ဦးပုည: တည်းဖြတ်မှု မူကွဲများ
→မည်သူ့လက်ချက်လဲ
=== မည်သူ့လက်ချက်လဲ ===
===တစ်ချို့ စာအုပ်များတွင်===
စလေဦးပုည၏ ဖွားရာဇာတိမှာ စလေမြို့ဖြစ်ပြီး စလေမြို့၌ သူကြီးမျိုးရိုးနှစ်မျိုးရှိရာတွင် မဟာသမန်းရိုးမျိုး မဟုတ် ပုညာသမန်းရိုးမျိုး ဖြစ်လေသည်။ ခမည်းတော်ကား ဦးမြတ်ထွား၊ မယ်တော်ကား ဒေါ်မိန်းကလေးဟု ခေါ်လေသည်။ ၎င်းတို့မှ သားနှစ်ယောက်ဘွားမြင်ရာ သားအကြီးမှာ ဦးပုည ပင်တည်း။ ငယ်မည်မှာ (မောင်ပုတ်စည်)ဟု ခေါ်သည်။ သားအငယ်မှာ မောင်လှိုင်းဟု ခေါ်သည်။ ဦးပုညသည် ပဉ္စမသင်္ဂါယနာတင် ဘုရင်မင်းတရားကြီး လက်ထက်တော် သက္ကရာဇ် ၁၁၇၃-ခုနှစ်၊ ကြာသပတေးနေ့တွင် ဘွားမြင်လေသည်။ သက္ကရာဇ် ၁၁၈၈-ခု၊ အသက် (၁၅)နှစ် ရောက်သော် သာသနာတော်တွင် ရှင်သာမဏေပြု၍ သင်ကြားတတ်မြောက်သင့်သော ပညာရပ်များကို ကောင်းမွန်စွာ သင်ကြားပြီးလျှင် သက္ကရာဇ် ၁၂၂၃-ခုနှစ်၊ သာမဏေဝါ (၃၅)ဝါအရတွင် မိမိအလိုအလျှောက် လူဝတ်လဲ၍ ဘုရင်မင်းမြတ် အပါးတော်မှာ ခစားထမ်းရွက်လေရာ ဘုရင်မင်းမြတ် အားရနှစ်သက်တော် မူသဖြင့် လက်ဘက်ရည်တော် ပခန်းကြီးမြို့ စီရင်စု၊ ရွာစည်ရွာစားအရာ၊ မင်းလှသီရိသင်္ခယာ ဟူသော ဘွဲ့တံဆိပ်တော်ကို ချီးမြှင့်တော်မူသည့်ပြင် တစ်နှစ်လျှင် လစာရန်ပုံငွေ (၆၀၀)ကျပ်နှင့်တကွ ဝင်းခြံမြေ အိမ်များပါ ဆောက်လုပ်၍ အသနားတော်မြတ် ခံရလေသည်။ ထို့နောက် သက္ကရာဇ် ၁၂၃၁-ခု၊ အသက် (၅၈)နှစ်အရွယ်တွင် အပြစ်အလျှောက် အကျဉ်းထားရာတွင် ဘဝတပါးသို့ ပြောင်းကာ ကွယ်လွန်လေသည်။ <ref>သာသနာလျောက်နှင့် ဆွမ်းတော်ကြီးစာတမ်း စာအုပ်မှ ဦးပုည၏ အတ္ထုပ္ပတ္တိအကျဉ်း</ref>
|