ဂျနီဗာမြို့: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး r2.7.1) (robot Adding: sco:Geneva
အရေးမကြီး r2.7.1) (robot Adding: hif:Geneva
စာကြောင်း ၁၄၆ - စာကြောင်း ၁၄၆ -
[[he:ז'נבה]]
[[he:ז'נבה]]
[[hi:जनीवा]]
[[hi:जनीवा]]
[[hif:Geneva]]
[[hr:Ženeva]]
[[hr:Ženeva]]
[[hu:Genf]]
[[hu:Genf]]

၁၁:၄၈၊ ၂၈ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

တမ်းပလိတ်:Infobox မြို့တော်

ဂျနီဗာမြို့သည် ဆွစ်ဇာလန်နိုင်ငံတွင် ဒုတိယမြောက် လူဦးရေ အများဆုံး မြို့တော် ဖြစ်ပြီး ရိုမန်ဒီးဟု ခေါ်သည် ဆွစ်ဇာလန်ရှိ ပြင်သစ်စကားပြောသည့် ဒေသတွင် လူဦးရေ အများဆုံး မြို့ ဖြစ်သည်။ ဟွန်းမြစ်က ဂျနီဗာ ရေကန်မှ ထွက်ခွာသည့် နေရာတွင် တည်ရှိပြီး ဂျနီဗာ ပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်။ မြို့တော်တွင် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ စာရင်းဇယား အရ လူဦးရေ ၁၈၉ ၃၁၃ ဦး ရှိပြီး ဂျနီဗာပြည်နယ်တွင်မူ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ စာရင်းဇယား အရ လူဦးရေ ၄၅၇,၆၂၈ ဦး ရှိသည်။

ဂျနီဗာသည် ငွေရေးကြေးရေအချက်အခြာ ကျသော မြို့တစ်မြို့ ဖြစ်ပြီး တကမ္ဘာလုံးရှိ သံတမန်ရေး ကိစ္စ အချက်အချာ ကျသော နေရာလည်း ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အေဂျင်စီ အများအပြား၏ ဌာနချုပ်များနှင့် ကြက်ခြေနီအဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း အများအပြား ရှိသည့် အတွက် နယူးယောက်မြို့ နှင့် ပူးတွဲ၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အချက်အခြာ နေရာ အဖြစ်လည်း သတ်မှတ်နိုင်သည်။ စစ်အတွင်း အရပ်သားများအား ဆက်ဆံရေး နှင့် စစ် အကျဉ်းသားတို့နှင့် ပတ်သက်သည့် ဂျနီဗာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် နေရာလည်း ဖြစ်သည်။

ဂျနီဗာမြို့သည် လန်ဒန်မြို့ နှင့် ဇျူးရစ်မြို့ တို့ ပြီးလျှင် ဥရောပ၏ တတိယမြောက် ငွေရေးကြေးရေး အချက်အချာ ဌာန အဖြစ် သတ်မှတ်ဖော်ပြလေ့ ရှိပြီး [၁] တကမ္ဘာလုံးရှိ ငွေရေးကြေးရေး အချက်အချာ စင်တာ ကိန်းညွှန်းအရ ဖရန့်ဖွတ်မြို့ နှင့် ဆစ်ဒနီမြို့ တို့ထက် သာလွန်ပြီး အဋ္ဌမ မြောက် အရေးအကြီးဆုံးသော ငွေရေးကြေးရေး အချက်အချာ ဌာန ဖြစ်သည်။ [၂] ၂၀၀၉ ခုနှစ် မာဆာ၏ စစ်တမ်းအရ ကမ္ဘာပေါ်တွင် တတိယမြောက် လူနေမှု အဆင့်အတန်း အမြင့်မားဆုံး မြို့လည်း ဖြစ်သည်။[၃] မြို့တော်သည် ကမ္ဘာပေါ်တွင် အသိပ်သည်းဆုံးသော မက်ထရိုပိုလစ်အဖြစ် ရည်ညွှန်းလေ့ ရှိကြပြီး ငြိမ်းချမ်းရေး မြို့တော် ဟူ၍လည်း တင်စားခေါ်ဝေါ်ကြသည်။ ၂၀၀၉ ခုနှစ်တွင် ဂျနီဗာသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူနေမှုစရိတ် အမြင့်မားဆုံး မြို့အဖြစ် အဆင့်သတ်မှတ် ခံခဲ့ရသည်။[၄]

အမည်မှည့်ခေါ်ခြင်း

ဂျနီဗာ ဆိုသော အမည်သည် ဆဲလ်တစ် ဘာသာစကားမှ ဆင်းသက်လာသည်ဟု ယူဆရသည်။ လက်တင် စာအုပ်များတွင် Genava ဟူသော စာလုံးပေါင်းဖြင့် ဖော်ပြထားလေ့ ရှိသည်။ ယနေ့ခေတ်သုံး ဘာသာစကားများတွင်မူ အခေါ်အဝေါ် အမျိုးမျိုး ရှိကြသည်။ အင်္ဂလိပ်ဘာသာဖြင့် Geneva ပြင်သစ်ဘာသာဖြင့် Genève ဂျာမန်ဘာသာဖြင့် Genf အီတလီဘာသာဖြင့် Ginevra ရောမဘာသာဖြင့် Genevra စသည်ဖြင့် ခေါ်ကြသည်။ အခြားသော သီအိုရီတစ်ခုမှာ ဂျနီဗာဆိုသည်မှာ ပြင်သစ်ဘာသာ စကား Genévrier မှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည် ဟူ၍ ဖြစ်ပြီး ဂျူနီပါပင်ကို ခေါ်ဆိုခြင်း ဖြစ်သည်။

ဂျနီဗာမြို့ကို အီတလီ ဆိပ်ကမ်း Genoa (အီတလီဘာသာဖြင့် Genova) ဖြင့် အမှတ်မှားလေ့ ရှိကြသည်။ ထိုစကားလုံးမှာလည်း ဆဲလ်တစ် ဘာသာစကားမှပင် ဆင်းသက်လာခြင်း ဖြစ်ပြီး မြစ်ဝဟု အဓိပ္ပာယ်ရသည်။

သမိုင်းကြောင်း

ရှေးခေတ်ကာလ

ဂျနီဗာသည် သမိုင်းကြောင်းတွင် ဆဲလ်တစ်-ဂျာမန်မျိုးနွယ်များ ဖြစ်သော ဟယ်ဗက်တီတို့၏ ရန်မှ ကာကွယ်သည့် နယ်စပ်မြို့အဖြစ် သမိုင်းကြောင်းတွင် ဖော်ပြထားခဲ့ပြီး ရောမသားတို့က ၁၂၁ ဘီစီတွင် သိမ်းယူခဲ့ကြသည်။ ၄ရာစုတွင် အက်ပီစကိုပယ် ဘစ်ရှော့၏ ဌာနချုပ် နေရာ ဖြစ်ခဲ့သည်။ ၄၄၃ ခုနှစ်တွင် ဘာဂန်ဒီတို့ သိမ်းယူခဲ့ကြပြီး ဖရန့်က် တို့၏ လက်သို့ ၅၃၄ တွင် ကျဆင်းခဲ့သည်။


ကိုးကား

  1. The Global Financial Centres 5
  2. Mark Yeandle, Jeremy Horne, Nick Danev (September 2008)။ The Global Financial Centres Index 4 (PDF)။ Z/Yen Group။ City of London။ 2009-01-17 တွင် ပြန်စစ်ပြီး။
  3. Mercer's 2009 Quality of Living survey highlights [၁]. Last updated 28 April 2009.
  4. Cost of Living survey 2010 - City rankings။ Mercer.com (2010-06-29)။ 2010-07-03 တွင် ပြန်စစ်ပြီး။