"ကျန်စစ်သား" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၄၃၄ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ လ
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
ပုဂံထီးနန်းကို ကျန်စစ်သားရခြင်းမှာ ရန်သူ့လက်သို့ ပုဂံပြည်ကြီး ကျဆုံးလုနီးအခြေမှ မိမိကိုယ်တိုင် ကယ်တင်နိုင်၍ ရခြင်းဖြစ်သည်။ ကျန်စစ်သားသည် ပုဂံထီးနန်းကို မဆက်စံမီ ပုဂံတွင် [[စောလူးမင်း]](မင်းလုလင်) အုပ်စိုးလျက် ရှိသည်။ စောလူးမင်းသည် အနော်ရထာမင်း လွန်တော်မူပြီးနောက် ဆက်ခံစိုးစံသောမင်း ဖြစ်သည်။
 
ထိုအခါက တိုင်းပြည်၏အခြေအနေမှာ ကမ္ပည်းကျောက်စာ သုတေသီတို့၏ အလိုအရ ထိုခေတ်ပုဂံပြည်နှင့် နိုင်ငံတော် အဝန်းတွင် မြန်မာလူမျိုး၊ ပျူလူမျိုး၊ မွန်လူမျိုးတို့သည် လူမျိုးစုကြီးများအဖြစ် နေထိုင်ကြ သည်ဟု၎င်း၊သည်ဟုလည်းကောင်း၊ ထေရဝါဒ ထွန်းကားလာပြီဟု၎င်း၊ထွန်းကားလာပြီဟုလည်းကောင်း၊ [[ရှင်အရဟံ]](မဟာထေရ်)သည် သာသနာတော် စီးပွားကို ဆောင်ရွက်လျက်ပင် ရှိသည်ဟု၎င်း၊ရှိသည်ဟုလည်းကောင်း၊ ထေရဝါဒအပြင် မဟာယာနဂိုဏ်းနှင့် တန္တြဂိုဏ်းတို့ ရှိနေသည်ဟု၎င်း၊ရှိနေသည်ဟုလည်းကောင်း၊ ဗုဒ္ဓအယူမှ တစ်ပါးဖြစ်သော ပိဿနိုး ကိုးကွယ်သောအယူ၊ နဂါးကိုးကွယ်သောအယူ၊ နတ်ကိုးကွယ်သောအယူတို့ ရှိနေသည်ဟု၎င်း၊ရှိနေသည်ဟုလည်းကောင်း၊ စကားနှင့် စာပေအရာတွင် မြန်မာဘာသာ၊ ပျူဘာသာ၊ မွန်ဘာသာတို့ကို ရေးသားပြောဆို နေကြသည်ဟု၎င်းနေကြသည်ဟုလည်းကောင်း ယူဆနိုင်သည်။ ပုဂံပြည်၌ သထုံ မနူဟာ(မကုတ)မင်း၏ အဆက်အနွယ်တော်များသည် မြင်းကပါအရပ်၌ နေထိုင်လျက်ရှိကြသည်ဟု၎င်း၊နေထိုင်လျက်ရှိကြသည်ဟုလည်းကောင်း၊ မွန်တို့၏ဒေသ ဥဿပဲခူးမြို့ကို အထိန်းတော် သားငရမန်ကန်းအား ပေး၍ မြို့စားအဖြစ် အုပ်ချုပ်စေသည်ဟု၎င်းအုပ်ချုပ်စေသည်ဟုလည်းကောင်း ယူဆနိုင်သည်။
 
ထိုကဲ့သို့ လူမျိုးအမျိုးမျိုး၊ အယူဝါဒအမျိုးမျိုး၊ စကားစာပေအမျိုးမျိုးရှိသော နိုင်ငံသစ်သည် အနော်ရထာမင်း လက်ထက်၌ ငြိမ်းချမ်းခဲ့ပါ၏။ သို့ရာတွင် အနော်ရထာမင်း
လွန်တော်မူသောအခါ စောလူးမင်းသည် ထိုငြိမ်းချမ်းမှုကို မထိန်းမသိမ်းနိုင် ဖြစ်လာသည်။ ထိုမင်းလက်ထက်တွင် အထိန်းတော်သား ငရမန်ကန်းသည် မတော်လောဘ ထွက်၍ ဥဿာပဲခူးကို အားကိုးပြုကာ ပုန်ကန်သည်။ ကျန်စစ်သားသည် ခမည်းတော် အနော်ရထာမင်း လက်ထက်တွင် စစ်သူကြီးတစ်ဦးအဖြစ်ဖြင့် အမှုတော်ကို ထမ်းရွက်ခဲ့သည်။ ခမည်းတော် သထုံသို့ ချီတော်မူရာတွင် ကြည်းကြောင်းဖြင့် ရှေ့ဖျားတပ်မပြု၍ လိုက်ပါခဲ့ဘူးသူဖြစ်သည်။ ဥဿာပဲခူးတွင် ဂျွမ်းစစ်သည်တို့ ရံလာသည်ကို တိုက်ခိုက် အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ကျန်စစ်သားသည် စစ်သူကြီးအဖြစ် အမှုထမ်းစဉ်၌ပင် လက်ရုံးနှလုံးနှင့် ပြည့်စုံသူ ဖြစ်သည်။ သို့ရာတွင် အခါ တစ်ပါး၌ ခမည်းတော်အနော်ရထာမင်း မျက်တော်မူသဖြင့် လတ်ရာ၌လွတ်ရာ၌ ပုန်းရှောင်နေရသည်။ စောလူးမင်း နန်းတက်သောအခါ မှူးမတ်တို့က ကိုယ်တော်နှင့် မကွာကောင်းပလေဟု နားတော်လျှောက်သဖြင့် စောလူးမင်းသည် ပြည်ရေးရွာမှုကို ထောက်၍ ကျန်စစ်သားအား ပုဂံသို့ ခေါ်တော်မူလေသည်။ ထိုအခါမှစ၍ ကျန်စစ်သားသည် ပုဂံသို့ ပြန်ရောက်သည်။ ငရမန်ကန်းသည် စောလူးမင်းကို ပုန်ကန်လိုသဖြင့် ဥဿာပဲခူးမှ ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်းဖြင့် ချီ၍ ပြည်တော်သာကျွန်း (မိကျောင်းရဲအောက်ရှိ ကျွန်းတောကျွန်း)၌ တပ်ချ ရပ်သောအခါ ကျန်စစ်သားသည် ပြည်တော်သာကျွန်းသို့ တပ်ဦးချီ၍ စောလူးမင်းသည် နောက်ထပ်ပြု၍ ချီသည်။ ငရမန်ကန်းသည် ကျန်စစ်သား စစ်အရာ၌ လိမ္မာသည်ကို သိသဖြင့် ကျန်စစ်သားတပ်ကို ရှောင်၍ စောလူးမင်းတပ်ကို တိုက်သည်။ စောလူးမင်းသည် ဆင်မှ ဆင်း၍ ပြေးရသည်။ တပ်လည်း အဆီးအတားမရှိ ပျက်သည်။ ကျန်စစ်သားလည်း ပုဂံသို့ ဆုတ်လာရသည်။ ထိုအခါ ပုဂံပြည်သားတို့သည် ကျန်စစ်သားအား ထီးနန်းအပ်ကြပါ၏။ သို့ရာတွင် ကျန်စစ်သားသည် ထီးနန်းကို လက်မခံ။ ငါ့အရှင် ရှိမရှိ စူးစမ်းဦးမည်။ ငါ့အရှင်ရှိသော် ငါ့အရှင်ကိုယူ၍ နန်းတင်မည်ဟု ဆိုသည်။ ငရမန်ကန်းသည် စောလူးမင်းကို ဖမ်းမိ၍ အလုံးအရင်းနှင့် ချီလာပြီးလျှင် ပုဂံမြို့မှ တောင်ဘက် တစ်မိုင်ခန့်အကွာ မြင်းကပါအရပ်၌ တပ်ချ၍ ပုဂံကို ရံသည်။ ကျန်စစ်သားသည် စောလူးမင်းကို အရယူပါသေး၏။ သို့သော်လည်း မရ၊ ပုဂံမှ မိတ္ထီလာ ထီးလှိုင်သို့ ဆုတ်ရသည်။
 
စောလူးမင်းသည် ငရမန်ကန်းလက်တွင် အနိစ္စရောက်သည်။ ကျန်စစ်သားသည် မိတ္ထီလာထီးလှိုင်တွင် ဗိုလ်ဝင်ခံလျက်နေစဉ် ငရမန်ကန်းသည် အင်းဝအရပ်အထိ ချီ၍ သိမ်းသည်။ ထိုအခါ ကျန်စစ်သားသည် အင်းဝအရပ်သို့ ချီ၍ ငရမန်ကန်းကို တိုက်သည်။ အင်းဝစစ်ပွဲ၌ ငရမန်ကန်း ရှုံး၍ မြင်းကပါသို့ ဆုတ်ရသည်။ တစ်ဖန် မြင်းကပါ၌ တိုက်ပွဲဖြစ်ပြန်ရာ ငရမန်ကန်းတပ်ပင် ဆုတ်ရပြန်သည်။ ထို့နောက် ငစဉ့်ကူး အရပ်တွင် ငရမန်ကန်း အသက်ဆုံး၍ သူပုန်အရေး အေးလေတော့သည်။ ဤသို့ဖြင့် ကျန်စစ်သားသည် သက္ကရာဇ် ၄၄၆ ခုနှစ် (ခရစ် ၁ဝ၈၄ ခုနှစ်)၌ ပုဂံတွင် မင်းအဖြစ်ကို ခံယူ၍ ပုဂံထီးနန်းကို သိမ်းပိုက်သည်။
 
ငရမန်ကန်း သူပုန်အရေး ပြီးသည်နှင့် တစ်ပြိုင်နက် ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားတို့၏ နေထိုင်စားသောက် အသက်မွေးမြူရေးတည်းဟူသော ဘောဂဗလကို၎င်း၊ဘောဂဗလကိုလည်းကောင်း၊ ကာယ ဉာဏ စာရိတ္တ ဗလတို့ကို ၎င်းလည်းကောင်း တိုးတက်အောင် ဆောင်ရွက်တော်မူသည်။
 
ငရမန်ကန်း သူပုန်ထသဖြင့် ပြည်တွင်း၌ ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေစဉ်တွင် တိုင်းသူပြည်သားတို့သည် ဘေးအမျိုးမျိုးနှင့် ကြုံတွေ့ကြရသည်။ အချို့သည် သားတကွဲ မယားတကွဲ ထွက်ပြေးတိမ်းရှောင်ကြရသည်။ အချို့သည် ရန်သူတို့၏ အဖမ်းအဆီးကို ခံရ၍ အောက်ပြည် အောက်ရွာသို့ ရောက်ကြရသည်။ အချို့သည် စားရမဲ့၊ သောက်ရမဲ့၊ ဝတ်ရမဲ့ ဖြစ်ကြရသည်။ ဤအခြေကား ဆိုးလှသည်။ ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားများကို ဤအခြေဆိုးမှ ကယ်တင်၍ ပြည့်စုံလုံလောက် ပျော်ရွှင်အောင် ဆောင်ရွက်တော်မူသည်။ ကျန်စစ်သား၏ ရွှေစည်းခုံမွန်ကျောက်စာတွင် မင်းကြီး၏ အလိုဆန္ဒတော်အတိုင်း မဆိုင်းမတွ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရန်သူတို့သည် ပုဂံကို တိုက်ဖျက်ရန် ဆန်တက်လာ၍ အမျိုးလေးပါးကို သုံ့ပန်းအဖြစ် ဖမ်းဆီးကြကြောင်း၊ ထို့နောက် လက်ရုံးမူ၍ ထိုသူတို့ကို တစ်ရပ်တစ်ကျေးသို့ ဆောင်ယူကြကြောင်း၊ မင်းကြီးသည် ထိုသူတို့ကို ပုဂံသို့ပြန်ခေါ်၍ နှစ်သိမ့်မည်ဖြစ်ကြောင်း၊ သားကွဲ မယားကွဲဖြစ်သူတို့ကို၎င်း၊ ပူပင်သောက ရောက်ကြရသူများကို၎င်း မင်းကြီးသည် မေတ္တာကရုဏာဖြစ်၍ ထိုသူတို့၏ မျက်ရည်တို့ကို သုတ်ပေးတော်မူမည် ဖြစ်ကြောင်း၊ ယာလက်တော်ဖြင့် ဆန်စပါးမှ စ၍ စားဖွယ်သောက်ဖွယ်တို့ကို ပေးအပ်ကျွေးမွေးမည်ဖြစ်ကြောင်း၊ ဝဲလက်တော်ဖြင့် အဝတ်ပုဆိုး အဆင်တန်ဆာတို့ကို ပေးအပ်ဆင်ယင်မည် ဖြစ်ကြောင်း၊ အမိသည် သားငယ်တို့ကို ရင်ခွင်၌ ပိုက်ထွေးယုယသကဲ့သို့ ထိုသူတို့ကို စောင့်ရှောက်ပြုစုမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
တစ်ဖန်၊ ထိုရွှေစည်းခုံကျောက်စာ၌ပင် မင်းကြီး၏ လက်ထက်တော်တွင် မှို၊ မျှစ်၊ သစ်သီး၊ ပန်းမန်တို့ ပေါများစေရမည် ဖြစ်ကြောင်း၊ ဆန်စပါး အဝတ်ပုဆိုးတို့အတွက် အခက်ကြုံနေကြသူများသည် ရွှေငွေ ရတနာဖြင့် ဆန်းကြယ်သော အဝတ်ပုဆိုးတို့ကို ဆင်မြန်းကြရမည်ဖြစ်ကြောင်း၊ ဆင်မြင်းကျွဲနွား ကြက်ဝက်ဆိတ်တို့ ပေါများစေရမည်ဖြစ်ကြောင်း၊ လူတိုင်း လူတိုင်း ကြွယ်ဝချမ်းသာရမည်ဖြစ်ကြောင်း၊ အိုးစလောင်း ရောင်းသော အမယ်အိုများပင်လျှင် ဈေးကောင်းရ၍ ချမ်းသာရမည် ဖြစ်ကြောင်း၊ မြေယာထွန်ယက်ကြသော လယ်သမားအပေါင်းတို့တွင် ဆန်စပါး လူးဆပ်တို့သည် ကျီအပြည့် ရရှိမည်ဖြစ်ကြောင်းတို့ကိုလည်း ဆိုခဲ့သည်
 
ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားတို့၏ နေထိုင်စားသောက် အသက်မွေးမြူမှုတို့ကို ပြန်လည် ကောင်းမွန်လာအောင် အရေးယူဆောင်ရွက်ရင်းပင် ဉာဏ်ပညာ စာရိတ္တ မြှင့်တင်ရေးကိုလည်း ဂရုပြုတော်မူသည်။ ကျန်စစ်သားမင်းသည် ရှင်အရဟံ၏ ဩဝါဒကို ခံယူကာ ခမည်းတော် အနော်ရထာမင်း ဆောင်ရွက်ခဲ့သော သာသနာရေးကိစ္စများကို ဆက်လက် ဆောင်ရွက်တော်မူရာ တိုင်းသူပြည်သားတို့သည် နောင်တမလွန် အတွက်သာမက မျက်မှောက်တွင် ဉာဏ်ပညာစာရိတ္တတိုးတက်မှု အတွက်လည်း အခွင့်အရေးများစွာ ရရှိလာကြသည်။ ငရမန်ကန်းကြောင့် ပြည်တွင်းသောင်းကျန်းသူများ ဖြစ်ပွားနေစဉ်တွင် ပိဋကတ်တော်စာပေအချို့သည် ပျောက်သည်လည်း ရှိတန်ရာ၏။ ပျက်သည်လည်း ရှိတန်ရာ၏။ အချွတ်အလွဲ ဖြစ်သည်လည်း ရှိတန်ရာ၏။ ကျန်စစ်သားမင်းသည် ထို ပိဋကတ်တော်စာပေတို့ကို ပြန်လည်စုဆောင်း၍ တည်းဖြတ် သုတ်သင်တော်မူခဲ့သည်။ အနော်ရထာမင်းတည်ခဲ့သော ရွှေစည်းခုံစေတီတော်ကို ဆက်လက်၍ တည်တော်မူခဲ့သည်။ ထို့ပြင် စေတီကူကျောင်း အများအပြားကိုလည်း တည်တော်မူခဲ့ရာ ပုဂံတွင် အာနန္ဒာကူဘုရားသည် ထင်ရှားသည်။ ထို့ပြင် တူးရွင်းတောင်ခြေ၌၎င်း၊တူးရွင်းတောင်ခြေ၌လည်းကောင်း၊ အလန်ပုဂံ (တူးရွင်းတောင်ခြေနှင့် မန်းနန်သူရွာအကြား)၌လည်းကောင်း သတ္တဝါခပ်သိမ်းတို့၏ အကျိုးငှာ ရေကန်တစ်ကန်စီ တူးခဲ့သည်။ တူးရွင်းတောင်ခြေရှိ ကန်ကို မြကန်ဟူ၍ ခေါ်ကြသည်။ ထိုကန် အနီး၌ပင် ပိဋကတ်တိုက် တစ်တိုက်ကိုလည်း ဆောက်လုပ်လှူဒါန်းသည်။
မြကန်ဟူ၍ ခေါ်ကြသည်။ ထိုကန် အနီး၌ပင် ပိဋကတ်တိုက် တစ်တိုက်ကိုလည်း ဆောက်လုပ်လှူဒါန်းသည်။
 
ထို့ပြင် သက္ကရာဇ် ၄၆ဝ ပြည့်နှစ် (ခရစ် ၁ဝ၉၈ ခုနှစ်)တွင် ကျန်စစ်သားမင်းသည် သထုံမြို့သို့သွား၍ သထုံမြို့ မြောက်ဖက် မိုင် ၃ဝ ခရီး၌ရှိသော ကျိုက်တလင်စေတီ
(မြသိန်းတန်ဘုရား)ကိုလည်းကောင်း၊ တောင်စွန်းအနီးရှိ မဟာဓာတ်ဘုရား (ကျိုက်တဲဘုရား)ကိုလည်းကောင်း ပြင်တော်မူသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသို့ မင်းချင်းတို့ကို စေ၍ မြတ်စွာဘုရား ပွင့်တော်မူရာဖြစ်သော ဗုဒ္ဓဂါယာ၌ မဟာဗောဓိဘုရား (ဝဇီရာသန)ကို ပြင်စေသည်။ ထိုမျှသာ မက၊ ထိုအရပ်၌ မြေဝယ်စေသည်။ ထို့နောက် ကန်တူးပြီးလျှင် လယ်မြေ တည်စေ၍ ဘုရားသို့ လှူတော်မူသည်။ ဆီမီးဝတ် မပျက်အောင်၎င်း၊မပျက်အောင်လည်းကောင်း၊ အဆို အတီး အက ဝတ်မပျက်အောင်၎င်းဝတ်မပျက်အောင်လည်းကောင်း ဆောင်ရွက်စေတော်မူသည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းဒေသမှ စောဠိမင်းသားတစ်ပါးသည် ခြွေရံသင်းပင်းနှင့်တကွ ပုဂံသို့ ရောက်လာသည်ဟု ကြားတော်မူရာ ရတနာသုံးပါး၏ ဂုဏ်တော်ကို ရွှေပေတွင် ဟင်္သာပြဒါးဖြင့်ရေး၍ မင်းသားထံသို့ ပို့တော်မူသည်။ မင်းသားနှင့် ခြွေရံသင်းပင်းတို့သည် မိမိတို့၏ အယူဝါဒကို စွန့်၍ ဗုဒ္ဓအယူဝါဒကို ယူကြသည်။
မျှတစွာ အုပ်ချုပ်တော်မူခြင်း ကျန်စစ်သားမင်းသည် ဥဿာပဲခူးစား ငရမန်ကန်းသူပုန်ကို နှိမ်နင်းနေခိုက်မှာပင် ခမည်းတော် တည်ထောင်ခဲ့သည့် နိုင်ငံသစ် တည်တံ့ခိုင်မြဲမှုအတွက် စည်းလုံးရေးသည် အဓိကဖြစ်သည်ဟူ၍ ယူဆတော်မူခဲ့ဟန် တူသည်။ မင်းကြီး၏ အုပ်ချုပ်ရေးအစီအမံ အဆောင်အရွက်တို့တွင် ထိုယူဆချက် အမူအရာများကို သိမြင်နိုင်သည်။ ထိုအမူအရာများကား အခြားမဟုတ်၊ လူမျိုးမရွေး၊ ဘာသာမရွေး မျှတစွာ အုပ်ချုပ်သော အမူအရာများ ဖြစ်သည်။
 
ကျန်စစ်သားမင်းသည် သက္ကရာဇ် ၄၄၆ ခုနှစ်တွင် ပုဂံထီးနန်းကို သိမ်းပိုက်သော်လည်း ၄၄၈ ခုနှစ် (ခရစ် ၁ဝ၈၆ ခုနှစ်)မှာမှ အဘိသိက်ကို ခံယူတော်မူသည်။ အဘိသိက်ခံယူ တော်မူကြောင်း၊ နန်းတော်သစ် တည်တော်မူကြောင်းတို့ကို ကမ္ပည်းကျောက်စာ (ရွှေစည်းခုံကျောက်စာ) ရေးထိုးတော် မူခဲ့သည်။ တည်တော်မူသော နန်းတော်သစ်သည် ပြာသာဒ် ငါးဆောင်ရှိသော ပဉ္စပါသာဒ ဖြစ်သည်။ ရွှေစည်းခုံ ကျောက်စာအရ ကျန်စစ်သားမင်းသည် ပုဂံမြို့ကို အခိုင်အခံ့ ပြု၍ ဝင်းကိုယ်ရံတော် ၁၀၀၀ ကျော်ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းတော်မူသည်ဟု သိရသည်။ ထို့ပြင် ဘိသိက်ပွဲအခမ်းအနားတွင် မှူးမတ်အရာရှိကြီးများဖြစ်သော သံပျင်ကြီး၊ သံပျင်ငယ်များသည်၎င်း၊သံပျင်ငယ်များသည်လည်းကောင်း၊ ကလန်အရာရှိများသည်၎င်း၊ကလန်အရာရှိများသည်လည်းကောင်း၊ ထို့နောက် ကျေးရွာအကြီးအကဲများဖြစ်သည့် သင်ကြီး၊ သင်လျင်တို့သည်၎င်းသင်လျင်တို့သည်လည်းကောင်း တက်ရောက်ဖူးမြော် ကြသည်ဟုလည်း သိရသည်။ ဘုရားများအား ပူဇော်လှူဒါန်းခြင်း၊ ဘိသိက်ပွဲ အခမ်းအနား၌ ပရိတ်တော် ရွတ်ဖတ်ခြင်း၊ ပိဿနိုး ပူဇော်ခြင်း၊ ဂဝံပတိ ပူဇော်ခြင်း၊ နဂါး ပူဇော်ခြင်းတို့ ရှိသည်ဟုလည်း သိရသည်။ ထို့ပြင် ထိုဘိသိက်ပွဲအခမ်းအနား၌ ရှင်အရဟံ ကြီးမှူးသော ရဟန်းတော်များ ပါဝင်ကြခြင်း၊ ပုဏ္ဏားများလည်း ပါဝင်ကြခြင်း၊ မြန်မာဘာသာသီဆိုခြင်း၊ မွန်ဘာသာသီဆိုခြင်း၊ ပျူဘာသာသီဆိုခြင်းတို့ ရှိသည်ဟုလည်း သိနိုင်သည်။ တစ်ဖန် ပြည်ရွှေဆံတော် ကျောက်စာအရ မင်းကြီးအကန်တော့ခံပွဲတွင် အချို့တို့သည် နတ်ဝင်သည်အဟန်ပြု၍ သီဆိုကခုန်ကြသည်ဟုလည်း သိရသည်။
 
အထက်ပါ အချက်များကို ထောက်ခြင်းအားဖြင့် ကျန်စစ်သားမင်းသည် မွန်၊ မြန်မာ၊ ပျူ အမျိုးသားများကို ခန့်ထားချီးမြှင့်တော်မူကြောင်း၊ ထေရဝါဒကို နှစ်သက်ကြည်ညို၍ အထူး ချီးမြှင့်သူဖြစ်လင့်ကစား မဟာယာနဂိုဏ်း၊ တန္တြဂိုဏ်း တို့ကိုလည်း ချီးမြှင့်တော်မူကြောင်း၊ ထို့ပြင် ပိဿနိုးကိုးကွယ်သောအယူ၊ နဂါး ကိုးကွယ်သောအယူ၊ နတ်ကိုးကွယ်သောအယူတို့ကိုလည်း ချီးမြှင့်တော်မူကြောင်း သိသာသည်။ ကျန်စစ်သားမင်းသည် ဤနည်းများဖြင့် လူမျိုးအားလုံးကို နှစ်သိမ့်ခြင်း ဖြစ်စေ၍ အချင်းချင်း ရင်းနှီးစည်းလုံးမှုကို ပြုကာ မျှတစွာ အုပ်ချုပ်ခဲ့သည်ဟု ယူဆနိုင်၏။
 
ထိုသို့ မျှတစွာ အုပ်ချုပ်သည်ထက် အရေးကြီးသော အချက်တစ်ခု ရှိသေးသည်။ ထိုအချက်မှာ မွန်မြန်မာ နှစ်ဦးနှစ်ဖက်လုံး ကျေနပ်၍ အဓွန့်ရှည်စွာ နိုင်ငံတော် စည်းလုံးခိုင်မြဲမည်ကို မျှော်ရှုကာ သမီးတော် ရွှေအိမ်သည်ကို သထုံမနူဟာမင်း၏ မြစ်တော် နာဂသမန်းနှင့် ပေးထိမ်းမြား၍ မြေးတော်ရသောအခါ မိမိ၏သားတော်ရှိပါလျက် မြေးတော် မွန်မြန်မာမင်းသားကို ထီးနန်းဆက်ခံစေခြင်း ဖြစ်နိုင်သည်ဟူသော ပါမောက္ခ ဂျီ၊ အိပ်၊ လု(စ)၏ မှန်းဆချက်ဖြစ်သည်။ ပါမောက္ခသည် ရာဇကုမာရ် ကျောက်စာကို၎င်း၊ကျောက်စာကိုလည်းကောင်း၊ မနူဟာ ကျောက်စာကို၎င်းကျောက်စာကိုလည်းကောင်း ကိုးကားပြသည်။
 
ရာဇကုမာရ် ကျောက်စာအရ ကျန်စစ်သားမင်း၌ ရာဇကုမာရ်မည်သော သားတော်တစ်ပါးရှိကြောင်း၊ သို့ရာတွင် ထီးနန်းကို ဆက်ခံရသူ မဟုတ်ကြောင်း သိရသည်။ တစ်ဖန် မနူဟာကျောက်စာအရ သထုံမင်း မနူဟာ၌ သုဓမ္မရာဇ်မည်သော သားတော်ရှိကြောင်း၊ အသဝတ်ဓမ္မာသည် မင်းစီးလှေတော်ကို ပုပ္ပား၌ ဝှက်ထားကြောင်း၊ ထိုသို့ဝှက်ထားသည်ကို ကျန်စစ်သားမင်း သိတော်မူသောအခါ လှေတော်ကို ပြန်အပ်ရန် မိန့်တော်မူကြောင်း၊ လှေတော်ကို ပေးအပ်သောအခါ မင်းကြီးသည် မိမိ၏သမီးတော် ရွှေအိမ်စည်ကို အသဝတ်ဓမ္မာ၏ သားတော် နာဂသမန်းနှင့် ပေးထိမ်းမြားတော်မူကြောင်း သိရသည်။
တစ်ဆယ့်ခြောက်ရာစုနှစ်အတွင်း ရေးထိုးသည်ဟု ခန့်မှန်းနိုင်သော မနူဟာကျောက်စာအဆိုကို လက်ခံနိုင်ကြလျှင် ပါမောက္ခက ဤသို့ မှန်းဆနိုင်သည်ဟု ဆိုသည်။ မင်းစီးလှေတော်ကို ပုပ္ပား၌ အသဝတ်ဓမ္မာ မင်းသားဝှက်သော ကာလသည် ပုဂံကို ငရမန်ကန်း ပုန်ကန်နေသော ကာလဆိုး ဖြစ်တန်ရာသည်။ ထိုသို့ ဝှက်သော အသဝတ်ဓမ္မာ၏ အမူအရာသည် ပုဂံတစ်ဝိုက်ရှိ မွန်တို့ကို စုရုံး၍ တစ်ထီးတစ်နန်းထူလိုသဖြင့် ပုပ္ပား၌ ဗိုလ်ဝင်ခံသော အမူအရာ ဖြစ်တန်ရာသည်။
 
ထိုသို့ဖြစ်လျှင် မျက်မှောက် ဆူပူသောင်းကျန်းမှုကို အလွယ်တကူ ငြိမ်းအေးစေလိုသော ဆန္ဒကြောင့်၎င်း၊ဆန္ဒကြောင့်လည်းကောင်း၊ နောင်ရေးကို မြှော်တွေး၍ မွန်မြန်မာ အဓွန့်ရှည်စွာ စည်းလုံးခိုင်မြဲစေလိုသော ဆန္ဒကြောင့်၎င်းဆန္ဒကြောင့်လည်းကောင်း ကျန်စစ်သားမင်းသည် မိမိ၏ သမီးတော် ရွှေအိမ်စည်ကို မနူဟာမင်း၏ မြစ်တော်နာဂသမန်းနှင့် ပေးထိမ်းမြားခြင်း ဖြစ်တန်ရာသည်။ တစ်ဖန် မြန်မာရာဇဝင်များ၌ မြေးတော်ကို မင်းမြှောက်ခဲ့ပြီး ဖြစ်၍ မြေးကားအရင်း၊ သားကားအဖျား ဖြစ်ပြီဟု ကျန်စစ်သားမင်း မိန့်တော်မူကြောင်း ရေးမှတ်ခဲ့ခြင်းသည်လည်း ထိုအကြောင်းများကြောင့်ပင် ဖြစ်တန်ရာသည်ဟု မှန်းဆခဲ့ခြင်း ဖြစ်သည်။
တိုင်းတစ်ပါးနှင့် ဆက်ဆံ၍ ငြိမ်းချမ်းရေးကို ရယူတော်မူခြင်း ပုဂံခေတ်တွင် မြန်မာနိုင်ငံသည် တိုင်းတစ်ပါး၏ ထိပါးခြင်းကို မခံရ။ အနှစ် ၂ဝဝ မျှ ငြိမ်းချမ်းခဲ့သည်။ ထိုသို့
ငြိမ်းချမ်းခဲ့သည်မှာ ကျန်စစ်သားမင်း၏ နိုင်ငံခြားရေးဝါဒကြောင့် ဖြစ်သည်။ ထိုဝါဒမှာ အခြားမဟုတ်၊ နိုင်ငံတကာနှင့် သင့်တင့်ညီညွတ်စွာ ဆက်ဆံသောဝါဒ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ၍ အရှေ့မြောက်ဘက်တွင် တရုတ်နိုင်ငံ ရှိသည်။
 
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီ ပြင်ခွင့်ကို ကျန်စစ်သားမင်း ရရှိခဲ့သည်ဖြစ်ရာ ကျန်စစ်သားမင်းသည် အိန္ဒိယမင်းများနှင့် သင့်တင့်ညီညွတ်စွာ ဆက်ဆံခဲ့ကြောင်း ထင်ရှားသည်။ ထိုသို့ ဆက်ဆံသည့် အတိုင်းလည်း ပုဂံတွင် ယဉ်ကျေးမှုအဆင့်အတန်းသည် မြင့်တက်လာခဲ့သည်။ တစ်ဖန် ကျန်စစ်သားမင်းသည် သက္ကရာဇ် ၄၆၅ ခုနှစ် (ခရစ် ၁၁ဝ၃ ခုနှစ်)၌ တစ်ကြိမ်၊ ၄၆၈ ခုနှစ် (ခရစ် ၁၁ဝ၆ ခုနှစ်)၌ တစ်ကြိမ် တရုတ်ပြည်သို့ သံစေလွှတ်တော်မူသည်။ တရုတ်ပြည် ဆွန်းမင်းဆက် နန်းစဉ်စာတို့တွင် ၄၆၈ ခုနှစ်၌ ပုဂံပြည်မှ သံတမန်များရောက်လာကြောင်း၊ ပုဂံပြည်သည် ဘုန်းတန်ခိုး အင်အားနှင့် ပြည့်စုံသည်ဖြစ်၍ ထိုနိုင်ငံနှင့် ဆက်ဆံရာတွင် အာရပ်နိုင်ငံ၊ အာနမ်နိုင်ငံနည်းတူ တိုင်းကြီးပြည်ကြီးအဖြစ် ဆက်ဆံကြောင်း ဖော်ပြထားချက်ရှိသည်။ ကျန်စစ်သားမင်း ထိုသို့ သံစေလွှတ်ခြင်းသည် နှစ်ပြည် တစ်ပြည် အရောင်းအဝယ် ဖြစ်စေလိုသောကြောင့်သော်၎င်း၊ဖြစ်စေလိုသောကြောင့်သော်လည်းကောင်း၊ ခမည်းတော် အနော်ရထာမင်းလက်ထက် ဂန္ဓာလရာဇ်(နန်ချောင်)ကို တိုက်ခိုက်ခဲ့ဘူးရာ ဂန္ဓာလရာဇ်၏
ရန်ကို စိုးရိမ်သဖြင့် တရုတ်ပြည်နှင့် မဟာမိတ်ဖွဲ့ လိုသောကြောင့်သော်၎င်းလိုသောကြောင့်သော်လည်းကောင်း ဖြစ်တန်ရာသည်ဟု ယူဆကြသည်။ ထို့ပြင် ကျန်စစ်သားမင်းသည် နောက်တစ်ကြိမ် ထိပါး လာသော ဂန္ဓာလရာဇ်မင်း၏ စစ်သည်တို့ကို တွန်းလှန်နိုင်ခြင်းသည် ပုဂံပြည်၏ လက်ရုံးအင်အားကြောင့်၎င်း၊လက်ရုံးအင်အားကြောင့်လည်းကောင်း၊ တရုတ်မင်းနှင့် မဟာမိတ်ဖွဲ့ခဲ့သော ကျေးဇူးကြောင့်၎င်းကျေးဇူးကြောင့်လည်းကောင်း ဖြစ်မည်ဆိုပါကလည်း ဆိုနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ ပုဂံပြည်သည် တရုတ်ပြည်သို့ သံစေလွှတ် မိတ်ဖွဲ့ခဲ့သည်မှစ၍ အနှစ် ၂ဝဝ နီးပါးမျှ ငြိမ်းချမ်းခဲ့သည်မှာ အထင် အရှား ဖြစ်သတည်း။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
 
== ကိုးကား ==
၂၃၁၅

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး