ဂျိမ်းစ် နော့ ပို့ခ်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
No edit summary
စာကြောင်း ၇၁ - စာကြောင်း ၇၁ -
[[Category:ဒီမိုကရေစီ]]
[[Category:ဒီမိုကရေစီ]]
{{အမေရိကန် သမ္မတများ}}
{{အမေရိကန် သမ္မတများ}}
[[en:James K. Polk]]
[[ang:James K. Polk]]
[[ar:جيمس بولك]]
[[az:Ceyms Noks Polk]]
[[bn:জেমস কে. পোক]]
[[zh-min-nan:James K. Polk]]
[[be:Джэймс Нокс Полк]]
[[be-x-old:Джэймс Нокс Полк]]
[[bcl:James K. Polk]]
[[bs:James Knox Polk]]
[[bg:Джеймс Полк]]
[[ca:James Knox Polk]]
[[ceb:James K. Polk]]
[[cs:James K. Polk]]
[[co:James K. Polk]]
[[cy:James K. Polk]]
[[da:James Polk]]
[[de:James K. Polk]]
[[et:James Knox Polk]]
[[es:James K. Polk]]
[[eo:James K. Polk]]
[[eu:James Knox Polk]]
[[fa:جیمز ناکس پولک]]
[[fr:James Knox Polk]]
[[ga:James Knox Polk]]
[[gv:James K. Polk]]
[[gd:James K. Polk]]
[[gl:James Knox Polk]]
[[ko:제임스 K. 포크]]
[[hr:James Knox Polk]]
[[io:James Knox Polk]]
[[id:James Knox Polk]]
[[is:James K. Polk]]
[[it:James Knox Polk]]
[[he:ג'יימס פולק]]
[[pam:James K. Polk]]
[[ka:ჯეიმზ ნოქს პოლკი]]
[[sw:James K. Polk]]
[[la:Iacobus Knox Polk]]
[[lv:Džeimss Polks]]
[[lt:James K. Polk]]
[[hu:James Knox Polk]]
[[mr:जेम्स पोक]]
[[ms:James K. Polk]]
[[nl:James K. Polk]]
[[ne:जेम्स के. पोल्क]]
[[ja:ジェームズ・ポーク]]
[[no:James Knox Polk]]
[[nn:James K. Polk]]
[[oc:James Knox Polk]]
[[pnb:جیمز کے پولک]]
[[nds:James Knox Polk]]
[[pl:James Polk]]
[[pt:James Knox Polk]]
[[ro:James Knox Polk]]
[[ru:Полк, Джеймс Нокс]]
[[sq:James K. Polk]]
[[scn:James Polk]]
[[simple:James K. Polk]]
[[sk:James Knox Polk]]
[[sl:James K. Polk]]
[[sr:Џејмс Нокс Полк]]
[[sh:James K. Polk]]
[[fi:James Knox Polk]]
[[sv:James K. Polk]]
[[tl:James K. Polk]]
[[ta:ஜேம்ஸ் போக்]]
[[th:เจมส์ เค. โพล์ก]]
[[tr:James K. Polk]]
[[uk:Джеймс Нокс Полк]]
[[vi:James Knox Polk]]
[[war:James K. Polk]]
[[yi:זשעימס נאקס פאלק]]
[[yo:James K. Polk]]
[[zh:詹姆斯·诺克斯·波尔克]]

၀၇:၁၁၊ ၂၈ ဒီဇင်ဘာ ၂၀၁၀ ရက်နေ့က မူ

ဂျိမ်းစ် နော့ ပို့ခ်
James Knox Polk
၁၇၉၅- ၁၈၄၉
မွေးနေ့ ၂၊ နိုဝင်ဘာ၊ ၁၇၉၅
မွေးရပ် မာ့ခ်လမ်းဘာ့ဂ် မြောက်ကယ်ရိုလိုင်းနားပြည်နယ်
ကွယ်လွန်နေ့ ၁၅၊ ဂျွန်၊ ၁၈၄၉
ကွယ်လွန်ရပ် နာ့ရှ်ဗီးလ် တင်နက်ဆီပြည်နယ်
အခြားအမည် တောသား နပိုလီယံ
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၁၁ ဦးမြောက်သမ္မတ
အလုပ်အကိုင် ပြည်နယ်အုပ်ချုပ်ရေးမှုး၊ လွှတ်တော်အမတ်၊ အမေရိကန်သမ္မတ၊
ရာထူးသက်တမ်းကာလ ၄၊မတ်၊ ၁၈၄၅- ၄၊ မတ်၊ ၁၈၄၉
ဒုတိယ သမ္မတ ဂျော့ချ် ဒါးလက်စ်
လွှဲအပ်သူ ဂျွန် တေလာ
ဆက်ခံသူ ဇက်ခရီ တေလာ
နိုင်ငံသား ဖိုင်:USA.png အမေရိကန် နိုင်ငံ

ဂျိမ်းစ် နော့ ပို့ခ်သည် စည်းကမ်းကြီးသော မက်ဒသစ်ဘာသာဝင်တစ်ဦးဖြစ်သည်။ သားသမီး မရှိပေ။ အိမ်ဖြူတော်တွင် သောက်စားမြူးထူးခြင်းမျိုးကို တားမြစ်သူ၊ အရက်သေစာသုံးစွဲခြင်း ဆန့်ကျင်သူ ဖြစ်သည်။ လူရိုးကြီးဟု ထင်ရသော်လည်း သူ၏ မှတ်တမ်းဖြစ်သည့် Diaries of James ကိုဖတ်ကြည့်လှျင် သာမန်ခေါင်းဆောင်တစ်ဦး မဟုတ်သည်ကို တွေ့ရသည်။ သမ္မတ မဖြစ်မီက ရှေ့နေ၊ ဥပဒေပြုအမတ်၊ ပြည်နယ်အုပ်ချုပ်ရေးမှုး စသဖြင့်ရာထူးများထမ်းဆောင်ခဲ့သည်။ အရပ်မနှိမ့်မမြင့်၊ ဇွဲကောင်းကောင်းနှင့် သတ္တိရှိသူ၊ အပိုမပြောတတ်သူဖြစ်သည်။ ဟန်တစ်ခွဲသားနှင့် နေတတ်သဖြင့် သူ့အား တောသား နပိုလီယံ (Napoleon the stump) ဟု အမည်ပြောင်ပေးကြသည်။ Old Hickory ဟုအမည်ပေးသည့် သတ္တမမြောက် သမ္မတ အင်ဒရူး ဂျက်ဆန်၏ မူကို ကျင့်သုံးလိုက်နာသူဖြစ်သဖြင့် ပို့ခ်အား Young Hickory ဟုလည်း ခေါ်ကြသည်။

စွမ်းဆောင်ချက်များ

ပါတီတွင်း၊ ငွေကြေး

အမေရိကန်ပြည်ထောင်စု၏ ၁၁ ဦမြောက် သမ္မတဖြစ်လာလှျင် ပြတ်သားရဲဝံ့သော အလုပ်များကို စတင်လုပ်ဆောင်သည်။ ၁၈၄၄ ရွေးကောက်ပွဲတွင် မဲနှာတစ်ဖြားအသာဖြင့် အနိုင်ရလာသော်လည်း သမ္မတတစ်ဦးအနေဖြင့် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို တိတိကျကျပုံဖော်သည်။ ထိုအချိန်တွင် သူ၏ ဒီမိုကရက်တစ်ပါတီ တွင်းတွင် ဂိုဏ်းကွဲမှုများ ဖြစ်ပွားနေသည့်တိုင် ဘဏ္ဍာရေးစနစ်ကို ပြင်ဆင်ရန်နှင့် အနောက်ဘက်ကမ်းခြေအထိ အုပ်ချုပ်ရေးထူထောင်ရန်တို့ကို ကြိုးစားသည်။ နိုင်ငံရေး ကစားကွက်ကျွမ်းကျင်သူ ဖြစ်သည့်အတွက် ပါတီတွင်း အကွဲအပြဲများကို ထိန်းသိမ်းထားနိုင်သည်။ အခြေအနေများ ရှုပ်ထွေးနေသည့်ကြားမှ ပို့ခ်က အခွန်အခများလျော့ချကာ နောင်တွင် ဗဟိုဘဏ်ဖြစ်လာမည့် ငွေတိုက်(Treasury) ကိုတည်ထောင်ပေးခဲ့ပြီး ငွေကြေးကိစ္စများကို ငွေတိုက်အနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးခဲ့သည်။

နယ်နိမိတ်၊ အုပ်ချုပ်ရေး

ပို့ခ်ရာထူးယူသည့် ၁၈၄၅ခုနှစ်ဆိုလှျင် အမေရိကန် ပြည်ထောင်စု ဟူသောတိုင်းပြည်သည် သက်တမ်းအားဖြင့် ၅၆နှစ်ရှိပြီဖြစ်သည့်တိုင် နယ်နိမိတ်အားဖြင့် တည်ငြိမ်ခြင်းမရှိသေးပေ။ အထူးသဖြင့် တောင်ပိုင်း မက္ကဆီကိုနယ်စပ်ပင်ဖြစ်သည်။ ၁၈၀၃တွင် လူဝီစီယားနား နယ်မြေကို ဝယ်ယူနိုင်ခဲ့ခြင်းကြောင့် တိုင်းပြည်နယ်နိမိတ်ချဲ့ထွင်ရေးအတွက် အလွန်ကြီးမားသည့် ခြေလှမ်းဖြစ်သော်လည်း အမေရိကန်ဗဟိုအစိုးရ၏ အုပ်ချုပ်ရေးအာဏာသည် အနောက်ဖက် ပိစိဖိတ်ကမ်းခြေသို့ မရောက်နိုင်သေး။ ထိုအခြေအနေတွင် ပို့ခ်သည် သူ၏ ကျွမ်းကျင်သော သံတမန်၊ စစ်ရေး အစွမ်းတို့ဖြင့် နယ်ပယ်ချဲ့ထွင်ရေး၊ အုပ်ချုပ်ရေးအာဏာ တည်ဆောက်ရေးတို့ကို ဆောင်ရွက်သည်။

၁၈၄၄ မဲဆွယ်စဉ်က ရုရှားဖက်မှ နယ်သစ်ထူထောင်ရန်ကြိုးပမ်းနေသည့် ဩရီဂွန်ပြည်တွင် နယ်နိမိတ်တိတိကျကျ သတ်မှတ်နိုင်ရန် ကြိုးပမ်းပေးမည်ဟု ဂတိပြုခဲ့သည်။ ဂတိအတိုင်း မဟုတ်သည့်တိုင် အများလက်ခံနိုင်လောက်သည့် နယ်နိမိတ်မျိုးကို စေ့စပ်ဆွေးနွေးကာ ရယူပေးခဲ့သည်။

အခြားနယ်မြေတစ်ခုဖြစ်သည့် တက္ကဆပ်ပြည်နယ် အရေးအတွက်လည်း ပို့ခ်က ကျွမ်းကျင်စွာဆောင်ရွက်ပြခဲ့သည်။ ယခင်သမ္မတ ဂျွန် တေလာ လက်ထက်တွင် ပြည်နယ်အဖြစ် ဆွဲသွင်းခဲ့သည် တက္ကဆပ်ပြည်နယ်ကို မက္ကဆီကိုဖက်မှ တပ်များစေလွတ်ကာ ပြန်လည်သိမ်းပိုက်ရန် ကြိုးစားလာသည်ကို နှစ်ဖက် စစ်ပွဲဖြစ်ရန် ဦးတည်သွားသည်။ ၁၈၄၆တွင် နှစ်ဖက် တပ်များ Rio Grand River တွင် စစ်ဆိုင်မိကြပြီး မက္ကဆီကိုဖက်မှ ကင့်လှည့်နေသော အမေရိကန်တပ်ကို ချုံခိုတိုက်သဖြင့် အမေရိကန်တပ်သား ၁၆ဦးကျဆုံးရာမှ စစ်ကြေညာပြီး စစ်ကိုစတင်သည်။

မက္ကဆီကိုဖက်မှ အင်အားငါးဆနီးပါး သာလွန်သည့်တိုင် ပို့ခ်၏ ထိရောက်သော စစ်ရေးနည်းဗျူဟာများကြောင့် အမေရိကန်တို့ အသာစီးရသည်။ အင်အားအနည်းအပါးဖြင့်ပင် (ထိုစဉ်က)မက္ကဆီကိုပိုင် နယူမက္ကဆီကိုနှင့် ကယ်လီဖိုးနီးယားအထက်ပိုင်းတို့ကို ဝင်သိမ်းယူသည်။ ထိုစစ်ပွဲများအတွင်းတွင် ပို့ခ်၏ စစ်သေနာပတိ စစ်ရေးစွမ်းရည်တို့ကို ထင်ရှားစွာတွေ့ရသည်။ တက္ကဆပ်ကို မထိပါးရန်၊ နယူမက္ကဆီကိုနှင့် ကယ်လီဖိုးနီးယားအထက်ပိုင်းကို လက်လွတ်စေရန် ဖိအားပေးသည်။ ၁၈၄၇တွင် ဗိုလ်ချုပ်ကြီး ဝင်းဖီးလ် စကော့ ဦးဆောင်သည့် အမေရိကန်တပ်များ မက္ကဆီကိုမြို့တော်ကို သိမ်းနိုင်သည်။ ထို့ကြောင့် ပို့ခ်အနေဖြင့် နှစ်ဖက်ဆွေးနွေးရာတွင် အသာစီးရကာ နောက်ဆုံးတွင် မက္ကဆီကိုအား လျော်ကြေး ဒေါ်လာ၁၅သန်းပေးကာ နယ်မြေအများအပြားကို မိမိလက်သို့ရောက်စေခဲ့သည်။ သို့ဖြင့် ပို့ခ်သည် ဩရီဂွန်၊ တက္ကဆပ်၊ နယူးမက္ကဆီကို နှင့် ကယ်လီဖိုးနီးကားအထက်ပိုင်း တို့ကို ပြည်ထောင်စုသို့ သွပ်သွင်းပေးနိုင်ခဲ့သည်။ အကျိုးဆက်အားဖြင့်လည်း အမေရိကန်၏ စွမ်းရည်နှင့် ဩဇာတိုးတက်လာသည်။

ဘဝနောက်ပိုင်း

သမ္မတသက်တမ်းပြည့်သည့်နောက်တွင် သူ့ကိုလူတို့ အလွယ်တကူပင်မေ့သွားကြသည်။ သို့သော် သက်တမ်းလေးနှစ်ထမ်းဆောင်ခဲ့ရသည့် သမ္မတများအနက်တွင် ပို့ခ်၏ စွမ်းဆောင်ချက်များမှာ အလွန်မြင့်မားသည်ဟု ဆိုနိုင်သည်။ အောင်မြင်သော သမ္မတတစ်ဦးဖြစ်ပြီး ထောမတ်စ် ဂျက်ဖာဆင် နောက်ပိုင်းတွင် အမေရိကန် နယ်နိမိတ်ကို အကျယ်ပြန့်ဆုံး ချဲ့ထွင်ခဲ့သည့် သမ္မတလည်းဖြစ်သည်။


ကိုးကား

အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း