"စာကြည့်တိုက်" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၉၅၃၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (r2.6.5) (robot Adding: ar, arc, az, bat-smg, be, be-x-old, bg, bn, br, bs, ca, cs, cv, cy, el, eo, es, et, eu, fa, fi, fo, fr, fy, ga, gan, gl, he, hi, hr, hu, id, io, is, it, ja, ka, ko, ku, kv, ky, la, lb, lt, lv, mk, ml, mn, mr, ms, nds, nds-nl, n)
ပုရပိုက်၊ စာအုပ်များ စသည်တို့ကို စာတိုက်စုခေါ်သော ဇာတ်စုံသေတ္တာများတွင် ထည့်၍ ထားလေ့ရှိသည်။ ယင်းတို့ကို ဘုန်းတော်ကြီးများ၏
ခွင့်ပြုချက်အရ အခမဲ့ထုတ်ယူကြည့်နိုင်သည်။
ဗြိတိသျှတို့ မြန်မာနိုင်ငံကို အုပ်စိုးသည့်အခါ အနောက်နိုင်ငံစံနစ်များကို ယူဆောင်လာခဲ့ကြ၏။ ထိုစံနစ်များတွင် စာကြည့်တိုက်လုပ်ငန်းသည်လည်း
အပါအဝင်ဖြစ်သည်။ ၁၈၈၃ ခုနှစ် (မြန်မာ ၁၂၄၅ ခုနှစ်) ၌ အောက်မြန်မာနိုင်ငံမင်းကြီး ဆာချားဗားနတ်က ရန်ကုန်မြို့တွင် ပထမဆုံး
ပြည်သူ့စာကြည့်တိုက်ကို တည်ထောင်ခဲ့သည်။ တည်ထောင်သည့် ပုဂ္ဂိုလ်အားအစွဲပြု၍ ထိုစာကြည့်တိုက်ကို ဗားနတ်ပိဋကတ်တိုက်ဟု
ခေါ်တွင်ကြသည်။ ထိုစာကြည့်တိုက်ကို အစိုးရပညာရေး ဆင်ဒီကိတ်အဖွဲ့က စီမံအုပ်ချုပ်၏။ အဖိုးတန်စာအုပ်များကို ပထမဆုံးလှူဒါန်းသူများမှာ
တရားဝန်ကြီးဂျာဒင်းနှင့် ပါဠိပါမောက္ခချီလဒါတို့ဖြစ်သည်။ [[ရန်ကုန်မြို့]]မှ ဦးမြို့နှင့်ဦးမျှင်တို့က ငွေတသောင်းတန်ပေမူ၊ ပုရပိုက်မူများကို
ရေစက်ချ၍ လှူဒါန်းကြသည်။ နောက်တွင် ကင်းဝန်မင်းကြီး ပေပုရပိုက်စုနှင့် ပုဂံဝန်ထောက်မင်း ဦးတင်၏ ပေပုပိုက်များကို ဗားနတ်ပိဋကတ်တိုက်ကို
ဝယ်ယူခဲ့၏။ ၁၉၂၃ ခုနှစ်ခန့်တွင် ဗားနတ်ပိဋကတ်တိုက်ကို အစိုးရက ဗားနတ်ပိဋကတ်တိုက် အုပ်ချုပ်ရေးအဖွဲ့သို့ လွှဲအပ်ခဲ့သည်။ နှစ်စဉ်
ငွေကြေးအထောက်အပံ့လည်းပေးသည်။ ထိုနောက်၌ ရန်ကုန်မျူနီစီပယ်က ထောက်ပံ့ကြေးနှစ်စဉ် ခြီးမြှင့်လေသည်။ ထိုစာကြည့်တိုက်အပြင်
[[စစ်တွေမြို့]]၌ စလေဒင်စာကြည့်တိုက်ဟူ၍လည်း ရှိခဲ့ဘူးသည်။
၁၉၁၀ ခုနှစ်ခန့်တွင် မြို့နယ်အနှံ့အပြား၌ စာကြည့်တိုက်များ ပေါ်ပေါက်လာသည်။ တိုင်းသူပြည်သားများသည် လွတ်လပ်ရေးဝံသာနုလုပ်ငန်း
များတွင် ပါဝင်လာကြသည်။ ဝိုင်၊အမ်၊ဘီ၊အေ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ သုစရိတယုဝအသင်းအစရှိသည်တို့ ပေါ်ပေါက်လာ၏။
ထိုအသင်းများနှင့်အတူ စာကြည့်တိုက်များလည်း ပြန့်ပွားလာလေသည်။ ၁၉၂၅ ခုနှစ်ခန့်ကစ၍ စာကြည့်တိုက်လုပ်ငန်းသည် အားစည်လာ၏။
ထိုအခါက မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းက စာကြည့်တိုက်များ ထွန်းကားရေးကို အားထုတ်သည်။ ထိုအသင်းတည်ထောင်သူ တဦးဖြစ်သည့်
[[မစ္စတာဖာနီဗယ်]]ကလည်း စာကြည့်တိုက်အများတည်ထောင်ကြရန် ဟောပြောလေသည်။ သို့ဖြင့်စာကြည့်တိုက်အများပေါ်ပေါက်လာရာ
နိုင်ငံတော်အစိုးရက ငွေကြေးထောက်ပံ့ခဲ့လေသည်။ ၁၉၂၅ ခုနှစ်မှ ၁၉၃၃ ခုနှစ်အထိ ၈ နှစ်အတွင်း စာကြည့်တိုက်များသို့ ပျမ်းမျှကြေးငွေ
တနှစ်လျှင် ၁၀၀၀၀ ကျပ်မျှ အစိုးရ ထောက်ပံ့ခဲ့၏။
၁၉၃၆ ခုနှစ်တွင် မြန်မာပြည်အရပ်ရပ်၌ လူထုစာကြည့်တိုက်ငယ်ပေါင်း ၁၈၆ တိုက်ရှိရာ စာကြည့်တိုက် ၁၄၆ တိုက်သည် အစိုးရ၏ ထောက်ပံ့ကြေး
များကို ရခဲ့ကြ၏။ ကျေးလက်ပြုပြင်ရေးအသင်း၊ လူငယ်များကြီးပွားရေးအသင်းများက ကြိုးပမ်းခဲ့သဖြင့် ကျေးရွာစာကြည့်တိုက်ပေါင်း
တထောင်ခန့်အထိ တိုးတက်ခဲ့သည်။ [[ဦးဖိုးကျား]]၊ ဦးဆန်နီ အစရှိသော ပုဂ္ဂိုလ်ကြီးများက စာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းကြသည်။
ဒုတိယကမ္ဘာစစ်အတွင်း၌ စာကြည့်တိုက်များ အရေအတွက် ဆုတ်ယုတ်သွားသည်။ သို့သော် စစ်ပြီးကာလ၌ ရန်ကုန်မြို့တွင် ယခင်ကထက်
စာကြည့်တိုက်များ ပိုမိုများပြားသည်ကို တွေ့ရ၏။ မြို့နယ်များ၌မူကား စာကြည့်တိုက်များ အရေအတွက် နည်းပါးလျက်ရှိသေးသည်။
နိုင်ငံတော် လွတ်လပ်ပြီးသည့်ခေတ်တွင် စာကြည့်တိုက်လုပ်ငန်းများ ထူးထူးခြားခြား တိုးတက်လာသည်ကို မတွေ့ရသေးချေ။ သို့သော်
နိုင်ငံတော်အစိုးရက ပြန်ကြားရေးဌာနခွဲများနှင့်အတူ အစိုးရစာဖတ်ခန်းများကို အမြို့မြို့တွင် ဖွင့်လှစ်ပေးခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့တွင်
ယခင်ဗားနတ်ပိဋကတ်တိုက်ကို အစိုးရသို့ ပြန်အပ်၍ မြန်မာနိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာနက နိုင်ငံတော်
စာကြည့်တိုက်အဖြစ်ဖြင့် ၁၉၅၂ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ထိုဝန်ကြီးဌာနကပင် မြို့ကြီးများ၌ ပြည်သူ့စာကြည့်တိုက်များကို
ဖွင့်လှစ်ရန်အားထုတ်နေသည်။ ယခုအခါ [[မန္တလေး]]နှင့် [[မော်လမြိုင်မြို့]]တို့တွင် စာကြည့်တိုက်နှစ်တိုက်ဖွင့်ပြီး ဖြစ်သည်။ [[မြန်မာနိုင်ငံဘာသာပြန်
စာပေအသင်း]]ကလည်း စာကြည့်တိုက်လုပ်ငန်း တိုးတက်မှုကို ရှေးရှုလျက် စာကြည့်တိုက် သင်တန်းများကို ၁၉၅၃ ခုနှစ် အောက်တိုဘာလက
စတင်သင်ကြားပို့ချလျက်ရှိသည်။ ပြည်ထောင်စုယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြတိုက်မှူးသင်တန်းကို ၁၉၅၅ ခုနှစ် ဇူလိုင်လကစ၍ သင်ကြား
ပို့ချလျက်ရှိသည်။ ။
 
==ကိုးကား==
 
မြန်မာ့စွယ်စုံကျမ်း - အတွဲ (၃) အပိုင်း - ခ
 
[[ar:مكتبة]]
၁၉၂၉

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး