၅၃၂၈၀
တည်းဖြတ်မှုများ
အရေးမကြီး (→ပြဇာတ်) |
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်, -သြ +ဩ)) |
||
==ငယ်ဘဝ==
ဦးပုညသည် မြို့စားရွာစားမျိုးဖြစ်သည့် အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ မြန်မာနှစ် ၁၁၇၄-ခု၊ ဝါခေါင်လဆန်း ၁၃ ရက် ကြာသပတေးနေ့ (ခရစ်နှစ် ၁၈၁၂ ခု ဩဂုတ်လ ၂၀ရက်) ဖွားမြင်၍ ငယ်စဉ်က [[သာယာဝတီမင်း]]တရားကြီး အိမ်တော်ရောက်ခိုက် စည်ကိုပုတ်၍ကစားသောကြောင့် “မောင်ပုတ်စည်” ဟု မင်းတရားကြီးကိုယ်တိုင် အမည်ပေးသောကြောင့် မောင်ပုတ်စည် ဟုခေါ်တွင်သည်။
<ref>၁၉၆၂-ခု၊
*ငယ်နာမည်မှာ မောင်ထူး ဟူ၍ အချို့က ဆိုကြသည်။
*စလေမြို့ သူကြီးရိုး၊ ပုညသမန်းမျိုး၌ သက္ကရာဇ် မြန်မာနှစ် ၁၁၇၄-ခု၊ ကဆုန်လဆန်း (၁၃)ရက်၊ ကြာသပတေးနေ့တွင် [[သာယာဝတီမင်း]]၏ အကြီးတော် အရာရှိဖြစ်သော (အဖ)ဦးမြတ်ထွား၊ (အမိ) ဒေါ်ဆုံတို့မှ ဖွားမြင်လေသည်။ ဦးပုညအား မွေးဖွားချိန် ထိုနေ့၌ မုံရွေးဆရာတော်၊ ကြက်သွန်ခင်းဆရာတော်တို့ ရွှေစက်တော်က အပြန် ဦးမြတ်ထွားအိမ်ကို ဝင်တော်မူကြခိုက်၊ ကြုံကြိုက်သဖြင့် ထိုသူငယ်သည် လောကီရေးရာတွင် ကျော်ဇောထင်ရှားလတ်မည်။ ဥပစ္ဆေဒကကံနှင့်မူ မကင်းလွတ်တတ် ဟူ၍ ရှေ့ပြေးနိမိတ် ဖတ်ကြားတော်မူကြကြောင်း အချို့ဆရာတို့က ဆိုကြသည်။
*ဦးမြတ်ထွားနှင့် ဒေါ်ဆုံတို့သည်ကား မောင်နှမဝမ်းကွဲ တော်စပ်သည်ဟု ဆို၏။ <ref>ဦးပုည ဝတ္ထုပေါင်းချုပ်၊ သုဓမ္မဝတီ ကျောင်းသုံးစာအုပ် ထုတ်ဝေသော ဌာန၊ ၁၉၄၀၊ စာ-(င)</ref>
*(ဦးပုညဖွားသောနှစ်မှာ အမှတ်အသားမတူကြပါ။ အချို့က ၁၁၆၉-ခု၊ အချို့က ၁၁၇၃-ခု၊ အချို့က ၁၁၇၈-ခုဟူ၍လည်း ကွဲပြားကြသေးသည်။)
===ပုံပန်းသဏ္ဌာန်===
အရပ်မနိမ့်လွန်း၊ မမြင့်လွန်း၊ ခပ်ပြတ်ပြတ်၊ အသားလတ်လတ် ရှိလေသည်။ တနည်း အသားညိုညို၊ အရပ်မြင့်မြင့် နှာတံစင်းစင်း၊ နဖူးထင်ရင်း ကျယ်ကျယ် ရှိသည်ဟုလည်း ဆိုကြသည်။ ညာဘက်လက်ကောက်ဝတ်မှ လက်သန်းဖျားအထိ သိမ်၍ လက်သန်းနှင့် လက်သူကြွယ်မှာ အောက်သို့ ခတ်ကောက်ကောက် ရှိ၏။ ရေးရာသားရာတို့၌ ပုရပိုက်ကို ထောင်လိုက်ထား၍ ဘယ်လက်နှင့် ရေးတတ်မှတ်တတ်လေသည်။ သို့ဖြင့်လင့်ကစား လက်ရေးလှသည်။ လက်ရေးလည်း မြန်ဆန်လေသည်။ ၎င်းအပြင် ဆေးလိပ်အလွန်ကြိုက်တတ်သည်။ ဆေးတလိပ် ကုန်အောင်သောက်ရမှ ပုရပိုက်ကိုချ၍ စာများကို ရေးတတ်လေ့ရှိသည်ဟူ၍ ဆိုစမှတ်ပြုကြလေသတည်း။<ref>ဦးပုည ဝတ္ထုပေါင်းချုပ်၊ သုဓမ္မဝတီ ကျောင်းသုံးစာအုပ် ထုတ်ဝေသော ဌာန၊ ၁၉၄၀၊ စာ-(ည)</ref>
|