မင်းရဲဒိဗ္ဗ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၈ - စာကြောင်း ၈ -
* မင်း၁၀ပါးရာဇဝင်-[[ဒေါက်တာမတင်ဝင်း]]
* မင်း၁၀ပါးရာဇဝင်-[[ဒေါက်တာမတင်ဝင်း]]
{{ညောင်ရမ်းခေတ်}}
{{ညောင်ရမ်းခေတ်}}

[[Category:တောင်ငူခေတ်]]
[[Category:တောင်ငူခေတ်]]
[[Category:ညောင်ရမ်းခေတ်]]
[[Category:ညောင်ရမ်းခေတ်]]

၀၃:၄၁၊ ၁၉ မတ် ၂၀၁၁ ရက်နေ့က မူ

(**မှတ်ချက်။ ။ဦးကုလား၊ မှန်နန်း အစရှိသည့် ရာဇဝင်ကျမ်းအများစုတွင် မင်းရဲဒိဗ္ဗကို ညောင်ရမ်းမင်းဆက်မှ မင်းတစ်ပါးအဖြစ်ပင် အသိအမှတ်ပြုမှတ်တမ်းတင်ခြင်း မရှိကြပေ။ များသောအားဖြင့် အနောက်ဖက်လွန်မင်းနောက် နန်းတက်သည့်မင်းအဖြစ် သာလွန်မင်းကိုသာအသိအမှတ်ပြုကြသည်။ သို့သော် မင်းရဲဒိဗ္ဗသည် ဘိသက်ခံနန်းတက်ခဲ့သည့်အတွက် မင်းတစ်ပါးအဖြစ် ထည့်သွင်းရေတွက်ခြင်းဖြစ်သည်။ မကျေလည်မှုများ၊ မထောက်ခံမှုများ ရှိခဲ့လျှင် ပြောရန်[၁]စာမျက်နှာတွင် ဆွေးနွေးနိုင်ပါသည်။ ဆွေးနွေးမှုများကို ဝမ်းသာစွာ လက်ခံကြိုဆိုမည်ဖြစ်ကြောင်း အသိပေးပါသည်။)

တဖြိုးဖြိုးလျှင်၊ တန်ခိုးရောင်ခြည် .. အစချီသည့် ရှင်သံခို မှ ဧချင်းအဖွဲ့ခံရသူ မင်းရဲဒိဗ္ဗသည် ဖခင်ဖြစ်သူ အနောက်ဖက်လွန်မင်းကို လုပ်ကြံကာ ဟံသာဝတီတွင် နန်းတက်သည်။ မင်းရဲဒိဗ္ဗ(၁၆၂၈)၏နန်းသက်မှာ တစ်နှစ်ပင်မရှိချေ။ နန်းတက်လျှင် အင်းဝနှင့် စစ်ကိုင်းရှိ သစ္စာခံများကို အကြောင်းကြားကာ သစ္စာပေးသည်။ ထိုနောက် အဝေး(ဇင်းမယ်)ရောက်နေသည့် ဘထွေးတော်များဖြစ်သည့် သတိုးဓမ္မရာဇာ(သာလွန်မင်း) နှင့် မင်းရဲကျော်စွာတို့ကို သံသယများဖြစ်စေရန် သွေးခွဲသည့်အနေဖြင့် စာများစေသည်။ သတိုးဓမ္မရာဇာ၏ ကျွန်ယုံများက အလျင်ရောက်ကာ သတင်းပေးသဖြင့် သတိုးဓမ္မရာဇာ အကြောင်းစုံသိနှင့် သော်လည်း ညီတော် မင်းရဲကျော်စွာကမူ ယုံမှားသံသယရှိသဖြင့် နောင်တော်တပ်ကို ညအချိန်တွင် ဝင်ရောက်တိုက်ခိုက်သည်။ သတိုးဓမ္မရာဇာတပ်များက နှိမ်နှင်းနိုင်သဖြင့် ရှှုံ့းနှိမ့်သွားပြီး မင်းရဲကျော်စွာကို အပြစ်မှလွှတ်သော်လည်း ကျွန်များကိုသတ်စေသည်။

ဇင်းမယ်မှ အင်းဝသို့ပြန်ရန် စီစဉ်သော်လည်း မိုးကာလဖြစ်သဖြင့် ဖြည်းဖြည်းသာချီခဲ့ရသည်။ ကျန်ရှိနေသော ဇင်းမယ်မှ ပုန်ကန်သော်လည်း မည်သို့မှ မလုပ်သာခဲ့ပေ။ ထိုအချိန်၌ပင် ဟံသာဝတီမှ မင်းလှနော်ရထာကဦးဆောင်သည့် မှုးမတ်များက မင်းရဲဒိဗ္ဗကို ဖမ်းဆီးနန်းချကာ လုံခြုံအောင်ထား၍ သတိုးဓမ္မရာဇာကို ပင့်ဖိတ်သည်။ သို့ဖြင့် မင်းရဲဒိဗ္ဗ နန်းကျကာ သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်း ဟံသာ၀တီနန်းတွင် အုပ်ချုပ်သည်။ အုပ်ချုပ်သည်ဟု ဆိုရသည်မှာ နန်းတက်ဘိသိက်မခံပဲ ၄ နှစ်တိုင်တိုင် တိုင်းပြည်အရေးများကို ဆောင်ရွက်နေသောကြောင့်ဖြစ်သည်။

ရည်ညွှန်းကိုးကား