ဗဆွေ (ဝန်ကြီးချုပ်ဟောင်း): တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ခဲ့ပါသည် +ခဲ့သည်)
အရေးမကြီး (ဗဆွေ၊ ဦး၊ ဝန်ကြီးချုပ်ဟောင်း စာမျက်နှာကို ဗဆွေ (ဝန်ကြီးချုပ်ဟောင်း) သို့ Dr Lotus Blackက ရွှေ့ခဲ့သည်)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ခဲ့ပါသည် +ခဲ့သည်))
 
၁၉၅၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ တွင် အတိုက်အခံ အမတ်များမှ ဖဆပလ အစိုးရအား [[အယုံအကြည် မရှိကြောင်း အဆို]]တင် သွင်းခဲ့သည်။ လွှတ်တော်အမတ် [[ဦးအေးမောင်(ပြည်)]]က အဆိုတင်သွင်း၍ [[သခင်ချစ်မောင်]] အပါအဝင် အမတ် ၁၀ ဦးက ထောက်ခံခဲ့သည်။ ဤသို့ဖြင့် နှစ်ပေါင်းများစွာ အတူတကွ လက်တွဲ၍ မြန်မာပြည် ကောင်းစားရေး အတွက် ကြိုးပမ်းခဲ့ကြသော ပုဂ္ဂိုလ်များ ၏ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ များကြောင့် လွတ်လပ်ရေး ရပြီး ၁၀ နှစ်အတွင်း စည်းလုံးမှု ပြိုကွဲသွားရသည်။ နု-တင် အုပ်စု နှင့် ဆွေ-ငြိမ်း အုပ်စု ဟူ၍ ကွဲပြားသွားခဲ့သည်။ ဦးဗဆွေက ပါတီတည်မြဲရေး ကို အဓိက ရည်ရွယ်ခဲ့သူ ဖြစ်၍ ၎င်းတို့ပါတီအား [[တည်မြဲဖဆပလ]] ဟု ခေါ်ဆိုကာ ဦးနု က ၎င်း၏ပါတီ သန့်ရှင်းရေး အတွက် [[သန့်ရှင်းဖဆပလ]] ဟူသော အမည်ကို ခံယူခဲ့ကြသည်။ ဦးနု နှင့် ဦးကျော်ငြိမ်းတို့ ၏ [[ပဋိပက္ခ]] ပြင်းထန် လာချိန်တွင် ဦးကျော်ငြိမ်း နှင့် [[သခင်တင်]] အုပ်စု တို့၏ ပဋိပက္ခမှာလည်း ပြင်းထန်လာခဲ့သည်။ ထို့ကြောင့် ၁၉၅၈ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပသော ရန်ကုန် ခရိုင် ဆိုရှယ်လစ် ပါတီ အစည်းအဝေး တွင်လည်း ဖဆပလတွင် ဂိုဏ်းဂဏ နှင့် အုပ်စုများ ရှိနေကြောင်း၊ ကိုယ့်လူ သူ့ဂိုဏ်း များကို တိုက်ဖျက်ပစ်ရမည်ဟု ဒုတိယ ဥက္ကဋ္ဌ ဦးဗဆွေ မှ ထုတ်ဖော် ပြောကြားခဲ့သည်။ <ref> ထွန်းနေ့စဉ်သတင်းစာ၊ (၂၀ ဇန်နဝါရီလ ၁၉၅၈ ) စာ ၁၅၊ </ref> ၁၉၅၈ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဦးဗဆွေ နှင့် ဦးကျော်ငြိမ်း တို့သည် ဦးနု ထံ [[စာ]]တစ်စောင် ပေးပို့ခဲ့သည်။ ၎င်းစာတွင် လွှတ်တော် အစည်းအဝေး မတိုင်မီ မေလ ၃၁ ရက်နေ့ သို့မဟုတ် ဇွန်လ ၁ ရက်နေ့ထက် နောက်မကျစေဘဲ လေးဦး ကော်မတီ တွေ့ဆုံဆွေးနွေး နိုင်ရေးအတွက် အချိန် ကန့်သတ် ပေးရန် တောင်းခံ ခဲ့လေသည်။ ဝန်ကြီးချုပ် ဦးနုသည် မေလ ၃၁ ရက်နေ့ ရက်စွဲဖြင့် အကြောင်း ပြန်ခဲ့သည်။ ပြန်ကြားစာတွင် ၁၉၅၈ ခုနှစ် မေလ ၃ ရက်နေ့ ဖဆပလ အလုပ် အမှုဆောင် အစည်းအဝေးတွင် ဖဆပလ ဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ရန် သတ်မှတ်ခြင်း မရှိခဲ့ကြောင်း၊ ၎င်းအပြင် ဖဆပလအား တစ်ဖက်အုပ်စုသို့ ပေးရန် သဘော မတူကြောင်း ကို ၁၉၅၈ ခုနှစ်၊ မေလ ၅ ရက်နေ့ တွင် [[ဦးအုန်းမောင်]] မှ တစ်ဆင့် ဦးကျော်ငြိမ်း သို့ ပြန်ကြားပြီး ဖြစ်ကြောင်း၊ နု-တင်-ဆွေ-ငြိမ်း လေးဦး ကော်မတီ တွေ့ဆုံရေး နှင့် ပတ်သက်၍ ကတိပေးထားသည့် အတိုင်း ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့် မေလ ၃၁ ရက်နေ့ ညနေတွင် ဝန်ကြီးချုပ် အိမ်၌ တွေ့ဆုံမည် ဖြစ်ကြောင်းပါရှိသည်။ နု-တင်နှင့် ဆွေ-ငြိမ်း အုပ်စု နှစ်ခုလုံးသည် တစ်ဖက်အုပ်စု ကို အနိုင်ရရေး အတွက် [[နိုင်ငံရေး ပရိယာယ်]] ကြယ်ဝစွာ ကြိုးပမ်းသကဲ့သို့ လွှတ်တော်အမတ်များ ကိုလည်း နည်း အမျိုးမျိုးဖြင့် မဲဆွယ် စည်းရုံး ခဲ့ကြသည်။ ၁၉၅၈ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ဦးဗဆွေသည် ဦးနု ဦးဆောင်သော အစိုးရအဖွဲ့ အား အယုံအကြည် မရှိကြောင်း အဆို တင်သွင်းရာ ၈ မဲအကွာဖြင့် ရှုံးနှိမ့်ခဲ့သည်။
[[ရှမ်းပြည်နယ်]]မှ ကိုယ်စားလှယ်များသည် ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးဗဆွေ နှင့် ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးကြသည်။ ဦးဗဆွေ မှ [[ဖက်ဒရယ်မူ]] ကို မိမိတစ်ဦးတည်း ပုဂ္ဂိုလ်တစ်ဦး တည်းအနေဖြင့် နှစ်ခြိုက် ထောက်ခံကြောင်း၊ သို့သော် ဖက်ဒရယ်မူ ဖြစ်ပေါ်လာစေရန် ဖန်တီး ပေးပုံကိုမူ မကြိုက်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် ဖက်ဒရယ်မူ အကြောင်း အပါအဝင် လူမျိုးရေး [[အဓိကရုဏ်း]] မဖြစ်ရေး နှင့် စိတ်ဝမ်း မကွဲပြားရေး များကို ဆွေးနွေး ခဲ့ကြသည်။ <ref> ကြေးမုံသတင်းစာ၊ ( ၉ ဇူလိုင် ၁၉၆၁) စာ ၁၊ ၁၅။ </ref>
 
၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ဖယ်ဒရယ်မူနှင့်ပက်သက်၍ ဦးဗဆွေမှ '''တိုင်းရင်းသားများသည် တစ်ဆွေ တစ်မျိုးတည်း ဖြစ်ခဲ့ကြပုံ၊ ပြည်ထောင်စု မြန်မာနိုင်ငံရှိ ပြည်နယ်များ နှင့် အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်များ မတူညီမှု အခြေအနေများ ကို နှိုင်းယှဉ်ဖော်ပြသွားပါသည်။ ပြည်နယ် အများစု သည် မဖွံ့ဖြိုး မတိုးတက်ဘဲ နောက်တန်း ကျနေ သကဲ့သို့ ဗမာပြည်မ အချို့ နေရာများတွင်လည်း ဖွံ့ဖြိုးတိုးတက်မှု အလွန် နောက်ကျလျက် ရှိကြောင်းနှင့် အခြေအနေ အရပ်ရပ်ကြောင့် ဒေသအားလုံး အဆင်းရဲခံပြီး ကြိုးစားကြဖို့ လိုသေးကြောင်း၊ တိုင်းရင်းသား အားလုံး လက်တွဲပြီးကြိုးစားကြရင် မအောင်မြင်နိုင်စရာ မရှိကြောင်း''' ရှင်းလင်း ပြောကြားခဲ့ပါသည်။ပြောကြားခဲ့သည်။ <ref>ဦးမြဟန် မြန်မာနိုင်ငံရေး ၁၉၅၈-၁၉၆၂ (စတုတ္ထတွဲ)၊ တွဲဘက်ရေးသူ− ဦးသိန်းလှိုင်၊ ဒု−ကြိမ်၊ (ရန်ကုန်၊ မြန်မာနိုင်ငံ။ ပြန်ကြားရေးဝန်ကြီးဌာန။ ၁၉၉၁) စာ ၁၉၀-၂၀၁၊</ref>
၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် [[ဗုဒ္ဓဘာသာ]] ကို [[နိုင်ငံတော် ဘာသာ]] အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် တိုင်းပြည် မငြိမ်မသက်မှုများ ဖြစ်ခဲ့သည်။ ဝန်ကြီးချုပ် ဦးနု၏ ပြည်ထောင်စု အစိုးရ လက်ထက်တွင် ရှမ်းစော်ဘွား များသည် ဖယ်ဒရယ်မူ ကိုတင်ပြ တောင်းဆိုကာ ဖက်ဒရယ်မူ မရလျှင် ပြည်ထောင်စု မြန်မာနိုင်ငံ မှ ခွဲထွက်မည်ဟု ခြိမ်းခြောက် ခဲ့ကြသဖြင့် [[ပြည်ထောင်စု]] ပြိုကွဲမည့် [[အန္တရာယ်]] ဖြစ်ပေါ် လာခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် [[ဗိုလ်ချုပ်ကြီးနေဝင်း]] ဦးဆောင်သော ဗမာ့တပ်မတော်မှ နိုင်ငံတော် အာဏာကို ထိန်းသိမ်းခဲ့သည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော [[တော်လှန်ရေး ကောင်စီ]]မှ နိုင်ငံအာဏာ ထိန်းသိမ်းခဲ့သည်။ လက်ရှိ အစိုးရ အဖွဲ့ကို ထိန်းသိမ်းရာတွင် ဦးဗဆွေလည်း အဖမ်းခံခဲ့ရသည်။ ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေဝင်း မှ နိုင်ငံရေး ခေါင်းဆောင် ပုဂ္ဂိုလ်ကြီး ၃၃ ဦးအား တွေ့ဆုံရာတွင်လည်း ဦးဗဆွေပါဝင်ခဲ့သည်။ ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ[[ပြည်တွင်း ညီညွတ်ရေး အကြံပေးအဖွဲ့]] ဖွဲ့စည်းခြင်း၊ တော်လှန်ရေး ကောင်စီ ကျေညာချက်အမှတ် ၇၂ ကို ထုတ်ပြန်ခဲ့ပြီး၊ ယင်း အကြံပေး အဖွဲ့ တွင် အထက်ပါ ခေါင်းဆောင် ၃၃ ဦးပါဝင်ခဲ့သည်။ <ref>ချစ်ကြည်ရေး ကြည်ညွန့်၊ ဦးနု− ဦးလောရုံ အပေါင်းပါများနှင့် နယ်ချဲ့ဂိုဏ်း၊ (ရန်ကုန်၊ချစ်ကြည်ရေး စာပေတိုက်။ ၁၉၇၀) စာ ၃၈ </ref>
 
 
==မိသားစု==
ဂျပန်ကို မတော်လှန်မီ ကာလ အတွင်း၌ ပင် [[ကွန်ဗင့်]]ကျောင်းသူ ''နုနု''နှင့် ချစ်ရေးဆိုခဲ့ ပြီး ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ တွင် လက်ထပ်ခဲ့သည်။ ''နုနု'' သည် ''ဒေါ်နုနုဆွေ'' ဟု အမည် တွင် ခဲ့ပါသည်။ခဲ့သည်။ သားသမီး(၁၀)ယောက် ထွန်းကားခဲ့သည်။
 
သားသမီးများမှာ -

လမ်းညွှန်မီနူး