ကျော်ဇော၊ ဗိုလ် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
အရေးမကြီးNo edit summary
စာကြောင်း ၁ - စာကြောင်း ၁ -
{{copyedit/doc}}
{{copyedit/doc}}
==ဗိုလ်မှူးချုပ် ကျော်ဇော (၁၉၁၉)==
==ဗိုလ်မှူးချုပ် ကျော်ဇော (၁၉၁၉)==
ဗိုလ်မှူးချုပ် ကျော်ဇောဟာ ရဲဘော် သုံးကျိပ်ဝင်တွေထဲက သက်ရှိထင်ရှား ကျန်ရှိနေသူ နှစ်ဦးမှာ တစ်ဦး ဖြစ်သည်။ မျိုးချစ် စိတ်ဓာတ် ပြင်းထန်ပြီး လက်ဝဲယိမ်းတဲ့ ဗိုလ်ကျော်ဇောဟာ ၁၉၄၄ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ် ပါတီထဲ ဝင်ခဲ့တယ်။ ပါတီက ရွေးချယ် တင်မြှောက်ထားတဲ့ ပါတီ ဗဟိုကော်မတီဝင် တဦး ဖြစ်ပေမယ့် ပါတီရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင် ခဲလှတယ်။ စစ်မြေပြင်က သူရသတ္တိ ပြောင်မြောက်မှုတွေကိုသာ လူသိ များပါတယ်။
ဗိုလ်မှူးချုပ် ကျော်ဇောသည် ရဲဘော် သုံးကျိပ်ဝင်များအနက် သက်ရှိထင်ရှား ကျန်ရှိနေသူ နှစ်ဦးအနက်မှ တစ်ဦး ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ပြင်းထန်ပြီး လက်ဝဲဝါဒီတစ်ဦးဖြစ်သူ ဗိုလ်ကျော်ဇောသည် ၁၉၄၄ ခုနှစ်တွင် [[ဗမာပြည် ကွန်မြူနစ်ပါတီ]]သို့ ဝင်ခဲ့သည်။ ပါတီမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပါတီ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်သည့်တိုင် ပါတီတွင်း လှုပ်ရှားမှု များထက် သူ၏စစ်မြေပြင်တွင် သူရသတ္တိ ပြောင်မြောက်မှုတို့ကိုသာ လူသိ များသည်။


ဗိုလ်ကျော်ဇော ထင်ရှား ကျော်ကြား ခဲ့တာဟာ ၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အင်းစိန်တိုက်ပွဲမှာ စခဲ့တယ်။ ရန်ကုန်မြို့ မြောက်ဘက် ဆင်ခြေဖုံး နေရာတွေကို သိမ်းပိုက်ထားတဲ့ ကရင် သူပုန်တွေကို တိုက်ထုတ်ခဲ့တဲ့ သုံးလကျော်ကြာ တိုက်ပွဲဟာ သူ့ရဲ့ စစ်မှုထမ်းသက် တလျှောက် မေ့မရနိုင်တဲ့ အရှည်လျားဆုံး စစ်ပွဲ၊ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနဲ့ အန္ဈရာယ် အများဆုံး စစ်ပွဲလို့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ထဲမှာ ရေးသားခဲ့တယ်။ အင်းစိန် တိုက်ပွဲမှာ ဗိုလ်ကျော်ဇောဟာ သူ့တပ်ဖွဲ့တွေနဲ့ အတူ အမြဲ ရင်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ သတ္တိ ပြောင်မြောက်တဲ့ တပ်မှူး တဦး အဖြစ် အထက် အရာရှိတွေနဲ့ စစ်သားဟောင်းကြီးတွေကလည်း အမှတ်ရ ကြတယ်။
ဗိုလ်ကျော်ဇော၏ ထင်ရှား ကျော်ကြားခြင်းသည် ၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် အင်းစိန်တိုက်ပွဲတွင် ဖြစ်သည်။ ရန်ကုန်မြို့ မြောက်ဘက် ဆင်ခြေဖုံး နေရာအတော်များများအား သိမ်းပိုက်ထားသည့် ကရင် သူပုန်တို့ကို တိုက်ထုတ်ခဲ့သော သုံးလကျော်ကြာ တိုက်ပွဲသည် သူ၏ စစ်မှုထမ်းသက် တစ်လျှောက် မေ့မရနိုင်သော အရှည်လျားဆုံး စစ်ပွဲ၊ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနှင့် အန္တရာယ် အများဆုံး စစ်ပွဲဟူ၍ သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် မှတ်တမ်းတင်ရေးသားခဲ့သည်။ အင်းစိန်တိုက်ပွဲအတွင်း ဗိုလ်ကျော်ဇောသည် တပ်ဖွဲ့များနှင့်အတူ ရင်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ၊ သတ္တိ ပြောင်မြောက်သည့် တပ်မှူး တဦး အဖြစ် အထက် အရာရှိများ၊စစ်သားဟောင်းကြီးများက အမှတ်ရ ကြသည်။


ရှမ်းပြည်နယ်ထဲ ကူမင်တန်တပ်တွေ ကျူးကျော် ဝင်ရောက်မှုကို တပ်မတော်က တိုက်ထုတ်စဉ်ကလည်း ဗိုလ်ကျော်ဇော နာမည်ဟာ လူတိုင်း ပါးစပ်ဖျားမှာ တဖွဖွ ပြောဆိုရတဲ့ အထိ ဖြစ်ခဲ့တယ်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် သူ့ရဲ့ စွန့်စားခန်းတွေဟာ ဒဏ္ဍာရီဆန်ဆန် ပါပဲ။ မြန်မာတပ်တွေ ထိုင်းနိုင်ငံ နယ်ခြားကို ဖြတ်သန်းခွင့်ရဖို့ အတွက် ဘိန်းအရောင်းအဝယ် တခုမှာ ကူမင်တန်တွေ လိမ်လိုက်တဲ့ ထိုင်း စစ်ဗိုလ်ချုပ် တယောက်နဲ့ ဗိုလ်ကျော်ဇော သဘောတူညီမှု ရယူခဲ့တယ်။
ရှမ်းပြည်နယ်အတွင်း တရုတ်ဖြူကူမင်တန်တပ်များ ကျူးကျော် ဝင်ရောက်မှုကို တပ်မတော်က တိုက်ထုတ်စဉ်တွင်လည်း ဗိုလ်ကျော်ဇော ၏အမည်အား လူတိုင်း ပါးစပ်ဖျားမှ တဖွဖွ ပြောဆိုရသည်အထိ ထင်ရှားပြန်သည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် သူ၏ စွန့်စားခန်းတို့သည် လူပြောများသော အကြောင်းများဖြစ်လာသည်။ မြန်မာတပ်များ ထိုင်းနိုင်ငံ နယ်ခြားကို ဖြတ်သန်းခွင့်ရရှိနိုင်ရန် ဘိန်းအရောင်းအဝယ် တစ်ခုတွင် ကူမင်တန်တို့လိမ်လည်ခြင်းကို ခံလိုက်ရသော ထိုင်းဗိုလ်ချုပ် တစ်ဦးနှင့် ဗိုလ်ကျော်ဇော သဘောတူညီမှု ရယူနိုင်ခဲ့သည်။


ထိုင်း-မြန်မာ နယ်စပ် အနီး တောင်ထူထပ်တဲ့ ဒွိုင်တန်တောင်တန်းပေါ်က ကူမင်တန်တွေရဲ့ ခံတပ်ကို တိုက်ဖို့ စစ်ပြင်နေတုန်း ထိုင်းဆက်သွယ်ရေး အရာရှိ တယောက်က ဒီခံတပ်ကို သိမ်းပိုက်ဖို့ အချိန် ဘယ်လောက်ကြာမလဲလို့ မေးတဲ့အခါ "မနက် ၈ နာရီ စတိုက်ရင် နောက်အကျဆုံး ညနေ ၄ နာရီ ငါတို့ အလံကို တောင်ကုန်းပေါ်မှာ လွှင့်မယ်" လို့ ဗိုလ်ကျော်ဇောက အကြောင်း ပြန်လိုက်တယ်။
ထိုင်း-မြန်မာ နယ်စပ် အနီး တောတောင်ထူထပ်သည့် ဒွိုင်တန်တောင်တန်းပေါ်ရှိ ကူမင်တန် ခံတပ်စခန်းကို တိုက်ခိုက်ရန် စစ်ပြင်နေစဉ် ထိုင်းဆက်သွယ်ရေး အရာရှိ တစ်ယောက်က ထိုခံတပ်ကို သိမ်းပိုက်ရန်အတွက် လိုအပ်သောကြာချိန်ကို မေးသည်အခါ "မနက် ၈ နာရီ စတိုက်ရင် နောက်အကျဆုံး ညနေ ၄ နာရီ ငါတို့ အလံကို တောင်ကုန်းပေါ်မှာ လွှင့်မယ်" ဟု ဗိုလ်ကျော်ဇောက ရဲဝံ့စွာ အကြောင်း ပြန်ခဲ့သည်။ ထိုတိုက်ပွဲကို ကြည့်ရန် ထိုင်းနိုင်ငံဘက် အခြမ်းတွင် လူတစ်သောင်းကျော် စုဝေး ရောက်ရှိနေကြပြီး၊ တိုက်ပွဲရလာဒ်ကို အလောင်းအစား လုပ်နေသူများလည်း ရှိခဲ့သည်ဟု ဆိုသည်။ ဗိုလ်ကျော်ဇောသည် ကတိအတိုင်း ညနေ ၄ နာရီတွင် မြန်မာ့အောင်လံကို လွှင့်ထူနိုင်ခဲ့သည်။


၁၉၅၇ ခုနှစ်၊ ဧပြီလအရောက်တွင် ဗိုလ်ကျော်ဇော၏ ကံကြမ္မာ အပြောင်းအလဲ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ဗမာပြည် ကွန်မြူနစ် ပါတီအမာခံ စခန်း တစ်ခုကို တပ်မတော်မှဝင်ရောက် စီးနင်း တိုက်ခိုက်ရာမှ ရှာဖွေတွေ့ရှိခဲ့တဲ့ အထောက်အထားများအရ တပ်မတော်၏လှုပ်ရှားမှု သတင်းများအား ဗိုလ်ကျော်ဇော မှ ကွန်မြူနစ် သူပုန်များထံသို့ ပေးပို့ခဲ့သည့်အတွက် ရာထူးမှအနား ပေးခြင်းခံခဲ့ရသည်။ တပ်မတော်မှ အနားယူ ခဲ့ပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေးကို တက်တက်ကြွကြွထောက်ခံခဲ့သည်။
အဲ့ဒီ တိုက်ပွဲကို ကြည့်ဖို့ ထိုင်းနိုင်ငံဘက် အခြမ်းမှာ လူတသောင်းကျော် စုဝေး ရောက်ရှိနေကြပြီး တချို့ဆိုရင် တိုက်ပွဲရဲ့ ရလဒ်ကို အလောင်းအစား လုပ်နေသူတွေတောင် ရှိခဲ့တယ်။ ဗိုလ်ကျော်ဇောဟာ သူပြောတဲ့ အတိုင်း ညနေ ၄ နာရီမှာ မြန်မာအလံကို လွှင့်ထူနိုင်ခဲ့တယ်။


၁၉၇၆ ခုနှစ်မှာ အစိုးရရဲ့ တင်းကျပ်သော လုံခြုံရေး အတားအဆီးများကြားမှ ဗမာပြည် ကွန်မြူနစ် ပါတီ ထိန်းချုပ်ရာ နယ်မြေသို့ ရှောင်ထွက် နိုင်ခဲ့ပြီးနောက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်နှင့် စစ်ကော်မရှင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ပါတီတွင်း ပြိုင်ဆိုင်မှုတို့ကြောင့် ပါတီပြိုကွဲခဲ့သော ၁၉၈၉ ခုနှစ်တွင် ဗိုလ်ကျော်ဇောသည် တရုတ်ပြည်ထဲသို့ ဝင်ရောက် ခိုလှုံခဲ့ရသည်။
၁၉၅၇ ခုနှစ်၊ ဧပြီလမှာ ဗိုလ်ကျော်ဇောရဲ့ ကံကြမ္မာ အပြောင်းအလဲ ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းက ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ အမာခံ စခန်း တခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရာက ရှာဖွေ တွေ့ရှိခဲ့တဲ့ အထောက်အထားတွေဟာ တပ်မတော်ရဲ့ လှုပ်ရှားမှု သတင်းတွေကို ကွန်မြူနစ် သူပုန်တွေထံ ဗိုလ်ကျော်ဇော ပို့ခဲ့တယ်လို့ ဆိုပြီး ရာထူးကနေ အနား ပေးခဲ့တယ်။ တပ်မတော်ကနေ အနားယူ ခဲ့ပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေးကို တက်တက်ွ့ွကွ့ွက ထောက်ခံခဲ့တယ်။


အခုအခါ အသက် ၉ဝ ရှိပြီ ဖြစ်သော ဝါရင့် တပ်မှူးကြီး ဗိုလ်ကျော်ဇောသည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် အခြေချ နေထိုင်လျက် ရှိသည်။ ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ဒီနေ့ခေတ် တပ်မတော်ကို 'ကြေးစားတပ်' ဟု ပြောဆိုခဲ့သည်။ တိုင်းပြည် အကျိုးအတွက် စစ်တိုက်ခဲ့သည့် သူတို့ခေတ်က တပ်မတော် ခေါင်းဆောင်တွေနှင့် မတူတော့သည့် "ဒီနေ့ခေတ် စစ်ခေါင်းဆောင်တွေရဲ့ တခုတည်းသော ရည်ရွယ်ချက်က စစ်အာဏာရှင် စနစ်ကို ထိန်းသိမ်း ကာကွယ်ဖို့" ဟုလည်း ပြောခဲ့သည်။<ref>(၆၄) နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အထိမ်းအမှတ် ဧရာဝတီ မဂ္ဂဇင်း၊ ၂ဝဝ၉ မတ်လ ၂၇ ရက်၊</ref>
၁၉၇၆ ခုနှစ်မှာ အစိုးရရဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတဲ့ ကြားကပဲ ဗမာပြည် ကွန်မြူနစ် ပါတီ ထိန်းချုပ်ရာ နယ်မြေဆီ ရှောင်ထွက် နိုင်ခဲ့တယ်။ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီနဲ့ စစ်ကော်မရှင် အဖွဲ့ဝင် ဖြစ်လာခဲ့တယ်။ ပါတီတွင်း ပြိုင်ဆိုင်မှုတွေကြောင့် ပါတီပြိုကွဲခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာတော့ ဗိုလ်ကျော်ဇော တရုတ်ပြည်ထဲ ဝင်ရောက် ခိုလှုံခဲ့ရတယ်။


အခုအခါ အသက် ၉ဝ ရှိပြီ ဖြစ်တဲ့ ဝါရင့် တပ်မှူးကြီး ဗိုလ်ကျော်ဇောဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ နေထိုင်လျက် ရှိပါတယ်။ ဧရာဝတီ မဂ္ဂဇင်းနဲ့ တွေ့ဆုံ မေးမြန်းခန်း တခုမှာ ဒီနေ့ခေတ် တပ်မတော်ကို 'ကြေးစားတပ်' လို့ ပြောဆိုခဲ့တယ်။ တိုင်းပြည် အကျိုးအတွက် စစ်တိုက်ခဲ့တဲ့ သူတို့ခေတ်က တပ်မတော် ခေါင်းဆောင်တွေနဲ့ မတူတဲ့ "ဒီနေ့ခေတ် စစ်ခေါင်းဆောင်တွေရဲ့ တခုတည်းသော ရည်ရွယ်ချက်က စစ်အာဏာရှင် စနစ်ကို ထိန်းသိမ်း ကာကွယ်ဖို့" လို့ ပြောခဲ့ပါတယ်။<ref>(၆၄) နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အထိမ်းအမှတ် ဧရာဝတီ မဂ္ဂဇင်း၊ ၂ဝဝ၉ မတ်လ ၂၇ ရက်၊</ref>


[[Category:အတ္ထုပ္ပတ္တိ]]
[[Category:နိုင်ငံရေးသမားများ]]
[[Category:မြန်မာ့ သမိုင်း]]
[[Category:သမိုင်း]]
[[Category:စစ်ပညာ]]
[[Category:ရဲဘော်သုံးကျိပ်]]


==ကိုးကား==
==ကိုးကား==

၁၄:၀၁၊ ၂၄ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

ဗိုလ်မှူးချုပ် ကျော်ဇော (၁၉၁၉)

ဗိုလ်မှူးချုပ် ကျော်ဇောသည် ရဲဘော် သုံးကျိပ်ဝင်များအနက် သက်ရှိထင်ရှား ကျန်ရှိနေသူ နှစ်ဦးအနက်မှ တစ်ဦး ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ပြင်းထန်ပြီး လက်ဝဲဝါဒီတစ်ဦးဖြစ်သူ ဗိုလ်ကျော်ဇောသည် ၁၉၄၄ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီသို့ ဝင်ခဲ့သည်။ ပါတီမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပါတီ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်သည့်တိုင် ပါတီတွင်း လှုပ်ရှားမှု များထက် သူ၏စစ်မြေပြင်တွင် သူရသတ္တိ ပြောင်မြောက်မှုတို့ကိုသာ လူသိ များသည်။

ဗိုလ်ကျော်ဇော၏ ထင်ရှား ကျော်ကြားခြင်းသည် ၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် အင်းစိန်တိုက်ပွဲတွင် ဖြစ်သည်။ ရန်ကုန်မြို့ မြောက်ဘက် ဆင်ခြေဖုံး နေရာအတော်များများအား သိမ်းပိုက်ထားသည့် ကရင် သူပုန်တို့ကို တိုက်ထုတ်ခဲ့သော သုံးလကျော်ကြာ တိုက်ပွဲသည် သူ၏ စစ်မှုထမ်းသက် တစ်လျှောက် မေ့မရနိုင်သော အရှည်လျားဆုံး စစ်ပွဲ၊ အခက်ခဲဆုံး၊ အပင်ပန်းဆုံးနှင့် အန္တရာယ် အများဆုံး စစ်ပွဲဟူ၍ သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် မှတ်တမ်းတင်ရေးသားခဲ့သည်။ အင်းစိန်တိုက်ပွဲအတွင်း ဗိုလ်ကျော်ဇောသည် တပ်ဖွဲ့များနှင့်အတူ ရင်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ၊ သတ္တိ ပြောင်မြောက်သည့် တပ်မှူး တဦး အဖြစ် အထက် အရာရှိများ၊စစ်သားဟောင်းကြီးများက အမှတ်ရ ကြသည်။

ရှမ်းပြည်နယ်အတွင်း တရုတ်ဖြူကူမင်တန်တပ်များ ကျူးကျော် ဝင်ရောက်မှုကို တပ်မတော်က တိုက်ထုတ်စဉ်တွင်လည်း ဗိုလ်ကျော်ဇော ၏အမည်အား လူတိုင်း ပါးစပ်ဖျားမှ တဖွဖွ ပြောဆိုရသည်အထိ ထင်ရှားပြန်သည်။ ထိုင်း-မြန်မာ နယ်စပ်တလျှောက် သူ၏ စွန့်စားခန်းတို့သည် လူပြောများသော အကြောင်းများဖြစ်လာသည်။ မြန်မာတပ်များ ထိုင်းနိုင်ငံ နယ်ခြားကို ဖြတ်သန်းခွင့်ရရှိနိုင်ရန် ဘိန်းအရောင်းအဝယ် တစ်ခုတွင် ကူမင်တန်တို့လိမ်လည်ခြင်းကို ခံလိုက်ရသော ထိုင်းဗိုလ်ချုပ် တစ်ဦးနှင့် ဗိုလ်ကျော်ဇော သဘောတူညီမှု ရယူနိုင်ခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ် အနီး တောတောင်ထူထပ်သည့် ဒွိုင်တန်တောင်တန်းပေါ်ရှိ ကူမင်တန် ခံတပ်စခန်းကို တိုက်ခိုက်ရန် စစ်ပြင်နေစဉ် ထိုင်းဆက်သွယ်ရေး အရာရှိ တစ်ယောက်က ထိုခံတပ်ကို သိမ်းပိုက်ရန်အတွက် လိုအပ်သောကြာချိန်ကို မေးသည်အခါ "မနက် ၈ နာရီ စတိုက်ရင် နောက်အကျဆုံး ညနေ ၄ နာရီ ငါတို့ အလံကို တောင်ကုန်းပေါ်မှာ လွှင့်မယ်" ဟု ဗိုလ်ကျော်ဇောက ရဲဝံ့စွာ အကြောင်း ပြန်ခဲ့သည်။ ထိုတိုက်ပွဲကို ကြည့်ရန် ထိုင်းနိုင်ငံဘက် အခြမ်းတွင် လူတစ်သောင်းကျော် စုဝေး ရောက်ရှိနေကြပြီး၊ တိုက်ပွဲရလာဒ်ကို အလောင်းအစား လုပ်နေသူများလည်း ရှိခဲ့သည်ဟု ဆိုသည်။ ဗိုလ်ကျော်ဇောသည် ကတိအတိုင်း ညနေ ၄ နာရီတွင် မြန်မာ့အောင်လံကို လွှင့်ထူနိုင်ခဲ့သည်။

၁၉၅၇ ခုနှစ်၊ ဧပြီလအရောက်တွင် ဗိုလ်ကျော်ဇော၏ ကံကြမ္မာ အပြောင်းအလဲ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ဗမာပြည် ကွန်မြူနစ် ပါတီအမာခံ စခန်း တစ်ခုကို တပ်မတော်မှဝင်ရောက် စီးနင်း တိုက်ခိုက်ရာမှ ရှာဖွေတွေ့ရှိခဲ့တဲ့ အထောက်အထားများအရ တပ်မတော်၏လှုပ်ရှားမှု သတင်းများအား ဗိုလ်ကျော်ဇော မှ ကွန်မြူနစ် သူပုန်များထံသို့ ပေးပို့ခဲ့သည့်အတွက် ရာထူးမှအနား ပေးခြင်းခံခဲ့ရသည်။ တပ်မတော်မှ အနားယူ ခဲ့ပြီးနောက် ပြည်တွင်း ငြိမ်းချမ်းရေးကို တက်တက်ကြွကြွထောက်ခံခဲ့သည်။

၁၉၇၆ ခုနှစ်မှာ အစိုးရရဲ့ တင်းကျပ်သော လုံခြုံရေး အတားအဆီးများကြားမှ ဗမာပြည် ကွန်မြူနစ် ပါတီ ထိန်းချုပ်ရာ နယ်မြေသို့ ရှောင်ထွက် နိုင်ခဲ့ပြီးနောက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်နှင့် စစ်ကော်မရှင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ ပါတီတွင်း ပြိုင်ဆိုင်မှုတို့ကြောင့် ပါတီပြိုကွဲခဲ့သော ၁၉၈၉ ခုနှစ်တွင် ဗိုလ်ကျော်ဇောသည် တရုတ်ပြည်ထဲသို့ ဝင်ရောက် ခိုလှုံခဲ့ရသည်။

အခုအခါ အသက် ၉ဝ ရှိပြီ ဖြစ်သော ဝါရင့် တပ်မှူးကြီး ဗိုလ်ကျော်ဇောသည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် အခြေချ နေထိုင်လျက် ရှိသည်။ ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ဒီနေ့ခေတ် တပ်မတော်ကို 'ကြေးစားတပ်' ဟု ပြောဆိုခဲ့သည်။ တိုင်းပြည် အကျိုးအတွက် စစ်တိုက်ခဲ့သည့် သူတို့ခေတ်က တပ်မတော် ခေါင်းဆောင်တွေနှင့် မတူတော့သည့် "ဒီနေ့ခေတ် စစ်ခေါင်းဆောင်တွေရဲ့ တခုတည်းသော ရည်ရွယ်ချက်က စစ်အာဏာရှင် စနစ်ကို ထိန်းသိမ်း ကာကွယ်ဖို့" ဟုလည်း ပြောခဲ့သည်။[၁]

ကိုးကား

  1. (၆၄) နှစ်မြောက် တပ်မတော်နေ့ (တော်လှန်ရေးနေ့) အထိမ်းအမှတ် ဧရာဝတီ မဂ္ဂဇင်း၊ ၂ဝဝ၉ မတ်လ ၂၇ ရက်၊