ရှင်မာကုခရစ်ဝင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြပါသည် +ကြသည်)
စာကြောင်း ၁၆ - စာကြောင်း ၁၆ -
'''၂။ ကျမ်းရေးသူ'''
'''၂။ ကျမ်းရေးသူ'''


ကနဦးခရစ်ယာန်စာရေးဆရာအများစုက ဤခရစ်ဝင်ကျမ်းကို ယောဟန်မာကုရေးသား သည်ဟု လက်ခံကြပါသည်။ ယေရုရှလင် မာရိ၏ သားဖြစ်၍ သူတို့နေအိမ်ကို ဗိမာန်တော်အဖြစ်အသုံးပြု သည်။
ကနဦးခရစ်ယာန်စာရေးဆရာအများစုက ဤခရစ်ဝင်ကျမ်းကို ယောဟန်မာကုရေးသား သည်ဟု လက်ခံကြသည်။ ယေရုရှလင် မာရိ၏ သားဖြစ်၍ သူတို့နေအိမ်ကို ဗိမာန်တော်အဖြစ်အသုံးပြု သည်။


အပြင်ပန်းလက္ခဏာအကြောင်းအရာအားဖြင့် ရှင်မာကု လက်ရာဖြစ်ကြောင်း ခိုင်မာသည်။ အေဒီ ၁၁ဝ ခန့်တွင် Papias က John The elder အကြောင်းကိုးကားရေးသား ရာတွင် မာကုသည် ပေတရုနှင့် လက်တွဲသည်။ မာကုက ဤကျမ်းစာကို ရေးသည်ဟုဆိုထားသည်။ Justin Martyr, Irenaeus Tertullian, Clement of Alexandria, Origen နှင့် The Anti Marcionite Prologue များကလည်း မာကု အဖြစ်အသိအမှတ်ပြုကြသည်။
အပြင်ပန်းလက္ခဏာအကြောင်းအရာအားဖြင့် ရှင်မာကု လက်ရာဖြစ်ကြောင်း ခိုင်မာသည်။ အေဒီ ၁၁ဝ ခန့်တွင် Papias က John The elder အကြောင်းကိုးကားရေးသား ရာတွင် မာကုသည် ပေတရုနှင့် လက်တွဲသည်။ မာကုက ဤကျမ်းစာကို ရေးသည်ဟုဆိုထားသည်။ Justin Martyr, Irenaeus Tertullian, Clement of Alexandria, Origen နှင့် The Anti Marcionite Prologue များကလည်း မာကု အဖြစ်အသိအမှတ်ပြုကြသည်။

၀၇:၄၄၊ ၂၈ စက်တင်ဘာ ၂၀၂၁ ရက်နေ့က မူ


၁။ စံတော်မီဝိသေသလက္ခဏာ

ခရစ်ဝင်ကျမ်းများတွင် အတိုဆုံးသော ကျမ်းဖြစ်သည်။ ပါဝင်သော အချက်အလက်များ၏ ၉၀%သည်လည်း ရှင်မဿဲ၊ ရှင်လုကာ ကျမ်များတွင် ပါဝင်သည်။

ဤကျမ်းတွင်ခရစ်ယာန်ယုံကြည်ခြင်းအား အတိုဆုံးနှင့် အရှင်းလင်းဆုံးရေးပြထားသည်။ သာသနာနယ်မြေသစ်သို့ ထိုးဖောက်ရာတွင် ဒေသခံလူများ သဘောပေါက်ခံယူနိုင်အောင် ဘာသာစကား သစ်ဖြင့် အမြဲလိုလို ပြန်ဆိုနေရသောကျမ်းလည်းဖြစ်သည်။

ယုံကြည်ခြင်းကို အသားပေးသည့်အပြင် တက်ကြွသော ဟန်ပန်ရှိ၍ ရောမနှင့် လက် အောက်ခံနယ်သားများအတွက် အထူးရည်ရွယ်ရေးသားသော သတင်းကောင်းဖြစ်သည်။

ရှင်မဿဲနှင့်ရှင်လုကာခရစ်ဝင်ကျမ်းတွင် အနည်းအကျဉ်းသာပါပြသောအကြောင်းအရာများ ကိုလည်း အသေးစိတ်ဖော်ပြသည်။ ဥပမာ တပည့်တော်များအား စိတ်ဆိုး၍ ​​​ဂျေရုဇလင်လမ်းမပေါ်သို့ သခင်ယေရှုလမ်းလျှောက်သည့်အကြောင်းတွေ့ရသည်။ ထိုအဖြစ်အပျက်သည် ပေတရုနှင့် သက်ထက် ဆုံးပေါင်းသင်းသူဖြစ်သောကြောင့် ပေတရုထံမှ ရရှိဟန်တူသည်။ ကျမ်းရေးသားပုံအရ ရှင်မာကုသည် ပေတုရုပြောပြသော ရှေးဟောင်းနှောင်းဖြစ် အဖြစ်အပျက်များကို အသေးစိတ်ပြန်လည် ချယ်မှုန်းခြင်းဖြစ် သည်။

ကျမ်းစာပညာရှင်အများစု ယုံကြည်သည်မှာ ကိုယ်လွတ်ရုန်းပြေးသွားသော လုလင်သည် မာကုဖြစ်သည်ဟု ထင်ကြေးပေးကြသည် (၁၄:၅)။ ထိုအချက်သည် ဤကျမ်းစာ၏ အထင်ရှားဆုံးကျမ်း ပိုဒ်ဖြစ်သည်။ ဤခရစ်ဝင်ကျမ်းကမူ သူကိုတိုင်ဖြစ်ပါသည်ဟု ထုတ်ဖော်ဝန်ခံခြင်းမရှိပါ။ ယောဟန် မာကုသည် ယေရုရှလင်၌ နေစဉ်တွင် ဤအဖြစ်အပျက်ကို ထုတ်ပြောခြင်းမရှိပါ။ အကယ်၍ ထိုသူသည် ရှင်မာကု သာမဟုတ်လျှင် ငယ်ရွယ်သော လုလင်ဟုပြောစရာအကြောင်းရှိမည်မထင်။ သို့ကြောင့် မာကု ဖြစ်မည်ဟု ထင်မှာတ်ကြသည်။

၂။ ကျမ်းရေးသူ

ကနဦးခရစ်ယာန်စာရေးဆရာအများစုက ဤခရစ်ဝင်ကျမ်းကို ယောဟန်မာကုရေးသား သည်ဟု လက်ခံကြသည်။ ယေရုရှလင် မာရိ၏ သားဖြစ်၍ သူတို့နေအိမ်ကို ဗိမာန်တော်အဖြစ်အသုံးပြု သည်။

အပြင်ပန်းလက္ခဏာအကြောင်းအရာအားဖြင့် ရှင်မာကု လက်ရာဖြစ်ကြောင်း ခိုင်မာသည်။ အေဒီ ၁၁ဝ ခန့်တွင် Papias က John The elder အကြောင်းကိုးကားရေးသား ရာတွင် မာကုသည် ပေတရုနှင့် လက်တွဲသည်။ မာကုက ဤကျမ်းစာကို ရေးသည်ဟုဆိုထားသည်။ Justin Martyr, Irenaeus Tertullian, Clement of Alexandria, Origen နှင့် The Anti Marcionite Prologue များကလည်း မာကု အဖြစ်အသိအမှတ်ပြုကြသည်။

အတွင်းသရုပ်အနေဖြင့်လည်း လက်ဦးခရစ်ယာန်ယုံကြည်သူများ၏ ယေရုရှလင်အကြောင်း နှံ့စပ်သူဖြစ်သည်။ (အပေါ်ထပ်၌ ဆွေးနွေးခြင်းအကြောင်းသည် အခြားခရစ်ဝင်များထက် အသေးစိတ် ဖော်ထားသည်။ ထိုသို့ ဖော်ပြနိုင်ခြင်းများလူငယ်လူရွယ်ဖြစ်သောကြောင့် အသေးစိတ်မှတ်မိဟန်ရှိသည်။ သို့ကြောင့် အံ့ဩစရာမဟုတ်)။ ဤကျမ်းသည်အာရမိ သမိုင်းကို ကျောထောက်နောက်ခံထားသည် (ပါလက်စတိုင်းဘသာစကားလုံးသည်)။ ယုဒများ၏ ရိုးရာထုံးတမ်းစဉ်လာနားလည်သည် ကပ်သီးကပ် သတ်အကြောင်းများကို မျက်မြင်သက်သေဖြင့် အသေးစိတ်ဖော်ပြနိုင်သည်။ (တ ၁၀)တွင် ပါရှိသော ပေတရု၏ ဒေသနာများနှင့် ဆင်တူနေသည်။

မာကု၏ ထုံးစံအတိုင်း ရောမထက် လက်တင်စကားလုံးကို ပိုမိုသုံးထားကြောင်းတွေ့ရသည် (ဥပမာ Centurion, Census, Denarius, Legion, And Practorium)။

ကျမ်းစာတအုပ်လုံးတွင် တပါးအမျိုးသား နာမည်မကုဟူသော အမည်ကို (၁၀)ကြိမ်သုံး၍ ယုဒနှင့်တပါးအမျိုးသားစကားရောစပ်ထားသော ယောဟန်မကုဟူသော နာမည်ကို (၃)ကြိမ်သုံးထား သည်။ မာကုဟူသော စကားသည် အစေခံဟုအနက်ရသည်။ ဗာနဗ၏ တူတော်၍ ပထမဦးစွာ ဦးလေးနှင့် ပေါလုနောက်သို့လိုက်ခဲ့သည်။ ဤကျမ်းစာရေးဖြစ်ရန် မာကုအတွက် ပေတရုသည် စံပြအဖြစ်ရပ်တည်ခဲ့ သည်။

၃။ အချိန်ကာလ

ရေးသားသော အချိန်ကာလကို ကျမ်းသုတေသီများက အမျိုးမျိုးပြောကြသည်။ အချိန်ကာ လအတိအကျမပြောနိုင်ပါ။ ယေရုရှလင်ဗိမာန်တော် ပျက်သုဉ်းခြင်းကို တည်မှီ၍ တွက်ချက်သည်။

ရှင်ပေတရုမသေမှီ (၆၄၆၈မတိုင်မီ) တွင် ခရစ်တော်ဘုရား၏ လုပ်ဆောင်ချက်များနှင့် ဟောပြောချက်များအားရေးသားခြင်းဖြစ်သည်။ ပေတရုသေပြီးမှ ပြန်လည်ရေးသားခြင်းလည်း ဖြစ်နိုင် သည်။

ရှင်မာကုခရစ်ကျမ်းကို ပထမဦးဆုံးရေးသားသော ခရစ်ဝင်ကျမ်းစာအဖြစ် ကျမ်းစာသုတေ သီများက ဆိုသည်။ ရှင်လုကာခရစ်ဝင်ကျမ်းတွင် ပါရှိသော တနချို့အချက်များသည် ရှင်မာကုကျမ်းကို ကုန်ကြမ်းအဖြစ်သုံးသည်ဟု ဆိုကြာသည်။ အချို့ကျမ်းစာပညာရှင်များက ၅ဝခုနှစ် အစောပိုင်း ဟုယူဆ သော်လည်း ၅၇-၆ဝဖြစ်ပုံရသည်။

၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

ဤကျမ်းစာတွင် ဘုရားသခင်၏ ပြည့်စုံသော အစေခံခရစ်တော်အကြောင်းကို အံ့ဩဖွယ်ရာ ဖတ်ရှုရမည်။ ကောင်းကင်နိုင်ငံဘုန်းတန်ခိုးများကို ချန်ထား၍ လောကအဖို့ လောကသားများ၏ အစေခံပုံ ကိုတွေ့ရမည် (ဖိ ၂:၇)။ ထိုအကြောင်းမှာ “လူသားသည်သူတပါးကို စေစားခြင်းငှါမလာ။ သူတပါးအစေခံ ခြင်းငှာ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာ၄င်၊ ကြွလာသတည်း” (၁၀:၄၆)ဟူသော ကျမ်းစ ကားသက်သေဖြစ်သည်။

ဘုရားသခင်သားတော်မှ တပါးထိုကဲ့သို့ပြည့်စုံသော အစေခံမျိုးမရှိပါ။ ကိုယ်တိုင်လိုလိုလား လားဖြင့်လူသားများ၏ အစေခံ၊ ပါရမီဖြည့်ဘက်ပြုသည်။ အသက်ရှင်သောဘုရားသားတော်မှ လောက လူသားတော်၏ ဘဝခံယူသည်။ လုပ်ဆောင်သမျှတိုင်းသည် ခမည်းတော်၏ အလိုတော်အတိုင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးစွမ်းအားဖြင့် လုပ်ဆောင်သည်။

ဘုရားသခင်၏ အစေခံ ယောဟန်မာကုသည် အစကောင်းသော်လည်း ခဏတဖြုတ်ပြုတ် ကျခဲ့ဘူးသည် (တ ၁၅:၃-၅၀)။ ထို့နောက် ရာသက်ပန် အမှုတော်ဆက်ကပ်သူဖြစ်သည် (၂တိ ၄:၁၁)။

မာကုခရစ်ဝင်ကျမ်း၏ ဟန်ပန်သည် သွက်လက်ချက်ချာသည် စွမ်းအားရှိသည်။ တိုတောင်း တိကျသည်။ ခရစ်တော်ဘုရား၏ သွန်သင်တော်မူချက်များထက်လုပ်ဆောင်တော်မူချက်များကို ဦးစားပေး သည်။ ပုံဥပမာ ပေးချက် (၄)ခုသာဖော်ပြ၍ အံ့ဖွယ်နိမိတ်လက္ခဏာပြုတော်မူချက် (၁၉)ခုကိုမှတ်တမ်း တင်ထားသည်။

ဤခရစ်ဝင်ကျမ်းကို လေ့လာသောအခါ အချက် (၃)ချက်တွေ့ရှိရမည်။ (၁) ဘာပြောသနည်း (၂)ဘာကိုဆိုလိုသနည်း (၃)ဘာသင်ခန်းစာပေးသနည်းဟူ၍ဖြစ်သည်။ သမ္မာတရားကို ယုံကြည်၍ အစေခံ ကောင်းဖြစ်လိုသူများ အတွက် အဖိုးမဖြတ်နိုင်သော ဧဝံဂေလိသတင်းကောင်းဖြစ်သည်။

ပါဝင်သည့်အချက်များ

၁။ အစေခံ၏ပြင်ဆင်မှု (၁:၁-၁၃)

၂။ အစောပိုင်း ဂါလိလြဒေသတွင် အမှုတော်ဆောင်မှု (၁:၁၄-၃:၁၂)

၃။ တပည့်တော်အဖြစ် ရွေးကောက်သွန်သင်ခြင်း (၃:၁၃-၈:၃၈)

၄။ ယေရုရှလင်ခရီးစဉ် (အခန်း ၉-၁၀)

၅။ ယေရုရှလင်တွင် အမှုတော်ဆောင်ခြင်း (အခန်း ၁၁-၁၂)

၆။ သံလွင်တောင်ပေါ်မိန့်မှာချက် (အခန်း ၁၃)

၇။ ဆင်းရဲဒုက္ခခံခြင်းနှင့် အသေခံတော်မူခြင်း (အခန်း ၁၄၊၁၅)

၈။ အောင်ပွဲခံခြင်း (အခန်း ၁၆)

TAGS: ရှင်မာကုခရစ်ဝင်

ကိုးကား