Jump to content

ခမာလူမျိုး: တည်းဖြတ်မှု မူကွဲများ

၃ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တောင်ဖက် +တောင်ဘက်, -အဖက်ဖက် +အဘက်ဘက်, -မြောက်ဖက် +မြောက်ဘက်, -လျှက် ရှိ +လျက် ရှိ, -အနောက်ဖက် +အနောက်ဘက်, -အရှေ့ဖက် +အရှေ့ဘက်)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်))
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တောင်ဖက် +တောင်ဘက်, -အဖက်ဖက် +အဘက်ဘက်, -မြောက်ဖက် +မြောက်ဘက်, -လျှက် ရှိ +လျက် ရှိ, -အနောက်ဖက် +အနောက်ဘက်, -အရှေ့ဖက် +အရှေ့ဘက်))
 
ခရစ် ၁၃ ရာစုနှစ်များ မတိုင်မီကာလက အာရှတိုက်အရှေ့တောင်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် ယဉ်ကျေးမှု ဖက်၌လည်းကောင်း၊ နိုင်ငံအင်အားဖက်၌လည်းကောင်း၊ ပြိုင်ဖက်ကင်းလောက်အောင် တိုးတက်ထွန်းပြောင်ခဲ့သော နိုင်ငံမှာ ခမာဘာသာစကားကို ပြောဆိုကြသော သူတို့၏ နိုင်ငံဖြစ်ခဲ့၏။ ထိုနိုင်ငံမှာ ၉ ရာစုနှစ်များ အစလောက်မှစ၍ ကမ္ဗုဇဟု တွင်ခဲ့သည်။
ခမာမှာ ဘာသန္တရအရ ခေါ်ဝေါ်သော အမည်တစ်ခုဖြစ်သည်။ အာရှတိုက် အရှေ့တောင်ပိုင်းဒေသနှင့် ယင်းဒေသများ၏ တောင်ဖက်ရှိကျွန်းများတွင်တောင်ဘက်ရှိကျွန်းများတွင် အများဆုံးပြောဆိုကြသည့် ဘာသာစကားတို့မှာ ဩစတြစ်ခေါ် တောင်ပိုင်း ဘာသာစကားစုကြီးတွင် ပါဝင်သော ဘာသာစကားများဖြစ်ရာ၊ ကုန်းဩစတြစ်အစုဟု ခေါ်အပ်သော ဩစတြိုအေရှားတစ် အစုဝင် မွန်-ခမာအစုခွဲ၏ ဘာသာစကားတစ်ရပ်ဖြစ်ပေသည်။
 
=== မွန်ခမာအစုခွဲများ ===
ယင်းဘာသာစကားကို ပြောဆိုသော သူတို့မှာ ယခင်က ပြင်သစ်ပိုင် အင်ဒိုချိုင်းနားနိုင်ငံများတွင် အာနမ်ပြည်မှအပ နိုင်ငံရေးအရ လည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း အရေးကြီးဆုံးဖြစ်သည့် မဲခေါင်မြစ်ဝှမ်းတောင်ဖက်ပိုင်းရှိမဲခေါင်မြစ်ဝှမ်းတောင်ဘက်ပိုင်းရှိ ကမ္ဗောဇနိုင်ငံတွင် အများဆုံး နေထိုင်ကြသည်။ ထိုဒေသ၏ အနောက်ဖက်အနောက်ဘက် ယိုးဒယားနိုင်ငံနှင့် အရှေ့ဖက်အရှေ့ဘက် ကိုချင်ချိုင်းနား နိုင်ငံတို့တွင်လည်း ခမာစကားပြောဆိုသူ အချို့တို့ကို တွေ့နိုင် ပေသေးသည်။
ယင်းတို့နှင့် ဘာသာစကားတူဖြစ်သော အခြားမွန်ခမာ အစုခွဲတွင် ပါဝင်သည့် ဘာသာစကားတို့ကို ပြောဆိုသူများကို ယခု ဗီယက်နမ်နိုင်ငံတွင် ပါဝင်သော မြောက်ဘက် တုံကင်းနယ်မှ အာနမ်တောင်ရိုးတစ်လျောက် တောင်ဘက် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများ ရှိ ကိုချင်ချိုင်းနားပြည်အထိလည်းကောင်း၊ ရှေ့ဘက် တုံကင်းနယ်မှ လာအိုနယ် ယိုးဒယား မြောက်ပိုင်းတို့ကို ဖြတ်၍ အနောက်ဖက်မြန်မာပြည်အနောက်ဘက်မြန်မာပြည် ကျိုင်းတုံနယ်အထိ ဖြစ်သော ဒေသထိလည်းကောင်း တွေ့ရသည်။ ထိုမှတစ်ပါး မြန်မာနိုင်ငံအတွင်းရှိ မွန်များ၊ ပအိုဝ်းများ၊ ပလောင်များ၊ ဝ များသည်လည်း ယင်းတို့နှင့် အနွယ်တူ ဖြစ်ရာ ကမ္ဗောဒီးယားနေ ခမာတို့မှာ မြန်မာနိုင်ငံ တိုင်းရင်းသားအချို့နှင့် အနွယ်တူနေကြသူများလည်း ဖြစ်ပေသည်။ အခြားအနွယ်တူ လူမျိုးများမှာ အာသံပြည်ရှိ ခါစီလူမျိုးများ၊ အိန္ဒိယပြည် အလယ်ပိုင်းရှိ မုဏ္ဍာလူမျိုးများနှင့် နကဗရီကျွန်းသားများ ဖြစ်သည်။
 
=== လူမျိုးအလိုက်အနွယ် ===
=== ကမ္ဗောဇတန်ခိုးထွားသည့်ခေတ် ===
 
စီးပွားရေး ကောင်းစွာတိုးတက်၍ တန်ခိုးကြီးချက်ရှိသော သီရိဝိဇယနိုင်ငံနှင့် မဟာမိတ်ဖြစ်သော ကမ္ဗောဇနိုင်ငံကို အုပ်ချုပ်လာခဲ့သော ထိုမင်းဆက်၏ မင်းများသည် နှစ်ပေါင်း ၇၅ နှစ်မျှ ဆက်လက်အုပ်ချုပ်ခဲ့ကြ၏။ ၉ ရာစုနှစ်များ ကုန်သောအခါတွင် ခမာတို့၏နိုင်ငံမှာ မြောက်ဖက်မြောက်ဘက် တရုတ်ပြည်၊ အနောက်မြောက်ဘက် နန်ချို၊ အနောက်ဖက်အနောက်ဘက် မြန်မာပြည်ရှိ ပျူနိုင်ငံတို့အထိ ဩဇာလွှမ်းမိုးကျယ်ပြန့်ခဲ့သည်။
 
ဇယဝရမန်မင်းဆက်ကို ဣန္ဒဝါရမန်မင်းဆက်က ဆက်ခံခဲ့၏။ ပထမမြောက် ဣန္ဒဝါရမန်မင်းသည် ကမ္ဘာပေါ်၌ ထင်ပေါ်သော အင်းကော(အန်ကော ဟုလည်း ခေါ်သည်)မြို့တော်ကို စတင်တည်ထောင်ခဲ့သည်။ ထိုမင်းဆက်မှာ ၁၂၅ နှစ်မျှတန်ခိုးကြီးခဲ့ကြ၍ ဘုရားကျောင်းကန်များ များပြားလှသော အင်းကောမြို့ကြီးကို အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် အခမ်းနားအကြီးကျယ်ဆုံးဖြစ်အောင် ဖန်တီးခဲ့ကြလေသည်။
၁၃ ရာစုနှစ်များ၏ နောက်ပိုင်းလောက်တွင် မွန်ဂိုတို့ အာရှအရှေ့တောင်ပိုင်း ဒေသအချို့တို့သို့ ဝင်ရောက်တိုက်ခိုက်သဖြင့် ထိုင်ရှမ်းလူမျိုးများ ရွေ့ပြောင်းနေထိုင်လာရာ ၁၃၅၀ ပြည့်နှစ်လောက်ရောက်သောအခါ အယုဒ္ဓပြည်ကို မေနမ်မြစ်ဝှမ်းအတွင်း ခိုင်မြဲစွာ တည်ထောင်မိကြလေသည်။ ထိုသို့ ပြည်သစ်တည်ထောင်ကြရာတွင် ထိုင်ရှမ်းတို့သည် ခမာတို့အား တိုက်ခိုက်နှိမ်နင်းကြ၏။ ၁၃၅၀ မှ ၁၄၆၀ ပြည်နှစ်အတွင်း ထိုင်ရှမ်းတို့သည် ခမာတို့ကို ၄ ကြိမ် ၅ ကြိမ်မျှ တိုက်ခိုက် အောင်မြင်ခဲ့ကြ၏။
 
ဤသို့အားဖြင့် ယခု ယိုးဒယား၊ လာအိုနယ်၊ ကမ္ဗောဒီးယားနယ်၊ ကိုချင်ချိုင်းနားနယ်အားလုံးကို လွှမ်းမိုးအုပ်ချုပ်ခဲ့သော ကမ္ဗောဇပြည်သည် ရွေ့ပြောင်းနေထိုင်လာကြ ကုန်သော ထိုင်ရှမ်းတို့၏ တိုက်ခိုက်မှုကြောင့် အနောက်ဘက်နှင့် မြောက်ဘက်မှ အဆက်မပြတ် ဆုတ်ခွာလာခဲ့ကြသည်။ အရှေ့ဖက်တွင်လည်းအရှေ့ဘက်တွင်လည်း မြောက်ဘက်မှဆင်းလာသော အာနမ်လူမျို့းတို့၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာပေးခဲ့ကြရာ အာနမ်တို့သည် ၁၇ ရာစုလောက်မှစ၍ ကိုချင်ချိုင်းနားနယ်တွင် အခြေစိုက်မိကြလေသည်ဟု သမိုင်းဆရာကျော် ဟင်နရီမတ်စပါရိုးက မှတ်ချက်ချထားလေသည်။ ထိုင်ရှမ်းတို့အဆက်မပြတ် တိုက်ခိုက်သည့်အပြင် မြို့တဝိုက်ကို ရေလွှမ်းမိုးသောကြောင့် ခမာတို့မှာ ၁၅ ရာစုလောက်တွင် ခမ်းနားကြီးကျယ်လှသော အင်းကောမြို့ကို စွန့်လွှတ်ထွက်ခွာရွေ့ပြောင်းခဲ့ကြသဖြင့် ကာလကြာမြင့်သော် မြို့ကြီးမှာ ထူထပ်သော သစ်ပင်တို့အတွင်း၌ ပျက်စီးခြင်းသို့တိုင်ခဲ့ရလေသည်။ ဤသည်ကား ခမာတို့၏ တန်ခိုးအာဏာ လုံးဝပျက်စီးခြင်း ဖြစ်သည်သာမက လွတ်လပ်ရေးလည်း ဆုံးရှုံးခဲ့ရသော အချက်ဖြစ်သည်။ နောင်နှစ်ပေါင်း ၄၀၀ မျှ ခမာတို့မှာ မဲခေါင်မြစ်ဝတွင် ပြည်ငယ်ပြည်သိမ် အဖြစ်ဖြင့် အာနမ်နှင့် ယိုးဒယားသို့ တလှည့်စီ အခွန်ပဏ္ဏာ ဆက်၍ နေလာခဲ့ရသည်။ ၁၈၄၄ မှ ၁၈၆၇ ခုထိမူ ယိုးဒယား၏ လက်အောက်ခံ ဖြစ်ခဲ့ရသည်။ ၁၈၆၇ ခုမှစ၍ ပြင်သစ်တို့၏ အုပ်ထိန်းခံ နယ်အဖြစ်ဖြင့် တည်တံ့ခဲ့၏။ သမိုင်းတစ်လျောက်လုံးပင် မိမိတို့ ဘုရင်နှင့် နေလာခဲ့သော်လည်း အုပ်ချုပ်မှု အာဏာမှာမူ ကာကွယ်ပေးသည်ဆိုသော ယိုးဒယားနှင့် ပြင်သစ်ကိုယ်စားလှယ် အရာရှိတို့၏ လက်တွင်း၌ ရှိခဲ့ပေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပြီးနောက် ၁၉၅၄ ခုနှစ်ရောက်မှ ခမာတို့သည် လွတ်လပ်ရေးကို ရရှိကာ ကမ္ဗောဇနိုင်ငံမှာလည်း တကယ်လွတ်လပ်သော အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့လေသည်။
 
=== ခမာယဉ်ကျေးမှု ===
သမာရိုးကျ ဝတ်စားဆင်ယင်မှုမှာ လှပပေသည်။ တောက်ပြောင်၍ အရောင်စုံသော စမ်းပေါ့ ခေါ် ခါးဝတ်ကို လှပစွာ ခါးတောင်းကျိုက် ဝတ်ဆင်တတ်ကြသည်။ အမျိုးသားတို့မှာ ကိုယ်ကျပ်လက်ရှည် အင်္ကျီတို့ကို ဆင်မြန်းကြ၍ အမျိုးသမီးတို့မှာ လှပသော ပုဝါရှည်များကို ခြုံကြလေသည်။
 
ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်သူများ ဖြစ်သည့်အတိုင်း မြန်မာနိုင်ငံမှာ ကဲ့သို့ပင် ဘုန်းတော်ကြီးကျောင်းများမှာ ခမာတို့၏ လူမှုရေး ဗဟိုဌာနများ ဖြစ်ကြသည်။ အာရှအရှေ့တောင်ပိုင်းရှိ အခြားနိုင်ငံသားတို့ ကဲ့သို့ပင် စစ်ပြီးနောက် တစ်ခေတ်အတွင်း ခမာတို့မှ အဖက်ဖက်မှအဘက်ဘက်မှ ကြိုးစား၍ တိုးတက်လျှက်တိုးတက်လျက် ရှိကြပေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-၂၊ အတွဲ(ခ)၊ ဦးဘရှင်ရေးသားသည့် အခန်း</ref>
 
== ကိုးကား ==
၃၄၂၆၂

တည်းဖြတ်မှုများ