ဂွားရာနီးဒဏ္ဍာရီ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
အရေးမကြီး Undid edits by Sgagags (talk) to last version by Dr Lotus Black
စာတွဲများ: နောက်ပြန် ပြန်ပြင်ခြင်း SWViewer [1.4]
 
စာကြောင်း ၁ - စာကြောင်း ၁ -
tuabuelaဂွားရာနီးလူမျိုးများသည် အထူးသဖြင့် [[ပါရာဂွေးနိုင်ငံ]]နှင့် [[အာဂျင်တီးနား]]၊ [[ဘရာဇီး]]၊ [[ဘိုလီးဗီးယား]] နိုင်ငံများ၏ ဘေးပတ်ဝန်းကျင်ဒေသများဖြစ်သည့် တောင်အမေရိကတိုက်၏ တောင်-အလယ်ပိုင်းတခွင်တွင် နေထိုင်ကြသည်။
ဂွားရာနီးလူမျိုးများသည် အထူးသဖြင့် [[ပါရာဂွေးနိုင်ငံ]]နှင့် [[အာဂျင်တီးနား]]၊ [[ဘရာဇီး]]၊ [[ဘိုလီးဗီးယား]] နိုင်ငံများ၏ ဘေးပတ်ဝန်းကျင်ဒေသများဖြစ်သည့် တောင်အမေရိကတိုက်၏ တောင်-အလယ်ပိုင်းတခွင်တွင် နေထိုင်ကြသည်။


==အကျဉ်းဖော်ပြချက်==
==အကျဉ်းဖော်ပြချက်==

၁၆:၁၄၊ ၂၅ စက်တင်ဘာ ၂၀၂၁ က နောက်ဆုံး တည်းဖြတ်မူ

ဂွားရာနီးလူမျိုးများသည် အထူးသဖြင့် ပါရာဂွေးနိုင်ငံနှင့် အာဂျင်တီးနားဘရာဇီးဘိုလီးဗီးယား နိုင်ငံများ၏ ဘေးပတ်ဝန်းကျင်ဒေသများဖြစ်သည့် တောင်အမေရိကတိုက်၏ တောင်-အလယ်ပိုင်းတခွင်တွင် နေထိုင်ကြသည်။

အကျဉ်းဖော်ပြချက်[ပြင်ဆင်ရန်]

ဂွားရာနီးလူမျိုးနှင့်ပတ်သက်၍ ရှေးဟောင်းဒဏ္ဍာရီ၊ ရာဇဝင်များအကြောင်း ရေးသားထားသော မှတ်တမ်းများမရှိပါ။ ခေတ်သစ်ကာလမတိုင်မချင်း ဂွားရာနီးဘာသာစကားသည် အရေးဘာသာစကားအဖြစ် ပေါ်ထွက်လာခြင်းမရှိခဲ့ပေ။ သို့ဖြစ်၍ ၎င်းတို့၏ ဘာသာရေးယုံကြည်ချက်များအားလုံးသည် နှုတ်မှုရေးရာဖြင့်သာ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည်။ နတ်များအကြောင်း၊ ဆက်စပ်ဒဏ္ဍာရီ၊ ရာဇဝင်များသည် ဒေသတစ်ခုနှင့် တစ်ခု ကွာခြားနိုင်၍ ဂွားရာနီးယုံကြည်မှုစနစ်တွင် သတ်သတ်မှတ်မှတ်ရှိသော နတ်ဘုရားတစ်ပါး၏ ပါဝင်သောအခန်းကဏ္ဍကို ပြန်လည်သတ်မှတ်ဖွင့်ဆိုရသည်အထိ ထိုဒေသတွင်း ကွာခြားမှုများသည် အလွန်တရာ ကြီးမားလှသည်။

မူရင်းနေထိုင်သူ ဂွားရာနီးလူမျိုးများစွာသည် ခေတ်သစ်လူမှုအဖွဲ့အစည်းထဲသို့ အဓိကအားဖြင့် ပေါင်းစပ်သွားကြ၍ ခရစ်ယာန်အယူဝါဒသို့ ပြောင်းလဲသွားကြသော်လည်း ဂွားရာနီးဒေသ၏ ကျေးလက်နေသူများစွာတွင် ထိုအဓိကယုံကြည်မှုအချို့ ဆက်လက်တည်ရှိကျင့်သုံးနေဆဲဖြစ်၏ ။ ထို့ကြောင့်ပင် ဤဒဏ္ဍာရီ၊ ရာဇဝင်များသည် ယနေ့ခေတ်အထိ ဆက်လက် တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။

ဂွားရာနီး ဖန်တီးခြင်း ဒဏ္ဍာရီ[ပြင်ဆင်ရန်]

ဖန်တီးခြင်းဆိုင်ရာဒဏ္ဍာရီများစွာတွင် အဓိကပုဂ္ဂိုလ်မှာ 'တူးပ' (Tupã) ခေါ်တွင်သော နတ်ဘုရားအချုပ်ဖြစ်သည်။ လနတ်သမီး 'အရာစီ'၏ အကူအညီဖြင့် 'တူးပ'သည် ပါရာဂွေးနိုင်ငံ၊ အာရဲ့ဂွာဒေသမှ တောင်ကုန်းတစ်ခုပေါ်သို့ ဆင်းသက်လာသည်။ ထိုနေရာမှနေ၍ ကမ္ဘာမြေပေါ်ရှိ တွေ့ရသမျှအရာရာကို ဖန်ဆင်းသည်။ သမုဒ္ဒရာ၊ တောတောင်၊ တိရစ္ဆာန်များ အစရှိသဖြင့် ပါဝင်သည်။ ကြယ်များကို ထိုနေရာရှိ ကောင်းကင်ယံ၌ တည်စေသည်ဟုလည်း ဆိုကြသည်။


တူးပသည် ထို့နောက် လူသားများကို ဖန်တီးရာ ဂွားရာနီးတို့မှာ ပထမဆုံးမျိုးနွယ်ဖြစ်၏ဟူ၍ ထိုဒဏ္ဍာရီများက ဆို၏ ။ ထို့နောက်မှ အခြားလူ့ယဉ်ကျေးမှုများသည် ဂွားရာနီးတို့မှ ဆင်းသက်ဖြစ်ပေါ်ခဲ့သည်။ ဖန်တီးရာ၌ အသေးစိတ်ပြုပြင်စီရင်သည့် အနေအထားဖြင့် လူသားအမျိုးသား၊ အမျိုးသမီးရွှံ့ရုပ်တုများပြုလုပ်၍ သဘာဝတရား၏ အခြေခံအခြင်းအရာများစွာကို ပေါင်းစပ်ထည့်သွင်းသည်။ လူသား(ရုပ်တု)ပုံစံများထဲသို့ 'အသက်' မှုတ်သွင်းလိုက်ပြီးနောက် ထိုသူများထံတွင် 'အကောင်း၊ အဆိုး' ဝိဉာဉ်များ ထား၍ထွက်ခွာသွားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]