"ဓမ္မဒါယာဒသုတ်" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၁၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၃ လ
→‎၃— ဓမ္မဒါယာဒသုတ်: စာလုံးပေါင်း ပြင်ခဲ့သည်
အရေးမကြီး (HotCatကို အသုံးပြု၍ Category:ပိဋကတ် သုံးပုံကို ဖယ်ရှားခဲ့သည်)
(→‎၃— ဓမ္မဒါယာဒသုတ်: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
 
ရဟန်းတို့ (သင်တို့သည်) ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်ငြားအံ့၊ ထို့အတွက် “မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ပစ္စည်းအမွေခံတို့ မဖြစ်ကုန်” ဟု သင်တို့လည်း အကဲ့ရဲ့ခံရသူများ မဖြစ်ကုန်ရာ။ ထို့အတွက် “မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့မဖြစ်ကုန်” ဟုငါဘုရားလည်း အကဲ့ရဲ့ခံရသူ မဖြစ်ရာ။ ရဟန်းတို့ ထို့ကြောင့် သင်တို့သည် ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကုန်လော့၊ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်လင့်၊ “အဘယ်သို့သော အကြောင်းဖြင့် ငါ၏တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်အံ့နည်း” ဟု သင်တို့ (အပေါ်) ၌ ငါဘုရား သနားငဲ့ညှာခြင်း ရှိ၏။
 
၃ဝ။ ရဟန်းတို့ ငါဘုရားသည် ဆွမ်းစားပြီး တန်ပြီဟု တားမြစ်ပြီး ပြည့်စုံပြီး အပြီးသတ်ပြီး့တင်းတိမ်ပြီးအပြီးသတ်ပြီး တင်းတိမ်ပြီး အလိုရှိသလောက် စားသုံးပြီး ဖြစ်ရာ၏၊ ငါဘုရားအား ပိုလျှံနေသဖြင့် စွန့်ပစ်သင့်သောဆွမ်းလည်း ရှိရာ၏၊ ထိုအခါ ဆာလောင်ခြင်း အားနည်းခြင်းဖြင့် အနှိပ်အစက်ခံနေရသော ရဟန်းနှစ်ပါးတို့သည် ရောက်လာကုန်ရာ၏၊ ထိုရဟန်းတို့ကို ငါဘုရားသည် “ရဟန်းတို့ ငါဘုရားသည် ဆွမ်းစားပြီးတန်ပြီဟု တားမြစ်ပြီး ပြည့်စုံပြီး အပြီးသတ်ပြီး တင်းတိမ်ပြီး အလိုရှိသလောက် စားသုံးပြီး ဖြစ်၏၊ ငါဘုရားအား ပိုလျှံနေသဖြင့် ဤစွန့်ပစ်သင့်သော ဆွမ်းလည်း ရှိသေး၏၊ အကယ်၍ အလိုရှိကြမူ စားကြကုန်လော့၊ အကယ်၍ သင်တို့မစားကြမူ ယခုပင် ငါဘုရားသည် စိမ်းစိုသော မြက်သစ်ပင်မရှိရာ အရပ်၌သော်လည်း စွန့်ပစ်လိုက်အံ့၊ ပိုးမရှိသော ရေ၌သော်လည်း သွန်ချလိုက်အံ့ဟု မိန့်ဆိုရာ၏။
 
ထိုရဟန်းနှစ်ပါးတို့တွင် ရဟန်းတစ်ပါးအား ဤသို့ စိတ်အကြံဖြစ်ရာ၏ —
ရဟန်းတို့ ထို့ကြောင့် (သင်တို့သည်) ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကြကုန်လော့၊ ပစ္စည်းအမွေခံတို့ မဖြစ်ကြကုန်လင့်၊ “အဘယ်သို့သော အကြောင်းဖြင့် ငါ၏ တပည့် ‘သာဝက’တို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်း ‘အာမိသ’အမွေခံတို့ မဖြစ်ကုန်အံ့နည်း” ဟု သင်တို့ (အပေါ်) ၌ ငါဘုရားသနားငဲ့ညှာခြင်းရှိ၏။
 
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ဤစကားကို မိန့်တော်မူပြီးနောက် မြတ်စွာဘုရား့သည်မြတ်စွာဘုရားသည် နေရာမှ ထတော်မူ၍ ကျောင်းတော်သို့ ဝင်တော်မူ၏။
 
၃၁။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား ဖဲခွါကြွသွားတော်မူ၍ မကြာမီပင် ရဟန်းတို့ကို “ငါ့သျှင် ရဟန်းတို့” ဟု ခေါ်တော်မူ၏၊ တိုရဟန်းတို့သည် အသျှင်သာရိပုတြာအား “ငါ့သျှင်” ဟု ပြန်ကြား လျှောက်ထားကုန်၏။
ငါ့သျှင်တို့ ထိုတပည့် ‘သာဝက’တို့တွင် ရဟန်းလတ်သို့သည်။ပ။ ရဟန်းငယ်တို့သည် အကြောင်းသုံးပါးတို့ဖြင့် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ “ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ကို အတုလိုက်၍ ကျင့်ကုန်၏” ဟု ဤပဌမအကြောင်းဖြင့်ရဟန်းငယ်တို့သည် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ “မြတ်စွာဘုရားသည် ပယ်ရန် ဟောထားတော်မူသော (အကုသိုလ်) တရားတို့ ကိုလည်း ပယ်ကုန်၏” ဟု ဤဒုတိယအကြောင်းဖြင့် ရဟန်းငယ်တို့သည်ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ “ပစ္စည်းများပြားရန် ကျင့်သူများ မဟုတ်ကုန်၊ (အဆုံးအမတော်ကို) လျော့လျော့ပေါ့ပေါ့သာ နာယူသူများ မဟုတ်ကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့သူများ ဖြစ်ကုန်၏၊ နိဗ္ဗာန် ‘ဥပဓိဝိဝေက’ ရရေး၌ ရှေ့သွား ဖြစ်ကုန်၏” ဟု ဤတတိယအကြောင်းဖြင့် ရဟန်းငယ်တို့သည်ချီးမွမ်း ထိုက်သူများ ဖြစ်ကုန်၏။ ငါ့သျှင်တို့ ရဟန်းငယ်တို့သည် ဤ အကြောင်းသုံးပါးတို့ဖြင့်ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ်တပည့် ‘သာဝက’တို့သည် ဆိတ်ငြိမ်ခြင်း ‘ဝိဝေက’ကို ဤမျှလောက်ဖြင့် အတုလိုက်၍ ကျင့်ကုန်၏။
 
၃၃။ ငါ့သျှင်တို့ ထို (ဟောကြားခဲ့သောတရား) ၌ လိုချင်တပ်မက်ခြင်း ‘လောဘ’သည်လည်း ယုတ်ညံ့၏၊ စိတ်ဆိုးခြင်း ‘ဒေါသ’သည်လည်း ယုတ်ညံ့၏၊ လိုချင်တပ်မက်ခြင်း ‘လောဘ’ကို ပယ်ခြင်းငှါလည်းကောင်း၊ စိတ်ဆိုးခြင်း ‘ဒေါသ’ကို ပယ်ခြင်းငှါလည်းကောင်း အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်သည် ရှိ၏။ ငါ့သျှင်တို့အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်သည် အဘယ်နည်း၊ အဂ,ါရှစ်ပါးရှိသောအင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤအရိယာမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’၊ မှန်ကန်သော အကြံ ‘သမ္မာသင်္ကပ္ပ’၊ မှန်ကန်သောအပြော ‘သမ္မာဝါစာ’၊ မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’၊ မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’၊ မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’၊ မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့ပေတည်း။ ငါ့သျှင်တို့ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင်ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်ဟူသည် ဤအကျင့်ပေတည်း။
 
ငါ့သျှင်တို့ ထို (ဟောကြားခဲ့သော တရား) ၌ အမျက်ထွက်ခြင်း ‘ကောဓ’သည်လည်းကောင်း ရန်ငြိုးဖွဲ့ခြင်း ‘ဥပနာဟ’ သည်လည်းကောင်း၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ‘မက္ခ’သည်လည်းကောင်း၊ ဂုဏ်ပြိုင်ခြင်း ‘ပဠာသ’သည်လည်းကောင်း၊ ငြူစူခြင်း ‘ဣဿာ’ သည်လည်းကောင်း၊ ဝန်တိုခြင်း ‘မစ္ဆရိယ’သည်လည်းကောင်း၊ လှည့်ပတ်ခြင်း ‘မာယာ’သည်လည်းကောင်း၊ ဟန်ဆောင်ခြင်း ‘သာဌေယျ’သည်လည်းကောင်း၊ ခက်ထန်ခြင်း ‘ထမ္ဘ’သည်လည်းကောင်း၊ ခြုတ်ခြယ်ခြင်း ‘သာရမ္ဘ’သည်လည်းကောင်း၊ မောက်မော်ခြင်း ‘မာန’ သည်လည်းကောင်း၊ အလွန်မောက်မော်ခြင်း ‘အတိ မာန’သည်လည်းကောင်း၊ မာန်ယစ်ခြင်း ‘မဒ’သည်လည်း ကောင်း၊ သတိမေ့လျော့ခြင်း ‘ပမာဒ’သည်လည်းကောင်း ယုတ်ညံ့၏။
မာန်ယစ်ခြင်းကို ပယ်ခြင်းငှါ သတိမေ့လျော့ခြင်းကို ပယ်ခြင်းငှါ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်သည် ရှိ၏။
 
ငါ့သျှင်တို့ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ် သည့်အလယ်အလတ်ဖြစ်သော အကျင့်သည်ဟူသည် အဘယ်နည်း၊ အဂ,ါရှစ်ပါးရှိသောအင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤအရိယာမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’တို့ပေတည်း။
 
ငါ့သျှင်တို့ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန် ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်ဟူသည် ဤအကျင့်ပင်တည်းဟု (မိန့်ဆို၏)။
၇၃၆

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး