"စာကြည့်တိုက်" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၁၂၄၅၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
ထောက်ခံချက်လက်မှတ်ဖြင့်လည်းကောင်း၊ လျှောက်ထားတောင်းဆိုနိုင်သည်။ လက်မှတ်ကတ်ပြားရလျှင် ယင်းကို ပြလျက် စာအုပ်များကို
ထုတ်ယူနိုင်၏။
ယခုခေတ် စာကြည့်တိုက်များတွင် အလိုရှိသော စာအုပ်များကို လွယ်ကူစွာ ရှာဖွေနိုင်ရန်အတွက် နည်းများထွင်ထားသည်။ ယင်းတို့အနက်
အကောင်းဆုံးဟု ဆိုရမည့်နည်းမှာ စာရေးဆရာအမည်၊ စာအုပ်အမည်နှင့် အကြောင်းရပ်ကို အက္ခရာစဉ်အတိုင်း ရေးထားသော
စက္ကူကတ်ပြား ကတ်တလောက်ထားရှိခြင်းပင် ဖြစ်၏။ စာအုပ်တအုပ်ကို အလိုရှိလျှင် စာရေးသူ၏ အမည်ကိုသိထားလျှင် ထိုအမည်ကို
စာအုပ်စာရင်း ကတ်တလောက်တွင် ရှာယူရသည်။ တွေ့ရှိသောအခါ အမည်၏အောက်တွင် အလိုရှိသော စာအုပ်သာမက သူရေးသော
အခြားစာအုပ်အမည်များကိုလည်း တွေ့နိုင်ပေသေးသည်။ အကြောင်းရပ်တွင်လည်း ထိုအတူပင် ဖြစ်၏။ ပမာအားဖြင့် ကျယ်ဝန်းနက်နဲသော
အနုမြူ၏အကြောင်းရပ်ကို ဖတ်ရှုလိုလျှင် အကြောင်းဆိုင်ရာ ကတ်တလောက်မှ အနုမြူခေါင်းစဉ်ကို ရှာဖွေရသည်။ ယင်းခေါင်းစဉ်အောက်တွင်
အနုမြူအကြောင်းပါဝင်သော စာအုပ်အမည်များကို ဖော်ပြထားသည်။ ထိုအထဲမှ အလိုရှိသော စာအုပ်ကို ငှားရမ်းနိုင်သည်။
ယခုခေတ် စာကြည့်တိုက်များတွင် ထိုသို့ငှားရမ်းနိုင်သည့် စာအုပ်များသာမက၊ ငှားရမ်းခွင့်မပြုသော အကိုးအကားပြုရန် စာအုပ်များနှင့်
မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများကိုလည်း ထားရှိသေးသည်။ အချို့စာကြည့်တိုက်များသည် ထိုမျှမကသေးဘဲ ဟောပြောပွဲများနှင့်
စာအုပ်ပြပွဲများ စသည်တို့ကို မကြာခဏ ပြုလုပ်လေ့ရှိသည်။ ယင်းသို့အားဖြင့် စာကြည့်တိုက်အတွင်းရှိ စာအုပ်များကို ငှားရမ်းဖတ်ရှုလိုစိတ်
ပေါ်လာစေနိုင်သည်။
အချို့စာကြည့်တိုက်တွင် ကလေးများနှင့် သင့်လျော်သော စာအုပ်များထားရှိကာ ကလေးစာကြည့်တိုက်များတွင် နိုင်ငံခြားသားများနှင့်
မျက်မမြင်များအတွက်စာအုပ်များ သီးသန့်စုဆောင်းထားရှိသည်။
ဤကဲ့သို့သော ယခုခေတ်စာကြည့်တိုက်များတွင် စာကြည့်တိုက်အမျိုးမျိုးရှိလေသည်။ ယင်းတို့မှာ နိုင်ငံတော်စာကြည့်တိုက်၊ ပြည်သူ့
စာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်စာကြည့်တိုက်၊ အထူးစာကြည့်တိုက်၊ ကလေးစာကြည့်တိုက်၊ နယ်လှည့်စာကြည့်တိုက်
တို့ဖြစ်၏။ နိုင်ငံတော်စာကြည့်တိုက်တွင် ရှေးဟောင်းစာအုပ်စာတမ်းများ၊ လက်ရေးမူများ၊ ယဉ်ကျေးမှုဆိုင်ရာ စာရွက်စာတမ်းများနှင့်
ခေတ်ပေါ်ဂန္ထဝင်စာပေများကို စုဆောင်းထားရှိ၏။ ယင်းစာကြည့်တိုက်မှ စာအုပ်စာတမ်းများကိုမူ ပြင်ပသို့ ငှားရမ်းခြင်းမပြုချေ။
စာကြည့်တိုက်အတွင်း၌သာ ကြည့်ရှုရသည်။ ပြည်သူ့စာကြည့်တိုက်များတွင်မူ အဖိုးတန်စာအုပ်စာတမ်းများအပြင် ခေတ်ပေါ်မဂ္ဂဇင်း၊ ဂျာနယ်၊
သတင်းစာ စသည်များလည်း ထားရှိကာ မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင် ထိုစာအုပ်များကိုလည်း သတ်မှတ်ထားသော
စည်းကမ်းချက်များအရ ငှားရမ်းနိုင်သည်။ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသားများနှင့် ဆရာများအတွက် ဘာသာရပ်များဆိုင်ရာ
သင်ခန်းစာများတွင် အထောက်အပံ့ရမည့် စာအုပ်စာတမ်းများကို အများဆုံးထားရှိ၏။ ခေတ်အလျောက် ပြဌာန်းထားသော
ဘာသာရပ်များနှင့် ခေတ်သစ်သင်နည်းများကို လိုက်စားနိုင်ရန် စာသင်ကျောင်းများတွင် စာကြည့်တိုက်များ ထားရှိ၏။
==ကျောင်းစာကြည့်တိုက်==
စာကြည့်တိုက်တခုသည် ကျောင်းအဆောက်အအုံတွင်း၌ ရှိနေသော်လည်း ဆရာများနှင့် ကျောင်းသားများအတွက် ထိထိရောက်ရောက်
အကျိုးရှိအောင် စီမံဆောင်ရွက်ပေးနိုင်မှသာ ကျောင်းစာကြည့်တိုက်ဟု ဆိုထိုက်၏။ ကျောင်းစာကြည့်တိုက် တည်ထောင်ရန်မှာ လွယ်ကူသော
အလုပ်မဟုတ်ချေ။ သင့်လျော်မည့်နေရာ၊ အရည်အခြင်းပြည့်၍ ဝတ္တရားကျေပြွန်မည့် စာကြည့်တိုက်မှူးနှင့် သင့်တော်မည့် စာအုပ်များ
ရရှိရေးတို့အတွက် ငွေကြေးအကုန်အကျခံ၍ ကြိုးပမ်းဆောင်ရွက်ရပေသည်။ ကျောင်းစာကြည့်တိုက်များသည် ပညာရေးဖက်တွင်
မည်မျှအကျိုးရှိစေသည်ကိုသိရှိသော အချို့နိုင်ငံများသည် ဥပဒေများ ပြဌာန်းလျက် ကျောင်းစာကြည့်တိုက် တည်ထောင်ရေးကို ကူညီ
ခဲ့ကြသည်။ တက္ကသိုလ်စာကြည့်တိုက်သည်လည်း ကျောင်းစာကြည့်တိုက်ကဲ့သို့ပင် ဖြစ်၏။ ကလေးစာကြည့်တိုက်မှာမူ ကလေးများနှင့်
သင့်လျော်သော စာအုပ်စာတမ်းများသာ ထားရှိသည်။
နေရာအနှံ့အပြားရှိ ပြည်သူလူထုလက်သို့ စာအုပ်များရောက်ရေး၊ စာဖတ်ဦးရေတိုးတက်ရေးတို့ကို နယ်လှည့် စာကြည့်တိုက်က
ဆောင်ရွက်လေသည်။
==မြန်မာနိုင်ငံစာကြည့်တိုက်==
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် မြန်မာမင်းများလက်ထက်ကပင် စာကြည့်တိုက်များ ထွန်းကားခဲ့သည်။ သထုံပြည်၌ ပိဋကတ်
သုံးပုံအစုံကို [[ရွှေစာရံဘုရား]]တံတိုင်းအတွင်း ပိဋကတ္တယစေတီဟု သမုတ်၍ ဥမင်၌ထားရှိကြောင်းကို သိရ၏။ ထို့နောက် [[ပုဂံခေတ်]]တွင်
အနော်ရထာစာကြည့်တိုက်ဟုခေါ်သော ဘုံငါးဆင့်ရှိ ပိဋကတ်အုတ်တိုက်ရှိခဲ့သည်။ ထိုပိဋကတ်များမှအစပြု၍ ဘုန်းတော်ကြီးကျောင်း
များသို့ ပျံ့နှံ့ခဲ့သည်မှာ ယခုခေတ်အထိဖြစ်သည်။ [[ကုန်းဘောင်မင်းဆက်]] [[ဘိုးတော်ဘုရား]]လက်ထက်တွင် စီမံပုံမှာ စာကြည့်တိုက်များကို
အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့စေအောင် ဘုရင်မင်းမြတ်ကိုယ်တိုင် အားပေးကြောင်းတွေ့ရသည်။ ယင်းမှာ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊
ဗေဒင်ကျမ်းမှစ၍ လောကီကျမ်းများကို [[သက္ကဋဘာသာ]]မှ မြန်မာဘာသာသို့ ပြန်ဆိုခြင်း၊ ပိဋကတ်တော်အစုံကို ပေထက်အက္ခရာတင်၍
စောင်ရေ ၅၀ နီးပါးမျှကို အမြို့မြို့အနယ်နယ်သို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်ခဲ့လေသည်။ ရှေးအခါက တိုင်းပြည်၏ကလေးသူငယ်များအား
အခြေခံစာသင်ကြားပေးရာဌာန ဖြစ်သည့် ဘုန်းတော်ကြီး ကျောင်းတိုင်း၌လိုလိုပင် စာကြည့်တိုက်များရှိသည်။ ထိုစာကြည့်တိုက်များ၌ ပေစာ၊
ပုရပိုက်၊ စာအုပ်များ စသည်တို့ကို စာတိုက်စုခေါ်သော ဇာတ်စုံသေတ္တာများတွင် ထည့်၍ ထားလေ့ရှိသည်။ ယင်းတို့ကို ဘုန်းတော်ကြီးများ၏
ခွင့်ပြုချက်အရ အခမဲ့ထုတ်ယူကြည့်နိုင်သည်။
 
 
 
 
 
 
 
 
 
 
 
 
 
 
 
[[en:library]]
၁၉၂၉

တည်းဖြတ်မှုများ

လမ်းညွှန်မီနူး