"ကွမ်းဆော်ကြောင်းဖြူ" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၉ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
[[တောင်သူကြီးမင်း]]လက်ထက်တွင် ငယ်ရွယ်စဉ်က မိခင်ဖြစ်သူနှင့် အတူနေထိုင်ကြီးပြင်းခဲ့သည်။ အရွယ်ရောက်သော် ကွမ်းဆော်သည့် အလုပ်ဖြင့် မင်းမှုထမ်းဖြစ်လာသည်။ အလုပ်တာဝန်အရ နေ့စဉ် နန်းတွင်းသို့ အခစားဝင်ရသည်။ တစ်ရက်တွင် "မင်းလောင်းပေါ်မည်" ဟူသောကောလဟာလပေါ်ထွက်လာပြီး ကွမ်းဆော်လုလင်လည်း မင်းလောင်းကြည့်ရန် နန်းတော်သို့ နံနက်စောစော ထွက်လာသည်။ လမ်းခရီးတွင် အဘိုးအိုယောင်ဆောင်ထားသည့် သိကြားမင်းနှင့် တွေ့ကာ အဘိုးအိုက မိမိလည်း မင်းလောင်းကြည့်ရန်လာခြင်း ဖြစ်ကြောင်းနှင့် မိမိပစ္စည်းများကို မင်းလောင်းကြိုသည့် နန်းတော်အဝင်ဝသို့ ယူဆောင်သွားပေးရန် ပြောဆိုသည်။ သို့ဖြင့် ကွမ်းဆော်သည် အဘိုးအိုပေးသည့် မကိုဋ်သရဖူ၊ အရိန္နမာလှံ နှင့် မြင်းဖြူတို့ကို စီးကာ မင်းလောင်းကြိုသည့် နန်းတော်ဝသို့ ထွက်လာခဲ့သည်။ အဆင်တန်ဆာဆန်းများ ဆင်မြန်းကာ မြင်းဖြူစီးလာသည့် ကွမ်းဆော်ကို လူအများမြင်လှျင် '''မင်းလောင်း'''ဟု တစ်ညီတစ်ညွှတ်ထဲ လက်ခံရိုကျိုးသဖြင့် မင်းအဖြစ်ကိုရသည်။ တောင်သူကြီးမင်းလည်း နန်းတော်လေသာဆောင်မှ အရှိန်လွန်ပြုတ်ကျသဖြင့် ကွယ်လွန်သည်။
 
*(အထက်ပါပါးစပ်ရာဇဝင်မှာ လူသိများသော အချင်းအရာဖြစ်သည်။ ထိုဇာတ်လမ်းကို ပြန်လည်သုံးသပ်ကြည့်လှျင်ပြန်လည်သုံးသပ်ကြည့်လျှင် နန်းတော်တွင်းမှ တန်နက်မင်း၏ ကွျန်ရင်းများသော်လည်းကောင်း၊ကျွန်ရင်းများသော်လည်းကောင်း၊ တောင်သူကြီးမင်း၏ ညံ့ဖျင်းမှုကို သိမြင်သဖြင့် ဘုရင်သစ်တစ်ပါး တင်မြှောက်လိုသူတို့ကသော်လည်းကောင်း တန်နက်မင်းအဆက်အနွယ်ဖြစ်သည့် ကွမ်းဆော်ကို တစ်ဖက်လှည့်ဖြင့် နန်းတင်ရန် ကြိုးစားခြင်းဖြစ်သည်ဟု သုံးသပ်နိုင်သည်။)
 
 
တောင်သူကြီးမင်း တင်မြှောက်ခဲ့သော မိဖုရား ၃ပါး ကိုပင် မိဖုရား ဆက် တင်မြောက်ခဲ့ရာ တောင်ပြင်သည်မိဖုရား တွင် တောင်သူကြီးမင်း၏ ပဋိသန္ဓေပါလာလေရာ [[ကျဉ်စိုး]]ကို ဖွားမြင်လေသည်။ ထို့အတူ အလယ်ပြင်သည် မိဖုရားတွင်လည်း တောင်သူကြီးမင်း၏ ပဋိသန္ဓေ ပါလာလေရာ [[စုက္ကတေး]]ကို ဖွားမြင်လေသည်။ စုက္ကတေးထက် ကျဉ်စိုးမင်းသားက ၆-လကြီးသည်။ မြောက်ပြင်သည် မိဖုရား နှင့် ကြောင်ဖြူ မင်း တို့ မှ [[အနော်ရထာ]]ကို ဖွားမြင်လေသည်။ မိဖုရား ၃ပါးတို့ မှာ ညီအစ်မတော်ကြရာ ကျည်းစို၊ စုက္ကတေး နှင့် အနော်ရထာ တို့မှာ ဝမ်းကွဲ ညီအစ်ကို တော်စပ်ကြသည်။ စုက္ကတေးက ငယ်ရွယ်စဉ်ကပင် ပါးရည်နတ်ရည်ရှိသည်။ ကျဉ်စိုးမင်းသားသည် မိဖုရားကြီးမှ မွေးဖွားသောကြောင့် အရေးပါလှသည်။ ထို့ကြောင့် စုက္ကတေးသည် ကျဉ်စိုးမင်းသားထံ အမြဲချည်းကပ်သည်။
 
ကွမ်းဆော် ကြောင်ဖြူမင်း နန်းစံ ၂၂ နှစ်ရချိန်တွင် စုက္ကတေးမင်းသား၏ အကြံနှင့် ကျဉ်စိုးမင်းသားတို့ ပူးပေါင်းကာ ကျောင်းဆောင် တစ်ဆောင်(ကျောင်းအဖြူ) ဆောက်လုပ်လှူဒါန်းပြီး ကျောင်းတော် ရေစက်ချအလှူ၌ သာဓုခေါ်ပေးရန် မင်းကြီးကို ဖိတ်ကြားရာ ကွမ်းဆော်ကြောင်ဖြူမင်းလည်း ကြွရောက်လေသည်။ ကျောင်းအဖြူသို့ ရောက်လှျင်ရောက်လျှင် သီတင်းသုံးမည့် ပုဂိ္ဂုလ်မတွေ့သဖြင့်မေးရာပုဂ္ဂိုလ်မတွေ့သဖြင့်မေးရာ မင်းကြီးပင်ဖြစ်သည် ဟုဆိုကာ နန်းချလိုက်လေသည်။ သို့ဖြင့် ကွမ်းဆော်မင်းလည်း ထိုကျောင်းငယ်တွင်ပင် ရဟန်းဝတ်ဖြင့် နေထိုင်သွားရလေသည်။
*(ကျောင်းအဖြူသို့ ပို့ကာနေစေသဖြင့် ကျောင်းဖြူမင်း ဟုခေါ်သည် ဟူသော အယူအဆ များလည်း ရှိပါသည်။)
 
ထို့နောက် သားတော် စုက္ကတေးက ထီးနန်းစိုးစံတော်မူသည်။ နောက်တွင် အနော်ရထာက စုက္ကတေးအား စီးချင်းထိုးကာ အနိုင်ရပြီးနောက် ဖခင်ဖြစ်သူအား နန်းအပ်သော်လည်း လက်မခံဘဲ သားဖြစ်သူ အနော်ရထာကိုသာ မင်းပြုစေသည် ဟုဆိုသည်။ <ref>တင်နိုင်တိုး ၏ ပုဂံရွှေပြည်မှ သူရဲကောင်းများ ၂၀၀၆-ခု၊ ဧပြီလ </ref>
 
သက္ကရာဇ် ၆၇၅-ခု ရေး မြင်းကပါ ဂူပြောက်ငယ် မင်စာ တွင် က္လောင်ဖ္လူ (ကျောင်းဖြူ) မင်းအကြောင်းကို တွေ့ရသည်။ အရစ် နှင့် မရေးဘဲ လဆွဲအရစ်နှင့် ရေးသည်ရေးသည်။ ။ဖြူသောကျောင်းဖြူသောကျောင်း ဟု အဓိပ္ပါယ်ရသည်။ <ref>(ဗိုလ်မှူးဗရှင် ၏ တမ္ပဒီပ ဆောင်းပါး)</ref>
 
*မှတ်ချက်။ ။သက္ကရာဇ်များကို [[ဦးကုလား]]ရေးသော '''ရာဇဝင်ချုပ်'''စာအုပ်မှ အမှန်ယူ ရေးသားပါသည်။
၂၅၆၀၄

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး