"ဂဠုန်ဆရာစံ" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၁၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၂ လ
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရုပ်ထု +ရုပ်တု))
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
==ဘီလူးကျွန်း၊ ကမာမိုကျေးရွာတွင် နေထိုင်သွားခဲ့သည့်==
တောင်သူလယ်သမားခေါင်းဆောင်[[ဆရာစံ]]အကြောင်း
မြင့်မိုရ်တောင်နှင့်ဆီးစေ့ပမာ လက်နက်အင်အားချင်းကွာခြားလှသော ဗြိတိသျှနယ်ချဲ့အစိုးရကိုအာခံကာ ခုခံတော်လှန်ခဲ့သည့် ရဲရဲတောက် အာဇာနည် ပုဂ္ဂိုလ်ထူးမှာ လယ်သမားခေါင်းဆောင်ကြီး ‘သုပဏ္ဏကဂဠုနရာဇာ’ ဘွဲ့ခံ ဆရာစံပင်ဖြစ်သည်။ဆရာစံကိုဆရာစံပင်ဖြစ်သည်။ ဆရာစံကို မြန်မာသက္ကရာဇ်၁၂၃၈ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ရက် (ခရစ် ၁၈၇၆ အောက်တိုဘာ ၂၄) အင်္ဂါနေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မူးချောင်းအနောက်ဘက်ကမ်းရှိ သရက်ကန်အရှေ့ကန်ရွာ၌ အဖ တောင်သူလယ်သမားကြီး ဦးကြေး၊ အမိ ဒေါ်ဖက်တို့မှ ဖွားမြင်ခဲ့သည်။
 
ဆရာစံ၏မိခင်မှာ ပုဂံမင်းလက်ထက်နှင့် မင်းတုန်းမင်းလက်ထက်များတွင် နန်းတွင်းအပျိုးတော်ဖြစ်သည်။နန်းတွင်းအပျိုတော်ဖြစ်သည်။ ဆရာစံမှာ ဦးကြေးနှင့် ဒေါ်ဖက်တို့ ၏ သားသမီး ငါးယောက်အနက် အထွေးဆုံးသားဖြစ်သည်။ ဆရာစံ၏ငယ်မည်မှာ မောင်ရာကျော် ခေါ် မောင်စံရှားဖြစ်သည်။ ဆရာစံ၏ မွေးချင်းများမှာ ကိုရာကြူး၊ မအေးမြင့် နှင့် မအေးဆင့်တို့ဖြစ်သည်။ သို့သော် ဆရာစံဖခင် ဦးကြေးသည် ဒေါ်ဖက်နှင့် အကြောင်းမပါမီက ဒေါ်ဌေးနှင့် ပထမအိမ်ထောင်ပြု၍ သမီးမရွက် ထွန်းကားခဲ့သည်။ ပထမဇနီး ဒေါ်ဌေးကွယ်လွန်ပြီးမှ ဆရာစံမိခင် ဒေါ်ဖက်နှင့် အကြောင်းပါ ခဲ့ခြင်းဖြစ်သည်။
 
ဆရာစံသည် အသက် ၅ နှစ်သားအရွယ် ၁၈၈၁ခုနှစ်တွင် ရွှေဘိုနယ် မင်းကုန်းကျောင်းဦး မင်္ဂလာဆရာတော်ထံတွင် ပညာစတင်သင်ကြား ခဲ့လေသည်။ ခုနစ်နှစ် သားအရွယ်တွင် မြင်းသူကြီးရွာ ဘုန်းကြီးဦးကလျာဏကျောင်း၌ ဆက်လက်သင်ယူသည်။ သရက်ကန်အရှေ့ရွာ၊ အနောက်ရွာကြားတွင်ရှိသော ဦးသူရိယ အုတ်ကျောင်း၌ ပညာသင်ယူနေစဉ် အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီးကွယ်လွန်ခဲ့လေသည်။ ၁၈၉၁ခုနှစ်တွင် ရှင်သာမဏေ (၁) နှစ်ကျော် ဝတ်သည်။ထို့နောက်ဝတ်သည်။ ထို့နောက် ဆရာစံသည် အသက် ၁၆ နှစ်တွင် ရဟန်းဘောင်မှ လူထွက်၍ မိုးကုတ်မြို့ သို့တက်၍ ဆေးကု၊ ဇာတာဖွဲ့ဖြင့် အသက်ဝမ်းပြုခဲ့သည်။အသက်ဝမ်းကျောင်းပြုခဲ့သည်။ ဆရာစံသည် အောက်ပြည်အောက်ရွာသို့ဆင်း၍ အလုပ်အကိုင်ရှာဖွေနေစဉ် သူ့အသက် ၂၀ တွင် မိခင်ကြီးကွယ်လွန်ခဲ့လေသည်။
 
ထိုမှတဖန်ဆရာစံသည်ထိုမှတဖန် ဆရာစံသည် မန္တလေးရတနာဘုမ္မိအရပ်ရှိ မဏိရတနာရာမ မြတောင်တိုက်တွင် သင်္ကန်းဆည်းလျက် ပညာဆည်းပူးခဲ့ပြန်သည်။ ဆရာစံသည် မြတောင်တိုက်တွင် ၂ နှစ်ခန့် ပညာသင်ကြားပြီးနောက် လူထွက်၍ တောင်ငူဘက်သို့ သွားရောက်နေထိုင်ခဲ့လေသည်။ ထိုမှတဆင့် ဖြူးမြို့အရှေ့ဖက်ရှိ ငါးခေါင်းအင်းရွာသို့ အလုပ်အကိုင်ရှာဖွေရန် ခရီးထွက်ခဲ့ပြန်သည်။ ထိုရွာတွင် နေထိုင်စဉ်အတွင်း အညာ ဒေသ ယာဉ်ခြင်းရွာမှရောက်ရှိနေထိုင်သော ဒေါ်ကေနှင့်အကြောင်းပါ၍ မမယ်စိန်နှင့်မောင်ရွှေရင်အမည်ရှိ သမီးတစ်ယောက်နှင့် သားတစ် ယောက် ထွန်းကားခဲ့သည်။ ထို့နောက် ၁၉၀၉ တွင် ကော့ကရိတ်တွင် ရဟန်းခံ၍ ရဟန်းဘဝြဖင့်ရဟန်းဘဝဖြင့် (၂) နှစ်ခန့်နေပြီး လူထွက်သည်။
 
ယင်းနောက် ဆရာစံသည် ရွှေဘိုခရိုင်မှ အောက်ပြည်သို့ စုန်ဆင်း၍ ကော့ကရိတ်၊ အပေါင်၊ ကျွဲခြံ၊ ဘီလူးကျွန်း ကမာမိုရွာတို့တွင် ဆေးဆရာ အဖြစ် လှည့်လည်ဆေးကု၏။ ဆရာစံသည် တိုင်းရင်းဆေးကုရာတွင် နာမည်ကြီး၍ တပည့်တပန်းပေါများသည့်အပြင် ရောဂါ၏လက္ခဏာကို မည်သို့စစ်ဆေးရမည်၊ မည်ကဲ့သို့သော ဆေးဝါးဓာတ်စာတို့ကို ပေးရမည်ဟူသော ကုထုံးအတွက် “လက္ခဏုဇဆေးကျမ်း” ကိုပင် စီရင်ရေး သားသွားခဲ့သည်။စီရင်ရေးသားသွားခဲ့သည်။ ထို့အပြင် လုပ်ရပ်နှင့်ဆိုင်သော “ဝိဇ္ဇာသိပ္ပံအင်္ဂုတ္တကျမ်း”နှင့် “ညာဏောဒီဇဆေးကျမ်း” တို့ကိုလည်း ရေးသားပြုစုခဲ့သည်။ နက္ခတ်ဗေဒင်ဖက်တွင်လည်း ကညော် မွန်ဆရာတော်ထံ နည်းနာခံယူသင်ကြား၍ သင်္ကြန်စာများကိုပင် ဆရာစံအမည်ဖြင့် ထုတ်ဝေခဲ့ဖူး သည်။ ဆရာစံသည် တိုင်းရင်းဆေးပညာအစွယ်အပွားများဖြစ်သည့် အဂ္ဂိရတ်ပညာနှင့် ဗေဒင်နက္ခတ်ပညာတို့ကိုကျွမ်းကျင်ပြီး နောက် ဓာတ်ပညာတွင် အနုစိတ်သည့် ဆေးဝါးဖော်စပ်မှုနှင့်ဆိုင်သော “ညာတောဓိရံကျမ်း” ကို ရေးသားခဲ့သေးသည်။
 
ဆရာစံမှာ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါး၊ အသားညိုညို၊ နှာတံပေါ်ပေါ်နှင့် နှုတ်ခမ်းမွှေးရေးရေးရှိ၏။ စကားပြောတရားဟောလည်း အလွန် ကောင်းသည်ဟု ဆိုကြသည်။
၁၉၃၀ အောက်တိုဘာ ၂၈တွင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့မြောက်အရပ်ရှိ မြစိမ်းတောင်ညိုဘုရားတွင် ဆရာစံသည် လက်ပံပင်မှ ဂဠုန်ငှက်မင်းဟူသော အဓိပ္ပါယ်ဖြင့် ‘သုပဏ္ဏက ဂဠုနရာဇာ’ဘွဲ့ကို ခံယူ၍ ဥပုသ်ကြီးဝင်ခဲ့သည်။ ဆရာစံသည် ဂဠုန်တပ်ဖွဲ့ဝင်များကို ‘က’၊ ‘ခ’ ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ‘က’ ဂဠုန် တပ်ဖွဲ့ဝင်များသည် လက်နက်စွဲကိုင်လျက် နယ်ချဲ့အစိုးရတပ်များကို ရှေ့တန်းမှ တိုက်ခိုက်ရသည်။ အာဏာဖီဆန်သောအနေဖြင့် အစိုးရသစ်တောကြိုးဝိုင်း များအတွင်းသို့ဝင်၍ သစ်ဝါးများခုတ်ကြရမည်။ ‘ခ’ ဂဠုန်တပ်များသည် နောက်ပိုင်းမှ စားနပ်ရိက္ခာများ ထောက်ပံ့ရသည်။ ထို့အပြင် ရှေ့တန်းမှလိုအပ်သော အကူအညီများကို ပေးရမည့်အပြင် ‘က’ ဂဠုန်တပ်ဖွဲ့ဝင်များ တိုက်ပွဲ ကျဆုံးလျှင်သော်လည်းကောင်း၊ ထောင်တန်းကျလျှင်သော်လည်းကောင်း ကျန်ရစ်သူ အိမ်ထောင်စုဝင်များကို ‘ခ’ ဂဠုန်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းစောင့်ရှောက်ရသည်။
 
ဆရာစံသည် တော်လှန်ရေးအတွက် အခိုင်အမာတပ်စွဲရန် အလံတောင်တွင် ၁၉၃၀ ဒီဇင်ဘာ ၂၁ တွင် ဌာနချုပ်ပြုလုပ်ခဲ့သည်။ အလံတောင် သည် သာယာဝတီမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ပဲခူးရိုးမတောင်တန်းတန်းတွင်ပဲခူးရိုးမတောင်တန်းတွင် ရှိသည်။ဆရာစံသည် ဂဠုန်တပ်၏အောင်လံကိုလည်း တီထွင်ခဲ့သည်။ ဂဠုန်တပ်၏အောင်လံမှာ နဂါးကို ဂဠုန်သုတ်နေပုံဖြစ်သည်။ နဂါးသည် နယ် ချဲ့အင်္ဂလိပ်တို့ကို ရည်ညွှန်းထားခြင်းဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ် (နဂါး) ကို ဂဠုန်လာသုတ်သည့်အဓိပ္ပါယ်ဖြင့် စီစဉ်ခြင်းဖြစ်သည်။
 
ဆရာစံ၏ ဂဠုန်တပ်သည် စည်းရုံးရေးဘက်တွင် အားကောင်းသော်လည်း လက်နက်အင်အားဘက်တွင် လွန်စွာချို့တဲ့သည်။ ပုန်ကန်ချိန်၌ သူတို့သည် ခေတ်မီ လက်နက်ဆို၍ ပြည်တွင်းဖြစ် လုပ်သေနတ်အလက်(၃၀)ခန့်သာ ရှိသည်။ ကျန်လက်နက်များမှာ ဓား၊ လှံ၊ ဝါးချွန်၊ ဒူးလေး၊ ကောက်စွ၊ ဝါးရင်းတုတ် စသည်တို့ သာဖြစ်သည်။ ခေတ်မီသေနတ်များသာမက စက်သေနတ်များပင် စွဲကိုင်ထားသော နယ်ချဲ့ဗြိတိသျှစစ်တပ် များကိုနယ်ချဲ့ဗြိတိသျှစစ်တပ်များကို တိုက်ခိုက်ရန်မလွယ်ကြောင်း သူတို့ မသိမ ဟုတ်မသိမဟုတ် သိကြသည်။
 
သို့သော် ထိုစဉ်က တောင်သူလယ်သမားတို့ကလည်း စီးပွားရေးကျပ်တည်းမှုဒဏ်နှင့် အစိုးရ၏ အမျိုးမျိုးနှိပ်စက်ညှင်းပမ်းသောဒဏ်ကို မခံရပ်နိုင်သည့်အတွက် အသက်ရှင်လျက် ဆင်းရဲငတ်ပြတ်ကာနေရခြင်းထက် မိမိထက် အစစအရာရာအင်အားကြီးမားသောရန်သူကို ရှိ သည့်လက်နက်ဖြင့်ရှိသည့်လက်နက်ဖြင့် တွန်းလှန်တိုက်ခိုက်ပြီး ဂုဏ်သိက္ခာရှိရှိသေရခြင်းက မြတ်သည်ဟု ခံယူခဲ့လေသည်။
 
ထိုစဉ်က မြန်မာပြည်ဘုရင်ခံ ဆာချားလ်အင်းနစ်သည် ဘိလပ်သို့ မြန်မာပြည်ပြုပြင်ပြောင်းလဲအုပ်ချုပ်ရေးအတွက် ဘိလပ်ပါလီမန်အစိုးရနှင့် ဆွေးနွေးရန် ခွင့်ယူ၍ ပြန်သွားစဉ် မြန်မာလူမျိုး ဆာဂျေအေမောင်ကြီးအား ခေတ္တဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ ဆာဂျေအေမောင်ကြီးသည် တိုင်းခန်းလှည့်လည်ရင်း သာယာဝတီသို့အရောက် အစိုးရစစ်တပ်များက ကျေးရွာများအား မတရားဖိနှိပ်ရက်စက်မှုများကို ရွာသားတို့က လျှောက်လွှာများရေးသား၍ ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးထံသို့ တိုင်တန်းကြသည်။ သာယာဝတီ ဒီစကြိတ်ကောင်စီလူကြီးများက ဘုရင်ခံထံသို့ဆက်သသော ဧည့်ခံဩဘာစာတွင် ပြည်သူတို့ကြည်ဖြူစွာမပေးလိုသော သဿမေစနှင့်လူခွန်ကိုသဿမေဓနှင့်လူခွန်ကို ဖျက်သိမ်းသင့်ကြောင်း အကြံပေးခဲ့ကြသည်။
 
သို့သော် ဆာဂျေအေမောင်ကြီးက … “အစိုးရစစ်တပ်များက ကျေးရွာများကို နှိပ်စက်သည်ဟု တိုင်တန်းထားသော လျှောက်လွှာများကို ရကြောင်း”၊ ကြောင်း”၊ သဿမေစ နှင့်လူခွန်ကိုသဿမေဓနှင့်လူခွန်ကို အစိုးရက ဖျက်သိမ်းရန် မကြံရွယ်ကြောင်း” ပြောဆိုခဲ့သည်။ ဘုရင်ခံထံမှ ငြင်းဆိုသောစကားကို ကြားရ သောအခါကြားရသောအခါ တောင်သူလယ်သမားတို့အဖို့ “သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး” ဟူသကဲ့သို့ တော်လှန်ပုန်ကန်ရန်မှတပါး အခြားမရှိပြီဟု စိတ်နှလုံး ဒုံးဒုံးချလိုက်ကြလေတော့သည်။ ဤသို့ဖြင့် ဆရာစံ၏အမိန့်ဖြင့် ၁၉၃၀ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ရဲကျော်ထင်ဘွဲ့ရ ဗိုလ်ဘိုးဆော့ ခေါင်းဆောင်သော တောင်သူလယ်သမား ဂဠုန်တပ်ဖွဲ့ဝင်များသည် သာယာဝတီထောင်ဖွင့်ရန် သာယာဝတီမြို့သို့ ချီတက်ရာ စမ်းတွင်းရွာ အနီးတွင် ဇိမ်ဇာရွာသူကြီး ဦးဖိုးညွန့်နှင့် နောက်လိုက်များကို တွေ့ရှိပြီး တိုက်ခိုက်မှုဖြစ်ပွားရာမှ တောင်သူလယ်သမားအရေးတော်ပုံကြီး စတင် ခဲ့လေသည်။စတင်ခဲ့လေသည်။
 
ဤသို့သော အခြေအနေတို့ကြောင့် လယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်ရခြင်းနှင့်ပတ်သက်၍ ထိုစဉ်က နယ်ချဲ့ဗြိတိသျှအစိုးရက သူတို့၏ စာအုပ်ပြာ အစီရင်ခံစာ၌ “မင်းလောင်းရူးနှင့် ဓားပြတစ်စု” တို့၏ထကြွခြင်းသာဖြစ်လေသည်ဟု အရေးတော်ပုံကြီးကို မှေးမှိန်သေး သိမ်စေရန်မှေးမှိန်သေးသိမ်စေရန် ချိုးနှိမ်ဖော်ပြခဲ့လေသည်။
 
နယ်ချဲ့တို့က မည်သို့ပင်ချိုးနှိမ်စေကာမူ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဂဠုန်ပျံဒီပနီဋီကာ၌ -“ဩော်… မြန်မာပြည်တဝှမ်းတွင်ဖြင့် သာယာဝတီစခန်းဆီက အာဇာနည်အစွမ်းတွေ ဟိုလာရင် ရမန်က ဗဟိုရ်ပုလ္လင်ပျံမှာ သမထ မတိမ်းအောင်လို့တဲ့ ဗိုလ်ဝင်ခံကာ မြန်မာ့ကိန်းတွေနှင့် မြစိမ်းတောင်ညိုညိုက ရဂုံစံချင်စရာ တပည့်တို့မှာဖြင့် ဥုံ အရဟံ သစ္စာ ဂတိတွေနှင့်… ဂဠုန် သရဏံ ဂစ္ဆာမိကြလေတော့” ဟု ရေးသားကာ ထောက်ခံအားပေးခဲ့လေသည်။
 
ဗြိတိသျှအစိုးရ၏ အရာရှိတစ်ဦးဖြစ်သော အရေးပိုင် မစ္စတာ မောရစ်ကောလစ် ကလည်း ဗြိတိသျှအစိုးရနှင့် ဆန့်ကျင်ပြီးသူ “မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ” (Trails in Burma) စာအုပ်၌ -“မြန်မာနိုင်ငံတွင် ဗြိတိသျှတို့ မလုပ်သင့်သောလုပ်ငန်းနှစ်ရပ်ကို မှားယွင်းစွာလုပ်ကိုင်ခဲ့ကြလေသည်။ ပထမအချက်မှာ ဗြိတိသျှတို့၏ အကျိုး စီးပွားသက်သက်ကိုသာ ထာဝစဉ်ရှေးရှုထားခြင်းနှင့် ဒုတိယအချက်မှာ မြန်မာတို့အား လူသားအချင်းချင်းဟူ၍ သဘောမထားနိုင်ဘဲ နိမ့်ကျ ယုတ်ညံ့သော တိရိစ္ဆာန်များသဖွယ် သဘောထားပြုမူခြင်းတို့ပင် ဖြစ်လေသည်။ထို့ကြောင့်ဖြစ်လေသည်။ ထို့ကြောင့် ငွေကလည်း မရှိ၊ ကျွမ်းကျင်မှုလည်းမရှိသော မြန်မာတို့မှာ ဖောင်စီးရင်းရေငတ်ဆိုသလို ကိုယ့်မြေပေါ်မှာပင်ဖြစ်လျက် နေစရာမရှိ၊ စားစရာမရှိ ဆင်းရဲငတ်ပြတ်လှ၏။ ထိုမွဲငတ်မှုကြောင့်ပင် မြန်မာတို့မှာ လူရာမဝင်ဖြစ်ခဲ့ရ၏။
 
သို့သော် (၁၉၃၀) ပြည့်နှစ်တွင်ရှိသော အခြေအနေဆိုးများအရ မြန်မာလူမျိုးတို့သည် မိမိတို့အပေါ်တွင် စိတ်ကောင်းထားပါသည်ဆိုသော ဗြိတိသျှအစိုးရ၏စေတနာကို ယုံကြည်နိုင်စရာအကြောင်းမရှိတော့ချေ။ ထို့ကြောင့် လယ်သမားသူပုန်ထပွဲကြီး (ဝါ) လယ်သမားတော်လှန်ရေး ကြီး ပေါ်ပေါက်လာရခြင်းပင်ဖြစ်လေသည်” ဟူ၍ ရေးသားထားလေသည်။
တောင်သူလယ်သမားအရေးတော်ပုံသည် သာယာဝတီနယ် ဇိမ်စာ၊ အင်းကောက်၊ ရေတိုက်၊ ဖားရွှေကျော်၊ ဆီနှစ်ခွ၊ လှည်းလမ်းကူး အစရှိ သော ကျေးရွာများမှ စတင်ကာ ရက်အနည်းငယ်အတွင်း သာယာဝတီနယ်အနှံ့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။
 
နယ်ချဲ့အစိုးတပ်များလည်းနယ်ချဲ့အစိုးရတပ်များလည်း ထိတ်လန့်တုန်လှုပ်သွားကာ အပြင်းအထန်နှိမ်နင်းခဲ့ရသည်။ အခြားနယ်များသို့ တော်လှန်ပုန်ကန်မှုများ မပြန့် ပွားစေရန်လည်းမပြန့်ပွားစေရန်လည်း အစွမ်းကုန်တားဆီးခဲ့ရသည်။ ဗြိတိသျှအစိုးရသည် မည်မျှလောက်ဗျာများသွားသည်ဟူမူ ခွင့်ယူထားသော ဘုရင်ခံ ဆာ ချားလ်အင်းနစ်သည် ခွင့်ရက်မစေ့မီ မြန်မာပြည်သို့အမြန်ပြန်လာရပြီး လှံကျိုး ဓားပဲ့နှင့် ဒူးလေးမှလွဲ၍ လက်နက်ကောင်းဟူ၍ လုံးဝမရှိလုံးဝမရှိသေ သောဂဠုန်တပ်များကိုာဂဠုန်တပ်များကို မြန်မာပြည်ရှိ စစ်တပ်၊ ပုလိပ်တပ်များအပြင် ဘိလပ်မှ ဂေါရာတပ်၊ အိန္ဒိယမှ ပန်ချာပီတပ်များပင်ခေါ်ယူကာ ခေတ်မီ လက်နက်များဖြင့် အပြင်းအထန်နှိမ်နင်းခဲ့ရလေသည်။
 
ခေါင်းဆောင်ကြီးဆရာစံအား ဖမ်းဆီးနိုင်ရန် ဆုငွေ ၅၀၀ဝိ/- ပေးမည်ဟု ၁၉၃၁ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာခဲ့လေသည်။ ထိုမှတဖန် ငါးမည်ရ ဆရာစံ ဆုငွေ ၅၀၀ဝိ မှ ၁၀၀၀၀ ကျပ်အထိတိုးပေးမည်ဟု ဧပြီလ ၂၃ ရက်နေ့တွင် ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။
 
ဆရာစံသည် မူလက ခရိုင်အသီးသီးတွင် တပြိုင်နက်တည်း ထကြွပုန်ကန်ရန် အစီအစဉ်များ ပြုလုပ်ထားသော်လည်း အခြားခရိုင်မှ ပုန်ကန် ထကြွမှုများမရှိသေးဘဲ သာယာဝတီခရိုင်ထဲ၌သာ ပုန်ကန်လျက်ရှိရာ နယ်ချဲ့တပ်များ အလုံးအရင်းနှင့် ဖိ၍တိုက်ခိုက်မှုများကြောင့် ဆရာစံ အားဆရာစံအား အစိုးရတပ်များက လက်ရဖမ်းဆီးသွားမည်ကို စိုးရိမ်သောကြောင့် ခေတ္တခဏမျှ တနေရာသို့ ရှောင်တိမ်းရန် အကြံပေးကြသည်။ ဤသို့ ဖြင့် ဆရာစံသည် အလံတောင်စခန်းကို ဘားမားရိုင်ဖယ်တပ်များ တက်ရောက်သိမ်းပိုက်သည့်နေ့မှာပင် အလံတောင်စခန်းမှ တိမ်းရှောင်သွား ခဲ့သည်။တိမ်းရှောင်သွားခဲ့သည်။
 
၁၉၃၁ခု ဇူလိုင်လတွင် ဆရာစံသည် ရှမ်းပြည်သို့တိမ်းရှောင်၍ ရှမ်းတောင်သူကြီးများနှင့်ဖွဲ့စည်းထားသော ဂဠုန်တပ်များဖြင့် နောင်ချို၊ နောင်ပိန်၊ ရပ်စောက်တို့ရှိ နယ်ချဲ့အစိုးရတပ်များအား ချီတက်တိုက်ခိုက်သည်။
၁၉၃၁ ဩဂုတ် ၁၅ တွင် ဆရာစံအား သာယာဝတီတရားရုံးသို့ ရုံးထုတ်စစ်ဆေး၍ ဩဂုတ်လ ၂၈ ရက်နေ့တွင် တရားသူကြီး မစ္စတာကန်းလခ် (Mr. J.R.E Cunliffe) မစ္စတာဒါဝုဒ် (Mr. A.J. Darwood) နှင့် ဦးဘဦး (နောင်မြန်မာနိုင်ငံသမ္မတကြီး ဒေါက်တာဘဦး) တို့ပါဝင်သည့် တရားရုံးက ဆရာစံအား အိန္ဒိယရာဇသတ်ကြီးပုဒ်မ ၁၂၁ အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှား၍ သေဒဏ်အမိန့်ချမှတ်လိုက်သည်။
 
နယ်ချဲ့အစိုးရသည် ဆရာစံအား အထူးတရားရုံးတွင် စစ်ဆေးစဉ်ကပင် ဆရာစံက မည်သို့မျှ မထုချေဘဲ နေမည်ကိုလည်းကောင်း၊ ထုချေပြန် လျှင်လည်း အင်္ဂလိပ်အစိုးရ၏ ကျွန်ဘဝမှလွတ်မြောက်ရန် တော်လှန်ပုန်ကန်ရပါသည်ဟုလည်းကောင်း ထုချေမည်ကို အထူးစိုးရိမ်ခဲ့သည်။ အကယ်၍ တရားရုံးပေါ်တွင် ဆရာစံက မည်သို့မျှမထုချေဘဲ ရေငုံနှုတ်ပိတ်နေပါက ဆရာစံအား သေဒဏ်အပြစ်ပေးရမည်မှာလည်း အစိုးရအစိုးရအတွက် အတွက်အခက်ဖြစ်နေသည်။အခက်ဖြစ်နေသည်။ ထိုနည်းတူ ဆရာစံအား အပြစ်မှ လွှတ်ရမည်မှာလည်း မဖြစ်နိုင်ပေ။ ထိုသို့ အစိုးရမှာ ဘေးကျပ်နံကျပ်ဖြစ်နေစဉ် ဆရာစံအား ရုံးတင်စစ်ဆေးသောအခါ ဆရာစံသည် တရားရုံးပေါ်၌ ထုချေခဲ့လေသည်။
 
စင်စစ် ဆရာစံထုချေသည်ဆိုသောထုချေလွှာမှာဆရာစံထုချေသည်ဆိုသေ ာထုချေလွှာမှာ ဆရာစံ၏သဘောဆန္ဒအရ ဆရာစံကိုယ်တိုင်ရေးသားထားသော ထုချေလွှာမဟုတ်ပေ။ ဆရာစံဘက်မှ အခမဲ့လိုက်ပါဆောင်ရွက်ခဲ့ကြသော ဒေါက်တာဘမော်နှင့် သာယာဝတီဦးပုတို့က အင်္ဂလိပ်တို့အလိုကျ အင်္ဂလိပ်လိုရေးသား ထားသည့်ထုချေလွှာကို ဆရာစံအား လက်မှတ်ရေးထိုးစေပြီး ဆရာစံကတင်သွင်းသည့်အနေဖြင့် ရေးသားလျှောက်ထားထားခြင်းဖြစ်သည်။
 
ထုချေလွှာတွင် -“ဂဠုန်အဖွဲ့ဝင်အသင်းသားများသည် အဖွဲ့၏ရည်ရွယ်ချက်နှင့် သွေးထွက်သံယိုအကြမ်းမလုပ်ရန် ကွန်ုပ်က အတိအလင်းထုတ်ပြန်သည့် အမိန့်တို့ကိုမနာခံဘဲ အကြမ်းဖက်မှုများပြုလုပ်ကြရန် ဆုံးဖြတ်ခဲ့ကြသည် ဟူ၍လည်းကောင်း၊ အကြမ်းဖက်ရန်တိုက်တွန်းကြသည့် ခေါင်း ဆောင်များကခေါင်းဆောင်များက မိမိတို့ဘက်၌ လူအများပါသည်ကို သိကြသည့်အတိုင်း ကျွန်ုပ်ထံအမိန့်များကိုမလိုက်နာဘဲကျွန်ုပ်ထံ အမိန့်များကိုမလိုက်နာဘဲ ငြင်းဆန်ခဲ့ကြသည် ဟူ၍ လည်းကောင်း၊ ဂဠုန်အဖွဲ့ဝင်အသင်းသားတို့သည် ကျွန်ုပ်၏အမိန့်နှင့် အဖွဲ့၏ရည်ရွယ်ချက်များကို ဆန့်ကျင်လျက်ပြုလုပ်နေကြခြင်းများကို ကျွန်ုပ်တွေ့သောအခါ ထို အသင်းသားများအပေါ်မအုပ်ချုပ်နိုင်တော့ဘဲ အလံတောင်မှ ထွက်ခွာလာသဖြင့် ကျွန်ုပ်သည် ထိုအသင်းသားများ အကြမ်းပတမ်းပြုလုပ် ခြင်းကို ကျွန်ုပ်က မနှစ်သက်သောကြောင့် ထိုအမှုများသည် ကျွန်ုပ်နှင့် ဘာမျှမသက်ဆိုင်တော့ကြောင်း စသည်ဖြင့် ထုချေခဲ့သည်။
 
ဆရာစံသည် အင်္ဂလိပ်အစိုးရအား လူစုက တော်လှန်ပုန်ကန်ခဲ့သည့်အတွက် မည်သည့်နည်းနှင့်မျှ အစိုးရက သူ့အား အသက်ချမ်းသာပေးမည် မဟုတ်သည်ကို နားလည်ပြီးဖြစ်လေသည်။ သို့သော် ဆရာစံသည် ၎င်း၏ ရှေ့နေကြီးများ၏ဆန္ဒအရ ထုချေလွှာကို လက်မှတ်ရေးထိုးခဲ့ရလေ သည်။ အကယ်၍ ဒေါက်တာဘမော်နှင့် ၎င်း သာယာဝတီဦးပုတို့၏ ပယောဂကြောင့်သာမဟုတ်ခဲ့လျှင် ဆရာစံသည် အဆိုပါ အင်္ဂလိပ်လို ရေးသားထားသော ထုချေလွှာကိုလက်မှတ်ရေးထိုးပြီး အင်္ဂလိပ်အစိုးရထံအညံ့ခံသည့်အနေဖြင့် တင်သွင်းလိမ့်မည်မဟုတ်ချေ။ ဒေါက်တာ ဘမော်နှင့် သာယာဝတီဦးပုတို့ကသာ အင်္ဂလိပ်တို့အလိုကျ ဆရာစံကို တဖက်သတ်သိမ်းသွင်း၍ လှည့်ဖြားကာ ထုချေလွှာတင်သွင်းခိုင်းသည့် အတွက် ၎င်းတို့နှစ်ဦးသည်သာ လုံးဝတာဝန်ရှိလေသည်။
 
ထို့ကြောင့် ဦးဘခိုင် (ဖေဘီယန်)က သူ၏ “မြန်မာပြည်နိုင်ငံရေးရာဇဝင်” စာအုပ် စာမျက်နှာ ၁၃၉တွင်-“ဤကိစ္စနှင့်ပတ်သက်၍ ဆရာစံအတွက် ထုချေလွှာတင်သွင်းသော ဒေါက်တာဘမော်နှင့်သာယာဝတီဦးပု အစရှိသောပုဂ္ဂိုလ်ကြီးများက ဆရာစံအတွက် အဘယ့်ကြောင့် ထုချေလွှာရေးသားရသနည်း။ ဆရာစံကြိုးဒဏ်ကလွတ်မည်ဟု မည်သည့်အကြောင်းများဖြင့် ထင်မြင်သ နည်း။ထင်မြင်သနည်း။ ဆရာစံ ဤကဲ့သို့ထုချေလွှာတင်သွင်းလျှင် လွတ်လိမ့်မည်ဟု အဘယ့်ကြောင့် အကြံဉာဏ်ပေးရသည်ကို တိုင်းပြည်အား ရှင်းပြသင့် ပေသည်။ယပေသည်။ ဆရာစံမှာ သေခါနီး အကြံကောင်းဉာဏ်ကောင်းပေးမည့်သူ မရှိသဖြင့် ဝမ်းနည်းဖွယ်ပင်”ဟု ရှေ့နေကြီးများ၏ဆန္ဒအရ ထုချေ လွှာကိုထုချေလွှာကို ဆရာစံလက်မှတ်ထိုးခြင်းနှင့်ပတ်သက်၍ မှတ်ချက်ချထားလေသည်။
 
အကယ်၍ ဆရာစံအတွက် ထုချေလွှာကို ရေးသားခဲ့ကြသည့် ဒေါက်တာဘမော်အမှူးပြုသည့် ရှေ့နေကြီးများက ဆရာစံလွတ်မြောက်စေရန် ဆိုသည့် စိတ်ရင်းစေတနာကောင်းဖြင့် ရေးသားရပါသည်ဟုဆိုပါကလည်း ၁၉၃၁ ဖေဖော်ဝါရီ ၁၂ တွင်ကျင်းပသော ဥပဒေပြုလွှတ်တော် အစည်းအဝေး၌ “ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားမှာ ရှင်းလှပါသည်။ မငြိမ်သက်မှုမှန်သမျှကို အစွမ်းကုန်ချေမှုန်းခဲ့ရပေမည်။ ဤပုန်ကန်ထကြွမှုဤပုန်ကန်ထကြွမှုတွင် တွင် ခေါင်ေးဆာင်ခဲ့သူများကိုလည်းခေါင်းဆောင်ခဲ့သူများကိုလည်း ကြီးမားသော အပြစ်ဒဏ်များကို ပေးရမည်။” ဟု ဘုရင်ခံချားလ်အင်းနစ်စ် ထုတ်ဖော်ကြေညာခဲ့သော ကြေညာချက်ကို အဆိုပါရှေ့နေကြီးများ သတိပြုမိခဲ့ပါသည်။ထို့အပြင်သတိပြုမိခဲ့ပါသည်။ ထို့အပြင် ဒေါက်တာဘမော်သည် အထူးခုံရုံးဥက္ကဋ္ဌတရားသူကြီး မစ္စတာ ကန်းလစ်ဖ်၏ မိတ်ဆွေရင်းတစ်ဦးဖြစ်သည်။ မစ္စတာကန်းလစ်ဖ်က ဒေါက်တာဘမော်အား အခွင့်ကောင်းကြုံကြိုက်စဉ် တရားခံဘက်မှ လိုက်ပါဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်ရေးအတွက် အခွင့်အရေးကောင်းတစ်ခုရနိုင်ကြောင်း ပြောဆိုခဲ့၏။ ထိုအချိန်က ဒေါက်တာဘမော်မှာ နာမည်လူသိ မများသေးသော ဝတ်လုံးတော်ရကလေးဝတ်လုံတော်ရကလေး ဖြစ်သည်။ ဤသို့အခွင့်အရေးရစဉ် နိုင်ငံရေးနယ်ပယ်တွင် ပေါ်လွင်အောင်လုပ်ရန် စိတ်ကူးရခဲ့သည်။ ထို့ကြောင့် အခွင့်ကောင်းတစ်ရပ်အ နေဖြင့်အခွင့်ကောင်းတစ်ရပ်အနေဖြင့် ဆရာစံအတွက် လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
စင်စစ် ဒေါက်တာဘမော်သည် နောင်လာနောက်သားများအတွက် သမိုင်းတွင်ကျန်ရစ်စေရန် ရာဇဝင်ပြောင်မြောက်မည့် စကားလုံးများဖြင့် အစိုးရ၏အပြစ်များကို တရားခွင်တွင်ဖော်ထုတ်ဖွင့်ချရန် ဆရာစံအားအကြံဉာဏ်ကောင်းပေးရမည့်အစား နိုင်ငံရေးခုတုံးလုပ်ကာ ကိုယ်ကျိုး ရှာခဲ့သည်။ ဆရာစံအား နယ်ချဲ့အစိုးရထံ အညံ့ခံစေခြင်းဖြင့် ဆရာစံ၏ဇာတိသွေးဇာတိမာန်ကို သေးသိမ်မှေးမှိန်စေရန် အကြံပေးခဲ့သည့် ဒေါက်တာဘမော်လိုလူမျိုးအား အားကိုးမိသည့် ဆရာစံ၏ အမှားလည်းဖြစ်ပေသည်။ဆရာစံသည် မည်သို့မျှ မချေပဘဲ ရေငုံနှုတ်ပိတ်နေပါက ဤကဲ့သို့ ကြိုးဒဏ်ပေးခြင်းကို ခံရဖို့မရှိချေ။ ကြိုးဒဏ်ခံရစေဦး အင်္ဂလိပ်တို့ အုပ် ချုပ်ခြင်းကိုမနှစ်သက်၍ ခုခံတိုက်ခိုက်ရသည်ဟု ထုချေပါကလည်း စိတ်သက်သာဖွယ်ရှိသေးသည်ဟု ပျော်ဘွယ်သခင်ဗဆွေက သူ၏ “ဗမာ့ပုန်ကန်မှုများ” စာအုပ် စာမျက်နှာ ၁၄၄တွင် သုံးသပ်ထားပေသည်။
 
မည်သို့ဆိုစေ ဆရာစံသည် အင်္ဂလိပ်နယ်ချဲ့အစိုးရက မည်သည့်နည်းနှင့်မဆို သေဒဏ်ပေးခဲ့သည်ကို အစိုးရထံအယူခံဝင်ခြင်း၊ အသနား ခံခြင်းတို့ကို မလုပ်ခဲ့ချေ။ထို့နောက်မလုပ်ခဲ့ချေ။ ထို့နောက် ဟိုက်ကုတ်လွှတ်တော်က ၁၉၃၁ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဆရာစံအမှုနှင့်ပတ်သက်၍ အောက်ရုံးစီရင်ချက်ကို အတည်ပြု ခဲ့သည်။
 
ဒေါက်တာဘမော်အမှူးပြုသည့်အဖွဲ့သည်ဒေါက်တာဘမော် အမှူးပြုသည့်အဖွဲ့သည် ဆရာစံ အနောက်ဘိလပ်ပရီဗီကောင်စီ (ဘုရင့်အကြံပေးကောင်စီ) သို့ ၁၉၃၁ အောက်တိုဘာလ ၂၂ ရက်တွင် အယူခံဝင်ရန် ဖွဲ့စည်းခဲ့ပြန်သည်။
သို့သော် ဘိလပ်ပရီဗီကောင်စီသို့အယူခံဝင်ရန် တင်သွင်းလွှာကိုပယ်ချ၍တင်သွင်းလွှာကို ပယ်ချ၍ ၁၉၃၁ အောက်တိုဘာလ ၂၉ တွင် တရားလွှတ်တော်ချုပ်က ဆရာစံအပေါ်ချမှတ်ထားသည့်သေဒဏ်ကိုဆရာစံအပေါ်ချမှတ်ထားသည့် သေဒဏ်ကို အတည်ပြုခဲ့သည်။
ထို့နောက် တောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ကြီး အာဇာနည် သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံအား သာယာဝတီထောင်တွင် ၁၉၃၁ နိုဝင်ဘာလ ၂၈ ရက် စနေနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကြိုးပေးကွပ်မျက်လိုက်လေသည်။ ကွယ်လွန်ချိန်၌ ဆရာစံသည် အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်သည်။
 
ယင်းသို့ ကြိုးပေးခံရခါနီးတွင် ဆရာစံသည် ကဗျာလင်္ကာ (၄) ပိုဒ်ကို ဖွဲ့ဆိုခဲ့သေးသည်။ ကဗျာမှာ-(၁) မည်သူမည်ဝါ၊ ဤကမ္ဘာတွင် ခန္ဓာခိုင်စွဲ၊မမြဲမှတ်ရာ ၊ လူတံထွာတည်း။
 
(၂) မီးတဆယ့်တစ်၊ ငြိမ်းရဖြစ်သောစစ်စစ်ဧကန် ၊ ပြည်နိဗ္ဗာန်သို့၊အမြန်ထုတ်ခြောက် ၊ မရောက်ရသေး၊လူတဝေးတို့မရောက်ရသေး၊ လူတဝေးတို့ ၊ သေဘေးတွေ့ရ၊ဖြစ်လာအမှန် ၊ ပျက်မြဲပြန်တည်း။
 
(၃) ကြောက်သွေးဟူ၍၊ နှမ်းတစ်စေ့မျှ၊ဝှေ့စိတ်ထဲနှမ်းတစ်စေ့မျှ၊ ဝှေ့စိတ်ထဲရိပ်မဝဲတည့်၊အမြဲမတည်ရိပ်မဝဲတည့်၊ အမြဲမတည် ၊ လူဟူသည်ကား၊မရှည်အသက် ၊ ကြားနေပျက်ကို၊ပြက်ပြက်ထင်ထင် ၊ ငါ့အမြင်တည်း။
 
(၄) ထက်အောက် မြန်မာ၊ လူတကာတို့ ဆရာခေါ်ဆို၊ငါ့ဂုဏ်လိုလျှင်ဆရာခေါ်ဆို၊ ငါ့ဂုဏ်လိုလျှင် ၊ ကြူးပို့သည့်ရုံး၊ ဘယ်သို့ကုံးလည်း၊အဆုံးဆိုရေးဘယ်သို့ကုံးလည်း၊ အဆုံးဆိုရေး ၊ ကြိုးဒဏ်ဘေးနှင့်၊ ဝေးရမည်တည်း။
 
ဆရာစံအား ကြိုးစင်တင်၍သတ်စဉ်က သာယာဝတီထောင်မှူးကလေးအဖြစ်ဆောင်ရွက်ခဲ့သည့် အငြိမ်းစားထောင်ပိုင်ဝန် ဦးစိန်က သူ၏ မျက်မြင်ကိုယ်တွေ့အဖြစ်အပျက်ကို ဤသို့ ပြန်လည်ပြောပြလေသည်။
 
“မနက်ဖြန်ကြိုးပေးတော့မယ်ဆိုတော့ အခုလိုညမှာ ဆရာစံကို ကျနော်တို့ ကြိုးစင်အနီးမှာရှိတဲ့ ကြိုးတိုက် (ယခုသီးခြားတိုက်) ကို ပြောင်း ထားလိုက်ပါတယ်။ အဲဒီညမှာ ဆရာစံဟာ ကောင်းကောင်းအိပ်ပါတယ်။ ဆရာစံအရင် သူပုန်အမှုနဲ့ ကြိုးပေးတဲ့လူပေါင်းဟာ သာယာဝတီ ထောင်ထဲမှာ ၁၀၀ အတွင်းမှာရှိပါတယ်။ တရာခံကြိုးပေးတော့တရားခံကြိုးပေးတော့ ကျနော်အနားမှာ ရှိပါတယ်။ ကျနော်နဲ့ဆိုရင် နှစ်တောင်လောက်ပဲဝေးပါ တယ်။နှစ်တောင်လောက်ပဲဝေးပါတယ်။ ဆရာစံကြိုးပေးတဲ့နေရာကတော့ အခုလက်ရှိသာယာဝတီထောင်က ကြိုးစင်အဟောင်းပါပဲ။ အခုထက်ထိ ရှိပါသေးတယ်။ ပြောင်းလဲ မှုမရှိပါဘူး။ ကြိုးသမားတက်လိုက်လို့ရှိရင် နှစ်စင်ရှိတဲ့အနက် ဝဲဘက်ကစင်ဖြစ်ပါတယ်။ ကြိုးပေးတဲ့နေ့က ဟိုတုန်းက ဒုတိယကအရေး ပိုင်ဖြစ်တဲ့ ဦးကျော်ကိုယ်တိုင်တက်ရောက်ပါတယ်။ လက်ပံတန်းက မြူနီစပါယ်လူကြီးများ၊ အထူး အာဏာရတရားသူကြီးများ၊ သုံးဆယ်က သူကြီးများ၊ အခြားထင်ရှားသူ ၂၀လောက် ရှိပါလိမ့်မယ်။
 
ရက်တော့ ကျနော် ကောင်းကောင်း မမှတ်မိပါဘူး။ အချိန်တော့ နံနက် ၅နာရီ ၄၅မိနစ်လောက် ရှိပါလိမ့်မယ်။ အကျဉ်းသားနှစ်ယောက် ကြိုးတိုက်က ဆရာစံကို ထုတ်ရပါတယ်။ တစ်ယောက်က ကြိုးတုတ်အင်္ကျီခေါ်တဲ့ တိုက်ထုတ်အင်္ကျီကို ဝတ်ပေးပြီးတော့ လက်ထပ်ကိုလက်ထိပ်ကို နောက်ပြန်ခတ်ပြီး တံတောင်ဆစ်ကွေးကနေပြီးတော့ နောက်ပြန်ကြိုးချည်လိုက်ပါတယ်။ ကြိုးစင်တက်တယ် ဆိုတာကတော့ လှေကားလည်း မဟုတ်ပါဘူး။
 
ကုန်းမြင့်ကလေးကို တက်သွားတာပါပဲ။
ဆရာစံက ဘာစပြောသလဲဆိုတော့ “အမျိုးဘာသာ၊ သာသနာ၊ ပညာကြီးပွားရာ ကြီးပွားကြောင်းဆောင်ရွက်လို့ အခုလိုကြုံတွေ့ရတာပဲ၊ သုခလို့ မှတ်ပါတယ်၊ ဖယ်ပေးကြ၊ ငါ့ဟာငါတက်မယ်” ဆိုပြီး အနားမှာတွဲထားတဲ့အကျဉ်းသားနှစ်ယောက်ကို ဖယ်လိုက်ပြီး တွန်းပစ်လိုက်ပါတယ်။ ပြီးတော့ သူ့ဟာသူ တက်သွားပါတယ်။ ဒါပေမယ့် အကျဉ်းသားနှစ်ယောက်ကတော့ အနားက ဖေးဖေးမမခေါ်သွားတာပဲ။ ခေါ်သွားတဲ့အခါကျတော့ ကြိုးစင်ပေါ် လည်းရောက်ရော အနားမှာရှိတဲ့ဧည့်သည်တွေကို နှုတ်ဆက်သွားတယ်။ “သွားပြီ” တဲ့။ “ဖြစ်လေရာဘဝမှာ အင်္ဂလိပ်ကို အနိုင်ရတဲ့ကိုယ် ဖြစ်ပါစေ” လို့ဆိုပြီး ဆုတောင်းသွားပါတယ်ဗျာ။
 
ဆရာစံ ဆုတောင်းလည်းပြီးရော မျက်နှာဖုံးလို့ခေါ်တဲ့ ခေါင်းစွပ်အိတ်ကြီးစွပ်ပေးပြီး လည် ပင်းကြိုးတပ် ဒေါက်ဖြုတ်ချလိုက်ပါတယ်၏”ဒေါက်ဖြုတ်ချလိုက်ပါတယ်” ဟု ကြေကွဲစွာ ပြောပြလေသည်။ ဆရာစံအလောင်းကို သာယာဝတီထောင်အနီးရှိ သာယာဝတီသုဿန်၌ပင် မြေမြှုပ်သင်္ဂြိုဟ်ထားလေသည်။
 
ဆရာစံကွယ်လွန်သော်လည်း အခြားဂဠုန်တပ်သားများ၏ တော်လှန်ပုန်ကန်မှုတို့မှာမရပ်သေးဘဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ နယ်ချဲ့ တပ်များ၏ အပြင်းအထန်နှိမ်နင်းမှုများကြောင့် သေကြေထိခိုက်ဒဏ်ရာရသူများမှာလည်း မနည်းလှပေ။
 
၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမားအရေးတော်ပုံကြီး ဆင်နွှဲမှုနှင့်ပတ်သက်၍ ဗြိတိသျှအစိုးရ၏ အစီရင်ခံစာအရ-၁၉၂၉ – ၃၀ တွင် ကြိုးဒဏ်ခံရသူပေါင်း ၇၆ ယောက် တသက်တကျွန်းပြစ်ဒဏ်ခံရသူပေါင်း ၂၁၈ ယောက်ရှိခဲ့သည်။၁၉၃၀ယောက်ရှိခဲ့သည်။ ၁၉၃၀ – ၃၁ တွင် ကြိုးဒဏ်ကျခံရသူပေါင်း ၁၄၄ ယောက်၊ တသက်တကျွန်းကျခံရသူ ၁၈၆ ယောက်။၁၉၃၁ယောက်။ ၁၉၃၁ -၃၂ တွင် ကြိုးဒဏ်ကျခံရသူပေါင်း ၁၁၂ ယောက်၊ တသက်တကျွန်းပြစ်ဒဏ်ခံရသူပေါင်း ၄၈၆ ယောက်ရှိကြောင်း ဖော်ပြထားသည်။
 
ဆရာစံ၏ တောင်သူလယ်သမားအရေးတော်ပုံကြီးအရေးနိမ့်ခဲ့ရသည်မှာ ထိုစဉ်က လက်နက်အင်အားမညီမျှခြင်း၊ ဝါဒရေးရာအားဖြင့် ခေတ်မီသော သဘောတရားမရှိခြင်း၊ နိုင်ငံရေးပါတီ တခုခုက ဦးဆောင်မှုမရှိခဲ့ခြင်း၊ ပြည်သူတရပ်လုံးကို စည်းရုံးနိုင်စွမ်းမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု သမိုင်းသုတေသီတို့က သုံးသပ်တင်ပြခဲ့ကြသည်။
၂၃၁၂

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး