မန်းငြိမ်းမောင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"{{Infobox officeholder |name = ဖဒိ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၇:၄၈၊ ၂ ဖေဖော်ဝါရီ ၂၀၂၁ ရက်နေ့က မူ

ဖဒိုမန်းငြိမ်းမောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂ ဖေဖော်ဝါရီ ၂၀၂၁
ကိုယ်ရေး အချက်အလက်များ
မွေးဖွားပန်းတနော်မြို့နယ်ဧရာဝတီတိုင်း
နိုင်ငံရေးပါတီကရင်ပြည်သူ့ပါတီ

ဖဒိုမန်းငြိမ်းမောင် သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

နိုင်ငံရေး

ဖဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်အဖြစ်မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် နှုတ်ထွက်ခဲ့ပြီး[၁][၂] ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကရင်ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။[၃]

ထောင်ဒဏ်ကျခံရခြင်း

ဖဒိုမန်းငြိမ်းမောင်သည် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရပြီး၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုများနှင့် တရားစွဲဆိုခဲ့ရကာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။[၄]

နိုင်ငံတော် ကောင်စီဝင်အဖြစ် တာဝန်ပေးခံရခြင်း

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့သည်။[၃]

ကိုးကား