စာကြည့်တိုက်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၇ - စာကြောင်း ၇ -
နင်နိဗိမြို့တော်ရှိ သူ၏ နန်းတော်တွင်း စာကြည့်တိုက်တွင် စုဆောင်းထားခဲ့သည်။ ထို့ပြင် မကြာမီက ဗက်ဗီလုံးနီးယားပြည် မြို့ဟောင်း
နင်နိဗိမြို့တော်ရှိ သူ၏ နန်းတော်တွင်း စာကြည့်တိုက်တွင် စုဆောင်းထားခဲ့သည်။ ထို့ပြင် မကြာမီက ဗက်ဗီလုံးနီးယားပြည် မြို့ဟောင်း
တခုတွင် ရှေးဟောင်းအဆောက်အအုံများကို တူးဖော်ရှာဖွေရာ ဘီစီ ၂၅၀၀ ပြည့်နှစ်ခန့်က တည်ဆောက်ခဲ့ဟန်တူသော စာကြည့်တိုက်
တခုတွင် ရှေးဟောင်းအဆောက်အအုံများကို တူးဖော်ရှာဖွေရာ ဘီစီ ၂၅၀၀ ပြည့်နှစ်ခန့်က တည်ဆောက်ခဲ့ဟန်တူသော စာကြည့်တိုက်
တခုကို တွေ့ရ၏။ ရှေးဟောင်းစာကြည့်တိုက်များတွင် ရှေးအီဂျစ်နိုင်ငံ တော်လမီဘုရင်များ တည်ခဲ့သော အီဂျစ်ပြည် အယ်လက်ဇန္ဒြီးယားမှ
တခုကို တွေ့ရ၏။ ရှေးဟောင်းစာကြည့်တိုက်များတွင် ရှေးအီဂျစ်နိုင်ငံ တော်လမီဘုရင်များ တည်ခဲ့သော [[အီဂျစ်ပြည်]] အယ်လက်ဇန္ဒြီးယားမှ
စာကြည့်တိုက်ကြီးသည် အကြီးဆုံးနှင့် အထင်ရှားဆုံးဖြစ်သည်။
စာကြည့်တိုက်ကြီးသည် အကြီးဆုံးနှင့် အထင်ရှားဆုံးဖြစ်သည်။
ရှေးခေတ်နှင့် အလယ်ခေတ် စာကြည့်တိုက်များမှာ ပြည်သူပြည်သားများအတွက် တည်ထောင်ခြင်းမဟုတ်သဖြင့် လူထုသည် စာကြည့်တိုက်
ရှေးခေတ်နှင့် အလယ်ခေတ် စာကြည့်တိုက်များမှာ ပြည်သူပြည်သားများအတွက် တည်ထောင်ခြင်းမဟုတ်သဖြင့် လူထုသည် စာကြည့်တိုက်
စာကြောင်း ၁၅ - စာကြောင်း ၁၅ -
စိုးသောကြောင့် ဖြစ်သည်။
စိုးသောကြောင့် ဖြစ်သည်။
==ကမ္ဘာကျော် စာကြည့်တိုက်များ==
==ကမ္ဘာကျော် စာကြည့်တိုက်များ==
လန်ဒန်မြို့ရှိ ပြတိုက်ကြီးများမှ စာကြည့်တိုက်၊ အောက်စဖို့တက္ကသိုလ်ဗော့လလီယန် စာကြည့်တိုက်၊ ထရင်နီတီ ကောလိပ်ကျောင်း စာကြည့်တိုက်၊
[[လန်ဒန်မြို့]]ရှိ ပြတိုက်ကြီးများမှ စာကြည့်တိုက်၊ [[အောက်စဖို့တက္ကသိုလ်]]ဗော့လလီယန် စာကြည့်တိုက်၊ ထရင်နီတီ ကောလိပ်ကျောင်း စာကြည့်တိုက်၊
ကိန်းဘရစ်တက္ကသိုလ်စာကြည့်တိုက်နှင့် ပြင်သစ်နိုင်ငံပါရီမြို့ရှိ နိုင်ငံတော်စာကြည့်တိုက်၊ ရောမမြို့ ဗကတီကင်စာကြည့်တိုက်၊ ဝါရှင်တန်မြို့
[[ကိန်းဘရစ်တက္ကသိုလ်]]စာကြည့်တိုက်နှင့် [[ပြင်သစ်နိုင်ငံ]][[ပါရီမြို့]]ရှိ နိုင်ငံတော်စာကြည့်တိုက်၊ [[ရောမမြို့]] ဗကတီကင်စာကြည့်တိုက်၊ [[ဝါရှင်တန်မြို့]]
ကွန်ကရက်စာကြည့်တိုက် လီနင်ဂရက်ရှိ နိုင်ငံတော်စာကြည့်တိုက်များသည် ကမ္ဘာကျော်စာကြည့်တိုက်များ ဖြစ်ကြ၏။
ကွန်ကရက်စာကြည့်တိုက် [[လီနင်ဂရက်]]ရှိ နိုင်ငံတော်စာကြည့်တိုက်များသည် ကမ္ဘာကျော်စာကြည့်တိုက်များ ဖြစ်ကြ၏။
လန်ဒန်မြို့ ဗြိတိသျှပြတိုက်ကြီးရှိ စာကြည့်တိုက်သည် ပါရီမြို့သို့ နိုင်ငံတော်စာကြည့်တိုက်အတွင်းရှိ ပစ္စည်းများထက် တန်ဖိုးတွင်သာသည်ဟု
လန်ဒန်မြို့ ဗြိတိသျှပြတိုက်ကြီးရှိ စာကြည့်တိုက်သည် ပါရီမြို့သို့ နိုင်ငံတော်စာကြည့်တိုက်အတွင်းရှိ ပစ္စည်းများထက် တန်ဖိုးတွင်သာသည်ဟု
ဆိုလေသည်။ ထိုစာကြည့်တိုက်တွင် ကျောင်းသားများစာကြည့်ရန်အတွက် အခန်းကျယ်ကြီးတခုရှိ၏။ ထို့အပြင် အဖိုးတန်စာအုပ်များစွာ
ဆိုလေသည်။ ထိုစာကြည့်တိုက်တွင် ကျောင်းသားများစာကြည့်ရန်အတွက် အခန်းကျယ်ကြီးတခုရှိ၏။ ထို့အပြင် အဖိုးတန်စာအုပ်များစွာ

၂၁:၄၄၊ ၂၉ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

စာကြည့်တိုက်သည် ပုံနှိပ်စာအုပ်များ၊ လက်ရေးစာမူများကို လူခပ်သိမ်းတို့လေ့လာရန် စုဆောင်းထားရာဌာန ဖြစ်သည်ဟု ဆိုလေသည်။ ကမ္ဘာပေါ်ရှိ ရှေးအကျဆုံး စာကြည့်တိုက်များသည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးများဖြစ်၏။ ကမ္ဘာပေါ်တွင် ရှေးဦးစွာ ထိုသို့စုဆောင်းထားသည့် စာအုပ်စာတမ်းများမှာ အစိုးရမှတ်တမ်းများသာ ဖြစ်သည်။ ယဉ်ကျေးသော တိုင်းပြည်များတွင် စာကြည့်တိုက်များကို တွေ့ရသည်။

ရှေးဟောင်းစာကြည့်တိုက်များ

ဘီစီ ၆၀၀ ပြည့်နှစ်ခန့်က အဆီးရီးယားဘုရင် အာရှူးဗားနီးပါးသည် ထိုခေတ်က စာအုပ်များဟုဆိုအပ်သည့် ရွှံ့ပြားချပ်အမြောက်အမြားကို နင်နိဗိမြို့တော်ရှိ သူ၏ နန်းတော်တွင်း စာကြည့်တိုက်တွင် စုဆောင်းထားခဲ့သည်။ ထို့ပြင် မကြာမီက ဗက်ဗီလုံးနီးယားပြည် မြို့ဟောင်း တခုတွင် ရှေးဟောင်းအဆောက်အအုံများကို တူးဖော်ရှာဖွေရာ ဘီစီ ၂၅၀၀ ပြည့်နှစ်ခန့်က တည်ဆောက်ခဲ့ဟန်တူသော စာကြည့်တိုက် တခုကို တွေ့ရ၏။ ရှေးဟောင်းစာကြည့်တိုက်များတွင် ရှေးအီဂျစ်နိုင်ငံ တော်လမီဘုရင်များ တည်ခဲ့သော အီဂျစ်ပြည် အယ်လက်ဇန္ဒြီးယားမှ စာကြည့်တိုက်ကြီးသည် အကြီးဆုံးနှင့် အထင်ရှားဆုံးဖြစ်သည်။ ရှေးခေတ်နှင့် အလယ်ခေတ် စာကြည့်တိုက်များမှာ ပြည်သူပြည်သားများအတွက် တည်ထောင်ခြင်းမဟုတ်သဖြင့် လူထုသည် စာကြည့်တိုက် များတွင် အလွယ်တကူဝင်ရောက်သွားလာ၍ စာအုပ်များငှားရမ်းခြင်း၊ မပြုနိုင်ကြချေ။ အများအားဖြင့် အလယ်ခေတ် ဘုရားရှိခိုးကျောင်း များနှင့် ဘုန်းကြီးကျောင်းများရှိ စာကြည့်တိုက်များမှ စာအုပ်များကို စာဖတ်စင်များတွင် သံကြိုးများဖြင့် ချည်နှောင်ထားလေသည်။ ယင်းသို့ ပြုလုပ်ရခြင်းမှာ ထိုခေတ်က ပုံနှိပ်အတတ် မပေါ်သေးသဖြင့် တပင်တပန်း လက်ရေးဖြင့် ကူးယူရသောစာအုပ်များ ပျောက်ပျက်မည် စိုးသောကြောင့် ဖြစ်သည်။

ကမ္ဘာကျော် စာကြည့်တိုက်များ

လန်ဒန်မြို့ရှိ ပြတိုက်ကြီးများမှ စာကြည့်တိုက်၊ အောက်စဖို့တက္ကသိုလ်ဗော့လလီယန် စာကြည့်တိုက်၊ ထရင်နီတီ ကောလိပ်ကျောင်း စာကြည့်တိုက်၊ ကိန်းဘရစ်တက္ကသိုလ်စာကြည့်တိုက်နှင့် ပြင်သစ်နိုင်ငံပါရီမြို့ရှိ နိုင်ငံတော်စာကြည့်တိုက်၊ ရောမမြို့ ဗကတီကင်စာကြည့်တိုက်၊ ဝါရှင်တန်မြို့ ကွန်ကရက်စာကြည့်တိုက် လီနင်ဂရက်ရှိ နိုင်ငံတော်စာကြည့်တိုက်များသည် ကမ္ဘာကျော်စာကြည့်တိုက်များ ဖြစ်ကြ၏။ လန်ဒန်မြို့ ဗြိတိသျှပြတိုက်ကြီးရှိ စာကြည့်တိုက်သည် ပါရီမြို့သို့ နိုင်ငံတော်စာကြည့်တိုက်အတွင်းရှိ ပစ္စည်းများထက် တန်ဖိုးတွင်သာသည်ဟု ဆိုလေသည်။ ထိုစာကြည့်တိုက်တွင် ကျောင်းသားများစာကြည့်ရန်အတွက် အခန်းကျယ်ကြီးတခုရှိ၏။ ထို့အပြင် အဖိုးတန်စာအုပ်များစွာ ပါဝင်သည့် ပုံနှိပ်စာအုပ်ပေါင်း ၄ သိန်းခန့်နှင့် လက်ရေးစာမူပေါင်း ၅၆၀၀၀ ခန့်ရှိ၏။ စာအုပ်စင်များကို ဆက်လိုက်လျှင် ၅၅ မိုင်ခန့် ရှည်လိမ့်မည်ဟုဆိုသည်။ စာကြည့်တိုက်ပြုလုပ်ထားရာ အဆောက်အအုံကြီးကို ၁၈၅၇ ခုနှစ်က ဖွင့်လှစ်ခဲ့လေသည်။ စာကြည့်တိုက်ခန်းတွင် စာအုပ်စင်များ ဝန်းရံစီစဉ်ထားပုံမှာလည်း ခမ်းနား၍ ခေတ်မှီပေသည်။ ထွက်ပေါ်သမျှသော စာအုပ်သစ် စာအုပ်ဟောင်းများသို့ ထိုစာကြည့်တိုက်တွင် တွေ့နိုင်၏။ အောက်စဖို့ရှိ ဗော့ဒလီယန် စာကြည့်တိုက်နှင့် အခြားစာကြည့်တိုက်များမှာလည်း ထိုနည်းနှင်နှင် ဖြစ်လေသည်။ အောက်စဖို့တက္ကသိုလ်၏ ရှေးအကျဆုံး စာကြည့်တိုက်ကို ခရစ် ၁၃၃၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထိုနောက် နယ်စားကြီး ဂလောက်စတာစားက နောက်ထပ်စာကြည့်တိုက် တခုကို တည်ထောင်ပြန်သည်။ သို့သော် ထိုစာကြည့်တိုက်များ ပျက်စီးသွားပြီးနောက် ၁၅၉၈ ခုနှစ်တွင် ဗော့ဒလီယန် စာကြည့်တိုက်ကို တည်ထောင်ပြန်၏။ ထိုအခါမှစ၍ စာအုပ်စာတမ်းများကို စုဆောင်းလာခဲ့ရာ ယခုအခါ ပုံနှိပ်စာအုပ်ပေါင်း ၁,၂၅၀,၀၀၀ လက်ရေး စာမူပေါင်း လေးသောင်းခန့် ရှိနေပြီဖြစ်၏။ ဤစာကြည့်တိုက်ရှိ အရှေ့တိုင်း စာပေဆိုင်ရာ လက်ရေးစာမူများသည် ဥရောပတိုက်ရှိ အခြားစာကြည့်တိုက်များရှိ စာမူများထက်များစွာ သာပေသည်။ ပုံနှိပ်အတတ်ပေါ်စက ရိုက်နှိပ်ထားသော စာအုပ်များ၊ စာပေသမိုင်းနှင့် နိုင်ငံရေး သမိုင်းဆိုင်ရာ စာမူများသည်လည်း မည်သည့် စာကြည့်တိုက် နှင့်မျှ မယှဉ်သာအောင် များစွာရှိလေသည်။ ထရင်နီတီ ကောလိပ်ကျောင်း စာကြည့်တိုက်တွင် ပုံနှိပ်စာအုပ်ပေါင်း တသိန်းကျော်နှင့် လက်ရေးစာမူပေါင်း ၂၀၀၀ ကျော်ခန့် ရှိ၏။ ထို့အပြင် သီးသန့် ရှာဖွေစုဆောင်းထားသော စာအုပ်များလည်း ရှိသေးသည်။ ထိုအထဲတွင် ရှေးခေတ်ပြဇတ်များ၊ ရှိတ်စပီးယားပြဇာတ်များ၊ ဂျာမန်ဗြဟဒေဝ ဆိုင်ရာစာအုပ်များ၊ ပုံနှိပ်အတတ်ပေါ်စက ရိုက်နှိပ်ထားသော စာအုပ်များ ပါဝင်လေသည်။ ထို့အပြင် သက္ကဋနှင့် အခြားအရှေ့တိုင်း ဘာသာရပ်များဖြင့် ရေးထားသော လက်ရေးစာမူ၏ စာအုပ်စာရင်းကတ်တလောက်များလည်း ရှိသည်။ ကိန်းဘရစ်တက္ကသိုလ်စာကြည့်တိုက်ကို ၁၉၄၃ ခုနှစ်တွင် စာအုပ်ပေါင်း တသန်းခွဲ နှင့် မတည်ဖွင့်လှစ်ခဲ့၏။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိနိုင်ငံတော် စာကြည့်တိုက်သည် ၁၄ ရာစုနှစ်က စတင်တည်ထောင်ခဲ့၏။ ထိုစာကြည့်တိုက်ရှိ စာအုပ်များမှာ ထိုခေတ်ကစ၍ စုဆောင်းခဲ့သော စာအုပ်များ ဖြစ်လေသည်။ ရောမမြို့ရှိ ဗက်တီကင်စာကြည့်တိုက်ကို ၁၅ ရာစုနှစ်က တည်ထောင်ခဲ့၏။ ထိုစာကြည့်တိုက်တွင် အဖိုးတန်သော စာမူများ၊ နိုင်ငံသမိုင်း အတွက် အထောက်အထားပြုနိုင်မည့် စာအုပ်များစွာ ရှိသည်။ ဝါရှင်တန်မြို့ရှိ ကွန်ကရက်စာကြည့်တိုက်နှင့် လီနင်ဂရက်မြို့ရှိ နိုင်ငံတော်စာကြည့်တိုက်များသည်လည်း ထိုနည်းတူပင် ဖြစ်၍ ထင်ရှားလေသည်။

ယခုခေတ်စာကြည့်တိုက်များ

ယခုခေတ်စာကြည့်တိုက်များသည် ရှေးခေတ်စာကြည့်တိုက်များကဲ့သို့ မဟုတ်ချေ။ စာကြည့်တိုက်တွင်းသို့ မည်သူမဆို ဝင်ထွက်သွားလာနိုင်၍ စာအုပ်များ ငှားရမ်းနိုင်လေသည်။ ယင်းကဲ့သို့သော စာကြည့်တိုက်များ ပေါ်ပေါက်လာသည်မှာ မကြာလှသေးပေ။ ထိုစာကြည့်တိုက် တခုခုမှ စာအုပ်များကို ငှားရမ်းလိုသောအခါ ရှေးဦးစွာ စာကြည့်တိုက်မှ ထုတ်ပေးသော လက်မှတ်ကတ်ပြားတခုကို ရအောင်တောင်းယူရသည်။ ထိုကတ်ပြား ရရန်မှာ သက်ဆိုင်ရာဥပဒေ စည်းကမ်းများကို ရိုသေလိုက်နာပါမည်ဟူ၍ လက်မှတ်ရေးထိုး၍လည်းကောင်း၊ အာမခံ ပုဂ္ဂိုလ်တဦးဦး၏ ထောက်ခံချက်လက်မှတ်ဖြင့်လည်းကောင်း၊ လျှောက်ထားတောင်းဆိုနိုင်သည်။ လက်မှတ်ကတ်ပြားရလျှင် ယင်းကို ပြလျက် စာအုပ်များကို ထုတ်ယူနိုင်၏။