တရုတ်ပြည်သူ့သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၈ - စာကြောင်း ၈ -
| ပုံ_တံဆိပ် = People's Republic of China National Emblem.svg
| ပုံ_တံဆိပ် = People's Republic of China National Emblem.svg
| နိုင်ငံတော်ဆောင်ပုဒ် =
| နိုင်ငံတော်ဆောင်ပုဒ် =
| နိုင်ငံတော်သီချင်း = {{lang|zh-hans|义勇军进行曲}}<br />{{transl|zh|Yìyǒngjūn Jìnxíngqǔ}}<br />("စေတနာ့လူငယ်များ၏ချီတက်ခြင်း")<div style="display:inline-block; margin-top:0.4em;">{{center|[[File:March of the Volunteers instrumental.ogg]]}}</div>
| နိုင်ငံတော်သီချင်း = {{lang|zh-hans|义勇军进行曲}}<br />{{transl|zh|Yìyǒngjūn Jìnxíngqǔ}}<br />("[[စေတနာ့ဝန်ထမ်းများ၏ ချီတက်ပွဲ]]")<div style="display:inline-block; margin-top:0.4em;">{{center|[[File:March of the Volunteers instrumental.ogg]]}}</div>
| ပုံ_နေရာ = CHN orthographic.svg
| ပုံ_နေရာ = CHN orthographic.svg
|map_width = 250px
|map_width = 250px

၁၁:၀၀၊ ၁၂ အောက်တိုဘာ ၂၀၂၁ ရက်နေ့က မူ

တရုတ်သမ္မတနိုင်ငံ အတွက် ထိုင်ဝမ် ကို ကြည့်ပါ။

ကိုဩဒိနိတ်: 35°N 103°E / 35°N 103°E / 35; 103

တရုတ်ပြည်သူ့သမ္မတနိုင်ငံ
တရုတ်နိုင်ငံ၏ အလံတော်
အလံတော်
တရုတ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: 义勇军进行曲
Yìyǒngjūn Jìnxíngqǔ
("စေတနာ့ဝန်ထမ်းများ၏ ချီတက်ပွဲ")
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထိန်းချုပ်ထားနိုင်သော မြေများကို အစိမ်းရင့်ရောင်ဖြင့် ဖော်ပြထားပြီး ပိုင်ဆိုင်သည်ဟု ဆိုသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိသော မြေများကို အစိမ်းနုဖြင့် ဖော်ပြထားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထိန်းချုပ်ထားနိုင်သော မြေများကို အစိမ်းရင့်ရောင်ဖြင့် ဖော်ပြထားပြီး ပိုင်ဆိုင်သည်ဟု ဆိုသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိသော မြေများကို အစိမ်းနုဖြင့် ဖော်ပြထားသည်။
မြို့တော်ပေကျင်းမြို့
39°55′N 116°23′E / 39.917°N 116.383°E / 39.917; 116.383
အကြီးဆုံးမြို့ရှန်ဟိုင်းမြို့
ရုံးသုံး ဘာသာစကားများစံတရုတ်ဘာသာ[မှတ်စု ၁]
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ
တရားဝင်အရေးအသားရိုးရှင်းတရုတ်[မှတ်စု ၂]
လူမျိုးစု (၂၀၂၀)
ကိုးကွယ်မှု
DemonymChinese
အမျိုးအစားတပါတီနိုင်ငံရေးစနစ်၊ ဆိုရှယ်လစ်သမ္မတနိုင်ငံ
အစိုးရပြည်ထောင်စု Marxist–Leninist[၁] one-party socialist republic[၂]
ရှီကျင့်ဖျင်
Li Keqiang
Li Zhanshu
Wang Yang
ဥပဒေပြုလွှတ်တော်အမျိုးသားပြည်သူ့ကွန်ဂရက်
တရုတ်နိုင်ငံ
c. 2070 BCE
221 BCE
၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်
၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်
၁၉၅၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက်
၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်
၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်
ဧရိယာ
• စုစုပေါင်း
၉,၆၄၀,၈၂၁ km² (၃,၇၀၄,၄၂၇ sq mi) (အဆင့်: ၃/၄)
• ရေထု (%)
၂.၈
လူဦးရေ
• ခန့်မှန်း
၁,၃၂၁,၈၅၁,၈၈၈ (၂၀၀၇) (အဆင့် - )
• သိပ်သည်းမှု
၁၄၀/km² (၃၆၃/sq mi) (အဆင့် - ၅၃)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
USD $၇.၀၄၃ (အဆင့် - )
• Per capita
USD $၅,၃၀၀ (အဆင့် - ၉၉)
HDI၀.၇၇၇
မြင့် · ၈၁
ငွေကြေးယွမ် (CNY "¥")
တယ်လီဖုန်းကုဒ်+၈၆
Internet TLD.cn
တရုတ်နိုင်ငံ၏ နာမည်ကြီး မဟာတံတိုင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တရုတ် - (Simplified Chinese - 中华人民共和国); (Traditional Chinese - 中華人民共和國)၊ ဖျင်းယင်း - Zhōnghuá Rénmín Gònghéguó) သည် အရှေ့အာရှ၏ အကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့တတိယအကြီးဆုံးနိုင်ငံဖြစ်သည်။ တရုတ်ပြည်သည် လူဦးရေ သန်း ၁၃၀၀ ရှိပြီး လူဦးရေ အများဆုံးနိုင်ငံလည်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ Communist Party of China (CPC) မှ အုပ်ချုပ်သည်။ ပြည်နယ်ပေါင်း (၂၂)ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ(၅)ခု၊ မြူနီစီပါယ် အုပ်ချုပ်ရေးမြို့တော် (၄)ခု (ပေကျင်းထျန်းကျင်းရှန်ဟိုင်းချုံချင့်) နှင့် အထူးအုပ်ချုပ်ရေးဒေသ (၂)ခု (ဟောင်ကောင်နှင့် မကာအို)တို့ ပေါ်တွင် တရားဥပဒေ စိုးမိုးအုပ်ချုပ်ထားနိုင်သည်။ မြို့တော်မှာ ပေကျင်း ဖြစ်သည်။

ဧရိယာ စတုရန်းကီလိုမီတာပေါင်း (၉.၆)သန်း (စတုရန်းမိုင်ပေါင်း - (၃.၇)သန်း) ကျယ်ဝန်းသည်။ မြေမျက်နှာသွင်ပြင်မှာ ပုံစံအမျိုးမျိုး ကွဲပြားနေသည်။ သစ်တောများလည်းရှိသလို သဲကန္တာရများ (ဂိုဘီ သဲကန္တာရ၊ တပ်ခ်လာမာကန် သဲကန္တာရ) များလည်း ရှိသည်။ ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံတို့နှင့်နီးသော ဒေသများတွင် နွေးသမပိုင်း သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ နိုင်ငံ၏အနောက်ပိုင်းတွင် တောင်တန်းများ၊ ကုန်းပြင်မြင့်များရှိပြီး၊ ဟိမဝန္တာ တောင်တန်းနှင့် ထျန်းရှန်းတောင်တန်းတို့သည် အိန္ဒိယနှင့် ဗဟိုအာရှဒေသတို့နှင့် နယ်ခြားအဖြစ် သဘာဝအရ တည်ရှိနေသည်။ နိုင်ငံအရှေ့ပိုင်းသည် ပင်လယ်ကမ်းနားဘက်ဆီသို့ မြေပြင်နိမ့်ဆင်းသွားသည်။ ကမ်းရိုးတန်း အလျား ၁၄,၅၀၀ ကီလိုမီတာ (မိုင် ၉၀၀၀) ရှည်လျားသည်။ အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်တို့ ရှိသည်။

တရုတ်ရှေးဟောင်း ယဉ်ကျေးမှုသည် မြစ်ဝါမြစ်ဝှမ်းဒေသမှ တရုတ်ပြည်မြောက်ပိုင်းတခွင်တွင် စတင်ပေါ်ထွန်းလာခဲ့သည်။ နှစ်ပေါင်း (၆၀၀၀) ကျော်မျှ သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်လာခဲ့သည်။ မင်းဆက်ပေါင်း မြောက်မြားစွာရှိသည်။ ပထမဆုံးမင်းဆက်မှာ ဘီစီ ၂၀၀၀ ခန့်က တည်ထောင်ခဲ့သော ရှမင်းဆက် (Xia Dynasty) ဖြစ်သော်လည်း ဘီစီ ၂၂၁ ခုနှစ် ချင်မင်းဆက် (Qin Dynasty) နှောင်းပိုင်းကာလကျမှသာ နိုင်ငံကို တစည်းတလုံးတည်း ဖြစ်အောင် စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။ ထို့နောက်တွင်မွန်ဂိုတို့၏သိမ်းပိုက်ခြင်းကိုခံရသည်။ မွန်ဂိုတို့အားတွန်းလှန်ပြီးနောက် မင်မင်းဆက်ကိုတည်ထောင်သည်။ ထို့နောက်မန်ချူးတို့ကသိမ်းပိုက်ပြီး ချင်းမင်းဆက် (Qing Dynasty) ကိုတည်ထောင်သည်။ ၁၉၁၁ ခုနှစ်တွင် တရုတ်အမျိုးသားရေးပါတီ (Kuomintang (KMT)) မှ တရုတ်သမ္မတနိုင်ငံကို တည်ထောင်လိုက်ချိန်မှစ၍ ဘုရင်စနစ်ချုပ်ငြိမ်းခဲ့သည်။

၂၀ရာစု၏ ပထမထက်ဝက်ကာလများအတွင်း တရုတ်ပြည်သည် စည်းလုံးညီညွတ်မှုမရှိပဲ ပြည်တွင်းစစ်များ ဖြစ်ပွားလျက်ရှိနေခဲ့သည်။ နိုင်ငံရေးအင်အားစု (၂)ခု ဖြစ်ကြသော ကူမင်တန်နှင့် ကွန်မြူနစ် (the Kuomintang and the communists) တို့၏ ကာလရှည်ကြာ စစ်ပွဲများသည် ၁၉၄၉ခုနှစ်ကျမှသာ အဆုံးသတ်ခဲ့သည်။ ကွန်မြူနစ်တို့ အောင်ပွဲရသောကြောင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအဖြစ် တည်ထောင်ပြီး တရုတ်ပြည်မကြီးကို အုပ်ချုပ်သည်။ စစ်ရှုံးသော ကူမင်တန်တို့သည် ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးပြီး ထိုင်ပေမြို့ကို မြို့တော်အဖြစ် သတ်မှတ်ကာ တရုတ်သမ္မတနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။ တရုတ်ပြည်နှင့် ထိုင်ဝမ်တို့သည် ယခုအချိန်တိုင်အောင် နိုင်ငံရေး၊ အုပ်ချုပ်ရေးအရ အငြင်းပွားလျက် ရှိနေဆဲဖြစ်သည်။ တရုတ်ပြည်မကြီးဘက်မှ ထိုင်ဝမ်အား ပြည်နယ်တစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ထားသော်လည်း ထိုင်ဝမ်ဘက်မှ လက်မခံပေ။

၁၉၇၈ ခုနှစ်တွင် အစပြုခဲ့သော ဈေးကွက်စီးပွားရေးစနစ်အရ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်လာသဖြင့် အလျင်မြန်ဆုံးနှုန်းဖြင့် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့သူနှင့် ဒုတိယအကြီးဆုံး သွင်းကုန် တင်သွင်းသူ ဖြစ်လာခဲ့သည်။ ဂျီဒီပီအရ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၊ အေးပက် (APEC) နှင့် ဂျီ-၂၀ (G20) တို့တွင် အဖွဲ့ဝင် ဖြစ်သည်။ နူကလီးယားလက်နက်များကို ပိုင်ဆိုင်ပြီး ကမ္ဘာ့ အင်အား အကြီးဆုံး စစ်တပ်နှင့် စစ်ရေး အသုံးစရိတ်မှာ ဒုတိယအများဆုံး ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံရေး ပညာရှင်များ၊ စစ်ရေး ပညာရှင်များ၊ စီးပွားရေး ပညာရှင်များနှင့် သိပ္ပံပညာရှင်များ များစွာပေါ်ထွန်းရာ တိုင်းပြည်ဖြစ်သည်။

အမည်ရင်းမြစ်

သမိုင်း

နိုင်ငံရေးနှင့် အစိုးရ

နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ

ယခုအခါ တရုတ်နိုင်ငံသည် စီးပွားရေးအင်အားတောင့်တင်းလာသောကြောင့် စစ်ရေးလည်းတိုးချဲ့လာသည်။ အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံများ၊ အရှေ့အာရှနိုင်ငံများဖြစ်သော ကိုရီးယား ဂျပန်ထိုင်ဝမ်တို့ကစိုးရိမ်လာကြသည်။ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်(အနောက်ဖိလစ်ပိုင်ပင်လယ်)ရှိ စပရက်စ်လေကျွန်းများပိုင်ဆိုင်မှုကိစ္စနှင့်ပတ်သက်၍လည်းအရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်ဘရူနိုင်းအင်ဒိုနီးရှားဗီယက်နမ်ထိုင်ဝမ်တို့နှင့်အငြင်းပွားလျက်ရှိသည်။ ၎င်းကျွန်းများတွင် ရေနံစိမ်းသိုက်များရှိနိုင်ရာ စက်မှုထွန်းကားလာသဖြင့် စွမ်းအင်လိုအပ်ချက်ကြီးမားလာသောတရုတ်နိင်ငံအနေဖြင့် မျက်စိကျနေသည်။ ထို့ကြောင့် အငြင်းပွားနိုင်ငံများစစ်အင်အားပြသလေ့ရှိသည်။ တရုတ်သည် ဂျပန်နိုင်ငံနှင့်လည်း ဒိုင်အိုယုကျွန်းများပိုင်ဆိုင်မှုနှင်ပတ်သက်၍အငြင်းပွားလျက်ရှိသည်။ တရုတ်ရေတပ်မတော်သည် ရုရှားနိုင်ငံမှ လေယာဉ်တင်သင်္ဘောဟောင်းတစ်စီးအားဝယ်ယူပြီး ပြန်လည်ပြင်ဆင်ကာအသုံးပြုလျက်ရှိသည်။ တရုတ်တို့၏ဒုံးပျံစနစ်မှာလည်းလျင်မြန်စွာတိုးတက်လျက်ရှိသည်။ ကမ္ဘာပတ်လမ်းကြောင်းပေါ်ရှိ ဂြိုဟ်တုဟောင်းတစ်လုံးအား ဒုံးပျံဖြင့်ပစ်ချပြီး မိမိအင်အားကိုပြသခဲ့သည်။

နိုင်ငံတကာဆက်ဆံရေးအနေဖြင့် စီးပွားရေးဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ စက်သုံးဆီလိုအပ်ချက်ကြီးမားလာရာ အာဖရိကစသောနိုင်ငံများနှင့်ရင်းနီးအောင်ဆက်ဆံပြီး ရေနံဝယ်ယူနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင်အဆိုပါနိုင်ငံများရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန်ကြိုးပမ်းလျက်ရှိသည်။ အိမ်နီးချင်းမြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ကိုဝယ်ယူရန်စီစဉ်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင်လည်း ငွေကြေးပမာဏမြောက်မြားစွာရင်းနှီးမြုပ်နှံထားသည်။ မြန်မာနိုင်ငံနှင့်အာဖရိကမှရေနံနှင့်သဘာဝဓာတ်ငွေ့များကို ဘင်္ဂလားပင်လယ်မှမြန်မာနိုင်ငံကိုဖြတ်သန်း၍ တရုတ်နိုင်ငံအထိ ပိုက်လိုင်းသွယ်တန်းခြင်းဖြင့်ခရီးလမ်းရှည်လျားပြီး ပင်လယ်ဓားပြပေါသောမလက္ကာရေလက်ကြားကို ရှောင်ကွင်းနိုင်မည်ဖြစ်သည်။ ပိုက်လိုင်းနှင့်အပြိုင်ရထားလမ်း၊ ကားလမ်းများကိုတည်ဆောက်ခြင်းဖြင့် ယူနန်ပြည်နယ်အတွက်ပင်လယ်ထွက်ရရှိပြီး တရုတ်ကုန်စည်များကို အာဖရိကနှင့်အရှေ့အလယ်ပိုင်းဈေးကွက်သို့ ခရီးလမ်းကြောင်းတိုတိုဖြင့်ပို့ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင်တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံများရှိ ရေအားလျှပ်စစ်နှင့်ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် ရင်းနှီးမြုပ်နှံလျက်ရှိသည်။ သို့ဖြင့်တရုတ်နိုင်ငံနှင့် လာအို၊ မြန်မာအစရှိသည့်အိမ်နီးချင်းနိင်ငံများနှင့်ဆက်ဆံရေးကောင်းမွန်လျက်ရှိသည်။




အုပ်ချုပ်မှု နယ်မြေဒေသ

  • ပြည်မကြီးဟု ဘာသာပြန်နိုင်သော တရုတ်ဝေါဟာရ နှစ်ခုရှိသည်။
  1. Dàlù (大陆; 大陸) 'တိုက်ကြီး' ဟု အဓိပ္ပာယ်ရပြီး ဟောင်ကောင်နှင့် မကာအိုတို့ ပါဝင်သည်။
  2. Nèidì (内地; 內地) - 'ကုန်းတွင်း' သို့မဟုတ် 'အတွင်းကုန်းမြေ' ဟု အဓိပ္ပာယ်ရပြီး ဟောင်ကောင်နှင့် မကာအိုတို့ မပါဝင်ပေ။
 တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ထိုင်ဝမ် အပါအဝင် ပြည်နယ် (၂၃)ခုဖြင့် ဖွဲ့စည်းထားသည်။ ထိုင်ဝမ်ကိုမူ တရုတ်သမ္မတနိုင်ငံက အုပ်ချုပ်သည်။ ထိုင်ဝမ်အုပ်ချုပ်ရေးနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ဝမ်တို့ကြားအငြင်းပွားနေဆဲဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏မြေပုံ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏မြေပုံ
  • ပြည်နယ်

Provinces|省

  1. အန်းဟွေးပြည်နယ်|Anhui|安徽
  2. ဖူကျန့်ပြည်နယ်|Fujian|福建
  3. ကန်းစုပြည်နယ်|Gansu|甘肃
  4. ကွမ်တုန်းပြည်နယ်|Guangdong|广东
  5. ကွေ့ကျိုး ပြည်နယ်|Guizhou|贵州
  6. ဟိုင်နန် ပြည်နယ်|Hainan|海南
  7. ဟဲပေပြည်နယ်|Hebei|河北
  8. ဟေးလုံကျန်း ပြည်နယ်| Heilongjiang| 黑龙江
  9. ဟဲနန် ပြည်နယ် |Henan| 河南
  10. ဟူပေပြည်နယ်| Hubei| 湖北
  11. ဟူနန်ပြည်နယ်| Hunan| 湖南
  12. ကျန်းစူး ပြည်နယ် |Jiangsu| 江苏
  13. ကျန်းရှီး ပြည်နယ် |Jiangxi| 江西
  14. ကျိလင် ပြည်နယ် |Jilin| 吉林
  15. လျောင်းနင် ပြည်နယ် |Liaoning| 辽宁
  16. ချင်းဟိုင် ပြည်နယ် |Qinghai| 青海
  17. ရှန်ရှီး ပြည်နယ်||Shaanxi||陕西
  18. ရှန်းတုန်း ပြည်နယ်| Shandong| 山东
  19. ရှန်းရှီး ပြည်နယ်| Shanxi| 山西
  20. စစ်ချွမ်း ပြည်နယ်| Sichuan| 四川
  21. ယူနန်ပြည်နယ်| Yunnan| 云南
  22. ကျဲ့ကျန်း ပြည်နယ်| Zhejiang| 浙江
  23. ထိုင်ဝမ် ပြည်နယ်| Taiwan|台湾 (ၽROC မှအုပ်ချုပ်သည်။)


  • ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

Autonomous regions (自治区)

  1. ကွမ်ရှီး ကျွမ်းလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ| Guangxi| 广西壮族自治区
  2. အတွင်းမွန်ဂိုလီးယား မွန်ဂိုလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Inner Mongolia| 内蒙古自治区
  3. နိင်ရှ ဟွေးလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ| Ningxia| 宁夏回族自治区
  4. ရှင်းကျန်း ဝေးဝူအာရ် လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ| Xinjiang| 新疆维吾尔自治区
  5. တိဘက်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ| Tibet| 西藏自治区


  • မြူနီစီပါယ်အုပ်ချုပ်ရေးမြို့

Municipalities (直辖市)

  1. ပေကျင်း မြို့- Beijing (北京市)
  2. ချုံချင့် မြို့- Chongqing (重庆市)
  3. ရှန်ဟိုင်း မြို့- Shanghai (上海市)
  4. ထျန်းကျင်း မြို့- Tianjin (天津市)


  • အထူးအုပ်ချုပ်ခွင့်ရဒေသ
  • Special Administrative Regions (特别行政区)
  1. ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Hong Kong (香港特別行政區) (တရုတ်အသံထွက်မှာ ရှန်းကန်ဖြစ်သည်။)
  2. မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ Macau (澳門特別行政區) (တရုတ်အသံထွက်မှာ အောက်မင်ဖြစ်သည်။)


ပထဝီနှင့် ရာသီဥတု

စီးပွားရေး

တရုတ်နိုင်ငံ၏ စိုက်ပျိုးရေး

၁၉၄၉ ခုနှစ်က တရုတ်နိုင်ငံ၏ ရိက္ခာသီးနှံ ထုတ်လုပ်မှုမှာ တန်ချိန် ၁၁၃.၁၈ သန်း၊ ဝါ ထုတ်လုပ်မှု ၄၄၄၀၀၀ တန် ရှိပြီး စိုက်ပျိုးရေးအခြေခံမှာလည်း တည်ငြိမ်မှုမရှိ ဖြစ်ခဲ့သည်။ ၁၉၅၀ နှင့် ၁၉၅၃ ခုနှစ်များအတွင်းတွင် တရုတ်အစိုးရသည် ကျေးလက်ဒေသ မြေယာ ပြုပြင်ပြောင်းလဲရေးကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သည်။ ‌မြေယာမဲ့နှင့် မြေယာအနည်း ငယ်သာရှိသူ လယ်သမားများကို စိုက်ပျိုးထုတ်လုပ်မှုတွင် စိတ်ပါဝင်စားလာစေရန် ‌မြေယာများ ခွဲဝေပေးခဲ့သည်။ ပထမ ၅ နှစ်စီမံကိန်းကာလ (၁၉၅၃-၁၉၅၇)အတွင်းတွင် လယ်ယာ ကုန်ထုတ်လုပ်မှု စုစုပေါင်းတန်ဘိုးသည် တစ်နှစ်ပျမ်းမျှ ၄.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု၏ ပထမဆုံးသော ရွှေခေတ်ကာလ ဖြစ်သည်။

၁၉၅၈ ခုနှစ်မှ ၁၉၇ ခုနှစ်ထိ ကာလအတွင်း စိုက်ပျိုးရေးတိုးတက်မှုမှာ နှေးကွေးနေခဲ့သည်။ ဤကာလအတွင်း တရုတ်နိုင်ငံသည် ဗဟိုမှ ချုပ်ကိုင်သည့် တပြေးညီ စီမံခန့်ခွဲမှု၏ ထိရောက်မှုကို အလေးပေးသည့် သမဝါယမနှင့် ပြည်သူ့ကွန်မြူးစနစ်များကို ကျင့်သုံးခဲ့သည်။ သို့သော် ကုန်ထုတ်အရင်းအမြစ်များ အသုံးချမှု၊ စံနစ်တကျ ခွဲဝေမှုတို့တွင် အကျိုး သက်ရောက်မှုများ နည်းပါးခဲ့သည်။ အကျိုးဆက်အားဖြင့် တောင်သူလယ်သမားတို့၏ စိတ်ပါဝင်စားမှု လျော့ပါးစေခဲ့သည်။ ဤကာလအတွင်း စုစုပေါင်းလယ်ယာကုန်ထုတ်လုပ်မှုသည် ပျမ်းမျှအားဖြင့် နှစ်စဉ် တစ်နှစ် ၂.၃ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။

၁၉၇၈ ခုနှစ်၌ အိမ်ထောင်စုအလိုက် တာဝန်ခံသည့် ကန်ထရိုက်စံနစ်ကို ကျင့်သုံးခဲ့သည်။ ဤစံနစ်မှာ ကုန်ထုတ်လုပ်မှု ဦးမော့ရေးကို ချိတ်ဆက်ထားပြီး ပြည်သူ့ကွန်မြူးစံနစ်ကို စတင်ဖျက်သိမ်းကာ နိုင်ငံပိုင်အာဏာရှိအဖွဲ့အစည်းများနှင့် စီးပွားရေးအဖွဲ့အစည်းများ အကြား ဆက်စပ်ပတ်သက်နေမှုကို အဆုံးသတ်လိုက်သည်။ လယ်သမားများသို့ လယ်ယာမြေကို ခွဲဝေချထားခြင်းကို ကန်ထရိုက်ချုပ်ဆိုသည့် စံနစ်သို့ ပြောင်းလဲပြီး တောင်သူလယ်သမားတို့၏ ကုန်ထုတ်လုပ်မှုတွင် စိတ်ပါဝင်စားလာစေရန် ဆောင်ရွက်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဒုတိယအကြိမ် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး ထွက်ကုန်များ ဝယ်ယူရောင်းချခြင်းကို နိုင်ငံတော်ကသာ လက်ဝါးကြီးအုပ် ဆောင်ရွက်သည့် စံနစ်ကို ဖယ်ရှားပစ်လိုက်ပြီး ကန်ထရိုက်စာချုပ်အရ ဝယ်ယူသည့်စံနစ်သို့ ပြောင်းလဲခဲ့သည်။ ဤသို့ ပြုပြင်ပြောင်းလဲမှုကြောင့် ဈေးကွက်သည်သာ စိုက်ပျိုးရေးထုတ်ကုန်များ၏ ရောင်းလိုအားနှင့် ဝယ်လိုအားကို ထိန်းညှိပေးရာ၊ ကုန်ထုတ်အရင်းအမြစ်များကို ခွဲဝေပေးရာ အဓိကအခန်းကဏ္ဍ ဖြစ်လာသည်။ တောင်သူလယ်သမားတို့၏ တီထွင်ဖန်တီးနိုင်မှု၊ ကုန်ထုတ်တိုးရေး စိတ်ဝင်စားမှုကို ဖြစ်လာစေခဲ့သည်။ ထွက်ကုန်ပစ္စည်းများ ထုတ်လုပ်မှု၊ စီးဆင်း လည်ပတ်မှုတို့သည် မမျှော်မှန်းနိုင်သော အရွယ်အစား၊ နှုန်းထားဖြင့် တိုးတက်လာခဲ့သည်။ ထိုအချိန်တွင် ၁၀ နှစ်တာမျှ လိုအပ်သလို ချိန်ကိုက်ညှိနှိုင်းမှုများဖြင့် ကျေးလက်ဒေသတွင် စက်မှုလုပ်ငန်းများ ထူထောင်မှုများ တစ်နေ့တစ်ခြား တိုးတက်အောင် ဆောင်ရွက်ခဲ့ရာ အခြေခံပင်မစီးပွားရေးကဏ္ဍများမှာ သိသိသာသာ ကျဆင်းလာခဲ့ပြီး ဒုတိယ တတိယအဆင့် စက်မှုစီးပွားရေးကဏ္ဍများက မြင့်မားလာခဲ့သည်။ ပင်မစီးပွားရေးတွင် လယ်ယာကဏ္ဍ၏ ပါဝင်မှုအချိုးအဆမှာလည်း သိသာစွာ ကျဆင်းလာခဲ့ပြီး တိရစ္ဆာန်မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍမှာ မြင့်တက်လာခဲ့သည်။ စိုက်ပျိုးရေးထုတ်ကုန်များအနေဖြင့် ရိက္ခာသီးနှံ ထုတ်လုပ်မှုများ ကျဆင်းပြီး ဝင်ငွေရရန်စိုက်သည့် သီးနှံများ တိုးတက်လာသည်။ ဆက်လက်၍ ဒုတိယအဆင့် စက်မှုလုပ်ငန်းများ ကျဆင်းလာပြီး တတိယအဆင့် စက်မှုလုပ်ငန်းများ ထွက်ပေါ်လာသည်။

၂၁ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန် စုစုပေါင်းတန်ဘိုး တိုးတက်မှုနှုန်းမှာ တစ်နှစ်ပျမ်းမျှ ၆.၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တိုးတက်မှုနှုန်းအမြင့်ဆုံး ၁၂.၃ ရာခိုင်နှုန်းကို ၁၉၈၄ ခုနှစ်တွင် ရောက်ရှိခဲ့ရာ ထိုစဉ်က တကမ္ဘာလုံး ပျမ်းမျှတိုးတက်မှုနှုန်းထက် ကျော်လွန်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တရုတ်လယ်ယာကဏ္ဍ တိုးတက်မှုမှာ ဘက်ပေါင်းစုံမှ တိုးတက်မှုဖြစ်ခဲ့သည်။ ရိက္ခာသီးနှံ၊ ဝါနှင့် ဆီထွက်သီးနှံများ တန်ချိန် ၅၀၈.၃၉ သန်း၊ ၃.၈၃ သန်းနှင့် ၂၆.၀၁၂ သန်း အသီးသီး ထွက်ရှိခဲ့သည်။ ၁၉၇၈ ခုနှစ်ကထက် ၆၆.၇၊ ၇၆.၇ နှင့် ၄၀၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ခြင်း ဖြစ်သည်။ အသားထုတ်လုပ်မှု တန်ချိန် ၅၉.၆၁ သန်းရှိရာ ၁၉၇၈ ခုနှစ်ကထက် ၇ ဆ တိုးတက်ခဲ့သည်။ ရေထွက်ပစ္စည်းများ ထုတ်လုပ်မှုတွင်လည်း တန်ချိန် ၄၁.၂၂၄ သန်းထိ၊ ၁၉၇၈ ခုနှစ်ထက် ၈. ၈ ဆ တိုးတက်ထုတ်လုပ်နိုင်ခဲ့သည်။ ဤသို့ဖြင့် အဓိကလယ်ယာထွက်ကုန်များ မလုံလောက်မှုကို နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့သည်။ ယခုအခါ လူတစ်ဦးကျ အသား၊ ဥ နှင့် နို့ ထုတ်လုပ်မှုမှာ ၅၀၊ ၁၇၊ ၆.၆ ကီလိုဂရမ် ဖြစ်ရာ ကမ္ဘာ့ပျမ်းမျှ ထုတ်လုပ်မှုကို ကျော်လွန်တော့မည်ဖြစ်သည်။ နှစ်ပေါင်းရာနှင့်ချီ၍ တရုတ်တောင်သူလယ်သမားတို့အား ပြဿနာပေးခဲ့သော ရိက္ခာပြတ်လပ်မှုကို နောက်ဆုံး၌ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။

မြို့နယ်စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာခြင်းသည် လယ်ယာစီးပွားဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ပေးလိုက်သည်။ ၁၉၈၇ ခုနှစ်တွင် မြို့နယ်စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုတန်ဘိုးစုစုပေါင်းသည် လယ်ယာကုန်ထုတ်လုပ်မှုထက် သာလွန်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ယင်းမြို့နယ်စီးပွားရေးလုပ်ငန်းများ၏ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံရရှိခဲ့သည်။ ဤသည်မှာ ပြည်ပတင်ပို့မှုမှ ရရှိသော နိုင်ငံခြားငွေစုစုပေါင်း၏ ၂၃.၈ ရာခိုင်နှုန်းမျှရှိသည်။ ထောင်နှင့်ချီသော မြို့များသည် ကျေးလက်နှင့်မြို့ပြကွာဟမှု ပပျောက်ရေး၊ ကျေးလက်နှင့် မြို့ပြပေါင်းစပ်ရေး တို့အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ တောင်သူလယ်သမားများ၏ တစ်ဦးကျဝင်ငွေအနေဖြင့် ၁၉၇၈ ခုနှစ်က ၁၃၄ ယွမ်သာရှိရာမှ ၁၉၉၉ ခုနှစ်တွင် ၂၂၁၀ ယွမ်အထိ တိုးတက်လာခဲ့သည်။ စီးပွားရေးဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ စက်သုံးဆီလိုအပ်ချက်ကြီးမားလာရာ အာဖရိကစသောနိုင်ငံများနှင့်ရင်းနီးအောင်ဆက်ဆံပြီး ရေနံဝယ်ယူနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။

လူဦးရေနှင့်လူမျိုးများ

ဘာသာစကား

၂၀၁၀ခုနှစ်၊ ဇူလိုင်လစာရင်းအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် လူဦးရေစုစုပေါင်း ၁,၃၃၈,၆၁၂,၉၆၈ ဦးရှိသည်။ အဆိုပါလူဦးရေစုစုပေါင်း၏ ၂၁% (male 145,461,833; female 128,445,739) သည် အသက် (၁၄)နှစ်အောက်ဖြစ်ပြီး၊ ၇၁% (male 482,439,115; female 455,960,489) သည် အသက်(၁၅)နှစ်မှ (၆၄)နှစ်အတွင်းဖြစ်သည်။ စုစုပေါင်းလူဦးရေ၏ ၈%ဖြစ်သော (male 48,562,635; female 53,103,902) သည် အသက်(၆၅)နှစ်အထက် ဖြစ်သည်။ ၂၀၀၆ခုနှစ်စာရင်းအရ လူဦးရေတိုးပွားနှုန်းမှာ ၀.၆%သာရှိသည်။
တရားဝင်အသိအမှတ်ပြုထားသောတိုင်းရင်းသားလူမျိုး (၅၆)မျိုးရှိသည်။ ဟန့်လူမျိုး(ခေါ်) တရုတ်လူမျိုး မှာ စုစုပေါင်းလူဦးရေ၏ ၉၁.၉%ရှိသည်။ အခြားသော တိုင်းရင်းသားများအနက် လူဦးရေများပြားသောတိုင်းရင်းသားလူမျိုးများမှာ ကျွမ်းလူမျိုး(Zhuang - ၁၆သန်း), မန်ချူးလူမျိုး (Manchu - ၁၀သန်း)၊ ဟွေးလူမျိုး (Hui - ၉သန်း)၊ မြောင်လူမျိုး (Miao - ၈သန်း)၊ ဝေးဝူးအာရ်လူမျိုး (Uyghur - ၇သန်း)၊ ယီလူမျိုး (Yi - ၇သန်း)၊ ထူကျားလူမျိုး(Tujia - ၅.၇၅သန်း)၊ မွန်ဂိုလူမျိုး (Mongols - ၅သန်း)၊ တိဘက်လူမျိုး (Tibetans - ၅သန်း)၊ ပုယီးလူမျိုး (Buyei - ၃သန်း) နှင့် ကိုရီးယားလူမျိုး (Koreans -၂သန်း) တို့ဖြစ်သည်။
လွန်ခဲ့သောဆယ်စုနှစ်များအတွင်း တရုတ်မြို့ကြီးများတွင် နှစ်စဉ် လူဦးရေတိုးနှုန်း (၁၀%) ရှိခဲ့သည်။ ၁၉၇၈မှ ၂၀၀၉အတွင်း မြို့ပြနေလူဦးရေမှာ ၁၇.၄%မှ ၄၆.၈%အထိ တိုးပွားခဲ့သည်။ သန်းပေါင်း(၁၅၀)မှ သန်းပေါင်း(၂၀၀)ကြားမျှသော အချိန်ပိုင်းအလုပ်သမားများသည် မြို့ကြီးများတွင်အလုပ်လုပ်လျှက် ကျေးလက်သို့လည်း ပြန်လည်နေထိုင်ကြသည်။ လူဦးရေ တစ်သန်းကျော်သော မြို့ကြီးပေါင်းများစွာရှိပြီး ကမ္ဘာ့အဆင့်မီမြို့များမှာ ပေကျင်း၊ ရှန်ဟိုင်း နှင့် ဟောင်ကောင် တို့ဖြစ်သည်။

မြို့ကြီးများ

စဉ် မြို့အမည် ပြည်နယ်အမည် မြို့တွင်းလူဦးရေ မြို့တွင်း+ဆင်ခြေဖုံးလူဦးရေ တရုတ်ပြည်၏မည်သည့်အပိုင်း
ရှန်ဟိုင်း ရှန်ဟိုင်းမြူနီစီပါယ်အုပ်ချုပ်ရေး 9,495,701 18,542,200 အရှေ့ပိုင်း
ပေကျင်း ပေကျင်းမြူနီစီပါယ်အုပ်ချုပ်ရေး 7,296,962 17,430,000 မြောက်ပိုင်း
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ 7,000,000 7,000,000 တောင်ပိုင်း
ထျန်းကျင်း ထျန်းကျင်းမြူနီစီပါယ်အုပ်ချုပ်ရေး 5,066,129 11,500,000 မြောက်ပိုင်း
ဝူဟန့် ဟူးပေပြည်နယ် 6,660,000 9,100,000 တောင်-အလယ်ပိုင်း
ကွမ်ကျိုး ကွမ်တုန်းပြည်နယ် 4,154,808 15,000,000 တောင်ပိုင်း
ရှင်းကျင့် ကွမ်တုန်းပြည်နယ် 4,000,000 8,615,500 တောင်ပိုင်း
ရှင်ယန် လျောင်းနင်ပြည်နယ် 3,981,023 7,500,000 အရှေ့မြောက်ပိုင်း
ချုံချင့် ချုံချင့်မြူနီစီပါယ်အုပ်ချုပ်ရေး 3,934,239 31,442,300 အနောက်တောင်ပိုင်း
၁၀ နန်ချောင့် ကျန်းရှီးပြည်နယ် 3,790,000 4,990,184 အရှေ့ပိုင်း
၁၁ နန်ကျင်း ကျန်းစူးပြည်နယ် 2,822,117 7,100,000 အရှေ့ပိုင်း
၁၂ ဟာ့ရ်ပင်း ဟေးလုံကျန်းပြည်နယ် 2,672,069 8,499,000 အရှေ့မြောက်ပိုင်း
၁၃ ရှီကျားကျွမ်း ဟဲပေပြည်နယ် 2,620,357 9,630,000 မြောက်ပိုင်း
၁၄ ရှီအန်း ရှန်ရှီးပြည်နယ် 2,588,987 10,500,000 အနောက်မြောက်ပိုင်း
၁၅ ချင်းဒူ စစ်ချွမ်းပြည်နယ် 2,341,203 11,300,000 အနောက်တောင်ပိုင်း
၁၆ ချောင်ချွန်း ကျိလင်ပြည်နယ် 2,223,170 7,400,000 အရှေ့မြောက်ပိုင်း
၁၇ တလျန် လျောင်းနင်ပြည်နယ် 2,118,087 6,200,000 အရှေ့မြောက်ပိုင်း
၁၈ ဟန်ကျိုး ကျဲ့ကျန်းပြည်နယ် 1,932,612 7,000,000 အရှေ့ပိုင်း
၁၉ ကျီနန် ရှန်းတုန်းပြည်နယ် 1,917,204 6,300,000 အရှေ့ပိုင်း
၂၀ ထိုက်ယွမ် ရှန်းရှီးပြည်နယ် 1,905,403 3,413,800 မြောက်ပိုင်း
၂၁ ချင်းတောင် ရှန်းတုန်းပြည်နယ် 1,867,365 8,000,000 အရှေ့ပိုင်း

၂၀၀၈ခုနှစ် ခန့်မှန်းလူဦးရေစာရင်း

ကိုးကွယ်ယုံကြည်မှု

တရုတ်ပြည်သည်ကမ္ဘာ့ဗုဒ္ဓဘာသာလူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ သန်းပေါင်း ၁၀၀၀ ခန့်အထိ မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သည်။[၃][၄] အနည်းငယ်သာ ခရစ်ယာန်နှင့်အစ္စလာမ်ဘာသာတို့ကိုကိုးကွယ်ကြသည်။ အစ္စလာမ်ဘာသာကိုးကွယ်သူများကို ပန်းသေးဟုခေါ်သည်။ ကွန်ဖြူးရှပ်ကိုးကွယ်သူအနည်းငယ်လည်းရှိသည်။

ယဉ်ကျေးမှု

အားကစား

တရုတ်နိုင်ငံသည် အားကစားလောကတွင်လည်းအောင်မြင်လျက်ရှိသည်။ ရေကူး၊ အလေးမ၊ တင်းနစ်၊ လက်ဝှေ့၊ စကိတ်၊ ကျွမ်းဘား၊ ဘတ်စကက်ဘော၊ ဘောလီဘောစသည်တို့တွင် ထိပ်တန်းမှပြေးလျက်ရှိပြီး အချို့မှာကမ္ဘာ့စံချိန်တင်ထားသည်များလည်းရှိသည်။ ဘောလုံးအားကစားတွင်မူ များစွာအားနည်းသေးသည်ကိုတွေ့ရသည်။

မှတ်စု

  1. အင်္ဂလိပ် (Hong Kong SARသာ)။ ပေါ်တူဂီ (Macau SARသာ)
    • In the Hong Kong SAR Traditional Chinese characters and English alphabet are used,
    • In the Macau SAR Traditional Chinese characters and Portuguese orthography are used,
    • In Inner Mongolia the Mongolian script is used alongside simplified Chinese,
    • In the Tibet Autonomous Region the Tibetan script is used alongside simplified Chinese,
    • In Xinjiang the Uyghur Arabic alphabet is used alongside simplified Chinese,
    • In Guangxi and Wenshan Prefecture the Latin alphabet is used alongside simplified Chinese,
    • In the Yanbian Korean Autonomous Prefecture Chosŏn'gŭl is used alongside simplified Chinese.
  2. Although PRC President is head of state, it is a largely ceremonial office with limited power under CCP General Secretary.
  3. Including both state and party's central military chairs.
  4. Chairman of the Chinese People's Political Consultative Conference.

ကျမ်းကိုး

  1. "Xi Jinping is making great attempts to 'Sinicize' Marxist–Leninist Thought 'with Chinese characteristics' in the political sphere," states Lutgard Lams, "Examining Strategic Narratives in Chinese Official Discourse under Xi Jinping" Journal of Chinese Political Science (2018) volume 23, pp. 387–411 at p. 395
  2. China (People's Republic of) 1982 (rev. 2004)။ Constitute project။ 25 August 2019 တွင် ပြန်စစ်ပြီး။
  3. Buddhism in China
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 5 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2012 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ