တာဘီယမ်: တည်းဖြတ်မှု မူကွဲများ
စာမျက်နှာအသစ်: ဤဒြဗ်စင်သည် ရှားပါးသော ဓာတ်မြေအစုခေါ် ဒြဗ်စင် အစုစာရင်... |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ - | စာကြောင်း ၁ - | ||
[[File:Terbium-2.jpg|thumb|250px]] |
|||
'''တာဗီယမ်'''ဒြဗ်စင်သည် ရှားပါးသော ဓာတ်မြေအစုခေါ် ဒြဗ်စင် |
|||
အစုစာရင်းတွင် အလယ်၌ပါရှိသော ဒြဗ်စင်ဖြစ်သည်။ အလှည့် |
အစုစာရင်းတွင် အလယ်၌ပါရှိသော ဒြဗ်စင်ဖြစ်သည်။ အလှည့် |
||
မှန်ဇယားကွက်ကို ကြည့်လျှင်၊ ဗေရီယမ်(နံပတ်စဉ်၅၆)ပြီးသည့် |
မှန်ဇယားကွက်ကို ကြည့်လျှင်၊ ဗေရီယမ်(နံပတ်စဉ်၅၆)ပြီးသည့် |
||
စာကြောင်း ၈၃ - | စာကြောင်း ၈၄ - | ||
ပထမဦးဆုံးတွေ့ရှိခဲ့ရာ ဆွီဒင်နိုင်ငံရှိ အစ်တာဗီရွာကို အစွဲပြု |
ပထမဦးဆုံးတွေ့ရှိခဲ့ရာ ဆွီဒင်နိုင်ငံရှိ အစ်တာဗီရွာကို အစွဲပြု |
||
၍မှည့်ခေါ်ခြင်းဖြစ်သည်။ |
၍မှည့်ခေါ်ခြင်းဖြစ်သည်။ |
||
==ကိုးကား== |
==ကိုးကား== |
||
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄) |
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄) |
||
{{ဒြပ်စင်အလှည့်ကျဇယား}} |
၁၉:၀၂၊ ၅ ဒီဇင်ဘာ ၂၀၁၀ ရက်နေ့က မူ
တာဗီယမ်ဒြဗ်စင်သည် ရှားပါးသော ဓာတ်မြေအစုခေါ် ဒြဗ်စင် အစုစာရင်းတွင် အလယ်၌ပါရှိသော ဒြဗ်စင်ဖြစ်သည်။ အလှည့် မှန်ဇယားကွက်ကို ကြည့်လျှင်၊ ဗေရီယမ်(နံပတ်စဉ်၅၆)ပြီးသည့် နောက်၊ ဒြဗ်စင်တစ်ခုတည်းကို မတွေ့ရတော့ဘဲ ဒြဗ်စင် ၁၅ မျိုးကို တွေ့ရပေမည်။ အက်တမ် နံပတ် ၅၇ မှ ၇၁ အထိရှိ သော ဒြဗ်စင် ၁၅ မျိုးမှာ ရှားပါးသော ဓာတ်မြေပင်ဖြစ်သည်၊ အခြားသော ဒြဗ်စင်အစုများထက် ယင်းတို့သည်တစ်ခုနှင့်တစ်ခု အလွန်တူသောကြောင့် ဇယားကွက်တွင် နေရာလွတ်တစ်ခုတည်း ၌ ထည့်သွင်းထား ခြင်းဖြစ်သည်။
၁၇၉၄ ခုနှစ်တွင် ဖင်းလူမျိုး ဓာတုဗေဒပညာရှင် ဂတ်ဒို လင်ဆိုသူသည် ဆွီဒင်နိုင်ငံမှရသော တွင်းထွက်ပစ္စည်းတစ်မျိုး တွင် ဒြဗ်စင်အသစ်တစ်ခုကို တွေ့ရှိရသည်ဟု ထင်မှတ်လေ သည်။ စင်စစ်အားဖြင့် ထိုတွင်းထွက်ပစ္စည်းတွင် ဒြဗ်စင်တစ်မျိုး တည်းမဟုတ်ဘဲ၊ ဒြဗ်စင်တဒါဇင်ကျော် ပါဝင်သည်။ ထိုဒြဗ်စင် များသည် တစ်ခုနှင်တစ်ခု အလွန်တူကြသဖြင့် ဒြဗ်စင်တစ်မျိုး တည်းဟု ထင်မှတ်ရပေသည်။ ၁၉၂၆ ခုနှစ်တွင် ဒြဗ်ပေါင်း ၁၅ မျိုးခန့် ရှိမည်ဟု ခန့်မှန်းထားခဲ့သည့်အနက် ၁၄ ခုမြောက် ဒြဗ်စင်ကိုတွေ့ရှိခဲ့သည်။ ၁၅ ခုမြောက်ဒြဗ်စင်ကိုမူ ရှားပါးသော ဓာတ်မြေပါရှိသည့် တွင်းထွက်ပစ္စည်းများမှာ မတွေ့ရှိဘဲ၊ ယူရေး နီးယမ်း ကွဲထွက်၍ ဖြစ်ပေါ်လာသည့် ဒြဗ်စင်များတွင်သာ တွေ့ ရှိခဲ့သည်။
အထက်ပါ ဒြဗ်စင်များကို ရှားပါးသော ဒြဗ်စင်များဟု ခေါ်ကြသော်လည်း၊ စင်စစ်အားဖြင့် အားလုံးရှားပါးကြသည် မဟုတ်ချေ။ အချို့ကို ခဲကဲ့သို့ ကမ္ဘာမြေလွှာတွင် အနှံ့အပြား တွေ့ရသည်။ ရှားပါးသော ဓာတ်မြေပါရှိသည့် တွင်းထွက် ပစ္စည်းများတွင် အခြားဒြဗ်စင်များအပြင် ရေဒီယမ်သတ္တုရှိသည့် သိုရီယမ်ကိုလည်း တွေ့ရသည်။ ထိုတွင်းထွက်ပစ္စည်းများကို စကန်ဒီနေးဗီးယား၊ ရုရှ၊ အိန္ဒိယ၊ အမေရိကန်၊ သြစတြေး လီးယားနိုင်ငံတို့တွင် တူးဖော်ရရှိသည်။ ဆီးရီးယမ်အဓိကထွက် ရာ ပင်ရင်းပစ္စည်းသည် မွန်နာဇိုက်သဲ (မီးစာကျောက်သဲ) ဖြစ် သည်။ ထိုသဲကို အိန္ဒိယတောင်ပိုင်း၊ ထရာဗင်ကိုပြည်နယ်မှ ရရှိလေသည်။
ရှားပါးသော ဓာတ်မြေများကို ထုတ်ယူရာတွင် ပထမ ဦးစွာ၌ ထိုဓာတ်မြေများတစ်စုလုံးကို တွင်းထွက်ပစ္စည်းတွင် ပါသည့်အခြားသော ဒြဗ်စင်များမှ ခွဲထုတ်ယူရသည်။ ထိုသို့ ထုတ်ယူပြီးသော အခါမှ ရှားပါးသော ဓာတ်မြေများကို တစ်ခုစီ တစ်ပင်တစ်ပန်းထုတ်ယူရသည်။ ဒြဗ်စင်တို့သည် တစ်ခုနှင့် တစ်ခု အလွန်တူသဖြင့် ပျော်ဝင်သောနေရာတွင် အနည်းငယ်စီ ခြားနားချက်ကို အသုံးချပြီးလျှင် ခွဲထုတ်ယူရသည်။ ဒြဗ်စင် တစ်ခုစီ၏ ဒြဗ်ပေါင်းကိုရရှိအောင် အကြိမ်ပေါင်း ထောင်ချီ၍ သလင်းပွင့်ခံယူရသည်။ ရှားပါးသော ဓာတ်မြေများကို ခွဲထုတ် ယူရန် သတ္တုကျောက်ရိုင်း အမြောက်အမြားကို အသုံးပြုမှသာ အလိုရှိသော ဓာတ်မြေအနည်းငယ်ခန့်ကို ရနိုင်သည်။ ရှားပါး သော ဓာတ်မြေများကို ရှေးဦးစွာ ဆီးရီးယမ်ဓာတ်မြေ၊ တာဗီ ယမ်ဓာတ်မြေ၊ အစ်တာဗီယမ်ဓာတ်မြေဟု အစုကြီးသုံးစုခွဲယူပြီး မှသာ ဆိုင်ရာဒြဗ်စင်အသီးသီးကို ထုတ်ယူသည်။ ရှားပါးသော ဒြဗ်မြေများတွင် အဖြူရောင်သို့မဟုတ် အဝါရောင်ရှိ၍၊ သျွှု ရောင်တောက်နေသည်။ ဂုဏ်သျွှိများမှာ ကယ်လဆီယမ်နှင့် ဆင်တူသည်။ လေသလပ်ခံထားသောအခါ အရောင်မှိန်သွား သည်။ ရေနှင့် ဖြည်းညှင်းစွာ ဓာတ်ပြောင်းလဲမှုဖြစ်ပြီးလျှင် ဟိုက်ဒရိုဂျင်ကို စွန့်ထုတ်ပေးသည်။ များစွာသော ဒြဗ်စင်တို့ တွင် အိုင်းယန်းနှင့်ကိုဗော့ကဲ့သို့ သံလိုက်ဂုဏ်များရှိကြသည့် အပြင်၊ အရောင်ရှိသော ဒြဗ်ပေါင်းများကို ဖြစ်စေသည်။ ထို ဒြဗ်စင်များသည် စက်မှုလက်မှုလုပ်ငန်းများ၌ များစွာအသုံးမဝင် ချေ။ အတွေ့ရများဆုံးဖြစ်သော ဆီးရီးယမ်ကို မီးစာများပြုလုပ် ကြ၍၊ ထိုဒြဗ်စင်၏ ဒြဗ်ပေါင်းများကို ဆေးထိုးရာတွင် အသုံး ပြုသည်။ ရှားပါးသော ဓာတ်မြေများသည် အလွန်တောက်ပ သည့် အလင်းရောင်ကိုပေးနိုင်စွမ်းရှိသဖြင့် ယင်းတို့ကို အရိပ်ပြစက်များတွင် အသုံးပြုသည်။ ထိုဓာတ်မြေများကို သံနှင့်ရောပေးသောအခါ၊ မစ်ရှသတ္တုခေါ် သတ္တုစပ်တစ်မျိုးကို ရသည်။ ထိုသတ္တုစပ်ဖြင့် ဓာတ်မီးခြစ်များတွင် အသုံးပြုရန် မီးခြစ်ကျောက်ပြုလုပ်ယူသည်။
တာဗီယမ် အောက်ဆလိတ် သို့မဟုတ် ဆာလဖိတ်ကို မီးရှို့လျှင် ပါရောက်ဆိုက်အမည်ဖြစ်လာသည်။ ထို ပါရောက် ဆိုက်ကို တွင်းထွက်အက်ဆစ်များနှင့်ရော၍၊ အပူတိုက်ပေးလျှင် အရောင်မရှိသလောက်ဖြစ်သော ပျော်ဝင်ရည်များဖြစ်လာသည်။ ထိုပျော်ဝင်ရည်များသည် စပက်ထရမ်(ရောင်စဉ်)တွင် အပြာ ရောင်နေရာ၌ အနည်းငယ်အရောင်မှိန်ခြင်းကြောင့်ထူးခြားသည်။ တာဗီယမ်သည် ရှားပါးသော ဓာတ်မြေများတွင် အလွန် အတွေ့ရနည်းသော ဒြဗ်စင်ဖြစ်သည်။ သတ္တုဖြစ်သော်လည်း၊ ယခုအထိ သတ္တုသန့်သန့်ကို ခွဲထုတ်၍မရနိုင်သေးပေ။ အက်တမ်နံပတ်စဉ်နှင့် အက်တမ်အလေး ဆတို့မှာ ၆၅ နှင့် ၁၅၉.၂ အသီးအသီးဖြစ်၍၊သကေင်္တမှာ (TB)ဖြစ်သည်။
အချို့သောရှားပါးသည့် ဓာတ်မြေများနှင့် ခြားနားချက်တချက်မှာ ဒြဗ်စင်၏ဒြဗ်ပေါင်းများတွင် အရောင်ကင်းမဲ့ခြင်းပင်ဖြစ်သည်။ တာဗီယမ်ဟူသော အမည်သည် ရှားပါးသည့်ဓာတ်မြေများကို ပထမဦးဆုံးတွေ့ရှိခဲ့ရာ ဆွီဒင်နိုင်ငံရှိ အစ်တာဗီရွာကို အစွဲပြု ၍မှည့်ခေါ်ခြင်းဖြစ်သည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
ဒြပ်စင်အလှည့်ကျဇယား | |||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
H | He | ||||||||||||||||||||||||||||||||||||||||
Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Nh | Fl | Mc | Lv | Uus | Uuo | ||||||||||
| |||||||||||||||||||||||||||||||||||||||||
|