ဂဠုန်ဆရာစံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥက္ကဌ +ဥက္ကဋ္ဌ, -၀ိ +ဝိ, -၀င် +ဝင်, -သြ +ဩ, -ဂြိုလ် +ဂြိုဟ်, -၀မ် +ဝမ်, -၄င်း +၎င်း)
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{Infobox person
[[File:image_mini.png|thumb|250px|ဂဠုန်ဆရာစံ]]
| name= ဆရာစံ
နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဂဠုန်ဆရာစံ(၂၄ အောက်တိုဘာ ၁၈၇၆ - ၂၈ နိုဝင်ဘာ ၁၉၃၁) သည် ထင်ရှားသော ဘုန်းကြီး တစ်ပါးနှင့် ဗမာတိုင်းရင်းဆေးဆရာ တစ်ယောက် ဖြစ်ပြီး ၁၉၃၀-၁၉၃၁တွင် ဖြစ်ပွားသော ဗမာ့တောင်သူလယ်သမားတော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ကာ ဗမာ့ထီးနန်းကို တောင်းဆိုသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရာတွင် တိုင်းရင်းသားတို့အား တစ်စည်းတစ်လုံး တည်းဖြစ်စေရန် ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။[[ရန်ကုန်]]၊[[ပဲခူးမြို့|ပဲခူး]] စီရင်စု၊ [[ဗြိတိသျှအင်ပါယာ|ဗြိတိသျှ]] ဘားမား၊၂၈ရက် နိုဝင်ဘာ လ ၁၉၃၁၊အသက်(၅၅ နှစ်)တွင်ကွယ်လွန်ခဲ့သည်။
| residence=
| image=Image mini.png
| imagesize=
| birth_date={{birth date|1876|10|24|df=y}}
| birth_place= သရက်ကန် အရှေ့ရွာ၊ [[ဒီပဲယင်းမြို့နယ်]]၊ [[ရွှေဘိုခရိုင်]]၊ [[ကုန်းဘောင်ခေတ်|ဗမာ့ဘုရင့်နိုင်ငံ]]
| death_date={{death date and age|1931|11|28|1876|10|24|df=y}}
| death_place= [[သာယာဝတီ]]၊ [[ပဲခူးတိုင်း|ပဲခူးစီရင်စု]]၊ [[ဗြိတိသျှဘားမား]]
| nationality= မြန်မာ
| occupation=
| title=
| spouse=
| signature=
}}
နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် '''ဂဠုန်ဆရာစံ'''(၂၄ အောက်တိုဘာ ၁၈၇၆ - ၂၈ နိုဝင်ဘာ ၁၉၃၁) သည် ထင်ရှားသော ဘုန်းကြီး တစ်ပါးနှင့် ဗမာတိုင်းရင်းဆေးဆရာ တစ်ယောက် ဖြစ်ပြီး ၁၉၃၀-၁၉၃၁တွင် ဖြစ်ပွားသော ဗမာ့တောင်သူလယ်သမားတော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ကာ ဗမာ့ထီးနန်းကို တောင်းဆိုသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရာတွင် တိုင်းရင်းသားတို့အား တစ်စည်းတစ်လုံး တည်းဖြစ်စေရန် ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။[[ရန်ကုန်]]၊[[ပဲခူးမြို့|ပဲခူး]] စီရင်စု၊ [[ဗြိတိသျှအင်ပါယာ|ဗြိတိသျှ]] ဘားမား၊၂၈ရက် နိုဝင်ဘာ လ ၁၉၃၁၊အသက်(၅၅ နှစ်)တွင်ကွယ်လွန်ခဲ့သည်။


==ငယ်စဉ်ဘဝ==
==ငယ်စဉ်ဘဝ==
စာကြောင်း ၁၄၈ - စာကြောင်း ၁၆၂ -
ဗုဒ္ဓဘာသာဝင် ဗမာများသည် ပုန်ကုန်ထကြွခြင်းကို ကျရှုံးခြင်းတစ်ရပ်အဖြစ် ယူဆကြသော်လည်း ၎င်း သည် ဗမာ့နိုင်ငံရေးတွင် အချို ့ကိစ္စများအတွက် အလှည့်အပြောင်းတစ်ခုအဖြစ် အမှတ်အသား ပြုကို ပြုခဲ့သည်။ ပုန်ကန်ထကြွခြင်းသည် နိုင်ငံရေး ခေါင်းဆောင်မျိုးဆက်သစ် တစ်ခုဖြစ်သည့် ဘမော် နှင့် ဦးစော ကဲ့သို့သော ပုဂ္ဂိုလ်များကို မွေးဖွားပေးခဲ့ပြီး ၎င်းတို့သည် အမှုစစ်ဆေး ခြင်းတွင် ကာကွယ်ခုခံသည့်ဘက်မှ ပါဝင်ခဲ့သည်။ ထို့အပြင် ၎င်းသည် ကိုလိုနီလှုပ်ရှားမှုများကို ခုခံရန် ဒေသတွင်း ပြည်သူများအားစည်းရုံးနိုင်သည့် သံဃာတော်များ၏ စွမ်းရည်ကို ကူညီ သရုပ်ဖော်ခဲ့သည်။ ဆရာစံသည် ကိုလိုနီအစိုးရကို ဆန့်ကျင်ခဲ့သည့် လူထုကြီးအားဦးဆောင်မှုပေးခဲ့သော အမျိုးသားစိတ် ဓာတ်ရှိသူ သူရဲကောင်းတစ်ဦးအဖြစ် အမှတ်ရခြင်းခံရသည်။
ဗုဒ္ဓဘာသာဝင် ဗမာများသည် ပုန်ကုန်ထကြွခြင်းကို ကျရှုံးခြင်းတစ်ရပ်အဖြစ် ယူဆကြသော်လည်း ၎င်း သည် ဗမာ့နိုင်ငံရေးတွင် အချို ့ကိစ္စများအတွက် အလှည့်အပြောင်းတစ်ခုအဖြစ် အမှတ်အသား ပြုကို ပြုခဲ့သည်။ ပုန်ကန်ထကြွခြင်းသည် နိုင်ငံရေး ခေါင်းဆောင်မျိုးဆက်သစ် တစ်ခုဖြစ်သည့် ဘမော် နှင့် ဦးစော ကဲ့သို့သော ပုဂ္ဂိုလ်များကို မွေးဖွားပေးခဲ့ပြီး ၎င်းတို့သည် အမှုစစ်ဆေး ခြင်းတွင် ကာကွယ်ခုခံသည့်ဘက်မှ ပါဝင်ခဲ့သည်။ ထို့အပြင် ၎င်းသည် ကိုလိုနီလှုပ်ရှားမှုများကို ခုခံရန် ဒေသတွင်း ပြည်သူများအားစည်းရုံးနိုင်သည့် သံဃာတော်များ၏ စွမ်းရည်ကို ကူညီ သရုပ်ဖော်ခဲ့သည်။ ဆရာစံသည် ကိုလိုနီအစိုးရကို ဆန့်ကျင်ခဲ့သည့် လူထုကြီးအားဦးဆောင်မှုပေးခဲ့သော အမျိုးသားစိတ် ဓာတ်ရှိသူ သူရဲကောင်းတစ်ဦးအဖြစ် အမှတ်ရခြင်းခံရသည်။


[[File:6siun2q.jpg|thumb|မြန်မာ ၉ဝ ကျပ်တန်မှ ဆရာစံပုံ]]
[[File:197990kyatsa.png|thumb|မြန်မာ ၉ဝ ကျပ်တန်မှ ဆရာစံပုံ]]


== ကိုးကား ==
== ကိုးကား ==

၁၄:၁၃၊ ၃၀ ဇန်နဝါရီ ၂၀၂၁ ရက်နေ့က မူ

ဆရာစံ
မွေးဖွား(1876-10-24)၂၄ အောက်တိုဘာ၊ ၁၈၇၆
သရက်ကန် အရှေ့ရွာ၊ ဒီပဲယင်းမြို့နယ်ရွှေဘိုခရိုင်ဗမာ့ဘုရင့်နိုင်ငံ
ကွယ်လွန်၂၈ နိုဝင်ဘာ၊ ၁၉၃၁(1931-11-28) (အသက် ၅၅)
သာယာဝတီပဲခူးစီရင်စုဗြိတိသျှဘားမား
နိုင်ငံလူမျိုးမြန်မာ

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဂဠုန်ဆရာစံ(၂၄ အောက်တိုဘာ ၁၈၇၆ - ၂၈ နိုဝင်ဘာ ၁၉၃၁) သည် ထင်ရှားသော ဘုန်းကြီး တစ်ပါးနှင့် ဗမာတိုင်းရင်းဆေးဆရာ တစ်ယောက် ဖြစ်ပြီး ၁၉၃၀-၁၉၃၁တွင် ဖြစ်ပွားသော ဗမာ့တောင်သူလယ်သမားတော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ကာ ဗမာ့ထီးနန်းကို တောင်းဆိုသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရာတွင် တိုင်းရင်းသားတို့အား တစ်စည်းတစ်လုံး တည်းဖြစ်စေရန် ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။ရန်ကုန်ပဲခူး စီရင်စု၊ ဗြိတိသျှ ဘားမား၊၂၈ရက် နိုဝင်ဘာ လ ၁၉၃၁၊အသက်(၅၅ နှစ်)တွင်ကွယ်လွန်ခဲ့သည်။

ငယ်စဉ်ဘဝ

ဒီပဲယင်းမြို့နယ်၊ သရက်ကန် အရှေ့ရွာတွင် ၁၈၇၆ခု အောက်တိုဘာလ ၂၄ရက် တွင် မွေးဖွားသည်။ ဖခင် အမည်မှာ ဦးကျေး ဖြစ်ပြီး မိခင်အမည်မှာ ဒေါ်ဖက် ဖြစ်ကာ မောင်နှမ ၅ ယောက်တွင် အငယ်ဆုံး ဖြစ်သည်။ ဗမာလူမျိုးဖြစ်ပြီးထေရဝါဒ ဗုဒ္ဓဘာသာကိုကိုးကွယ်သည်။ ဆရာစံ၏ အခြားအမည်တစ်မျိုးမှာ ဦးရာကျော် ဖြစ်သည်။ မွေးချင်းများမှာ -

  1. ဦးရာကြူး
  2. ဦးရာဒန်
  3. ဒေါ်အေးမြင့်
  4. ဒေါ်အေးဆင့်
  5. ဦးရာကျော် ခေါ် ဆရာစံ တို့ဖြစ်သည်။ [၁]

သမိုင်း

၁၉၂၄ ခုနှစ်တွင် ဗုဒ္ဓဘာသာအဖွဲ့အစည်းများ အထွေထွေကောင်စီမှ အသက် ၄၅ နှစ်ရှိပြီဖြစ်သော ဆရာစံ အား ဗမာလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း အခြေအနေများ ဆန်းစစ်ခြင်း ဆိုင်ရာ ကော်မတီခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၂၇ ခုနှစ် စစ်တမ်းများကောက်ယူနေဆဲတွင် ဆရာစံ သည် (တဖြည်းဖြည်းများပြားလာသော မြို့နေဆန္ဒပြလှုပ်ရှားသူများနှင့် နိုင်ငံရေး လုပ်ဆောင်သူ သံဃာတော်များ နှင့်အတူ) ၎င်းတို့၏ လုပ်ငန်းဦးတည်ချက်ကို ပြောင်းလဲပြီး ဗြိတိသျှ တို့အား ခုခံတိုက် ခိုက်ရန် တောင်သူလယ်သမားများအား စတင်၍ လှုံ့ဆော်ခဲ့သည်။ ယင်းမှာ အထူးသဖြင့် ဗြိတိသျှ အစိုးရ ၏ အုပ်ချုပ်ရေးနှင့် အခွန်ကောက်ခံမှု မူဝါဒလမ်းစဉ်အား ပုန်ကန်ရန်အားထုတ် ကြိုးပမ်းမှုပင် ဖြစ်သည်။

၁၉၂၉ ခုနှစ်တွင် ဗြိတိသျှတို့်သည် ဗမာပြည်သူတို့အပေါ်တွင် အခွန်အသစ်များကို ပြဋ္ဌာန်းရန် တင်သွင်း ခဲ့ပြီး ဗြိတိသျှတို့၏ သဘောတူညီချက်မရဘဲ သစ်ပင် (ဗမာတို့၏ အဓိက အဖိုးတန်ပစ္စည်း) ခုတ်ခြင်းကို တားမြစ်သည့် သစ်တောနှင့်ပတ်သက်သော ဥပဒေမူကြမ်းတစ်ခုကိုလည်း တင်သွင်းခဲ့သည်။ ၁၉၂၉ ဒီဇင်ဘာ တွင် ဆရာစံ သည် လူခွန်ကောက်ခံမှု (လူခွန်) အား တွန်းလှန်ရန် ဒေသတွင်း ပုန်ကန်မှုတစ်ရပ်ကို စီစဉ်ခဲ့သည်ဟု အဆိုရှိသည်။ ထိုပုန်ကန်မှုမှာ လျင်မြန်စွာကြီးထွားလာပြီး သူ၏ ထိန်းချုပ်နိုင်မှု ထက်ကျော်လွန်၍ ကသောင်းကနင်းနိုင်သော တစ်နိုင်ငံလုံးဆိုင်ရာ ပုန်ကန်မှုတစ်ခုအသွင် ပြောင်းလဲ ခဲ့သည်။ ထို့နောက် ဆရာစံသည် ရွှေဘိုမှ သာယာဝတီသို့လွတ်လပ်ရေးလှုပ်ရှားရန် ပြောင်းရွှေ့လာခဲ့သည် (ထိုအခြင်းအရာကြောင့် အုတ်ဖိုမြို့တွင် ဆရာစံအနွယ်ဝင်များမှ ရွှေဘိုတန်းရွာကို ထူထောင်ခဲ့သည်)။ ထိုလှုပ်ရှားမှုများ၏ ဖြစ်ရပ်များသည် Tharrawaddy (သာယာဝတီ) ခရိုင် (ရန်ကုန်မှ သုံးနာရီခွဲကြာ သွားရသော အကွာအဝေး) မှ အောက်မြန်မာပြည်တစ်ဝန်းလုံးရှိ အနီးအနားပတ်ဝန်းကျင်ခရိုင်များသို့ ပျံ့နှံ့သွားခဲ့သည်။ ဆရာစံသည် "မင်းလောင်း" သို့မဟုတ် ဘုရင်အဖြစ်တောင်းခံပြီး သက်ဦးဆံပိုင်စနစ် ကို ပြန်လည် အသက်သွင်းကာ ယိုယွင်းကျဆင်းနေပြီ ဖြစ်သော ဗုဒ္ဓဘာသာကို ပြန်လည်အားဖြည့်ပေး မည့်သူ တစ်ဦး ဖြစ်ခဲ့သည်ဟု တရားဝင်မှတ်တမ်းများမှ အခိုင်အမာဆိုသည်။ ရိုးရာအဖွဲ့အစည်းများ နှင့် ကွန်ရက်များကို ပြန်လည်အသက်သွင်းရန်အတွက် ဆရာစံသည် Alantaung (အလံတောင်) အရပ်တွင် နန်း တော်တစ်ခုတည်ဆောက်ကာ ဗမာ့နန်းတွင်းအဆောင်အယောင်များဖြင့် ဂဠုန်ရာဇာဘွဲ့ခံ၍ နန်းတက်ပွဲ ကျင်းပခဲ့သည် ဟုလည်းဆိုသည်။ ဆရာစံ၏ နောက်လိုက်နောက်ပါများသည်လည်း သေနတ် ပီးစေရန် သာမက ဗြိတိသျှနှင့် အခြားနယ်ချဲ့နိုင်ငံခြားသားများကို မောင်းထုတ်ရန် ၎င်းတို့ ခံယူထား သော တာဝန်ကို ဖော်ဆောင်သည့် Garuda (ဂဠုန်ရုပ်) ဆေးမင်ကြောင်(တက်တူး)များ ထိုးခဲ့သည် ဟုလည်း ဖော်ပြထားသည်။ အချို့သောပညာရှင်များသည် စီးပွားရေး အခက်အခဲမှာ ပုန်ကန်ခြင်းများ အတွက် အချက်အချာ ကျသည်ဟု ဆိုကြသော်လည်း အခြားသောသူများကမူ ဗုဒ္ဓဘာသာအောင်မြင်ထွန်းကား သော ခေတ်အသစ်ကို စတင်သွတ်သွင်းခြင်းသည် အရေးပါသောအကြောင်းပြချက် ဖြစ်ခဲ့သည် ဟု ဆိုသည်။

ဘီလူးကျွန်း၊ ကမာမိုကျေးရွာတွင် နေထိုင်သွားခဲ့သည့်

တောင်သူလယ်သမားခေါင်းဆောင်ဆရာစံအကြောင်း မြင့်မိုရ်တောင်နှင့်ဆီးစေ့ပမာ လက်နက်အင်အားချင်းကွာခြားလှသော ဗြိတိသျှနယ်ချဲ့အစိုးရကိုအာခံကာ ခုခံတော်လှန်ခဲ့သည့် ရဲရဲတောက် အာဇာနည် ပုဂ္ဂိုလ်ထူးမှာ လယ်သမားခေါင်းဆောင်ကြီး ‘သုပဏ္ဏကဂဠုနရာဇာ’ ဘွဲ့ခံ ဆရာစံပင်ဖြစ်သည်။ဆရာစံကို မြန်မာသက္ကရာဇ်၁၂၃၈ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ရက် (ခရစ် ၁၈၇၆ အောက်တိုဘာ ၂၄) အင်္ဂါနေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မူးချောင်းအနောက်ဘက်ကမ်းရှိ သရက်ကန်အရှေ့ကန်ရွာ၌ အဖ တောင်သူလယ်သမားကြီး ဦးကြေး၊ အမိ ဒေါ်ဖက်တို့မှ ဖွားမြင်ခဲ့သည်။

ဆရာစံ၏မိခင်မှာ ပုဂံမင်းလက်ထက်နှင့် မင်းတုန်းမင်းလက်ထက်များတွင် နန်းတွင်းအပျိုးတော်ဖြစ်သည်။ ဆရာစံမှာ ဦးကြေးနှင့် ဒေါ်ဖက်တို့ ၏ သားသမီး ငါးယောက်အနက် အထွေးဆုံးသားဖြစ်သည်။ ဆရာစံ၏ငယ်မည်မှာ မောင်ရာကျော် ခေါ် မောင်စံရှားဖြစ်သည်။ ဆရာစံ၏ မွေးချင်းများမှာ ကိုရာကြူး၊ မအေးမြင့် နှင့် မအေးဆင့်တို့ဖြစ်သည်။ သို့သော် ဆရာစံဖခင် ဦးကြေးသည် ဒေါ်ဖက်နှင့် အကြောင်းမပါမီက ဒေါ်ဌေးနှင့် ပထမအိမ်ထောင်ပြု၍ သမီးမရွက် ထွန်းကားခဲ့သည်။ ပထမဇနီး ဒေါ်ဌေးကွယ်လွန်ပြီးမှ ဆရာစံမိခင် ဒေါ်ဖက်နှင့် အကြောင်းပါ ခဲ့ခြင်းဖြစ်သည်။

ဆရာစံသည် အသက် ၅ နှစ်သားအရွယ် ၁၈၈၁ခုနှစ်တွင် ရွှေဘိုနယ် မင်းကုန်းကျောင်းဦး မင်္ဂလာဆရာတော်ထံတွင် ပညာစတင်သင်ကြား ခဲ့လေသည်။ ခုနစ်နှစ် သားအရွယ်တွင် မြင်းသူကြီးရွာ ဘုန်းကြီးဦးကလျာဏကျောင်း၌ ဆက်လက်သင်ယူသည်။ သရက်ကန်အရှေ့ရွာ၊ အနောက်ရွာကြားတွင်ရှိသော ဦးသူရိယ အုတ်ကျောင်း၌ ပညာသင်ယူနေစဉ် အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီးကွယ်လွန်ခဲ့လေသည်။ ၁၈၉၁ခုနှစ်တွင် ရှင်သာမဏေ (၁) နှစ်ကျော် ဝတ်သည်။ထို့နောက် ဆရာစံသည် အသက် ၁၆ နှစ်တွင် ရဟန်းဘောင်မှ လူထွက်၍ မိုးကုတ်မြို့ သို့တက်၍ ဆေးကု၊ ဇာတာဖွဲ့ဖြင့် အသက်ဝမ်းပြုခဲ့သည်။ ဆရာစံသည် အောက်ပြည်အောက်ရွာသို့ဆင်း၍ အလုပ်အကိုင်ရှာဖွေနေစဉ် သူ့အသက် ၂၀ တွင် မိခင်ကြီးကွယ်လွန်ခဲ့လေသည်။

ထိုမှတဖန်ဆရာစံသည် မန္တလေးရတနာဘုမ္မိအရပ်ရှိ မဏိရတနာရာမ မြတောင်တိုက်တွင် သင်္ကန်းဆည်းလျက် ပညာဆည်းပူးခဲ့ပြန်သည်။ ဆရာစံသည် မြတောင်တိုက်တွင် ၂ နှစ်ခန့် ပညာသင်ကြားပြီးနောက် လူထွက်၍ တောင်ငူဘက်သို့ သွားရောက်နေထိုင်ခဲ့လေသည်။ ထိုမှတဆင့် ဖြူးမြို့အရှေ့ဖက်ရှိ ငါးခေါင်းအင်းရွာသို့ အလုပ်အကိုင်ရှာဖွေရန် ခရီးထွက်ခဲ့ပြန်သည်။ ထိုရွာတွင် နေထိုင်စဉ်အတွင်း အညာ ဒေသ ယာဉ်ခြင်းရွာမှရောက်ရှိနေထိုင်သော ဒေါ်ကေနှင့်အကြောင်းပါ၍ မမယ်စိန်နှင့်မောင်ရွှေရင်အမည်ရှိ သမီးတစ်ယောက်နှင့် သားတစ် ယောက် ထွန်းကားခဲ့သည်။ ထို့နောက် ၁၉၀၉ တွင် ကော့ကရိတ်တွင် ရဟန်းခံ၍ ရဟန်းဘဝြဖင့် (၂) နှစ်ခန့်နေပြီး လူထွက်သည်။

ယင်းနောက် ဆရာစံသည် ရွှေဘိုခရိုင်မှ အောက်ပြည်သို့ စုန်ဆင်း၍ ကော့ကရိတ်၊ အပေါင်၊ ကျွဲခြံ၊ ဘီလူးကျွန်း ကမာမိုရွာတို့တွင် ဆေးဆရာ အဖြစ် လှည့်လည်ဆေးကု၏။ ဆရာစံသည် တိုင်းရင်းဆေးကုရာတွင် နာမည်ကြီး၍ တပည့်တပန်းပေါများသည့်အပြင် ရောဂါ၏လက္ခဏာကို မည်သို့စစ်ဆေးရမည်၊ မည်ကဲ့သို့သော ဆေးဝါးဓာတ်စာတို့ကို ပေးရမည်ဟူသော ကုထုံးအတွက် “လက္ခဏုဇဆေးကျမ်း” ကိုပင် စီရင်ရေး သားသွားခဲ့သည်။ ထို့အပြင် လုပ်ရပ်နှင့်ဆိုင်သော “ဝိဇ္ဇာသိပ္ပံအင်္ဂုတ္တကျမ်း”နှင့် “ညာဏောဒီဇဆေးကျမ်း” တို့ကိုလည်း ရေးသားပြုစုခဲ့သည်။ နက္ခတ်ဗေဒင်ဖက်တွင်လည်း ကညော် မွန်ဆရာတော်ထံ နည်းနာခံယူသင်ကြား၍ သင်္ကြန်စာများကိုပင် ဆရာစံအမည်ဖြင့် ထုတ်ဝေခဲ့ဖူး သည်။ ဆရာစံသည် တိုင်းရင်းဆေးပညာအစွယ်အပွားများဖြစ်သည့် အဂ္ဂိရတ်ပညာနှင့် ဗေဒင်နက္ခတ်ပညာတို့ကိုကျွမ်းကျင်ပြီး နောက် ဓာတ်ပညာတွင် အနုစိတ်သည့် ဆေးဝါးဖော်စပ်မှုနှင့်ဆိုင်သော “ညာတောဓိရံကျမ်း” ကို ရေးသားခဲ့သေးသည်။

ဆရာစံမှာ အရပ်မြင့်မြင့်၊ ပိန်ပိန်ပါးပါး၊ အသားညိုညို၊ နှာတံပေါ်ပေါ်နှင့် နှုတ်ခမ်းမွှေးရေးရေးရှိ၏။ စကားပြောတရားဟောလည်း အလွန် ကောင်းသည်ဟု ဆိုကြသည်။

သို့ကလို ဆရာစံသည် တောင်သာဂိုဏ်းဝင် ဆေးဆရာအဖြစ် ဆေးကုသရင်း လူမှုရေး၊ ဘာသာရေးလုပ်ငန်းများကို တဖက်တလမ်းမှ ဆောင်ရွက်သည်။ ၁၉၀၇ခုနှစ် တွင် ကမာမိုရွာ၌ ဓမ္မရက္ခိတအသင်းတစ်သင်းကို ဦးစီးတည်ထောင်ခဲ့သည်။ ဆရာစံမှာ ထိုအသင်းတွင် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ထို့နောက် ထိုအသင်းအား ငွေစုငွေချေးအသင်းအဖြစ်ပြောင်းလဲဖွဲ့စည်းရန် ဆရာစံစိတ်ကူးမိကာ သမဝါယမအသင်းနှင့် ဆက်သွယ်ပြီး ငွေစုငွေချေးအသင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၂၀ပြည့်နှစ်တွင် ဆရာစံသည် သူ၏ဆရာရင်း ဖြစ်သော ဆရာတော်ဦးသီဟ သီတင်းသုံးရာ ညောင်ကျောင်းဝင်းအတွင်း၌ သိမ်တဆောင် မဟာဒုတ် စာရေးတံမဲများပြုလုပ်ကောက်ခံခဲ့ရာ အင်္ဂလိပ်အစိုးရက ဆရာစံအား ထီဖွင့်လှစ်သည်ဟု တရားစွဲကာ ထောင်ဒဏ် (၇) လ ချမှတ်ခဲ့သည်။ ထောင်မှလွတ်ပြီးနောက် သိမ်ကို ဆက်လက်အကောင်အထည်ဖော်ဆောက်လုပ်ခဲ့ရာ အထမြောက်အောင်မြင်ခဲ့သည်။

ဆရာစံသည် ၁၉၂၃တွင် ဂျီစီဘီအေအသင်းကြီးသို့ ဝင်ရောက်ခဲ့သည်။ ၁၉၂၅ တွင် ရွှေဘိုမြို့၌ကျင်းပသော ၁၂ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံသို့ မော်လမြိုင်ခရိုင် ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သည်။ ၁၉၂၈ ခုနှစ် ဂျီစီဘီအေ စုံစမ်းရေးကော်မတီဥက္ကဋ္ဌအဖြစ် သာယာ ဝတီခရိုင်၊ ဖျာပုံခရိုင်၊ ပြည်ခရိုင်၊ ကသာခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ သရက်ခရိုင်၊ အင်းစိန်ခရိုင်များအတွင်းရှိ ကျေးရွာများသို့ လှည့်လည်ကာ တောင်သူ လယ်သမားတို့၏ ဆင်းရဲဒုက္ခအခြေအနေ အကြောင်းစုံကို စုံစမ်း၍ အမှုတွဲပေါင်း (၁၇၀) မျှရှိသော အစီရင်ခံစာကို တင်သွင်းခဲ့သည်။ အဆိုပါအစီရင်ခံစာ၌ နယ်ချဲ့အင်္ဂလိပ်တို့၏ ဥပဒေမဲ့ကျူးလွန်စော်ကားမှုများကို သက်သေအထောက်အထားအပြည့်အစုံဖြင့် ဂျီစီဘီအေ ဗဟိုဌာနချုပ်သို့ အကြံပြုတင်ပြခဲ့သည်။ သို့ရာတွင် ဗဟိုဌာနချုပ်က ဆရာစံ၏အကြံပေးချက်ကို လက်မခံခဲ့ချေ။

ထို့ကြောင့် ဆရာစံသည် တောင်ငူညီလာခံကြီး ပြီးစီးသောအခါ ဝံသာနုခေါင်းဆောင်အချို့၏ ပျော့ညံ့မှု၊ အင်္ဂလိပ်အစိုးရအား အလျော့ပေး စေ့စပ်လိုမှု၊ ရာထူးဂုဏ်ထူးမက်မောမှုတို့ကို မြင်တွေ့လာခဲ့သဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ကိုယ်တိုင်ဦးဆောင်ဆင်နွှဲရန် ဦးစိုးသိမ်း ဂျီစီ ဘီအေနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်လေသည်။ထို့နောက် အင်္ဂလိပ်အစိုးရ၏ ဖိနှိပ်ညှင်းပမ်းနှိပ်စက်ခံရသဖြင့် အစိုးရအား နာကျည်းနေသော သာယာဝတီနယ်မှ စတင်ကာ နယ်ချဲ့အစိုးရအား တော်လှန်ပုန်ကန်မှုပြုလုပ်ပါက အောင်မြင်နိုင်သည်ဟုယူဆကာ အင်္ဂလိပ်နယ်ချဲ့တို့အား စတင်ပုန်ကန်ရန်အတွက် သာယာဝတီနယ်ကို ရွေးချယ်ခဲ့လေသည်။

ဤသို့ဖြင့် ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်တွင် နယ်ချဲ့အစိုးရအား လက်နက်ကိုင်တော်လှန်ရန် မော်လမြိုင်မှ သာယာဝတီသို့ ထွက်ခွာလာ ခဲ့သည်။ ၁၉၃၀ ပြည့်နှစ် အောက်တိုဘာလ ၂၆ တွင် သာယာဝတီ အင်းရွာ မကျီးကုန်းဘုန်ကြီးကျောင်း၌ ဝံသာနုလယ်သမားခေါင်းဆောင် များနှင့် လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး နိုင်ငံတဝှမ်းရှိ လယ်သမားများနှင့် ဂဠုန်တပ်များကို စတင်ဖွဲ့စည်းသည်။

၁၉၃၀ အောက်တိုဘာ ၂၈တွင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့မြောက်အရပ်ရှိ မြစိမ်းတောင်ညိုဘုရားတွင် ဆရာစံသည် လက်ပံပင်မှ ဂဠုန်ငှက်မင်းဟူသော အဓိပ္ပါယ်ဖြင့် ‘သုပဏ္ဏက ဂဠုနရာဇာ’ဘွဲ့ကို ခံယူ၍ ဥပုသ်ကြီးဝင်ခဲ့သည်။ ဆရာစံသည် ဂဠုန်တပ်ဖွဲ့ဝင်များကို ‘က’၊ ‘ခ’ ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ‘က’ ဂဠုန် တပ်ဖွဲ့ဝင်များသည် လက်နက်စွဲကိုင်လျက် နယ်ချဲ့အစိုးရတပ်များကို ရှေ့တန်းမှ တိုက်ခိုက်ရသည်။ အာဏာဖီဆန်သောအနေဖြင့် အစိုးရသစ်တောကြိုးဝိုင်း များအတွင်းသို့ဝင်၍ သစ်ဝါးများခုတ်ကြရမည်။ ‘ခ’ ဂဠုန်တပ်များသည် နောက်ပိုင်းမှ စားနပ်ရိက္ခာများ ထောက်ပံ့ရသည်။ ထို့အပြင် ရှေ့တန်းမှလိုအပ်သော အကူအညီများကို ပေးရမည့်အပြင် ‘က’ ဂဠုန်တပ်ဖွဲ့ဝင်များ တိုက်ပွဲ ကျဆုံးလျှင်သော်လည်းကောင်း၊ ထောင်တန်းကျလျှင်သော်လည်းကောင်း ကျန်ရစ်သူ အိမ်ထောင်စုဝင်များကို ‘ခ’ ဂဠုန်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းစောင့်ရှောက်ရသည်။

ဆရာစံသည် တော်လှန်ရေးအတွက် အခိုင်အမာတပ်စွဲရန် အလံတောင်တွင် ၁၉၃၀ ဒီဇင်ဘာ ၂၁ တွင် ဌာနချုပ်ပြုလုပ်ခဲ့သည်။ အလံတောင် သည် သာယာဝတီမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ပဲခူးရိုးမတောင်တန်းတန်းတွင် ရှိသည်။ဆရာစံသည် ဂဠုန်တပ်၏အောင်လံကိုလည်း တီထွင်ခဲ့သည်။ ဂဠုန်တပ်၏အောင်လံမှာ နဂါးကို ဂဠုန်သုတ်နေပုံဖြစ်သည်။ နဂါးသည် နယ် ချဲ့အင်္ဂလိပ်တို့ကို ရည်ညွှန်းထားခြင်းဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ် (နဂါး) ကို ဂဠုန်လာသုတ်သည့်အဓိပ္ပါယ်ဖြင့် စီစဉ်ခြင်းဖြစ်သည်။

ဆရာစံ၏ ဂဠုန်တပ်သည် စည်းရုံးရေးဘက်တွင် အားကောင်းသော်လည်း လက်နက်အင်အားဘက်တွင် လွန်စွာချို့တဲ့သည်။ ပုန်ကန်ချိန်၌ သူတို့သည် ခေတ်မီ လက်နက်ဆို၍ ပြည်တွင်းဖြစ် လုပ်သေနတ်အလက်(၃၀)ခန့်သာ ရှိသည်။ ကျန်လက်နက်များမှာ ဓား၊ လှံ၊ ဝါးချွန်၊ ဒူးလေး၊ ကောက်စွ၊ ဝါးရင်းတုတ် စသည်တို့ သာဖြစ်သည်။ ခေတ်မီသေနတ်များသာမက စက်သေနတ်များပင် စွဲကိုင်ထားသော နယ်ချဲ့ဗြိတိသျှစစ်တပ် များကို တိုက်ခိုက်ရန်မလွယ်ကြောင်း သူတို့ မသိမ ဟုတ် သိကြသည်။

သို့သော် ထိုစဉ်က တောင်သူလယ်သမားတို့ကလည်း စီးပွားရေးကျပ်တည်းမှုဒဏ်နှင့် အစိုးရ၏ အမျိုးမျိုးနှိပ်စက်ညှင်းပမ်းသောဒဏ်ကို မခံရပ်နိုင်သည့်အတွက် အသက်ရှင်လျက် ဆင်းရဲငတ်ပြတ်ကာနေရခြင်းထက် မိမိထက် အစစအရာရာအင်အားကြီးမားသောရန်သူကို ရှိ သည့်လက်နက်ဖြင့် တွန်းလှန်တိုက်ခိုက်ပြီး ဂုဏ်သိက္ခာရှိရှိသေရခြင်းက မြတ်သည်ဟု ခံယူခဲ့လေသည်။

ထိုစဉ်က မြန်မာပြည်ဘုရင်ခံ ဆာချားလ်အင်းနစ်သည် ဘိလပ်သို့ မြန်မာပြည်ပြုပြင်ပြောင်းလဲအုပ်ချုပ်ရေးအတွက် ဘိလပ်ပါလီမန်အစိုးရနှင့် ဆွေးနွေးရန် ခွင့်ယူ၍ ပြန်သွားစဉ် မြန်မာလူမျိုး ဆာဂျေအေမောင်ကြီးအား ခေတ္တဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ ဆာဂျေအေမောင်ကြီးသည် တိုင်းခန်းလှည့်လည်ရင်း သာယာဝတီသို့အရောက် အစိုးရစစ်တပ်များက ကျေးရွာများအား မတရားဖိနှိပ်ရက်စက်မှုများကို ရွာသားတို့က လျှောက်လွှာများရေးသား၍ ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီးထံသို့ တိုင်တန်းကြသည်။ သာယာဝတီ ဒီစကြိတ်ကောင်စီလူကြီးများက ဘုရင်ခံထံသို့ဆက်သသော ဧည့်ခံဩဘာစာတွင် ပြည်သူတို့ကြည်ဖြူစွာမပေးလိုသော သဿမေစနှင့်လူခွန်ကို ဖျက်သိမ်းသင့်ကြောင်း အကြံပေးခဲ့ကြသည်။

သို့သော် ဆာဂျေအေမောင်ကြီးက … “အစိုးရစစ်တပ်များက ကျေးရွာများကို နှိပ်စက်သည်ဟု တိုင်တန်းထားသော လျှောက်လွှာများကို ရ ကြောင်း”၊ သဿမေစ နှင့်လူခွန်ကို အစိုးရက ဖျက်သိမ်းရန် မကြံရွယ်ကြောင်း” ပြောဆိုခဲ့သည်။ ဘုရင်ခံထံမှ ငြင်းဆိုသောစကားကို ကြားရ သောအခါ တောင်သူလယ်သမားတို့အဖို့ “သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး” ဟူသကဲ့သို့ တော်လှန်ပုန်ကန်ရန်မှတပါး အခြားမရှိပြီဟု စိတ်နှလုံး ဒုံးဒုံးချလိုက်ကြလေတော့သည်။ ဤသို့ဖြင့် ဆရာစံ၏အမိန့်ဖြင့် ၁၉၃၀ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ရဲကျော်ထင်ဘွဲ့ရ ဗိုလ်ဘိုးဆော့ ခေါင်းဆောင်သော တောင်သူလယ်သမား ဂဠုန်တပ်ဖွဲ့ဝင်များသည် သာယာဝတီထောင်ဖွင့်ရန် သာယာဝတီမြို့သို့ ချီတက်ရာ စမ်းတွင်းရွာ အနီးတွင် ဇိမ်ဇာရွာသူကြီး ဦးဖိုးညွန့်နှင့် နောက်လိုက်များကို တွေ့ရှိပြီး တိုက်ခိုက်မှုဖြစ်ပွားရာမှ တောင်သူလယ်သမားအရေးတော်ပုံကြီး စတင် ခဲ့လေသည်။

ဤသို့သော အခြေအနေတို့ကြောင့် လယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်ရခြင်းနှင့်ပတ်သက်၍ ထိုစဉ်က နယ်ချဲ့ဗြိတိသျှအစိုးရက သူတို့၏ စာအုပ်ပြာ အစီရင်ခံစာ၌ “မင်းလောင်းရူးနှင့် ဓားပြတစ်စု” တို့၏ထကြွခြင်းသာဖြစ်လေသည်ဟု အရေးတော်ပုံကြီးကို မှေးမှိန်သေး သိမ်စေရန် ချိုးနှိမ်ဖော်ပြခဲ့လေသည်။

နယ်ချဲ့တို့က မည်သို့ပင်ချိုးနှိမ်စေကာမူ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဂဠုန်ပျံဒီပနီဋီကာ၌ -“ဩော်… မြန်မာပြည်တဝှမ်းတွင်ဖြင့် သာယာဝတီစခန်းဆီက အာဇာနည်အစွမ်းတွေ ဟိုလာရင် ရမန်က ဗဟိုရ်ပုလ္လင်ပျံမှာ သမထ မတိမ်းအောင်လို့တဲ့ ဗိုလ်ဝင်ခံကာ မြန်မာ့ကိန်းတွေနှင့် မြစိမ်းတောင်ညိုညိုက ရဂုံစံချင်စရာ တပည့်တို့မှာဖြင့် ဥုံ အရဟံ သစ္စာ ဂတိတွေနှင့်… ဂဠုန် သရဏံ ဂစ္ဆာမိကြလေတော့” ဟု ရေးသားကာ ထောက်ခံအားပေးခဲ့လေသည်။

ဗြိတိသျှအစိုးရ၏ အရာရှိတစ်ဦးဖြစ်သော အရေးပိုင် မစ္စတာ မောရစ်ကောလစ် ကလည်း ဗြိတိသျှအစိုးရနှင့် ဆန့်ကျင်ပြီးသူ “မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ” (Trails in Burma) စာအုပ်၌ -“မြန်မာနိုင်ငံတွင် ဗြိတိသျှတို့ မလုပ်သင့်သောလုပ်ငန်းနှစ်ရပ်ကို မှားယွင်းစွာလုပ်ကိုင်ခဲ့ကြလေသည်။ ပထမအချက်မှာ ဗြိတိသျှတို့၏ အကျိုး စီးပွားသက်သက်ကိုသာ ထာဝစဉ်ရှေးရှုထားခြင်းနှင့် ဒုတိယအချက်မှာ မြန်မာတို့အား လူသားအချင်းချင်းဟူ၍ သဘောမထားနိုင်ဘဲ နိမ့်ကျ ယုတ်ညံ့သော တိရိစ္ဆာန်များသဖွယ် သဘောထားပြုမူခြင်းတို့ပင် ဖြစ်လေသည်။ထို့ကြောင့် ငွေကလည်း မရှိ၊ ကျွမ်းကျင်မှုလည်းမရှိသော မြန်မာတို့မှာ ဖောင်စီးရင်းရေငတ်ဆိုသလို ကိုယ့်မြေပေါ်မှာပင်ဖြစ်လျက် နေစရာမရှိ၊ စားစရာမရှိ ဆင်းရဲငတ်ပြတ်လှ၏။ ထိုမွဲငတ်မှုကြောင့်ပင် မြန်မာတို့မှာ လူရာမဝင်ဖြစ်ခဲ့ရ၏။

သို့သော် (၁၉၃၀) ပြည့်နှစ်တွင်ရှိသော အခြေအနေဆိုးများအရ မြန်မာလူမျိုးတို့သည် မိမိတို့အပေါ်တွင် စိတ်ကောင်းထားပါသည်ဆိုသော ဗြိတိသျှအစိုးရ၏စေတနာကို ယုံကြည်နိုင်စရာအကြောင်းမရှိတော့ချေ။ ထို့ကြောင့် လယ်သမားသူပုန်ထပွဲကြီး (ဝါ) လယ်သမားတော်လှန်ရေး ကြီး ပေါ်ပေါက်လာရခြင်းပင်ဖြစ်လေသည်” ဟူ၍ ရေးသားထားလေသည်။

တောင်သူလယ်သမားအရေးတော်ပုံသည် သာယာဝတီနယ် ဇိမ်စာ၊ အင်းကောက်၊ ရေတိုက်၊ ဖားရွှေကျော်၊ ဆီနှစ်ခွ၊ လှည်းလမ်းကူး အစရှိ သော ကျေးရွာများမှ စတင်ကာ ရက်အနည်းငယ်အတွင်း သာယာဝတီနယ်အနှံ့ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

နယ်ချဲ့အစိုးတပ်များလည်း ထိတ်လန့်တုန်လှုပ်သွားကာ အပြင်းအထန်နှိမ်နင်းခဲ့ရသည်။ အခြားနယ်များသို့ တော်လှန်ပုန်ကန်မှုများ မပြန့် ပွားစေရန်လည်း အစွမ်းကုန်တားဆီးခဲ့ရသည်။ ဗြိတိသျှအစိုးရသည် မည်မျှလောက်ဗျာများသွားသည်ဟူမူ ခွင့်ယူထားသော ဘုရင်ခံ ဆာ ချားလ်အင်းနစ်သည် ခွင့်ရက်မစေ့မီ မြန်မာပြည်သို့အမြန်ပြန်လာရပြီး လှံကျိုး ဓားပဲ့နှင့် ဒူးလေးမှလွဲ၍ လက်နက်ကောင်းဟူ၍ လုံးဝမရှိ သောဂဠုန်တပ်များကို မြန်မာပြည်ရှိ စစ်တပ်၊ ပုလိပ်တပ်များအပြင် ဘိလပ်မှ ဂေါရာတပ်၊ အိန္ဒိယမှ ပန်ချာပီတပ်များပင်ခေါ်ယူကာ ခေတ်မီ လက်နက်များဖြင့် အပြင်းအထန်နှိမ်နင်းခဲ့ရလေသည်။

ခေါင်းဆောင်ကြီးဆရာစံအား ဖမ်းဆီးနိုင်ရန် ဆုငွေ ၅၀၀ဝိ/- ပေးမည်ဟု ၁၉၃၁ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာခဲ့လေသည်။ ထိုမှတဖန် ငါးမည်ရ ဆရာစံ ဆုငွေ ၅၀၀ဝိ မှ ၁၀၀၀၀ ကျပ်အထိတိုးပေးမည်ဟု ဧပြီလ ၂၃ ရက်နေ့တွင် ထပ်မံကြေညာခဲ့ခြင်းဖြစ်သည်။

ဆရာစံသည် မူလက ခရိုင်အသီးသီးတွင် တပြိုင်နက်တည်း ထကြွပုန်ကန်ရန် အစီအစဉ်များ ပြုလုပ်ထားသော်လည်း အခြားခရိုင်မှ ပုန်ကန် ထကြွမှုများမရှိသေးဘဲ သာယာဝတီခရိုင်ထဲ၌သာ ပုန်ကန်လျက်ရှိရာ နယ်ချဲ့တပ်များ အလုံးအရင်းနှင့် ဖိ၍တိုက်ခိုက်မှုများကြောင့် ဆရာစံ အား အစိုးရတပ်များက လက်ရဖမ်းဆီးသွားမည်ကို စိုးရိမ်သောကြောင့် ခေတ္တခဏမျှ တနေရာသို့ ရှောင်တိမ်းရန် အကြံပေးကြသည်။ ဤသို့ ဖြင့် ဆရာစံသည် အလံတောင်စခန်းကို ဘားမားရိုင်ဖယ်တပ်များ တက်ရောက်သိမ်းပိုက်သည့်နေ့မှာပင် အလံတောင်စခန်းမှ တိမ်းရှောင်သွား ခဲ့သည်။

၁၉၃၁ခု ဇူလိုင်လတွင် ဆရာစံသည် ရှမ်းပြည်သို့တိမ်းရှောင်၍ ရှမ်းတောင်သူကြီးများနှင့်ဖွဲ့စည်းထားသော ဂဠုန်တပ်များဖြင့် နောင်ချို၊ နောင်ပိန်၊ ရပ်စောက်တို့ရှိ နယ်ချဲ့အစိုးရတပ်များအား ချီတက်တိုက်ခိုက်သည်။

ထို့နောက် ၁၉၃၁ ဩဂုတ် ၂တွင် ဆရာစံအား နောင်ချိုမြို့ မြောက်ဘက် သုံးဆယ်နယ်၊ ကုလားကွဲခရိုင် ဟိုခိုနောင်ကွမ်းရွာအနီးတွင် အင်္ဂ လိပ် ပုလိပ်တပ်များက ဖမ်းဆီးရမိခဲ့သည်။ ဩဂုတ်လ ၄ ရက်နေ့တွင် ဆရာစံအား ပုလိပ်တို့က ဝါးညှပ်ခြေထိပ်ခတ်ပြီး နောင်ချိုအချုပ်ထောင်သို့ ပို့သည်။ ထိုမှတဆင့် စစ်တပ်အစောင့်အရှောက်များဖြင့် ဆရာစံအား သာယာဝတီထောင်သို့ပို့ခဲ့ရာ ဩဂုတ် ၁၄ ၇က်နေ့တွင် သာယာဝတီ ထောင်သို့ရောက်သည်။

၁၉၃၁ ဩဂုတ် ၁၅ တွင် ဆရာစံအား သာယာဝတီတရားရုံးသို့ ရုံးထုတ်စစ်ဆေး၍ ဩဂုတ်လ ၂၈ ရက်နေ့တွင် တရားသူကြီး မစ္စတာကန်းလခ် (Mr. J.R.E Cunliffe) မစ္စတာဒါဝုဒ် (Mr. A.J. Darwood) နှင့် ဦးဘဦး (နောင်မြန်မာနိုင်ငံသမ္မတကြီး ဒေါက်တာဘဦး) တို့ပါဝင်သည့် တရားရုံးက ဆရာစံအား အိန္ဒိယရာဇသတ်ကြီးပုဒ်မ ၁၂၁ အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှား၍ သေဒဏ်အမိန့်ချမှတ်လိုက်သည်။

နယ်ချဲ့အစိုးရသည် ဆရာစံအား အထူးတရားရုံးတွင် စစ်ဆေးစဉ်ကပင် ဆရာစံက မည်သို့မျှ မထုချေဘဲ နေမည်ကိုလည်းကောင်း၊ ထုချေပြန် လျှင်လည်း အင်္ဂလိပ်အစိုးရ၏ ကျွန်ဘဝမှလွတ်မြောက်ရန် တော်လှန်ပုန်ကန်ရပါသည်ဟုလည်းကောင်း ထုချေမည်ကို အထူးစိုးရိမ်ခဲ့သည်။ အကယ်၍ တရားရုံးပေါ်တွင် ဆရာစံက မည်သို့မျှမထုချေဘဲ ရေငုံနှုတ်ပိတ်နေပါက ဆရာစံအား သေဒဏ်အပြစ်ပေးရမည်မှာလည်း အစိုးရ အတွက်အခက်ဖြစ်နေသည်။ ထိုနည်းတူ ဆရာစံအား အပြစ်မှ လွှတ်ရမည်မှာလည်း မဖြစ်နိုင်ပေ။ ထိုသို့ အစိုးရမှာ ဘေးကျပ်နံကျပ်ဖြစ်နေစဉ် ဆရာစံအား ရုံးတင်စစ်ဆေးသောအခါ ဆရာစံသည် တရားရုံးပေါ်၌ ထုချေခဲ့လေသည်။

စင်စစ် ဆရာစံထုချေသည်ဆိုသောထုချေလွှာမှာ ဆရာစံ၏သဘောဆန္ဒအရ ဆရာစံကိုယ်တိုင်ရေးသားထားသော ထုချေလွှာမဟုတ်ပေ။ ဆရာစံဘက်မှ အခမဲ့လိုက်ပါဆောင်ရွက်ခဲ့ကြသော ဒေါက်တာဘမော်နှင့် သာယာဝတီဦးပုတို့က အင်္ဂလိပ်တို့အလိုကျ အင်္ဂလိပ်လိုရေးသား ထားသည့်ထုချေလွှာကို ဆရာစံအား လက်မှတ်ရေးထိုးစေပြီး ဆရာစံကတင်သွင်းသည့်အနေဖြင့် ရေးသားလျှောက်ထားထားခြင်းဖြစ်သည်။

ထုချေလွှာတွင် -“ဂဠုန်အဖွဲ့ဝင်အသင်းသားများသည် အဖွဲ့၏ရည်ရွယ်ချက်နှင့် သွေးထွက်သံယိုအကြမ်းမလုပ်ရန် ကွန်ုပ်က အတိအလင်းထုတ်ပြန်သည့် အမိန့်တို့ကိုမနာခံဘဲ အကြမ်းဖက်မှုများပြုလုပ်ကြရန် ဆုံးဖြတ်ခဲ့ကြသည် ဟူ၍လည်းကောင်း၊ အကြမ်းဖက်ရန်တိုက်တွန်းကြသည့် ခေါင်း ဆောင်များက မိမိတို့ဘက်၌ လူအများပါသည်ကို သိကြသည့်အတိုင်း ကျွန်ုပ်ထံအမိန့်များကိုမလိုက်နာဘဲ ငြင်းဆန်ခဲ့ကြသည် ဟူ၍ လည်းကောင်း၊ ဂဠုန်အဖွဲ့ဝင်အသင်းသားတို့သည် ကျွန်ုပ်၏အမိန့်နှင့် အဖွဲ့၏ရည်ရွယ်ချက်များကို ဆန့်ကျင်လျက်ပြုလုပ်နေကြခြင်းများကို ကျွန်ုပ်တွေ့သောအခါ ထို အသင်းသားများအပေါ်မအုပ်ချုပ်နိုင်တော့ဘဲ အလံတောင်မှ ထွက်ခွာလာသဖြင့် ကျွန်ုပ်သည် ထိုအသင်းသားများ အကြမ်းပတမ်းပြုလုပ် ခြင်းကို ကျွန်ုပ်က မနှစ်သက်သောကြောင့် ထိုအမှုများသည် ကျွန်ုပ်နှင့် ဘာမျှမသက်ဆိုင်တော့ကြောင်း စသည်ဖြင့် ထုချေခဲ့သည်။

ဆရာစံသည် အင်္ဂလိပ်အစိုးရအား လူစုက တော်လှန်ပုန်ကန်ခဲ့သည့်အတွက် မည်သည့်နည်းနှင့်မျှ အစိုးရက သူ့အား အသက်ချမ်းသာပေးမည် မဟုတ်သည်ကို နားလည်ပြီးဖြစ်လေသည်။ သို့သော် ဆရာစံသည် ၎င်း၏ ရှေ့နေကြီးများ၏ဆန္ဒအရ ထုချေလွှာကို လက်မှတ်ရေးထိုးခဲ့ရလေ သည်။ အကယ်၍ ဒေါက်တာဘမော်နှင့် ၎င်း သာယာဝတီဦးပုတို့၏ ပယောဂကြောင့်သာမဟုတ်ခဲ့လျှင် ဆရာစံသည် အဆိုပါ အင်္ဂလိပ်လို ရေးသားထားသော ထုချေလွှာကိုလက်မှတ်ရေးထိုးပြီး အင်္ဂလိပ်အစိုးရထံအညံ့ခံသည့်အနေဖြင့် တင်သွင်းလိမ့်မည်မဟုတ်ချေ။ ဒေါက်တာ ဘမော်နှင့် သာယာဝတီဦးပုတို့ကသာ အင်္ဂလိပ်တို့အလိုကျ ဆရာစံကို တဖက်သတ်သိမ်းသွင်း၍ လှည့်ဖြားကာ ထုချေလွှာတင်သွင်းခိုင်းသည့် အတွက် ၎င်းတို့နှစ်ဦးသည်သာ လုံးဝတာဝန်ရှိလေသည်။

ထို့ကြောင့် ဦးဘခိုင် (ဖေဘီယန်)က သူ၏ “မြန်မာပြည်နိုင်ငံရေးရာဇဝင်” စာအုပ် စာမျက်နှာ ၁၃၉တွင်-“ဤကိစ္စနှင့်ပတ်သက်၍ ဆရာစံအတွက် ထုချေလွှာတင်သွင်းသော ဒေါက်တာဘမော်နှင့်သာယာဝတီဦးပု အစရှိသောပုဂ္ဂိုလ်ကြီးများက ဆရာစံအတွက် အဘယ့်ကြောင့် ထုချေလွှာရေးသားရသနည်း။ ဆရာစံကြိုးဒဏ်ကလွတ်မည်ဟု မည်သည့်အကြောင်းများဖြင့် ထင်မြင်သ နည်း။ ဆရာစံ ဤကဲ့သို့ထုချေလွှာတင်သွင်းလျှင် လွတ်လိမ့်မည်ဟု အဘယ့်ကြောင့် အကြံဉာဏ်ပေးရသည်ကို တိုင်းပြည်အား ရှင်းပြသင့် ပေသည်။ ဆရာစံမှာ သေခါနီး အကြံကောင်းဉာဏ်ကောင်းပေးမည့်သူ မရှိသဖြင့် ဝမ်းနည်းဖွယ်ပင်”ဟု ရှေ့နေကြီးများ၏ဆန္ဒအရ ထုချေ လွှာကို ဆရာစံလက်မှတ်ထိုးခြင်းနှင့်ပတ်သက်၍ မှတ်ချက်ချထားလေသည်။

အကယ်၍ ဆရာစံအတွက် ထုချေလွှာကို ရေးသားခဲ့ကြသည့် ဒေါက်တာဘမော်အမှူးပြုသည့် ရှေ့နေကြီးများက ဆရာစံလွတ်မြောက်စေရန် ဆိုသည့် စိတ်ရင်းစေတနာကောင်းဖြင့် ရေးသားရပါသည်ဟုဆိုပါကလည်း ၁၉၃၁ ဖေဖော်ဝါရီ ၁၂ တွင်ကျင်းပသော ဥပဒေပြုလွှတ်တော် အစည်းအဝေး၌ “ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားမှာ ရှင်းလှပါသည်။ မငြိမ်သက်မှုမှန်သမျှကို အစွမ်းကုန်ချေမှုန်းခဲ့ရပေမည်။ ဤပုန်ကန်ထကြွမှု တွင် ခေါင်ေးဆာင်ခဲ့သူများကိုလည်း ကြီးမားသော အပြစ်ဒဏ်များကို ပေးရမည်။” ဟု ဘုရင်ခံချားလ်အင်းနစ်စ် ထုတ်ဖော်ကြေညာခဲ့သော ကြေညာချက်ကို အဆိုပါရှေ့နေကြီးများ သတိပြုမိခဲ့ပါသည်။ထို့အပြင် ဒေါက်တာဘမော်သည် အထူးခုံရုံးဥက္ကဋ္ဌတရားသူကြီး မစ္စတာ ကန်းလစ်ဖ်၏ မိတ်ဆွေရင်းတစ်ဦးဖြစ်သည်။ မစ္စတာကန်းလစ်ဖ်က ဒေါက်တာဘမော်အား အခွင့်ကောင်းကြုံကြိုက်စဉ် တရားခံဘက်မှ လိုက်ပါဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်ရေးအတွက် အခွင့်အရေးကောင်းတစ်ခုရနိုင်ကြောင်း ပြောဆိုခဲ့၏။ ထိုအချိန်က ဒေါက်တာဘမော်မှာ နာမည်လူသိ မများသေးသော ဝတ်လုံးတော်ရကလေး ဖြစ်သည်။ ဤသို့အခွင့်အရေးရစဉ် နိုင်ငံရေးနယ်ပယ်တွင် ပေါ်လွင်အောင်လုပ်ရန် စိတ်ကူးရခဲ့သည်။ ထို့ကြောင့် အခွင့်ကောင်းတစ်ရပ်အ နေဖြင့် ဆရာစံအတွက် လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စင်စစ် ဒေါက်တာဘမော်သည် နောင်လာနောက်သားများအတွက် သမိုင်းတွင်ကျန်ရစ်စေရန် ရာဇဝင်ပြောင်မြောက်မည့် စကားလုံးများဖြင့် အစိုးရ၏အပြစ်များကို တရားခွင်တွင်ဖော်ထုတ်ဖွင့်ချရန် ဆရာစံအားအကြံဉာဏ်ကောင်းပေးရမည့်အစား နိုင်ငံရေးခုတုံးလုပ်ကာ ကိုယ်ကျိုး ရှာခဲ့သည်။ ဆရာစံအား နယ်ချဲ့အစိုးရထံ အညံ့ခံစေခြင်းဖြင့် ဆရာစံ၏ဇာတိသွေးဇာတိမာန်ကို သေးသိမ်မှေးမှိန်စေရန် အကြံပေးခဲ့သည့် ဒေါက်တာဘမော်လိုလူမျိုးအား အားကိုးမိသည့် ဆရာစံ၏ အမှားလည်းဖြစ်ပေသည်။ဆရာစံသည် မည်သို့မျှ မချေပဘဲ ရေငုံနှုတ်ပိတ်နေပါက ဤကဲ့သို့ ကြိုးဒဏ်ပေးခြင်းကို ခံရဖို့မရှိချေ။ ကြိုးဒဏ်ခံရစေဦး အင်္ဂလိပ်တို့ အုပ် ချုပ်ခြင်းကိုမနှစ်သက်၍ ခုခံတိုက်ခိုက်ရသည်ဟု ထုချေပါကလည်း စိတ်သက်သာဖွယ်ရှိသေးသည်ဟု ပျော်ဘွယ်သခင်ဗဆွေက သူ၏ “ဗမာ့ပုန်ကန်မှုများ” စာအုပ် စာမျက်နှာ ၁၄၄တွင် သုံးသပ်ထားပေသည်။

မည်သို့ဆိုစေ ဆရာစံသည် အင်္ဂလိပ်နယ်ချဲ့အစိုးရက မည်သည့်နည်းနှင့်မဆို သေဒဏ်ပေးခဲ့သည်ကို အစိုးရထံအယူခံဝင်ခြင်း၊ အသနား ခံခြင်းတို့ကို မလုပ်ခဲ့ချေ။ထို့နောက် ဟိုက်ကုတ်လွှတ်တော်က ၁၉၃၁ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဆရာစံအမှုနှင့်ပတ်သက်၍ အောက်ရုံးစီရင်ချက်ကို အတည်ပြု ခဲ့သည်။

ဒေါက်တာဘမော်အမှူးပြုသည့်အဖွဲ့သည် ဆရာစံ အနောက်ဘိလပ်ပရီဗီကောင်စီ (ဘုရင့်အကြံပေးကောင်စီ) သို့ ၁၉၃၁ အောက်တိုဘာလ ၂၂ ရက်တွင် အယူခံဝင်ရန် ဖွဲ့စည်းခဲ့ပြန်သည်။ သို့သော် ဘိလပ်ပရီဗီကောင်စီသို့အယူခံဝင်ရန် တင်သွင်းလွှာကိုပယ်ချ၍ ၁၉၃၁ အောက်တိုဘာလ ၂၉ တွင် တရားလွှတ်တော်ချုပ်က ဆရာစံအပေါ်ချမှတ်ထားသည့်သေဒဏ်ကို အတည်ပြုခဲ့သည်။ ထို့နောက် တောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ကြီး အာဇာနည် သုပဏ္ဏကဂဠုနရာဇာဘွဲ့ခံ ဆရာစံအား သာယာဝတီထောင်တွင် ၁၉၃၁ နိုဝင်ဘာလ ၂၈ ရက် စနေနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကြိုးပေးကွပ်မျက်လိုက်လေသည်။ ကွယ်လွန်ချိန်၌ ဆရာစံသည် အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်သည်။

ယင်းသို့ ကြိုးပေးခံရခါနီးတွင် ဆရာစံသည် ကဗျာလင်္ကာ (၄) ပိုဒ်ကို ဖွဲ့ဆိုခဲ့သေးသည်။ ကဗျာမှာ-(၁) မည်သူမည်ဝါ၊ ဤကမ္ဘာတွင် ခန္ဓာခိုင်စွဲ၊မမြဲမှတ်ရာ ၊ လူတံထွာတည်း။

(၂) မီးတဆယ့်တစ်၊ ငြိမ်းရဖြစ်သောစစ်စစ်ဧကန် ၊ ပြည်နိဗ္ဗာန်သို့၊အမြန်ထုတ်ခြောက် ၊ မရောက်ရသေး၊လူတဝေးတို့ ၊ သေဘေးတွေ့ရ၊ဖြစ်လာအမှန် ၊ ပျက်မြဲပြန်တည်း။

(၃) ကြောက်သွေးဟူ၍၊ နှမ်းတစ်စေ့မျှ၊ဝှေ့စိတ်ထဲ ၊ ရိပ်မဝဲတည့်၊အမြဲမတည် ၊ လူဟူသည်ကား၊မရှည်အသက် ၊ ကြားနေပျက်ကို၊ပြက်ပြက်ထင်ထင် ၊ ငါ့အမြင်တည်း။

(၄) ထက်အောက် မြန်မာ၊ လူတကာတို့ ဆရာခေါ်ဆို၊ငါ့ဂုဏ်လိုလျှင် ၊ ကြူးပို့သည့်ရုံး၊ ဘယ်သို့ကုံးလည်း၊အဆုံးဆိုရေး ၊ ကြိုးဒဏ်ဘေးနှင့်၊ ဝေးရမည်တည်း။

ဆရာစံအား ကြိုးစင်တင်၍သတ်စဉ်က သာယာဝတီထောင်မှူးကလေးအဖြစ်ဆောင်ရွက်ခဲ့သည့် အငြိမ်းစားထောင်ပိုင်ဝန် ဦးစိန်က သူ၏ မျက်မြင်ကိုယ်တွေ့အဖြစ်အပျက်ကို ဤသို့ ပြန်လည်ပြောပြလေသည်။

“မနက်ဖြန်ကြိုးပေးတော့မယ်ဆိုတော့ အခုလိုညမှာ ဆရာစံကို ကျနော်တို့ ကြိုးစင်အနီးမှာရှိတဲ့ ကြိုးတိုက် (ယခုသီးခြားတိုက်) ကို ပြောင်း ထားလိုက်ပါတယ်။ အဲဒီညမှာ ဆရာစံဟာ ကောင်းကောင်းအိပ်ပါတယ်။ ဆရာစံအရင် သူပုန်အမှုနဲ့ ကြိုးပေးတဲ့လူပေါင်းဟာ သာယာဝတီ ထောင်ထဲမှာ ၁၀၀ အတွင်းမှာရှိပါတယ်။ တရာခံကြိုးပေးတော့ ကျနော်အနားမှာ ရှိပါတယ်။ ကျနော်နဲ့ဆိုရင် နှစ်တောင်လောက်ပဲဝေးပါ တယ်။ ဆရာစံကြိုးပေးတဲ့နေရာကတော့ အခုလက်ရှိသာယာဝတီထောင်က ကြိုးစင်အဟောင်းပါပဲ။ အခုထက်ထိ ရှိပါသေးတယ်။ ပြောင်းလဲ မှုမရှိပါဘူး။ ကြိုးသမားတက်လိုက်လို့ရှိရင် နှစ်စင်ရှိတဲ့အနက် ဝဲဘက်ကစင်ဖြစ်ပါတယ်။ ကြိုးပေးတဲ့နေ့က ဟိုတုန်းက ဒုတိယကအရေး ပိုင်ဖြစ်တဲ့ ဦးကျော်ကိုယ်တိုင်တက်ရောက်ပါတယ်။ လက်ပံတန်းက မြူနီစပါယ်လူကြီးများ၊ အထူး အာဏာရတရားသူကြီးများ၊ သုံးဆယ်က သူကြီးများ၊ အခြားထင်ရှားသူ ၂၀လောက် ရှိပါလိမ့်မယ်။

ရက်တော့ ကျနော် ကောင်းကောင်း မမှတ်မိပါဘူး။ အချိန်တော့ နံနက် ၅နာရီ ၄၅မိနစ်လောက် ရှိပါလိမ့်မယ်။ အကျဉ်းသားနှစ်ယောက် ကြိုးတိုက်က ဆရာစံကို ထုတ်ရပါတယ်။ တစ်ယောက်က ကြိုးတုတ်အင်္ကျီခေါ်တဲ့ တိုက်ထုတ်အင်္ကျီကို ဝတ်ပေးပြီးတော့ လက်ထပ်ကို နောက်ပြန်ခတ်ပြီး တံတောင်ဆစ်ကွေးကနေပြီးတော့ နောက်ပြန်ကြိုးချည်လိုက်ပါတယ်။ ကြိုးစင်တက်တယ် ဆိုတာကတော့ လှေကားလည်း မဟုတ်ပါဘူး။

ကုန်းမြင့်ကလေးကို တက်သွားတာပါပဲ။

ဆရာစံက ဘာစပြောသလဲဆိုတော့ “အမျိုးဘာသာ၊ သာသနာ၊ ပညာကြီးပွားရာ ကြီးပွားကြောင်းဆောင်ရွက်လို့ အခုလိုကြုံတွေ့ရတာပဲ၊ သုခလို့ မှတ်ပါတယ်၊ ဖယ်ပေးကြ၊ ငါ့ဟာငါတက်မယ်” ဆိုပြီး အနားမှာတွဲထားတဲ့အကျဉ်းသားနှစ်ယောက်ကို ဖယ်လိုက်ပြီး တွန်းပစ်လိုက်ပါတယ်။ ပြီးတော့ သူ့ဟာသူ တက်သွားပါတယ်။ ဒါပေမယ့် အကျဉ်းသားနှစ်ယောက်ကတော့ အနားက ဖေးဖေးမမခေါ်သွားတာပဲ။ ခေါ်သွားတဲ့အခါကျတော့ ကြိုးစင်ပေါ် လည်းရောက်ရော အနားမှာရှိတဲ့ဧည့်သည်တွေကို နှုတ်ဆက်သွားတယ်။ “သွားပြီ” တဲ့။ “ဖြစ်လေရာဘဝမှာ အင်္ဂလိပ်ကို အနိုင်ရတဲ့ကိုယ် ဖြစ်ပါစေ” လို့ဆိုပြီး ဆုတောင်းသွားပါတယ်ဗျာ။

ဆရာစံ ဆုတောင်းလည်းပြီးရော မျက်နှာဖုံးလို့ခေါ်တဲ့ ခေါင်းစွပ်အိတ်ကြီးစွပ်ပေးပြီး လည် ပင်းကြိုးတပ် ဒေါက်ဖြုတ်ချလိုက်ပါတယ်၏” ဟု ကြေကွဲစွာ ပြောပြလေသည်။ ဆရာစံအလောင်းကို သာယာဝတီထောင်အနီးရှိ သာယာဝတီသုဿန်၌ပင် မြေမြှုပ်သင်္ဂြိုဟ်ထားလေသည်။

ဆရာစံကွယ်လွန်သော်လည်း အခြားဂဠုန်တပ်သားများ၏ တော်လှန်ပုန်ကန်မှုတို့မှာမရပ်သေးဘဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ နယ်ချဲ့ တပ်များ၏ အပြင်းအထန်နှိမ်နင်းမှုများကြောင့် သေကြေထိခိုက်ဒဏ်ရာရသူများမှာလည်း မနည်းလှပေ။

၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမားအရေးတော်ပုံကြီး ဆင်နွှဲမှုနှင့်ပတ်သက်၍ ဗြိတိသျှအစိုးရ၏ အစီရင်ခံစာအရ-၁၉၂၉ – ၃၀ တွင် ကြိုးဒဏ်ခံရသူပေါင်း ၇၆ ယောက် တသက်တကျွန်းပြစ်ဒဏ်ခံရသူပေါင်း ၂၁၈ ယောက်ရှိခဲ့သည်။၁၉၃၀ – ၃၁ တွင် ကြိုးဒဏ်ကျခံရသူပေါင်း ၁၄၄ ယောက်၊ တသက်တကျွန်းကျခံရသူ ၁၈၆ ယောက်။၁၉၃၁ -၃၂ တွင် ကြိုးဒဏ်ကျခံရသူပေါင်း ၁၁၂ ယောက်၊ တသက်တကျွန်းပြစ်ဒဏ်ခံရသူပေါင်း ၄၈၆ ယောက်ရှိကြောင်း ဖော်ပြထားသည်။

ဆရာစံ၏ တောင်သူလယ်သမားအရေးတော်ပုံကြီးအရေးနိမ့်ခဲ့ရသည်မှာ ထိုစဉ်က လက်နက်အင်အားမညီမျှခြင်း၊ ဝါဒရေးရာအားဖြင့် ခေတ်မီသော သဘောတရားမရှိခြင်း၊ နိုင်ငံရေးပါတီ တခုခုက ဦးဆောင်မှုမရှိခဲ့ခြင်း၊ ပြည်သူတရပ်လုံးကို စည်းရုံးနိုင်စွမ်းမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု သမိုင်းသုတေသီတို့က သုံးသပ်တင်ပြခဲ့ကြသည်။

မည်သို့ဆိုစေ… သူ့ကျွန်ဘဝလွတ်မြောက်ရေးအတွက် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ဆရာစံနှင့် တောင်သူလယ်သမားအရေး တော်ပုံ ခေါင်းဆောင် ကြီးများ၏ ဆောင်ရွက်ခဲ့မှုများသည် ထာဝရကမ္ဗည်းတင်လျက်ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။ Credit : #သန်းဝင်းလှိုင် Photos : ကမာမိုရွာရှိ ဆရာစံရုပ်ထု

ပုန်ကန်ထကြွမှု၏ အကျိုးဆက်များ

ဗမာပြည်လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗမာပြည်၏ ထင်ရှားသော လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်၊ တောင်သူလယ်သမားအရေးတော်ပုံမှ ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ သမီး ဒေါ်စိန်တို့ တွေ့ဆုံကြစဉ်ဖြစ်သည်။

ပုန်ကန်ထကြွမှု၏ အကျိုးဆက်အားဖြင့် နှိမ်နင်းရန် ဗြိတိသျှတပ်သား ၁၀၀၀၀ ကျော် နှင့် အချိန် နှစ်နှစ် ကျော် လိုအပ်ခဲ့ပြီး ဆရာစံအား ကြိုးမိန့်ပေးကွပ်မျက်ခြင်း ဖြင့် အဆုံးသတ်ခဲ့သည်။

ကြိုးပေးသတ်ဖြတ်ခြင်း

ပုန်ကန်မှုများကြောင့် ၁၉၃၁ နိုဝင်ဘာလ ၂၈ ရက် တွင် သာယာဝတီ ထောင် အတွင်းတွင် ကြိုးပေးသတ်ဖြတ်ခြင်း ခံရသည်။ ကြိုးပေးခံရခြင်းကို ဇိန်ဇာရွာသူကြီး ဦးသောင်းဆင်၊ ပန်းဆွဲရွာသူကြီး ဦးစံရုံ၊ မြေဇီသူကြီး ဦးဘိုးတင်၊ ငဖြူကလေးသူကြီး ဦးသာမြတ်၊ ပင်စင်ရ အမှုတွဲထိန်း စာရေးကြီး၊ သုံးဆယ် မြူနီစီပါယ် ဥက္ကဋ္ဌ ဦးငွေဒင်၊ ဂုံမင်းမြောင်သူကြီး ဦးဘိုးကာ၊ ပုလိပ် ရာဇဝတ်ဝန်ထောက် ဦးပိုက်၊ လက်ဖတင်နင် စစ်ဗိုလ်ရှာရား၊ ထောင်မှူးကလေး အဖေ မစ္စတာ ပီလေး နှင့် ဆရာဝန်၏ ဖခင် မစ္စတာ ဟာဘဲဆန်၊ အရေးပိုင် ကပ္ပတိန် ကလပ်၊ ထောင်ဆရာဝန်ကြီး ဒေါက်တာဦးအောင်ထွန်း၊ ဒုတိယအရေးပိုင် ဦးအုန်း တို့ မျက်မြင်သက်သေ အဖြစ် တက်ရောက်ကြသည်။

နောက်ဆုံးစကား

နှုတ်ဆက်စကား ကို အောက်ပါအတိုင်းပြောကြားသွားသည်။

သွားပြီ အားလုံးပဲ၊ အောင်ပါစေ ဆိုတဲ့ ဆု ကို တောင်းပေးကြပါ။

အမျိုး ဘာသာ သာသနာ ပညာ ကြီးပွားရန်အတွက် ကြိုးစားသဖြင့် ဤကဲ့သို့ ကြိုးပေးခံရမည်ကို မကြောက်ပါ။

[၂]

မကြာသေးမီက ပညာ သင်ဆုသည် ပုန်ကန်မှုတွင် ဆရာစံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ မေးခွန်းများထုတ်ခဲ့ကြသည်။ ဗြိတိ သျှတို့သည် ပုန်ကန်မှုတွင် ဆရာစံ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ မှားယွင်းစွာနှင့် ပုံကြီးချဲ ့၍ ဖော်ပြခဲ့ ခြင်းဖြင့် သူ့အား ကွပ်မျက်ခြင်းအား အမှန်တကယ်ရှိခဲ့သည်ထက် ပို၍ အဓိပ္ပာယ်ရှိသည်ဟု မြင်လာ စေရန် ပြုလုပ်ခဲ့သည်ဟု အချို့ကထင်ကြသည်။ဆရာစံ၏ အစီအစဉ်ကို အကြမ်းဖော်ပြထားသော ပုလိပ် တစ်ဦး၏ ဒိုင်ယာရီ အပါအဝင် အမှုစစ်ဆေးစီရင်ခြင်း၏ အသေးစိတ်အချက်အလက်များတို့သည် ယုံ ကြည်ဖွယ်ကောင်းသည်ဟု ယူဆခြင်းမခံရပေ။ ထို့အပြင် ပုန်ကုန်ထကြွခြင်း၏ ရို်းရာဝိသေသလက္ခဏာ အပေါ် တွင် အာရုံထားခြင်းသည် ၁၉၂၀ နှစ်များကတည်းက မြို ့ပြရှိ အမျိုးသားစိတ်ဓာတ်ရှိသူများနှင့် ကျေး လက်နေလူထုတို့၏ အကြားတွင်ကြီးထွားလာသော အဆက်အသွယ်များကို လျစ်လျူရှု ခဲ့သည်ဟု အငြင်းပွားခြင်းခံရသည်။အမျိုးသားစိတ်ဓာတ်ရှိသူများ အသင်းများ (ဝံသာနု အသင်းများ) နှင့် နိုင်ငံ ရေးအခြေခံသဘောတရားသက်ဝင်နေသည့် ရဟန်းတော်များသည် ဒေသခံ ခေါင်းဆောင်များနှင့် အ ချိန်အတော်ကြာကတည်းက အပြန်အလှန် ဆက်သွယ်မှုရှိပြီး အသွင်ပြောင်းခြင်းနှင့် ပတ်သက်သည့် နည်းဗျူဟာနှင့် အကြံအစည်အသစ်များကို အစပျိုးနေခဲ့ပြီဖြစ်သည်။

ဗုဒ္ဓဘာသာဝင် ဗမာများသည် ပုန်ကုန်ထကြွခြင်းကို ကျရှုံးခြင်းတစ်ရပ်အဖြစ် ယူဆကြသော်လည်း ၎င်း သည် ဗမာ့နိုင်ငံရေးတွင် အချို ့ကိစ္စများအတွက် အလှည့်အပြောင်းတစ်ခုအဖြစ် အမှတ်အသား ပြုကို ပြုခဲ့သည်။ ပုန်ကန်ထကြွခြင်းသည် နိုင်ငံရေး ခေါင်းဆောင်မျိုးဆက်သစ် တစ်ခုဖြစ်သည့် ဘမော် နှင့် ဦးစော ကဲ့သို့သော ပုဂ္ဂိုလ်များကို မွေးဖွားပေးခဲ့ပြီး ၎င်းတို့သည် အမှုစစ်ဆေး ခြင်းတွင် ကာကွယ်ခုခံသည့်ဘက်မှ ပါဝင်ခဲ့သည်။ ထို့အပြင် ၎င်းသည် ကိုလိုနီလှုပ်ရှားမှုများကို ခုခံရန် ဒေသတွင်း ပြည်သူများအားစည်းရုံးနိုင်သည့် သံဃာတော်များ၏ စွမ်းရည်ကို ကူညီ သရုပ်ဖော်ခဲ့သည်။ ဆရာစံသည် ကိုလိုနီအစိုးရကို ဆန့်ကျင်ခဲ့သည့် လူထုကြီးအားဦးဆောင်မှုပေးခဲ့သော အမျိုးသားစိတ် ဓာတ်ရှိသူ သူရဲကောင်းတစ်ဦးအဖြစ် အမှတ်ရခြင်းခံရသည်။

မြန်မာ ၉ဝ ကျပ်တန်မှ ဆရာစံပုံ

ကိုးကား

  1. ဦးမြင့်ဝေ၊ (တပ်မတော် မြင့်သန္တာ) (၁၉၇၂၊ အောက်တိုဘာလ)။ ဗမာ့တော်လှန်ရေး အဘိဓာန် (၁၈၄၂ ခုမှ ၁၉၇၁ခု အထိ)။ ပထမ အကြိမ်။ စပယ်ဦး၊ ရန်ကုန်၊။ |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. ၁၄-၁၂-၁၉၃၁ မြန်မာ့အလင်းဦးလှ ၂၀၁၂

ပြင်ပလင့်ခ်များ

ရည်ညွန်းစာ

  • ^ ဦးလှ၊ လူထု။ ကျွန်တော်သတင်းထောက်။ ရန်ကုန်၊ ၂၀၁၂၊ ဇန်နဝါရီ။ ကြီးပွားရေးစာအုပ်တိုက်၊ ဒုကြိမ်။