ရော်နယ် ရေဂင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အိမ်မက် +အိပ်မက်)
စာကြောင်း ၃၁ - စာကြောင်း ၃၁ -


== သမ္မတ အဖြစ်ရွေးခံခြင်း ==
== သမ္မတ အဖြစ်ရွေးခံခြင်း ==
၁၉၈၀ တွင် ရီပက်ပလစ်ကန်ပတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီးနောက် သမ္မတ [[ကာတာ၊ ဂျင်မီ|ဂျင်မီကာတာ]] နှင့် ၁၉၈၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။ ရော်နယ်ဟာ အခွန်လျော့ပေါ့ရေး၊ အစိုးရမှ ပြည်သူများထံသို့ စိတ်အနှောက်အယှက်ဖြစ်အောင် အကြောင်းမရှိ ဝင်ရောက်စစ်ဆေးနေမူ၊ အမေရိကန်ပြည်သူများအတွက် ပိုမိုလွတ်လပ်ခွင့်စွာ လူပ်ရှား ပိုင်ခွင့် နှင့် နိုင်ငံတော် ကာကွယ်ရေး စသည့်များဖြင့် မဲဆွယ်စည်းရုံးခဲ့သည်။ ရော်နယ်ရေဂင်ဟာ ၁၉၈၀ တွင် သူ၏အိမ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ ရော်နယ်က မဲအရေအတွက် ၅၀.၇% ၊ သမ္မတ ဂျစ်မီကာတာ က ၄၁%၊ ဖြင့် ရော်နယ်ဟာ အမေရိကန်နိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ သို့သော်လည်း အထက်လွှတ်တော်တွင် ဒီမိုကရက်များက အမတ်နေရာ အများဆုံးဖြင့် နေရာယူထားသေးသည်။ အောက်လွှတ်တော်တွင် ရော်နယ်၏ ရီပက်ပလစ်ကန်က အမတ်နေရာ ၃၄နေရာအပိုအဖြစ် ချုပ်ကိုင်နိုင်ခဲ့သည်။
၁၉၈၀ တွင် ရီပက်ပလစ်ကန်ပတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီးနောက် သမ္မတ [[ကာတာ၊ ဂျင်မီ|ဂျင်မီကာတာ]] နှင့် ၁၉၈၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။ ရော်နယ်ဟာ အခွန်လျော့ပေါ့ရေး၊ အစိုးရမှ ပြည်သူများထံသို့ စိတ်အနှောက်အယှက်ဖြစ်အောင် အကြောင်းမရှိ ဝင်ရောက်စစ်ဆေးနေမူ၊ အမေရိကန်ပြည်သူများအတွက် ပိုမိုလွတ်လပ်ခွင့်စွာ လူပ်ရှား ပိုင်ခွင့် နှင့် နိုင်ငံတော် ကာကွယ်ရေး စသည့်များဖြင့် မဲဆွယ်စည်းရုံးခဲ့သည်။ ရော်နယ်ရေဂင်ဟာ ၁၉၈၀ တွင် သူ၏အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ ရော်နယ်က မဲအရေအတွက် ၅၀.၇% ၊ သမ္မတ ဂျစ်မီကာတာ က ၄၁%၊ ဖြင့် ရော်နယ်ဟာ အမေရိကန်နိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ သို့သော်လည်း အထက်လွှတ်တော်တွင် ဒီမိုကရက်များက အမတ်နေရာ အများဆုံးဖြင့် နေရာယူထားသေးသည်။ အောက်လွှတ်တော်တွင် ရော်နယ်၏ ရီပက်ပလစ်ကန်က အမတ်နေရာ ၃၄နေရာအပိုအဖြစ် ချုပ်ကိုင်နိုင်ခဲ့သည်။
[[File:ElectoralCollege1984.svg|thumb|1984 presidential electoral votes by state. Reagan (red) won every state except for Mondale's home state of [[Minnesota]] (and [[Washington, D.C.]])]]
[[File:ElectoralCollege1984.svg|thumb|1984 presidential electoral votes by state. Reagan (red) won every state except for Mondale's home state of [[Minnesota]] (and [[Washington, D.C.]])]]



၁၀:၁၈၊ ၂၉ ဩဂုတ် ၂၀၂၁ ရက်နေ့က မူ

ရော်နယ် ရေဂင်
ရော်နယ် ရေဂင်
အမည်ရင်း ရော်နယ် ဝယ်လဆင် ရေဂင်
မွေးသက္ကရာဇ် ၁၉၁၁ ဖေဖော်ဝါရီ ၆

ကွယ်လွန် ၂၀၀၄ ဇွန် ၅
နိုင်ငံသား  အမေရိကန်
လူမျိုး လူဖြူ
ပညာရေး ယူရေကာ ကောလိပ်
အလုပ်အကိုင် ရုပ်ရှင်သရုပ်ဆောင်၊ နိုင်ငံရေးသမား
ကြင်ဖော် (1) Jane Wyman (married 1940, divorced 1948)
(2) Nancy Davis (married 1952)
လက်မှတ်

ရော်နယ်ရေဂင် (ဖေဖော်ဝါရီ ၆ ၁၉၁၁ – ဇွန် ၅ ၂၀၀၄) သည် အမေရိကန်ပြည်ထောင်စု၏ ၄၀ ယောက်မြှောက်သမ္မတဖြစ်သည်။ ရော်နယ်သည် သူ၏ ဘဝကို ရုပ်ရှင်မင်းသားဖြင့် စခဲ့ပြီး အောင်မြင်မူကိုလည်း ရရှိခဲ့သည်။ ရော်နယ်သည် ဒီမိုကရက်ပါတီဝင် ဖြစ်သော်လည်း ၁၉၆၂ တွင် ရီပက်ပလစ်ကန်ပါတီ သို့ပြောင်းလဲဝင်ရောက်ခဲ့သည်။ ရော်နယ်သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။ သူသည် ရီပက်ပလစ်ကန်ပါတီ၏သမ္မတလောင်းအဖြစ်ရရှိရန် ၂ ကြိမ်တိတိ ယှဉ်ပြိုင်ခဲ့သော်လည်း သူ၏ပြိုင်ဘက်များကသာ အသာရသွားခဲ့သည်။ သို့သော်လည်း ၁၉၈၀ နောက်ပိုင်းတွင် နှစ်ကြိမ်တိတိ ရီပက်ပလစ်ကန်ပါတီ သမ္မတအဖြစ်နှင့် အမေရိကန်နိုင်ငံတွင် အအောင်မြင်ဆုံး သမ္မတတဦးဖြစ်ခဲ့သည်။ ရော်နယ်ဝယ်လဆင်ရေဂင်သည် အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် Tampico မြို့၌ ၁၉၁၁ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရော်နယ်၏ မိခင်၊ဖခင်များသည် ဘာသာရေးကို ရိုသေလေးစား သူများဖြစ်သဖြင့် ရော်နယ်လည်း ဘာသာရေးကို လေးစားခဲ့သည်။ သူသည် အမေရိကန်နိုင်ငံ၏ လူဖြူ၊လူမည်း ခွဲခြားရေးကို ဆန့်ကျင်သူတစ်ယောက်လည်းဖြစ်သည်။ တချိန်က သူ၏မြို့တည်းခိုခန်းများက လူမည်းကို ဝင်ရောက်တည်းခိုခွင့်မပြုသည်ကို ရော်နယ်ကိုယ်တိုင် မိမိအိမ်သို့ ခေါ်ယူတည်းခိုခွင့်ပြုခဲ့သည်။ နောက်တနေ့ နံနက်စာပါ ကျွေးလိုက်သေးသည်။ ရော်နယ်ဟာ Dixon High School တွင်ကျောင်းတက်ခဲ့ပြီး သရုပ်ဆောင်ခြင်း၊ အားကစားနှင့် ပုံပြောခြင်းတွင် အထူးစိတ်ဝင်စားခဲ့သလို ထိုနေရာများတွင် ထူးချွန်စွာ လုပ်ပြနိုင်ခဲ့သည်။ ပထမဆုံးအလုပ်အဖြစ် Lowell Park အနီးရှိ မြစ်တစ်ခုတွင် ရေနစ်သူများကို ကယ်တင်သူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ရေနစ်သူပေါင်း ၇၇ ယောက်ကို ကယ်တင်နိုင်ခဲ့သည်။ ထိုနောက် ကောလိပ် တက်ပြီး ကောလိပ်တွင်လည်း ကျောင်းသားဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်း ခံရသည်။ ဒုတိယကမ္ဘာစစ်အတွင်းက သူသည် အမေရိကန်ကြည်းတပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်ခြင်းကြောင့် တိုက်ခိုက်ရေးဘက်တွင်မဟုတ်ဘဲ ဟောလိဝုဒ် တွင်စစ်ဘက်ရေးရာ အသိပညာပေးရေးနှင့် စစ်ရေးလေ့ကျင့်ရေးရုပ်ရှင်များ ရိုက်ကူးရေးဘက်တွင်သာ တာဝန်ထမ်းဆောင်ခဲ့သည်။

ရော်နယ်ရေဂင်သမ္မတအဖြစ် မိန့်ခွန်းပြောကြားပြီးနောက် အိမ်ဖြူတော်သို့ သွားနေစဉ်

နိုင်ငံရေးလုပ်ခြင်း

ရော်နယ် ဟာ အစပိုင်းတွင် ဒီမိုကရက်ပါတီဝင် အဖြစ် နိုင်ငံရေးကို စခဲ့သည်။ သို့သော်လည်း ၁၉၆၂ နောက်ပိုင်းတွင် ရီပက်ပလစ်ကန်ပါတီသို့ တရားဝင် ပြောင်းခဲ့သည်။ ရီပက်လစ်ကန်ပါတီဝင် များသည် ရော်နယ်၏ နိုင်ငံရေး၊စီးပွားရေး အမြင်များကို သဘောကျကြသဖြင့် ၁၉၆၆ ကယ်လ်လီးဖိုးနီးယားပြည်နယ်အုပ်ချုပ်မှူးအဖြစ် ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ကြသည်။ စစ်ဆန့်ကျင်ရေး စသည့် ကြွေးကြော်သံများဖြင့် ၁၉၆၇ ဇန်နဝါရီလ ၃ ရက်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက် တင်မြှောက် ခြင်း ခံခဲ့ရသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်ခံရပြီး နောက် ရော်နယ်ဟာ သမ္မတလောင်း ရွေးချယ်ပွဲတွင် ဝင်ရောက်စမ်းသပ် ခံခဲ့သေးသည်။ နှစ်ကြိမ်တိတိ ဝင်ရောက်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသည်။ သို့သော်လည်း ၁၉၇၀ တွင်ပြည်နယ်အုပ်ချုပ်ရေးအဖြစ် ပြန်လည် ရွေးကောက်တင်မြှောက်ခံ ရသည်။ ၁၉၇၄ တတိယအကြိမ်တွင်မူ ရော်နယ်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုတော့ပေ။

သမ္မတ အဖြစ်ရွေးခံခြင်း

၁၉၈၀ တွင် ရီပက်ပလစ်ကန်ပတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရပြီးနောက် သမ္မတ ဂျင်မီကာတာ နှင့် ၁၉၈၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည်။ ရော်နယ်ဟာ အခွန်လျော့ပေါ့ရေး၊ အစိုးရမှ ပြည်သူများထံသို့ စိတ်အနှောက်အယှက်ဖြစ်အောင် အကြောင်းမရှိ ဝင်ရောက်စစ်ဆေးနေမူ၊ အမေရိကန်ပြည်သူများအတွက် ပိုမိုလွတ်လပ်ခွင့်စွာ လူပ်ရှား ပိုင်ခွင့် နှင့် နိုင်ငံတော် ကာကွယ်ရေး စသည့်များဖြင့် မဲဆွယ်စည်းရုံးခဲ့သည်။ ရော်နယ်ရေဂင်ဟာ ၁၉၈၀ တွင် သူ၏အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ ရော်နယ်က မဲအရေအတွက် ၅၀.၇% ၊ သမ္မတ ဂျစ်မီကာတာ က ၄၁%၊ ဖြင့် ရော်နယ်ဟာ အမေရိကန်နိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ သို့သော်လည်း အထက်လွှတ်တော်တွင် ဒီမိုကရက်များက အမတ်နေရာ အများဆုံးဖြင့် နေရာယူထားသေးသည်။ အောက်လွှတ်တော်တွင် ရော်နယ်၏ ရီပက်ပလစ်ကန်က အမတ်နေရာ ၃၄နေရာအပိုအဖြစ် ချုပ်ကိုင်နိုင်ခဲ့သည်။

1984 presidential electoral votes by state. Reagan (red) won every state except for Mondale's home state of Minnesota (and Washington, D.C.)

နိုင်ငံတော် သမ္မတ အဖြစ်

နိုင်ငံတော်သမ္မတအဖြစ် ရော်နယ်သည် ၁၉၈၁ မှ ၁၉၈၉ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ရော်နယ်သည် နိုင်ငံတော် သမ္မတအဖြစ်နဲ့ အမေရိကန်နိုင်ငံကို စီးပွားရေးအရ ကူညီနိုင်ခဲ့ရုံသာမက ကမ္ဘာအရပ်ရပ် ရှိ ပြသာနာရပ်များကိုပါ ဖြေရှင်းနိုင်ခဲ့သည် သူအဖြစ် မှတ်ကျောက်တင်ခံရသည်။ ရော်နယ်ဟာ အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံးသမ္မတတဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ သူတာဝန် ထမ်းဆောင်ချိန်တွင် ၆၉ နှစ် ရှိနေလေပြီ။ ၁၉၈၁ ခုနှစ် မတ်လ ၃၀ တွင် ဟိုတယ်မှ အထွက်တွင် သေနတ်ဖြင့် လုပ်ကြံခံရသည်။ သေနတ်ကျည်ဆံသည် အဆုတ်သို့ ထိသွားပြီး နှလုံးသို့ရောက်ရန် တလက်မ အကွာသာ လိုသည်ဟုလည်း ခွဲစိတ်ဆရာဝန်က ပြောကြားခဲ့သည်။ ထိုအဖြစ်ကို ရော်နယ်မှ ဘုရားသခင်က သူအား သည်ထက် ပိုပြီး ကောင်းမွန်သောအလုပ်များကိုလုပ်စေချင်သဖြင့် သူ့အသက်ကို ချမ်းသာပေးကြောင်းလည်း ယုံကြည်ခဲ့သည်။ ၁၉၈၄ ရွေးကောက်ပွဲတွင် ရော်နယ်သည် သူ၏ပြိုင်ဘက်မွေးဖွားရာ ပြည်နယ်တခုမှလွဲပြီး ကျန်ပြည်နယ်အားလုံးတွင် သူ၏ ရီပက်ပလစ်ကန်ပါတီက အနိုင်ရခဲ့သည်။ အမေရိကန်သမိုင်းတွင် အကြီးမားဆုံးသော အောင်မြင်မူတခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ရော်နယ်သည် ကွန်မြူနစ်စနစ်ကို ဆန့်ကျင်သူတစ်ဦး ဖြစ်ပြီး ထိုခေတ်က တန်ခိုးထွားခဲ့သော ဆိုဗီယက်ယူနီယံကိုလည်း Evil Empire ဟု ပြောကြားခဲ့သည်။ ရော်နယ်ရေဂင်သည် ဟာသဉာဏ်ရှိသူ တဦးဖြစ်ပြီး သူမိန့်ခွန်းပြောတိုင်း ရယ်စရာတပုဒ်ကို ထည့်မြဲထည့်တတ်သည်။

ကျန်းမာရေး

ရော်နယ်ရေဂင်သည် ကျန်းမာရေးကောင်းသူတစ်ဦး ဖြစ်သော်လည်း သူသည်( Alzheimer) အသက်ကြီးလျှင် ဦးနှောက်၏မှတ်ဉာဏ်များကိုမေ့ပစ်စေသော ရောဂါမျိုးကို ခံစားနေရသည်။ သို့သော်လည်း သူ၏ သမ္မတသက်တမ်း နှစ်ခေါက်လုံးတွင် မမေ့မလျော့ပဲ ကောင်းမွန်စွာနိုင်ငံကို အုပ်ချုပ်နိုင်ခဲ့သည်။ သူ၏ ရောဂါသည် သမ္မတမှ အနားယူပြီးမှ တဖြည်းဖြည်းစလာ ခြင်းဖြစ်သည်။ လူတော်တော်များများကိုလည်း မမှတ်မိတော့ပေ။ သို့သော် သူ၏ ဇနီးNancy ကိုတော့ မမေ့ပေ။ ရော်နယ်သည် ကောင်းမွန်စွာဖြင့် အားကစားများကို လိုက်စားခဲ့သေးသည်။ အားလပ်ချိန်တွင် ဂေါက်သီးများကိုပါ ရိုက်လိုက်သေးသည်။ သို့သော် ၈၉ လောက်တွင် ရောဂါမှ ပိုဆိုးလာသဖြင့် အိမ်ပြင်သို့ မထွက်တော့ပဲ အနားယူရင်း အသက် ၉၃ တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား