ကြက်တောင်ရိုက်ခြင်း: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာမျက်နှာအသစ်: ==ကြက်တောင်​ရိုက်​ခြင်း== ယခု​အခါ မြန်မာ​နိုင်ငံ​တွင် ဗက်...
(ကွဲပြားမှု မရှိ)

၁၀:၁၉၊ ၂၂ ဇန်နဝါရီ ၂၀၁၁ ရက်နေ့က မူ

ကြက်တောင်​ရိုက်​ခြင်း

ယခု​အခါ မြန်မာ​နိုင်ငံ​တွင် ဗက်​မင်​တန်ခေါ် ကြက်တောင် ရိုက်​ကစား​ခြင်း အလေ့​သည် မြို့​နယ်​အနှံ့​ပင် ခေတ်​စား​နေ​လေ သည်။ ကြက်တောင်​ရိုက်​ကစား​ခြင်း​ကို ရှေးဦးစွာ​အိန္ဒိယ​နိုင်ငံ​မှ စ​ထွင်​လိုက်​သည်။ အိန္ဒိယ​ကို ဗြိတိသျှ​တို့ စစ်နိုင်​သော​အခါ အိန္ဒိယ​မှ​တစ်​ဆင့် အင်္ဂလန်​ပြည်​သို့ ထို​ကစား​နည်း ရောက်​ရှိ သွား​သည်။ အင်္ဂလန်​ပြည်​မှ​တစ်​ဖန် ကမ္ဘာ​အရပ်​ရပ်​သို့ ပျံ့နှံ့​သွား လေ​သည်။ အင်္ဂလန်​နိုင်ငံ​တွင် ၁​၈​၇​၃ ခု​နှစ် လောက်​က​စ​၍ ကြက်တောင်​ရိုက်​ကစား​ခြင်း​သည် ခေတ်​စား​လာ​ခဲ့​၏။ ဗက်​မင် တန်​ဟူ​သော​အမည်​မှာ အင်္ဂလန်​နိုင်ငံ​တွင် ပထမ​ဆုံး ကြက် တောင် ရိုက်​ကစား​သော နေရာ​တစ်​ခု​၏​အမည်​ကို ယူ​၍ မှည့်ခေါ်​ထား​ခြင်း ဖြစ်​လေ​သည်။

၁​၈​၉​၅ ခု​နှစ်​တွင် အင်္ဂလန်​နိုင်ငံ ကြက်တောင်​ရိုက်​အသင်း ကြီး​ကို တည်ထောင်​၍ ကြက်တောင်​ရိုက်​ကစား​ခြင်း​နှင့် ဆိုင် သော စည်းမျဉ်း​ဥပဒေ​များ​ကို ရေး​ဆွဲ​ကြ​လေ​သည်။ ထို​စည်းမျဉ်း ဥပဒေ​များ​ကို အခြား​နိုင်ငံ​များ​က​လည်း အသိ​အမှတ်ပြု​ကာ လိုက်နာ​လျက်​ရှိ​ကြ​သည်။

ကြက်တောင်​ရိုက်​ကစား​ရာ​တွင် လို​အပ်​သော​ဝတ္ထု​ပစ္စည်း​များ မှာ ဗက်​တံ ၂ ချောင်း သို့မဟုတ် ၄ ချောင်း၊ ကြက်တောင် ဖော့လုံး ၁ ခု၊ အလျား ၁​၇ ပေ​မှ ပေ ၂​ဝ နှင့် အနံ ၂ ပေ​ခွဲ ရှိ​သော ပိုက် ၁ ခု​နှင့် ညီညာ​သော ကစား​ကွင်း​ဖြစ်​သည်။ ကစား​ကွင်း​၏ ပမာဏ​မှာ အလျား ၄​၄ ပေ၊ အနံ​ပေ ၂​ဝ သို့မဟုတ် ၁​၇ ပေ ရှိ​သည်။ နယ်နိမိတ်​မျဉ်းကြောင်း​များ​၏ အကျယ်​မှာ ၁ ၁/၂ လက်မ​ရှိ​သည်။ အများ​အား​ဖြင့် နယ်နိမိတ် မျဉ်းကြောင်း​၏ အရောင်​မှာ အဖြူ​ရောင်​ဖြစ်​သည်။ ပိုက်​ကို ကစား​ကွင်း​အလည် တည့်⁠တည့်​၌ ကန့်​လန့်​ဖြတ် ရှိ​စေ​ရန် ဘေး​မျဉ်းကြောင်း​များ တစ်ဖက်တစ်ချက်​၌ စိုက်​ထား​သော တိုင် ၂ တိုင်​တွင် ချည်နှောင်​ထား​ရ​သည်။ ပိုက်​၏​အမြင့်​မှာ အလည် ခေါင်​တွင် ၅ ပေ​ရှိ​၍ ဘေး​တစ်ဖက်တစ်ချက်​ရှိ တိုင်ထိပ်​တို့​တွင် ၅ ပေ ၁ လက်မ ရှိ​သည်။ ဖော့လုံး​တွင် ကြက်တောင်​ဖြစ်​စေ၊ ငှက်တောင်​ဖြစ်​စေ၊ ၁​၄ ချောင်း​မှ ၁​၆ ချောင်း​အထိ ပါရှိ​သည်။ ဖော့လုံး​၏ အချင်း​မှာ ၁ လက်မ​မှ ၁ လက်မ​အထိ​ရှိ​၍ ကြက်တောင်​များ​၏ အရှည်​မှာ ၂ ၁/၂ လက်မ​မှ ၂ ၁/၄ လက်မ​အထိ ရှိ​ရ​သည်။

ကစား​ရာ​တွင် တစ်ဖက်​လျှင် တစ်​ယောက်​စီ​ဖြစ်​စေ၊ ၂ ယောက်​စီ​ဖြစ်​စေ ကစား​နိုင်​သည်။ အရှုံး​အနိုင် အမှတ်​ကို ရေတွက်​ရာ​တွင် အချို့​က ၁​၅ မှတ်​အထိ ရေတွက်​၍ အချို့​က​မူ ၂​၁ မှတ်​အထိ ရေတွက်​လေ့​ရှိ​ကြ သည်။ ကြက်တောင်​ရိုက် ကစား​ခြင်း စည်းမျဉ်း​များ​မှာ မည်​သည့်​နိုင်ငံ​တွင်​မ​ဆို အတူ တူ​ပင် ဖြစ်​သည်။ တစ်ဖက်​တစ်​ယောက်​စီ​နေ​၍ ကစား​သည့် ကစား​ကွင်း​မှာ အနံ ၁​၇ ပေ​သာ​ရှိ​၍၊ တစ်ဖက် ၂ ယောက်​စီ နေ​၍ ကစား​သည့်​ကွင်း​မှာ အနံ​ပေ ၂​ဝ ရှိ​သည်။ အလျား​မှာ မူကား အတူတူ​ပင် ဖြစ်​၏။ ကြက်တောင်​ရိုက် ကစား​ခြင်း​သည် နူးညံ့​သိမ်မွေ့​၍ လက်​မှ​ခြေထောက်​အထိ တစ်​ကိုယ်​လုံး လှုပ်ရှား ပြေးလွှား​ရ​သော​ကြောင့် ချွေး​များ​ထွက်​ပြီး​လျှင် ဣရိယာပုတ် မျှတ​သော ကစား​မျိုး ဖြစ်​လေ​သည်။ အချို့ ဝါသနာထုံ​၍ ကျန်းမာ​လို​သော​သူ​များ​မှာ နွေ​မိုး​မ​ရှောင်​ဘဲ ကြက်တောင်​ရိုက် ကစား​ကြ​သည်။ [၁]

ကိုး​ကား

  1. မြန်​မာ့​စွယ်စုံ​ကျမ်း၊ အတွဲ(၂)