Jump to content

တောင်အမေရိကတိုက်မှ တင်နာမူရစ်ငှက်များ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျို့ဝှက် +လျှို့ဝှက်, -တိရိစ္ဆာန် +တိရစ္ဆာန်)
အရေးမကြီး (HotCatကို အသုံးပြု၍ Category:ငှက်မျိုးစဉ်များကို ပေါင်းထည့်ခဲ့သည်)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျို့ဝှက် +လျှို့ဝှက်, -တိရိစ္ဆာန် +တိရစ္ဆာန်))
 
'''တောင်အမေရိကတိုက်မှ တင်နာမူရစ်ငှက်များ'''{{efn|{{cite book |last1=ကျော်ညွန့်လွင် |first1= |author-link1= |last2=ခင်မမသွင် |first2= |author-link2= |date=၂၀၀၃ |title=မြန်မာနိုင်ငံ ငှက်များ|publisher=ချိုတေးသံစာပေ |pages=ဍ}}}} ('''Tinamous''') ({{IPAc-en|'|t|ɪ|n|ə|ˌ|m|uː|z}}) သည် '''Tinamiformes''' ဟုခေါ်သည့် ငှက်[[မျိုးစဉ်]]တစ်ခုဖြစ်ပြီး [[မျိုးရင်း]]ခွဲ ၂ ခုဖြင့် ပိုင်းခြားထားသည်။ [[မျိုးစိတ်]]ပေါင်း ၄၆ ခု ပါဝင်ပြီး [[မက္ကဆီကိုနိုင်ငံ]]၊ [[ဗဟိုအမေရိက]]၊ [[တောင်အမေရိကတိုက်]]တို့တွင် တွေ့ရှိရသည်။ ယင်းငှက်တို့သည် မပျံသန်းနိုင်သော ratite ငှက်များနှင့် ညီအစ်မအုပ်စု တော်စပ်မှုရှိကြသည်။ တင်နာမူရစ်ငှက်များသည် ကုန်းမြေပြင်တွင် ကျင်လည်ကျက်စားတတ်သည့်ငှက်များဖြစ်ကြပြီး အန္တရာယ်နှင့် ကြုံတွေ့လာပါက ရင်ဆိုင်တိုက်ခိုက်ခြင်းကိုရှောင်ဖယ်ကာ ပုန်းခြင်း၊ ပြေးလွှားခြင်းကို ပိုမိုလိုလားကြသည်။ မျိုးရင်းခွဲ ၂ ခုကို ကွင်းပြင်းတွင် နေထိုင်သော တင်နာမူရစ်ငှက်နှင့် သစ်တောတွင် ကျင်လည်ကျက်စားသော တင်နာမူရစ်ငှက်များဟူ၍ ခွဲခြားသည်။
 
တင်နာမူရစ်ငှက်များသည် ရှက်ကြောက်တတ်ပြီး လျို့ဝှက်သိုသိပ်နိုင်ကြသည်။လျှို့ဝှက်သိုသိပ်နိုင်ကြသည်။ နေ့ခင်းဘက်တွင် သွားလာလှုပ်ရှားပြီး ညဘက်တွင် အနားယူကြသည်။ ငှက်အမများသည် များသောအားဖြင့် ငှက်အထီးများထက် ပိုကြီးသည်။ အပင်နှင့် တိရိစ္ဆာန်မျိုးစုံကိုတိရစ္ဆာန်မျိုးစုံကို စားသောက်ကြပြီး သစ်စေ့များ၊ [[အင်းဆက်]]များ၊ [[တီကောင်]]များအထိ ပါဝင်သည်။ တင်နာမူရစ်ငှက်များကို မြင်ရသည်ထက် အသံကို မကြာခဏ ကြားရတတ်သည်။ သားပေါက်ရာသီတွင် မတူညီသောကြိမ်နှုန်းဖြင့် အချင်းချင်း အသံပေးကာ ဆက်သွယ်ကြသည်။ ငှက်အမသည် အရောင်တောက်သည့် ဥကို ဥပေးတတ်သည်။ ဥမှ သားပေါက်ရန် ၂-၃ ပတ်ခန့် ကြာမြင့်သည်။ သားပေါက်ကလေးသည် သားပေါက်ပြီးချင်း ပြေးနိုင်ပြီး ရက်သတ္တပတ် ၃ ပတ်ကြာပါက မိမိဘာသာရပ်တည်နိုင်ကြသည်။
 
တင်နာမူရစ်ငှက်များနှင့် ယင်းတို့၏ဥများသည် ဖယ်လကွန်သိမ်းငှက်၊ ကျားစသော သဘာဝ သားရဲတိရစ္ဆာန်တို့၏ အန္တရာယ်မှ ရင်ဆိုင်ရသည်။ လူသားများ၏ အလွန်အကျွံ အမဲလိုက်ခြင်းကိုလည်း ခံရပြီး တခါတရံ အိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးမြူခြင်းခံကြရသည်။ သို့သော်လည်း ယင်းငှက်တို့၏ အဓိကဘေးအန္တရာယ်မှာ စိုက်ပျိုးမွေးမြူရေးအတွက် တင်နာမူရစ်ငှက်များ၏ နေထိုင်ကျက်စားရာနယ်မြေများ ဖျက်ဆီးခံရခြင်းဖြစ်သည်။ ငှက်မျိုးစိတ် ၇ ခုကို မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ခြင်းခံထားရပြီး အခြားမျိုးစိတ် ၇ ခုကိုမူ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသော မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရသည်။ တင်နာမူရစ်ငှက်များသည် ဌာနေတိုင်းရင်းသားများအတွက် ဒဏ္ဍာရီအဖြစ် ပုံဖော်ခြင်းခံထားရသည်။ တင်နာမူရစ်ငှက်များကို လှောင်အိမ်တွင် သားပေါက်အောင် မွေးမြူနိုင်ကြသော်လည်း ယဉ်ပါးအောင် မွေးမြူနိုင်ခြင်း မရှိခဲ့ပေ။
၃၄၂၆၂

တည်းဖြတ်မှုများ