌ ထိမ်းမြားလက်ထပ်ကြသည်။ လက်မထပ်မီနေ့တွင် ဂျော့ဘုရင်က ဖိလစ်မင်းသားအား အက်ဒင်ဗာရာမြို့စားဘွဲ့ချီးမြှင့်ခဲ့လေသည်။

၁၉၄၈ ခုနှစ် မေလတွင် အယ်လီဇဘက်မင်းသမီးသည် ကြင်ဖက်တော် အက်ဒင်ဗာရာမြို့စားနှင့်အတူ ပြင်သစ်နိုင်ငံသို့ ဧည့်သည်တော်အဖြစ် သွားရောက်လည်ပတ်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် သားဦးဖြစ်သော ချားလ်ဖီးလစ်အာသာဂျော့မင်းသားကိုဖွားမြင်သည်။ တစ်ဖန် ၁၉၅ဝ ပြည့်နှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် အန်အယ်လီဇဘက် အဲလစ်လူဝီမင်းသမီးကိုဖွားမြင်သည်။ ၁၉၅၁ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက အယ်လီဇဘက်မင်းသမီးနှင့် ကြင်ဖက်တော် အက်ဒင်ဗာရာမြို့စားတို့သည် ကနေဒါနိုင်ငံရှိ ပြည်နယ်များသို့လည်းကောင်း၊ အမေရိကန်သမ္မတ၏ ဧည့်သည်တော် အဖြစ်ဖြင့် ဝါရှင်တန်မြို့တော်သို့လည်းကောင်း ခရီးထွက် လည်ပတ်ခဲ့ကြလေသည်။

ထို့နောက် တစ်ဖန် ၁၉၅၂ ခုနှစ် ဇန္နဝါရီလ ၃၁ရက်နေ့တွင် အယ်လီဇဘက်မင်းသမီးနှင့် ကြင်ဖက်တော်တို့သည် ဒိုမီနီယန်နိုင်ငံများဖြစ်သော သီဟိုဠ်ဩစတြေးလျနယူးဇီလန်နိုင်ငံများ အပါအဝင် ဗြိတိသျှပိုင်နက်နယ်ပယ်အသီးသီးသို့ ငါးလကြာမျှ ခရီးရှည်ထွက်ရန်အတွက် အာဖရိကတိုက်ရှိကင်ညာနယ်သို့ လေကြောင်းဖြင့် ထွက်ခွာခဲ့လေသည်။ ၁၉၄၈ ခုနှစ်မှစ၍ ဆဋ္ဌမဂျော့ဘုရင်၏ ကျန်းမာရေး ချို့ယွင်းလာခဲ့ရာ ၁၉၅၂ ခုနှစ်ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဘုရင်ကြီးကွယ်လွန်လေသည်။ ထို့ကြောင့် ကင်ညာနယ်သို့ရောက်ရှိနေသော နန်းလျာ အယ်လီဇဘက်မင်းသမီးသည် အင်္ဂလန်နိုင်ငံသို့ ချက်ချင်းပြန်ခဲ့ရလေသည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အယ်လီဇဘက်သည် ခမည်းတော်၏ အရိုက်အရာဖြစ်သော ဗြိတိသျှထီးနန်းကို ဆက်ခံစိုးစံသည်။ သားဦးဖြစ် သော ချားမင်းသားသည်လည်း ကွန်ဝေါနယ်စားဘွဲ့ကိုခံယူ၍ နန်းလျာဖြစ်လာလေသည်။ ၁၉၅၃ ခု၊ ဇွန်လ ၂ ရက်နေ့တွင် လန်ဒန်မြို့ ဝက်စမင်စတာအက်ဗေး ဘုရားရှိခိုးကျောင်း၌ ဒုတိယ အယ်လီဇဘက်ဘုရင်မအဖြစ် ဘိသိက်ခံပွဲကို ကျင်းပခဲ့ကြသည်။ ထိုနှစ် နိုဝင်ဘာလတွင် အယ်လီဇဘက်သည် အက်ဒင် ဗာရာမြို့စားနှင့်အတူ ဗြိတိသျှ ဓနသဟာယနိုင်ငံများသို့ တိုင်းခန်းလှည့်ခဲ့ရာ၊ ၁၉၅၄ ခုနှစ် မေလတွင် လန်ဒန်မြို့သို့ ပြန်ရောက်လေသည်။


ဒုတိယ အယ်လီဇဘက်ဘုရင်မသည် ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဒုတိယ သားတော် အင်ဒြူးအဲလဗတ် ခရစ္စတီယန် အပ်ဒဝပ်ကို ဖွားမြင်သည်။ အင်ဒြူးမင်းသားသည် ချားမင်းသားနောက် ဗြိတိသျှထီးနန်းကို ဆက်ခံနိုင်ခွင့်ရှိသော နန်းလျာဖြစ်လေသည်။[၃]


ဘုရင်မကြီး အယ်လီဇဘက် ဒုတိယသည် လက်ရှိ ယူနိုက်တက် ကင်းဒမ်း (ဗြိတိန်၊ ယူကေ)၊ ဓနသဟာယနိုင်ငံများနှင့် ကနေဒါနိုင်ငံဩစတြေးလျနိုင်ငံနယူးဇီလန်နိုင်ငံအပါအဝင် အခြား နိုင်ငံပေါင်း ၁၅ နိုင်ငံ၏ ဘုရင်မ ဖြစ်သည်။ သူမသည် ဖခမည်းတော် ဂျော့ဂျ်ဆဋ္ဌမ နတ်ရွာစံပြီးနောက် ၁၉၅၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် နန်းတက်ခဲ့ပြီး သက်ရှိထင်ရှားရှိသူ ရှင်ဘုရင်များအနက် နန်းသက် အရှည်ကြာဆုံး ဘုရင်မဖြစ်သည်။ ဗြိတိသျှသမိုင်းတွင် နန်းသက် အရှည်ဆုံးဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် ကြင်ရာတော် ဖီးလစ်မင်းသားနှင့် စုလျားရစ်ပတ်ကာ သားတော်၊ သမီးတော် ၄ ဦး ထွန်းကားပြီး မြေးတော် ၈ ဦးရှိသည်။

ခရစ်တော်၌ အိပ်ပျော်ခြင်း

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် ဘုရင်မသည် ဆေးကုသမှုခံယူနေသည်ဟု ဘာကင်ဟမ်နန်းတော်မှ ကြေငြာခဲ့သည်။ ယင်းကြေငြာချက်တွင် ဆရာဝန်များက ဘုရင်မ၏ကျန်းမာရေးအတွက် စိုးရိမ်ကြပြီး ဘုရင်မသည် သက်တောင့်သက်သာရှိသည်ဟု ဆိုသည်။[၄][၅] ဘုရင်မ၏ သားသမီးတော် ၄ ဦးသည်လည်း ဘုရင်မထံ ရောက်လာခဲ့ကြသည်။[၆][၇] သူမ၏ ကွယ်လွန်မှုကို ယင်းနေ့ညနေပိုင်းတွင် အတည်ပြုခဲ့သည်။[၈][၉]

ကိုးကား

  1. "Britain's new monarch to be known as King Charles III"၊ Reuters၊ September 8, 2022။ 
  2. Her full name can be seen on her marriage certificate, which is signed by both her and her father.
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
  4. Queen's doctors concerned for her health – palace (8 September 2022)။ 8 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2022 တွင် ပြန်စစ်ပြီး။
  5. Davies၊ Caroline (8 September 2022)။ Queen under medical supervision at Balmoral after doctors’ concerns။ 8 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2022 တွင် ပြန်စစ်ပြီး။
  6. Queen under medical supervision as doctors are concerned for her health. Prince Charles, Camilla and Prince William are currently travelling to Balmoral, Clarence House and Kensington Palace said (8 September 2022)။ 8 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2022 တွင် ပြန်စစ်ပြီး။
  7. Shaw၊ Neil (8 September 2022)။ Duke of York, Princess Anne and Prince Edward all called to Queen's side။ 8 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2022 တွင် ပြန်စစ်ပြီး။
  8. "Queen Elizabeth II has died"၊ BBC News၊ 8 September 2022။ 
  9. CNN၊ Ivana Kottasová, Rob Picheta, Max Foster and Lauren Said-Moorhouse။ Queen Elizabeth II dies at 96။ 2022-09-08 တွင် ပြန်စစ်ပြီး။