"ဇိုင်နဘ်" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
၁ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁၀ လ
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်, -၀ါ +ဝါ, -သဏ္ဍာန် +သဏ္ဌာန်, -၀ံ +ဝံ))
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သည် ။ +သည်။))
 
== အမည်မှည့်ခြင်း ==
ဇိုင်နဘ်သခင်မကြီး(စ.အ)သည် ဟီဂျရီသက္ကရာဇ်(၅)ခုနှစ် (အေဒီ၆၂၇ခုနှစ်) သို့မဟုတ် ဟီဂျီရီသက္ကရာဇ် (၆)ခုနှစ်(အေဒီ ၆၂၈) ခုနှစ်တွင် မဒီနာမြို့တော်၌ ဖွားမြင်တော်မူခဲ့လေသည်။ ရှီအာတို့ဆင့်ပြန်ထားသော (ရေဝါယသ်)အထောက်အထားဆင့်ပြန်မှုများအရ သခင်မကြီးဇိုင်နဘ်(စ.အ)ဖွားမြင်တော်တော်မူချိန်တွင် တမန်တော်မြတ်ကြီး(ဆွ)သည် ခရီး၌ရှိနေခဲ့သည်။ထိုအတွက်ကြောင့် မယ်တော်ဖှာတေမာသခင်မကြီး(စ.အ)မှ ဖခမည်းတော်အလီ(အ.စ)အား သမီးတော်လေးအား အမည်ပေးရန် တောင်းခံလာခဲ့သည့်အခါ ခမည်းတော်မှ "ကျွန်ုပ်သည် တမန်တော်မြတ်ကြီး(ဆွ)အား ကျူး၍ မည်သည့်လုပ်ရပ်ကိုမျှ မလုပ်ဆောင်လိုကြောင်းနှင့် တမန်တော်မြတ်ကြီး(ဆွ)ပြန်လာသည်အထိ စောင့်မည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့လေသည်။ ထို့နောက် တမန်တော်မြတ်ကြီး(ဆွ) ခရီးမှ ပြန်လည်ရောက်ရှိလာသည့်အခါ သမီးတော်မှ သမီးလေးတစ်ပါးဖွားမြင်ခဲ့ကြောင်းကို အလီ(အ.စ)၏ နုတ်တော်မှ ကြားသိတော်မူခဲ့သည့်အခါ "သမီးတော်ဖှာသေမာ(စ.အ)၏သားသမီးများသည် ကျွန်ုပ်၏သားသမီးများသာလျှင် ဖြစ်ပေတော်မူ၏။ သို့သော် ၎င်းတို့နှင့်ပတ်သက်သည့် အကြောင်းအရာတို့တွင် အဆုံးအဖြတ်သည် အလ္လာဟိုအရှင်မြတ်ဘက်မှသာလျှင် ဖြစ်တော်မူ၏" ဟုမိန့်တော်မူခဲ့လေသည်။(နာစေခ်-ခေ-သဝါရီးခ် - ဇိုင်နဘီယာအတွဲ / စာ-၄၇) ထိုသို့ဖြင့် ဂျီဘ်ရာအီလ်(ကောင်းကင်တမန်ကြီး)သည် အလ္လာဟိုအရှင်မြတ်ဘက်မှ ဗြာဒိတ်တော်ကို ယူဆောင်ကာ ဆင်းသက်လာခဲ့လေပြီး " (အိုတမန်တော်) အရှင်မြတ်သည် အသင့်အား ဆလာမ်(မေတ္တာ)ပို့သ၍ အမိန့်တော်ချမှတ်ခဲ့လေသည်မှာ ဤကလေးငယ်၏ အမည်နာမအား ဇိုင်နဘ် ဟု မှည့်ခေါ်ပါလေ။ ထို့အပြင် ၎င်းအမည်အား "လောင်ဟေမဟ်ဖူးဇ်"တွင် ငါအရှင်မြတ် ရေးမှတ်ခဲ့ပြီးချေပြီ" ဟုဖြစ်လေသည်။ ထိုအခါ တမန်တော်မြတ်ကြီး(ဆွ)သည် သခင်မကြီးဇိုင်နဘ်(စ.အ)အား ပွေ့ချီကာ နမ်းလျှက် မိန့်တော်မူလေသည်မှာ "ဤသမီးတော်အား အသင်တို့အားလုံး အရိုအသေပေးပါဟု ကျွန်ုပ် မှာကြားလိုပါ၏ ၊အဘယ်ကြောင့်ဆိုသော် သူမသည် ခဒီဂျာသခင်မကြီး(စ.အ)ကဲ့သို့ပင်ဖြစ်လေသည် ။ဟုဖြစ်သည်။ကဲ့သို့ပင်ဖြစ်လေသည်။ဟုဖြစ်သည်။(ခစာအိစ်စွလ်ဇိုင်နဘီယာ စာ-၁၅)
 
== ထိမ်းမြားခြင်း ==

လမ်းညွှန်မီနူး