Jump to content

ဂျိမ်းစ် နော့ ပို့ခ်: တည်းဖြတ်မှု မူကွဲများ

၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အနောက်ဖက် +အနောက်ဘက်))
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
 
ပို့ခ်ရာထူးယူသည့် ၁၈၄၅ခုနှစ်ဆိုလျင် အမေရိကန် ပြည်ထောင်စု ဟူသောတိုင်းပြည်သည် သက်တမ်းအားဖြင့် ၅၆ နှစ်ရှိပြီဖြစ်သည့်တိုင် နယ်နိမိတ်အားဖြင့် တည်ငြိမ်ခြင်းမရှိသေးပေ။ အထူးသဖြင့် တောင်ပိုင်း [[မက္ကဆီကို]]နယ်စပ်ပင်ဖြစ်သည်။ ၁၈၀၃တွင် လူဝီစီယားနား နယ်မြေကို ဝယ်ယူနိုင်ခဲ့ခြင်းကြောင့် တိုင်းပြည်နယ်နိမိတ်ချဲ့ထွင်ရေးအတွက် အလွန်ကြီးမားသည့် ခြေလှမ်းဖြစ်သော်လည်း အမေရိကန်ဗဟိုအစိုးရ၏ အုပ်ချုပ်ရေးအာဏာသည် အနောက်ဘက် ပိစိဖိတ်ကမ်းခြေသို့ မရောက်နိုင်သေး။ ထိုအခြေအနေတွင် ပို့ခ်သည် သူ၏ ကျွမ်းကျင်သော သံတမန်၊ စစ်ရေး အစွမ်းတို့ဖြင့် နယ်ပယ်ချဲ့ထွင်ရေး၊ အုပ်ချုပ်ရေးအာဏာ တည်ဆောက်ရေးတို့ကို ဆောင်ရွက်သည်။
 
၁၈၄၄ မဲဆွယ်စဉ်က ရုရှားဖက်မှ နယ်သစ်ထူထောင်ရန်ကြိုးပမ်းနေသည့် ဩရီဂွန်ပြည်တွင် နယ်နိမိတ်တိတိကျကျ သတ်မှတ်နိုင်ရန် ကြိုးပမ်းပေးမည်ဟု ဂတိပြုခဲ့သည်။ ဂတိအတိုင်းကတိအတိုင်း မဟုတ်သည့်တိုင် အများလက်ခံနိုင်လောက်သည့် နယ်နိမိတ်မျိုးကို စေ့စပ်ဆွေးနွေးကာ ရယူပေးခဲ့သည်။
 
အခြားနယ်မြေတစ်ခုဖြစ်သည့် တက္ကဆပ်ပြည်နယ် အရေးအတွက်လည်း ပို့ခ်က ကျွမ်းကျင်စွာဆောင်ရွက်ပြခဲ့သည်။ ယခင်သမ္မတ [[ဂျွန် တေလာ]] လက်ထက်တွင် ပြည်နယ်အဖြစ် ဆွဲသွင်းခဲ့သည် တက္ကဆပ်ပြည်နယ်ကို မက္ကဆီကိုဖက်မှ တပ်များစေလွတ်ကာ ပြန်လည်သိမ်းပိုက်ရန် ကြိုးစားလာသည်ကို နှစ်ဖက် စစ်ပွဲဖြစ်ရန် ဦးတည်သွားသည်။ ၁၈၄၆တွင် နှစ်ဖက် တပ်များ Rio Grand River တွင် စစ်ဆိုင်မိကြပြီး မက္ကဆီကိုဖက်မှ ကင့်လှည့်နေသော အမေရိကန်တပ်ကို ချုံခိုတိုက်သဖြင့် အမေရိကန်တပ်သား ၁၆ဦး ကျဆုံးရာမှ စစ်ကြေညာပြီး စစ်ကိုစတင်သည်။
 
မက္ကဆီကိုဖက်မှ အင်အားငါးဆနီးပါး သာလွန်သည့်တိုင် ပို့ခ်၏ ထိရောက်သော စစ်ရေးနည်းဗျူဟာများကြောင့် အမေရိကန်တို့ အသာစီးရသည်။ အင်အားအနည်းအပါးဖြင့်ပင် (ထိုစဉ်က)မက္ကဆီကိုပိုင် နယူမက္ကဆီကိုနှင့်နယူးမက္ကဆီကိုနှင့် ကယ်လီဖိုးနီးယားအထက်ပိုင်းတို့ကို ဝင်သိမ်းယူသည်။ ထိုစစ်ပွဲများအတွင်းတွင် ပို့ခ်၏ စစ်သေနာပတိ စစ်ရေးစွမ်းရည်တို့ကို ထင်ရှားစွာတွေ့ရသည်။ တက္ကဆပ်ကို မထိပါးရန်၊ နယူမက္ကဆီကိုနှင့်နယူးမက္ကဆီကိုနှင့် ကယ်လီဖိုးနီးယားအထက်ပိုင်းကို လက်လွတ်စေရန် ဖိအားပေးသည်။ ၁၈၄၇ တွင် ဗိုလ်ချုပ်ကြီး ဝင်းဖီးလ် စကော့ ဦးဆောင်သည့် အမေရိကန်တပ်များ [[မက္ကဆီကိုမြို့တော်]]ကို သိမ်းနိုင်သည်။ ထို့ကြောင့် ပို့ခ်အနေဖြင့် နှစ်ဖက်ဆွေးနွေးရာတွင် အသာစီးရကာ နောက်ဆုံးတွင် မက္ကဆီကိုအား လျော်ကြေး ဒေါ်လာ၁၅သန်းပေးကာ နယ်မြေအများအပြားကို မိမိလက်သို့ရောက်စေခဲ့သည်။ သို့ဖြင့် ပို့ခ်သည် ဩရီဂွန်၊ တက္ကဆပ်၊ နယူးမက္ကဆီကို နှင့် ကယ်လီဖိုးနီးကားအထက်ပိုင်း တို့ကို ပြည်ထောင်စုသို့ သွပ်သွင်းပေးနိုင်ခဲ့သည်။ အကျိုးဆက်အားဖြင့်လည်း အမေရိကန်၏ စွမ်းရည်နှင့် ဩဇာတိုးတက်လာသည်။
 
== ဘဝနောက်ပိုင်း ==
၂၈၆၈

တည်းဖြတ်မှုများ