ကုန်းဘောင်ကြီးကြော်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
→‎မူကွဲများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၄၈ - စာကြောင်း ၄၈ -


===စိချွမ်းမူကွဲ===
===စိချွမ်းမူကွဲ===
မူလ စိချွမ်းမူကွဲတွင် ကြက်သားကို အဓိက ချက်သုံး သုံးသည်။ ဤ မူလပုံစံတွင် နုတ်နုတ်စင်း ကြက်သားကို အသင့်ပြင်ထားသော အချဉ်ရည်၌ အလျင် စိမ်သည်။<ref>{{Cite news|url=http://savorysweetlife.com/2014/03/easy-kung-pao-recipe/|title=Easy Kung Pao Recipe|date=2014-03-27|newspaper=Easy Recipes, Tips, Ideas, and Life Musings|language=en-US|access-date=2016-10-28}}</ref> ဆန်အရက် ဖြစ်သည့် စောက်ရှင်းဝိုင် (Shaoxing wine) ကို အချဉ်ရည်တွင် အရသာကဲအောင် ခတ်သည်။ ဒယ်ကို ဆီအလျင်သတ်၊ ပြီးလျှင် ပိုမွှေးအောင် ငရုတ်သီးစိမ်းနှင့် စိချွမ်း ငရုတ်တောင့် (Sichuan pepper) များ ဖြန်းကနဲ ထည့်လှော်သည်။ စိချွမ်းတွင် သို့မဟုတ် စိချွမ်းမူ ကုန်းဘောင်ကြီးကြော် ပြင်ဆင်သည့်အခါ၊ မိုးမျှော်ရုတ်သီး သို့ ခုနစ်ကြယ်ရုတ်သီး({{zh|s=七星椒|p=qīxīngjiāo}})ကဲ့သို့သော စိချွမ်းစတိုင် ငရုတ်သီးများသာ သုံးသည်။<ref>{{Cite web|url=http://www.seriouseats.com/recipes/2010/06/real-deal-kung-pao-chicken-recipe.html|title=Real Deal Kung Pao Chicken Recipe|website=www.seriouseats.com|access-date=2016-10-28}}</ref> ငရုတ်သီးစိမ်း၏ အပူအစပ်ကို ထိန်းရန် စိချွမ်းငရုတ်သီး မီးကင်ပြီးသားကို အနည်းငယ် ထပ်ထည့်သည်။<ref name="CCD">{{cite AV media |people= Chinese Cooking Demystified |date= 23 April 2018 |title= Kung Pao Chicken, 2 ways - Classic Sichuan and Spicy Guizhou (川味宫保鸡丁/黔味宫保鸡丁)|language= en |url=https://www.youtube.com/watch?v=yt-pyFj2t2g |access-date= 16 December 2019 |publisher=[[YouTube]] }}</ref> ယင်းနောက် ကြက်သားကို ထည့်၊ မနားတမ်း မွှေကြော်၊ လှီးပြီးကြက်သွန်မြိတ် ထည့်၊ ပဲစေ့ပါ ပေါင်းထည့်သည်။ ကုန်းဘောင်ကြီးကြော်သည် ပဲစေ့ မနွမ်းခင် စိုပြောင်လက်နေတုန်း ဖိုချသည်။<ref name="Ref 3">{{cite web|url=http://mamachinesecooking.com/recipes/viewtopic.php?p=54|title=Gong Bao Chicken/Kung Pao Chicken 宫保雞丁/宫爆雞丁 recipe & photos|date=2009-06-22|publisher=MaMaChineseCooking.com|access-date=2012-01-23|archive-url=https://web.archive.org/web/20120206043223/http://mamachinesecooking.com/recipes/viewtopic.php?p=54|archive-date=2012-02-06|url-status=dead}}</ref> နောက်ကြော်နည်း တနည်းမှာ၊ ပဲစေ့ကို ကြိုကြော်သည်။ ပဲစေ့ကို ဒယ်အိုးပြင်တွင် ဆီပူထဲ ထည့်ကာ၊ ရွှေညိုရောင်သန်းလာသည်ထိ မီးပြင်း ကြော်ပြီးမှ အခြား ချက်စရာများ ထည့်သည်။ ထိုနည်းလည်း အချက်များသည်။
မူလ စိချွမ်းမူကွဲတွင် ကြက်သားကို အဓိက ချက်သုံး သုံးသည်။ ဤ မူလပုံစံတွင် နုတ်နုတ်စင်း ကြက်သားကို အသင့်ပြင်ထားသော အချဉ်ရည်၌ အလျင် စိမ်သည်။<ref>{{Cite news|url=http://savorysweetlife.com/2014/03/easy-kung-pao-recipe/|title=Easy Kung Pao Recipe|date=2014-03-27|newspaper=Easy Recipes, Tips, Ideas, and Life Musings|language=en-US|access-date=2016-10-28}}</ref> ဆန်အရက် ဖြစ်သည့် စောက်ရှင်းဝိုင် (Shaoxing wine) ကို အချဉ်ရည်တွင် အရသာကဲအောင် ခတ်သည်။ ဒယ်ကို ဆီအလျင်သတ်၊ ပြီးလျှင် ပိုမွှေးအောင် ငရုတ်သီးစိမ်းနှင့် စိချွမ်း ငရုတ်တောင့် (Sichuan pepper) များ ဖြန်းကနဲ ထည့်လှော်သည်။ စိချွမ်းတွင် သို့မဟုတ် စိချွမ်းမူ ကုန်းဘောင်ကြီးကြော် ပြင်ဆင်သည့်အခါ၊ မိုးမျှော်ရုတ်သီး သို့ ခုနစ်ကြယ်ရုတ်သီး({{zh|s=七星椒|p=qīxīngjiāo}})ကဲ့သို့သော စိချွမ်းစတိုင် ငရုတ်သီးများသာ သုံးသည်။<ref>{{Cite web|url=http://www.seriouseats.com/recipes/2010/06/real-deal-kung-pao-chicken-recipe.html|title=Real Deal Kung Pao Chicken Recipe|website=www.seriouseats.com|access-date=2016-10-28}}</ref> ငရုတ်သီးစိမ်း၏ အပူအစပ်ကို ထိန်းရန် စိချွမ်းငရုတ်သီး မီးကင်ပြီးသားကို အနည်းငယ် ထပ်ထည့်သည်။<ref name="CCD">{{cite AV media |people= Chinese Cooking Demystified |date= 23 April 2018 |title= Kung Pao Chicken, 2 ways - Classic Sichuan and Spicy Guizhou (川味宫保鸡丁/黔味宫保鸡丁)|language= en |url=https://www.youtube.com/watch?v=yt-pyFj2t2g |access-date= 16 December 2019 |publisher=[[YouTube]] }}</ref> ယင်းနောက် ကြက်သားကို ထည့်၊ မနားတမ်း မွှေကြော်၊ လှီးပြီးကြက်သွန်မြိတ် ထည့်၊ ပဲစေ့ပါ ပေါင်းထည့်သည်။ ကုန်းဘောင်ကြီးကြော်သည် ပဲစေ့ မနွမ်းခင် စိုပြောင်လက်နေတုန်း ဖိုချသည်။<ref name="Ref 3">{{cite web|url=http://mamachinesecooking.com/recipes/viewtopic.php?p=54|title=Gong Bao Chicken/Kung Pao Chicken 宫保雞丁/宫爆雞丁 recipe & photos|date=2009-06-22|publisher=MaMaChineseCooking.com|access-date=2012-01-23|archive-url=https://web.archive.org/web/20120206043223/http://mamachinesecooking.com/recipes/viewtopic.php?p=54|archive-date=2012-02-06|url-status=dead|accessdate=27 August 2021|archivedate=6 February 2012|archiveurl=https://web.archive.org/web/20120206043223/http://mamachinesecooking.com/recipes/viewtopic.php?p=54}}</ref> နောက်ကြော်နည်း တနည်းမှာ၊ ပဲစေ့ကို ကြိုကြော်သည်။ ပဲစေ့ကို ဒယ်အိုးပြင်တွင် ဆီပူထဲ ထည့်ကာ၊ ရွှေညိုရောင်သန်းလာသည်ထိ မီးပြင်း ကြော်ပြီးမှ အခြား ချက်စရာများ ထည့်သည်။ ထိုနည်းလည်း အချက်များသည်။


ကြက်သားမသုံးဘဲ ကုန်းဘောင်ပုစွန်ကြော်
ကြက်သားမသုံးဘဲ ကုန်းဘောင်ပုစွန်ကြော်

၂၃:၁၇၊ ၁ စက်တင်ဘာ ၂၀၂၁ ရက်နေ့က မူ

"Kung Pao"ကို ဤနေရာသို့ ညွှန်းသည်။ the Chinese newspaperအတွက် Ta Kung Paoကို ကြည့်ပါ။ the comedy film အတွက် Kung Pow တွင်ရှုပါ။
ကုန်းဘောင်ကြီးကြော်
Kung Pao chicken
ကုန်းဘောင်ကြီးကြော် စိချွမ်းစတိုင်
အမျိုးအစားမွှေကြော်
အဓိကသုံးဆောင်မှုမိန်း
မူရင်းနိုင်ငံတရုတ်
ဒေသစိချွမ်း
ဆက်နွယ်သောအမျိုးသားအစားအစာစိချွမ်းဟင်းလျာ
တီထွင်ခြင်း၁၉ ရာစုလယ်မှ ရာစုကုန်
သုံးဆောင် အပူချိန်အစပ်
အဓိက ပါဝင်ပစ္စည်းအရိုးမပါ ကြက်သားလေးထောင့်တုံး၊ ငရုတ်သီးတောင့်များ၊ ပဲစေ့များ
မျိုးကွဲများကွေ့ကျိုး၊ အန်းဟွေး၊ အမေရိကန်တရုတ်
Cookbook: Kung Pao chicken  [[commons:Special:Search/ကုန်းဘောင်ကြီးကြော်
Kung Pao chicken|Media: ကုန်းဘောင်ကြီးကြော်
Kung Pao chicken]]
ကုန်းဘောင်ကြီးကြော်
ရိုးရာ တရုတ်宮保雞丁
ရိုးရှင်းသော တရုတ်宫保鸡丁
ဆိုလိုရင်းPalace Guardian chicken cubes

ကုန်းဘောင်ကြီးကြော် (အင်္ဂလိပ်: Kung Pao chicken, တရုတ်: 宫保鸡丁; ပင်ယင်: Gōngbǎo jīdīng) သည် ကြက်သားတုံးသေး၊ ပဲစေ့၊ အမြိတ်အဆာနှင့် ငရုတ်သီးစိမ်းတောင့်များ အစပ် ရောကြော်ထားေသာ တရုတ်ဟင်းလျာ ဖြစ်သည်။ Gong Bao သို့ Kung Po ဟုလည်း ပေါင်းတတ်သည်။ စိချွမ်းဟင်းပွဲများတွင် ပါဝင်သော စံပြဟင်းမှာ တရုတ် အနောက်တောင်ပိုင်း စိချွမ်းစီရင်စုမှ ဆင်းသက်လာပြီး စိချွမ်း ငရုတ်သီးတောင့် ပါရသည်။ တရုတ်ပြည် တနှံ့တလျား တွေ့နိုင်သော်ငြား၊ ဟင်းလျာ ပြင်ဆင်ရာတွင် ဒေသအလိုက် အစပ် အပြင်းအပျော့ ရှိသည်။ ကုန်းဘောင်ကြီးကြော်သည် အနောက်တိုင်းရောက် တရုတ်များ၏ အမြဲစားသုံးသော အစားအစာ ဖြစ်သည်။ မြန်မာတွင် ထိုဟင်းလျာ စပေါ်စဉ်ကတည်းက ကုန်းဘောင်ကြီးကြော်ဟု ခေါ်သော်လည်း၊ နောက်ပိုင်းတွင် ကြက်နှင့် ကြော်သော ဟင်းကို ကြက်ကုန်းဘောင်၊ ဝက်နှင့် ဤပုံစံအတိုင်း ပြောင်းကြော်ထားသော ဟင်းကို ဝက်ကုန်းဘောင်ဟု တီထွင်လေသည်။

သမိုင်း

Ding Baozhen, the Qing dynasty official in Sichuan after whom the dish is named
အန်းဟွေးစတိုင် ကုန်းဘောင်ကြီးကြော်၊ သံအိုးဖြင့် တည်ခင်း

ထိုဟင်းလျာသည် ချင်း(Qing)မင်းဆက်နှောင်းပိုင်းကာလ စိချွမ်းစီရင်စု၏ အုပ်ချုပ်သူ အရာရှိမင်း တင်းပေါင်ကျိန့် (Ding Baozhen)(၁၈၂၀-၁၈၈၆) ကို စွဲ၍ မှည့်ခေါ်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ သူ၏ ဘွဲ့မှာ ထိုက်ကျီစောင့်ပေါင် အမည်ရကာ၊ နန်းတော်စောင့် ခေါ် ကုန်းပေါင်များ(တရုတ်: 宫保; ပင်ယင်: Gōngbǎo; Wade–Giles: Kung1-pao3; စာပေ: "Palace Guardian") ထဲမှ တယောက် ဖြစ်သည်။[၁]

ကုန်းပေါင်ကျီးမှာ သူ့ ဘွဲ့အမည်မှ ဆင်းသက်လာပြီး၊ တင်းဟူသော အသံထွက်မှာ မျိုးရိုးအမည် တင်းကို ဖလှယ်ယူထားခြင်းဟု ဆိုနိုင်သလို၊ အဆိုပါ တင်း စာလုံးမှာ လေးထောင့် အတုံးလေးများကိုလည်း ဆိုလိုသည်။ ထို့ကြောင့် တရုတ်လို ကုန်းပေါင်ကျီးတင်းဟု ခေါ်သည်။

နန်းစောင့်ဟု အဓိပ္ပာယ်ထွက် ကုန်းပေါင် ပါေနသော ဤဟင်းလျာသည် ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း၊ နန်းဆက်နွယ်သည်ဟု သမုတ်ခံရကာ၊ အမည် ပြောင်းပြင်ခေါ်ခံရသည်။ ဟင်းလျာကို မော်စီတုံးဝါဒီများက ဟူလာ့ကျီးတင်း (တရုတ်: 糊辣鸡丁; ပင်ယင်: húlà jīdīng) ဟု ပြင်ခေါ်ကြရာ၊ တိန့်ရှောင်ဖင် လက်ထက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်သည့် ၁၉၈၀ ထိ ဖြစ်လေသည်။[၂]

မူကွဲများ

စိချွမ်းမူကွဲ

မူလ စိချွမ်းမူကွဲတွင် ကြက်သားကို အဓိက ချက်သုံး သုံးသည်။ ဤ မူလပုံစံတွင် နုတ်နုတ်စင်း ကြက်သားကို အသင့်ပြင်ထားသော အချဉ်ရည်၌ အလျင် စိမ်သည်။[၃] ဆန်အရက် ဖြစ်သည့် စောက်ရှင်းဝိုင် (Shaoxing wine) ကို အချဉ်ရည်တွင် အရသာကဲအောင် ခတ်သည်။ ဒယ်ကို ဆီအလျင်သတ်၊ ပြီးလျှင် ပိုမွှေးအောင် ငရုတ်သီးစိမ်းနှင့် စိချွမ်း ငရုတ်တောင့် (Sichuan pepper) များ ဖြန်းကနဲ ထည့်လှော်သည်။ စိချွမ်းတွင် သို့မဟုတ် စိချွမ်းမူ ကုန်းဘောင်ကြီးကြော် ပြင်ဆင်သည့်အခါ၊ မိုးမျှော်ရုတ်သီး သို့ ခုနစ်ကြယ်ရုတ်သီး(တရုတ်: 七星椒; ပင်ယင်: qīxīngjiāo)ကဲ့သို့သော စိချွမ်းစတိုင် ငရုတ်သီးများသာ သုံးသည်။[၄] ငရုတ်သီးစိမ်း၏ အပူအစပ်ကို ထိန်းရန် စိချွမ်းငရုတ်သီး မီးကင်ပြီးသားကို အနည်းငယ် ထပ်ထည့်သည်။[၅] ယင်းနောက် ကြက်သားကို ထည့်၊ မနားတမ်း မွှေကြော်၊ လှီးပြီးကြက်သွန်မြိတ် ထည့်၊ ပဲစေ့ပါ ပေါင်းထည့်သည်။ ကုန်းဘောင်ကြီးကြော်သည် ပဲစေ့ မနွမ်းခင် စိုပြောင်လက်နေတုန်း ဖိုချသည်။[၆] နောက်ကြော်နည်း တနည်းမှာ၊ ပဲစေ့ကို ကြိုကြော်သည်။ ပဲစေ့ကို ဒယ်အိုးပြင်တွင် ဆီပူထဲ ထည့်ကာ၊ ရွှေညိုရောင်သန်းလာသည်ထိ မီးပြင်း ကြော်ပြီးမှ အခြား ချက်စရာများ ထည့်သည်။ ထိုနည်းလည်း အချက်များသည်။

ကြက်သားမသုံးဘဲ ကုန်းဘောင်ပုစွန်ကြော် "Kung Pao shrimp" (တရုတ်: 宫保虾)၊[၇] ကုန်းဘောင်ဖားကြော် "Kung Pao frog legs" (တရုတ်: 宫保田鸡) ကဲ့သို့သော မူကွဲများလည်း ရှိသည်။[၈]

ကွေ့ကျိုးမူကွဲ

စိချွမ်း အရှေ့ေတာင်ဘက် အနီးပြည်နယ် ဖြစ်သည့် ကွေ့ကျိုးတွင်မူ ကွေ့ကျိုးဒေသဟင်းလျာများ၌ မပါမဖြစ်သော ချီပါးငရုတ်ထောင်း(တရုတ်: 糍粑辣椒 cíbā làjiāo)ကို ထည့်ချက်သော မူ ရှိသည်။ စိချွမ်းမူမှာကဲ့သို့ပင် ကြက်သားကို ချဉ်ရည်စိမ်သည်။ ကွေ့ကျိုးစိမ်ရည်သည် စိချွမ်းနှင့် စိမ်ပုံ တူသည်။ ကြက်သားတုံး ပိုကြီကာ၊ အရေပြားပါ ထည့်ချက်သည်။ စိချွမ်းက အကုန် ရောမွှေမကြော်ခင် ငရုတ်သီးတောင့်ကို ဒယ်ထဲ အလျင် ထည့်၊ လျှပ်တပြက် ကြော်သည်ဆိုလျှင်၊ ကွေ့ကျိုးက ချီပါးငရုတ်ထောင်းအများကြီးကို ဒယ်ထဲ အလျင်ထည့် နီမြန်း ဆီပြန်အောင် ကြော်သည်ဟု ဟင်းကို ဝိသေသပြုသည်။ ပြီးမှ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်ဖြူနီ မြိတ်များနှင့်အတူ နွမ်းဖတ်နေသော ဆီထဲ ကြက်သားကို ထည့်မွှေသည်။[၅]

ကိုးကား

  1. Ding Baozhen—an outstanding minister of the Qing Dynasty။ Replay.waybackmachine.org (2008-08-20)။ 20 August 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2021 တွင် ပြန်စစ်ပြီး။
  2. Savoring the Spice in Kung Pao Chicken။ NPR။ 2012-01-23 တွင် ပြန်စစ်ပြီး။
  3. "Easy Kung Pao Recipe" (in en-US)၊ 2014-03-27။ 
  4. Real Deal Kung Pao Chicken Recipe။ 2016-10-28 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Chinese Cooking Demystified (23 April 2018)။ Kung Pao Chicken, 2 ways - Classic Sichuan and Spicy Guizhou (川味宫保鸡丁/黔味宫保鸡丁) (အင်္ဂလိပ်ဘာသာစကားဖြင့်)။ YouTube16 December 2019 တွင် ပြန်စစ်ပြီး
  6. Gong Bao Chicken/Kung Pao Chicken 宫保雞丁/宫爆雞丁 recipe & photos။ MaMaChineseCooking.com (2009-06-22)။ 6 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2021 တွင် ပြန်စစ်ပြီး။
  7. "欧洲四川美食文化周"走进奥地利။ 5 October 2017 တွင် ပြန်စစ်ပြီး။
  8. Easy Kung Pao Frog Legs 宫保田鸡။ 17 April 2018 တွင် ပြန်စစ်ပြီး။