ရှင်သီဝလိဂမုန်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
[[File:Spathiphyllum wallisii kz1.jpg|thumb|ရှင်သီဝလိဂမုန်းပင်]]
[[File:Spathiphyllum wallisii kz1.jpg|thumb|ရှင်သီဝလိဂမုန်းပင်]]


[[ဂမုန်း]]ပင်အမျိုးအစား အများအပြား ရှိသည့်အနက် ရှင်သီဝလိဂမုန်းဟု ခေါ်တွင်နေသော Mauna Loa ကို မြန်မာလူမျိုးများက မြတ်မြတ်နိုးနိုး စိုက်ပျိုးထားရှိကြပါသည်။ ရှင်သီဝလိဂမုန်း၏ ရုက္ခဗေဒအမည်မှာ Spathiphyllum wallisii ဖြစ်ပြီး၊ peace lily၊ closet lily ဟုလည်း ခေါ်ကြသည်။ လူသိများသော အမည်မှာ Mauna Loa ဖြစ်ပြီး၊ အလင်းရောင် အနည်းငယ် ရှိရုံမျှနှင့် ရှင်သန်နိုင်သော အပင်မျိုးဖြစ်သည်။ နေရောင်ခြည်ထိတွေ့ ရရှိဖို့ မလွယ်ကူသော ဟိုတယ် ဧည့်ခန်းမကြီးများ၊ စူပါမားကက်များနှင့် အဆောက်အဦး အကြီးကြီးတွေ အတွင်းမှာ ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်ပါသည်။
[[ဂမုန်း]]ပင်အမျိုးအစား အများအပြား ရှိသည့်အနက် ရှင်သီဝလိဂမုန်းဟု ခေါ်တွင်နေသော Mauna Loa ကို မြန်မာလူမျိုးများက မြတ်မြတ်နိုးနိုး စိုက်ပျိုးထားရှိကြပါသည်။ ရှင်သီဝလိဂမုန်း၏ ရုက္ခဗေဒအမည်မှာ Spathiphyllum wallisii ဖြစ်ပြီး၊ peace lily၊ closet lily ဟုလည်း ခေါ်ကြသည်။ လူသိများသော အမည်မှာ Mauna Loa ဖြစ်ပြီး၊ အလင်းရောင် အနည်းငယ် ရှိရုံမျှနှင့် ရှင်သန်နိုင်သော အပင်မျိုးဖြစ်သည်။ နေရောင်ခြည်ထိတွေ့ ရရှိဖို့ မလွယ်ကူသော ဟိုတယ် ဧည့်ခန်းမကြီးများ၊ စူပါမားကက်များနှင့် အဆောက်အဦး အကြီးကြီးအတွင်းမှာ ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်ပါသည်။


== မူလဇာတိ ==
== မူလဇာတိ ==
ရှင်သီဝလိဂမုန်း၏ မူလဇာတိနေရာသည် ဟာဝိုင်ယီဒေသမှ တောင်တန်းများဖြစ်သော Mountains of Mauna Loa နေရာဒေသဖြစ်သည်။ အရွက်များသည် တောက်ပသော အစိမ်းရင့်ရောင်ရှိပြီး လှပသည်။ ရှင်သီဝလိဂမုန်း အပွင့်သည် အဖြူရောင်ရှိပြီး အနံ့အနည်းငယ် (သင်းသင်းလေး) မွှေးသည်။ အစိမ်းရောင် ရိုးတံဖြောင့်ဖြောင့် အပေါ်တွင် အဖြူရောင်အပွင့် ငွားငွားစွင့်စွင့် ပွင့်နေသည်မှာ အင်မတန် ကြည့်ကောင်းပါသည်။ အစိမ်းနှင့် အဖြူ ဆန့်ကျင်ဘက်အရောင်နှစ်ခုကို ပေါင်းစည်းထားသော ပန်းပွင့်၏ အလှသည် ပန်းချီဆန်လှပါသည်။
ရှင်သီဝလိဂမုန်း ရဲ့ မူလဇာတိနေရာကတော့ ဟာဝိုင်ယီဒေသမှ တောင်တန်းများဖြစ်တဲ့
Mountains of Mauna Loa နေရာဒေသ မှဖြစ်ပါတယ်။ အရွက်များဟာ တောက်ပတဲ့ အစိမ်းရင့်ရောင်ရှိပြီး လှပပါတယ်။ ရှင်သီဝလိဂမုန်း ရဲ့ အပွင့်ဟာ အဖြူရောင်ရှိပြီး အနံ့အနည်းငယ်သင်းသင်းလေး မွှေးပါတယ်။
အစိမ်းရောင် ရိုးတံဖြောင့်ဖြောင့် အပေါ်မှာ အဖြူရောင်အပွင့် ငွားငွားစွင့်စွင့် ပွင့်နေတာဟာ အင်မတန်မှကို ကြည့်ကောင်းပါတယ်။ အစိမ်း နဲ့ အဖြူ ဆန့်ကျင်ဘက်အရောင်နှစ်ခု ကိုပေါင်းစည်းတားတဲ့ ပန်းပွင့် ရဲ့ အလှဟာ ပန်းချီဆန်လှပါတယ်။


== စိုက်ပျိုးပုံ ==
== စိုက်ပျိုးပုံ ==

၁၅:၄၉၊ ၅ ဩဂုတ် ၂၀၂၁ ရက်နေ့က မူ

ရှင်သီဝလိဂမုန်းပင်

ဂမုန်းပင်အမျိုးအစား အများအပြား ရှိသည့်အနက် ရှင်သီဝလိဂမုန်းဟု ခေါ်တွင်နေသော Mauna Loa ကို မြန်မာလူမျိုးများက မြတ်မြတ်နိုးနိုး စိုက်ပျိုးထားရှိကြပါသည်။ ရှင်သီဝလိဂမုန်း၏ ရုက္ခဗေဒအမည်မှာ Spathiphyllum wallisii ဖြစ်ပြီး၊ peace lily၊ closet lily ဟုလည်း ခေါ်ကြသည်။ လူသိများသော အမည်မှာ Mauna Loa ဖြစ်ပြီး၊ အလင်းရောင် အနည်းငယ် ရှိရုံမျှနှင့် ရှင်သန်နိုင်သော အပင်မျိုးဖြစ်သည်။ နေရောင်ခြည်ထိတွေ့ ရရှိဖို့ မလွယ်ကူသော ဟိုတယ် ဧည့်ခန်းမကြီးများ၊ စူပါမားကက်များနှင့် အဆောက်အဦး အကြီးကြီးအတွင်းမှာ ကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်ပါသည်။

မူလဇာတိ

ရှင်သီဝလိဂမုန်း၏ မူလဇာတိနေရာသည် ဟာဝိုင်ယီဒေသမှ တောင်တန်းများဖြစ်သော Mountains of Mauna Loa နေရာဒေသဖြစ်သည်။ အရွက်များသည် တောက်ပသော အစိမ်းရင့်ရောင်ရှိပြီး လှပသည်။ ရှင်သီဝလိဂမုန်း အပွင့်သည် အဖြူရောင်ရှိပြီး အနံ့အနည်းငယ် (သင်းသင်းလေး) မွှေးသည်။ အစိမ်းရောင် ရိုးတံဖြောင့်ဖြောင့် အပေါ်တွင် အဖြူရောင်အပွင့် ငွားငွားစွင့်စွင့် ပွင့်နေသည်မှာ အင်မတန် ကြည့်ကောင်းပါသည်။ အစိမ်းနှင့် အဖြူ ဆန့်ကျင်ဘက်အရောင်နှစ်ခုကို ပေါင်းစည်းထားသော ပန်းပွင့်၏ အလှသည် ပန်းချီဆန်လှပါသည်။

စိုက်ပျိုးပုံ

ရှင်သီဝလိဂမုန်းပန်း

အိမ်ခန်းတွင်း မည်သည့်နေရာမှာမဆို လှပနေတဲ့ ပန်းပင်ဖြစ်ပါတယ်။ ရှင်သီဝလိဂမုန်းပင်ဟာ စိုက်ထားပြီးလျှင် အထွေအထူးပြုစုပျိုးထောင်ဂရုစိုက်နေစရာမလိုအပ်သလို ရေအများကြီးလောင်းပေးဘို့လည်း မလိုအပ်ပါဘူး။ မြေဆီလွှာကို ရေအနည်းငယ်စိုစွတ်စေရုံမျှဖြင့်သာ စိုက်ပျိုးနိုင်ပါတယ်။ အပွင့်များများပွင့်စေလိုလျှင် အပင်ကိုပူနွေးစွတ်စိုသောနေရာမျိုးမှာ စိုက်ပျိုးထားရှိရပါမယ်။ ပူအိုက်တဲ့နေရာ ဒေသမျိုးမှာ အပွင့်များများပွင့်တတ်ပါတယ်။ ရေများများလောင်းမိလျှင် အခြားအိမ်တွင်းပန်းပင်များကဲ့သို့ အပင်သေသွားပါလိမ့်မယ်။ ပန်းအိုးအတွင်း မြေကြီးခြောက်သွေ့စပြုမှသာ တစ်ခါရေလောင်းပေးရံမျှဖြင့် လုံလောက်ပါတယ်။ စိုထိုင်းပြီးရေစီးကောင်းတဲ့ မြေဆီလွှာအနေအထားမျိုးက ရှင်သီဝလိဂမုန်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။ အိမ်ခန်းအတွင်းမှာ ပန်းအိုးနှင့်အလှဆင်ပြီးထားတော့မယ်ဆိုလျှင် တံခါးပေါက်ဘေးနားမှာထားလျှင် အသင့်တော်ဆုံးပါပဲ။ နွေးပြီးစိုထိုင်းတဲ့နေရာမျိုးဟာ ရှင်သီဝလိဂမုန်းပင်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ပန်းပင်ကြီးထွားလာပြီး ပန်းအိုးထဲမှာ အမြစ်တွေကျလာပြီဆိုလျှင် ပိုမိုကြီးမားတဲ့ ပန်းအိုးအတွက်ရွှေ့ပြောင်းစိုက်ပေးဖို့ လိုအပ်လာပါတယ်။ အမြစ်များ ကြပ်သိပ်နေမယ်ဆိုရင် ပန်းပင် ကြီးထွားမှုကို နှောင့်နှေးစေပြီး နောက်ဆုံးမှာ အပင်ဟာ ကျုံလှီပြီး သေသွားမှာ တတ်ပါတယ်။ ရှင်သီဝလိဂမုန်းကို စိုက်တော့မယ်ဆိုရင် အပင်ကိုကောင်းစွာ ရေဆေး ရေလောင်းပေးလျှင် အမြစ်နှင့်မြေဆီလွှာတို့ ကောင်းစွာတွယ်ကပ်နိုင်မှာ ဖြစ်ပါတယ်။ အိုးပြောင်းစိုက်တော့မယ်ဆိုရင် အပင်ဘေးပတ်ပတ်လည်မှာ မြေကြီးကိုဖြေးညှင်းစွာ ဖြည့်ပေးတာကောင်းပါတယ်။ မြေကြီးကို ပြည့်ကြပ်သိပ်နေအောင်ဖြည့်တာဟာ အမြစ်ဆီကို လေရောက်စေခြင်းကို အဟန့်အတားဖြစ်စေတာကြောင့် မြေကြီးမွမွလေးတွေကို အသုံးပြုတာအကောင်းဆုံးပါပဲ။

ရှင်သီဝလိဂမုန်းပင်ဟာ အပင်ပွားလွယ်တဲ့ ပန်းပင်မျိုးဖြစ်ပါတယ်။ အမြစ်များကြီးထွားပြိး နောက်ထပ်အပင်သစ်တစ်ပင်ကို ဖြစ်စေနိုင်သလို ပန်းပွင့်ရဲ့ ဝန်မှုန်တံ ကြီးထွားရင့်မှည့်လာပြီး မျိုးစေ့များမှလည်း အပင်သစ်ဖြစ်စေပါတယ်။ အလင်းရောင်အများကြီးလည်းမလို၊ ရေလည်းအများကြီး လောင်းစရာမလိုဘဲ အိမ်ခန်းတွင်းမှာ စိမ်းစိုကာ လှပပြီး ပန်းချီဆန်တဲ့ မွှေးရနံ့သင်းသော အပွင့်ဖြူဖြူလေးတွေ ပွင့်တဲ့ ရှင်သီဝလိဂမုန်းပင်ကို ရွေးချယ်စိုက်ပျိုးမယ်ဆိုရင် မိမိအိမ်ခန်း ၊ ရုံးခန်း အတွင်းမှာ လှပနေရုံတင်မကဘဲ လာဘ်လာဘလည်း တိုးပွားစေတယ်လို့ မြန်မာလူမျိုးများက အယူရှိကြပါတယ်။