ဟိန္ဒူဘာသာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး အီမိုဂျီ မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
→‎ကျမ်းစာများ: လိုအပ်သည်ကို ဖြည့်စွက်သည်။
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၈၄ - စာကြောင်း ၈၄ -
ဘဂဝဒ်ဂီသာကျမ်းသည် ပါဒပေါင်း ၇၀၀ ရှိပြီး ယင်းကို အခန်း ၁၈ ခန်း ဖြင့် ပိုင်းခြားထားသည်။ ဘဂဝဒ်ဂီသာကျမ်း တွင် အောက်ပါ အကြောင်းတရား ငါးပါး ကို ဆွေးနွေးထားပေသည်။
ဘဂဝဒ်ဂီသာကျမ်းသည် ပါဒပေါင်း ၇၀၀ ရှိပြီး ယင်းကို အခန်း ၁၈ ခန်း ဖြင့် ပိုင်းခြားထားသည်။ ဘဂဝဒ်ဂီသာကျမ်း တွင် အောက်ပါ အကြောင်းတရား ငါးပါး ကို ဆွေးနွေးထားပေသည်။


====ဘုရား ( အီသျွှရ)====
====ဘုရား ( ဣသျွှရ)====
လောကတွင် ဘုရားရှိသလား၊ ဘုရားသည် သက်ရှိထင်ရှား ရှိသလား၊ ဘုရားရှင်၏ ဂုဏ်တော် များကား အဘယ်နည်း၊ ဘုရားရှင်နှင့် သက်ရှိတို့အကြား မည်သို့ ဆက်စပ်မှု ရှိသနည်း။ ဘုရားကို ဆုတောင်လျှင် ရသလား၊ ဘုရားရှင်အား ဆွမ်းပန်းရေချမ်း၊ ဆီမီး စသည်တို့ ဆက်ကပ်လျှင် အကျိုးရှိမရှိ၊ သံသရာမှ လွတ်မြောက်ခြင်း တွင် ဘုရားရှင်၏ အကူအညီ လို မလို၊ ဘုရားရှင်သည် ကိုးကွယ်ရုံသက်သက်လော။ သို့မဟုတ် ဘုရားရှင်သည် ချစ်မြတ်နိုးရသော ပုဂ္ဂိုလ်လော စသည့် အကြောင်းအရာ ပေါင်းများစွာကို ဆွေးနွေးထားသည်။
လောကတွင် ဘုရားရှိသလား၊ ဘုရားသည် သက်ရှိထင်ရှား ရှိသလား၊ ဘုရားရှင်၏ ဂုဏ်တော် များကား အဘယ်နည်း၊ ဘုရားရှင်နှင့် သက်ရှိတို့အကြား မည်သို့ ဆက်စပ်မှု ရှိသနည်း။ ဘုရားကို ဆုတောင်လျှင် ရသလား၊ ဘုရားရှင်အား ဆွမ်းပန်းရေချမ်း၊ ဆီမီး စသည်တို့ ဆက်ကပ်လျှင် အကျိုးရှိမရှိ၊ သံသရာမှ လွတ်မြောက်ခြင်း တွင် ဘုရားရှင်၏ အကူအညီ လို မလို၊ ဘုရားရှင်သည် ကိုးကွယ်ရုံသက်သက်လော။ သို့မဟုတ် ဘုရားရှင်သည် ချစ်မြတ်နိုးရသော ပုဂ္ဂိုလ်လော စသည့် အကြောင်းအရာ ပေါင်းများစွာကို ဆွေးနွေးထားသည်။
====သက်ရှီ (ဇီဝ) ====
====သက်ရှိ (ဇီဝ) ====
သက်ရှိ ဆိုသည်မှာ မိမိဖြစ်သည်။ ထိုမိမိသည် ရုပ်ခန္ဓာကိုယ်လော။ စိတ်လော၊သို့မဟုတ် ရုပ်နှင့် နာမ်လွန်ရာ ဖြစ်သလော၊ လူတစ်ယောက် သေဆုံးသည် ဆိုပါက မည်သူ သေဆုံးသနည်း ၊ နောင်ဘ၀ ကူးသည် ဟုပြောသော အခါ မည်သူက ကူးသနည်း။ ခန္ဓာကိုယ် စဉ်ဆက်မပြတ် ပြောင်းလဲနေသော်လည်း မိ်မိဟု သိနေသော မပြောင်းလဲသည့် အရာသည် မည်သူနည်း။ ထိုသက်ရှိသည် မည်သူနည်း။ ဘုရားရှင် နှင့် ဆက်စပ်မှု ရှိပါသလား။ သံသရာမှ လွတ်မြောက်သော အခါ သက်ရှိသည် ဘယ်ကို ရောက်သွားသနည်း။ စသော လေးနက်သည့် အကြောင်းအရာ များကို ဆွေးနွေး ထားပေသည်။
သက်ရှိ ဆိုသည်မှာ မိမိဖြစ်သည်။ ထိုမိမိသည် ရုပ်ခန္ဓာကိုယ်လော။ စိတ်လော၊သို့မဟုတ် ရုပ်နှင့် နာမ်လွန်ရာ ဖြစ်သလော၊ လူတစ်ယောက် သေဆုံးသည် ဆိုပါက မည်သူ သေဆုံးသနည်း ၊ နောင်ဘ၀ ကူးသည် ဟုပြောသော အခါ မည်သူက ကူးသနည်း။ ခန္ဓာကိုယ် စဉ်ဆက်မပြတ် ပြောင်းလဲနေသော်လည်း မိ်မိဟု သိနေသော မပြောင်းလဲသည့် အရာသည် မည်သူနည်း။ ထိုသက်ရှိသည် မည်သူနည်း။ ဘုရားရှင် နှင့် ဆက်စပ်မှု ရှိပါသလား။ သံသရာမှ လွတ်မြောက်သော အခါ သက်ရှိသည် ဘယ်ကို ရောက်သွားသနည်း။ စသော လေးနက်သည့် အကြောင်းအရာ များကို ဆွေးနွေး ထားပေသည်။
==== ပ်ရ ကရိသီး ( သဘာဝတရား)====
==== ပ်ရ ကရိသီး ( သဘာဝတရား)====
စာကြောင်း ၉၄ - စာကြောင်း ၉၄ -
====ကရ်မ ( ကံနှင့် ကံ၏အကျိုး)====
====ကရ်မ ( ကံနှင့် ကံ၏အကျိုး)====
ကံနှင့် ကံအကျိုး သည် မည်သို့ စတင်ဖြစ်ပေါ်လာသနည်း။ ကောင်းသော ကံနှင့် မကောင်းသော ကံ အကြောင်း၊ ကံသုံးမျိုး ကရ်မ၊ ဝိကရ်မ နှင့် အကရ်မ ဆိုသည်မှာ အဘယ်နည်း ။အလုပ်လုပ်သော်လည်း အလုပ်မမြောက်သော အလုပ် ဆိုသည်မှာ အဘယ်နည်း။ ကံနှင့် ကံ၏ အကျိုးမှ ကင်းသွားနိုင်သော နည်းလမ်းများ ရှိပါသလား။ ညံ့နေသော ကံကို ကောင်းအောင် လုပ်နိုင်ပါသလား။ ဘုရားရှင် အားကိုးကွယ်ဆည်း ကပ်ခြင်းဖြင့် ကံနှင့် ကံ၏ အကျိူးမှ လုံး၀ ကင်းပြတ်သွားပြီး သံသရာမှ လွတ်နိုင်သလား။ ကောင်းမှု လုပ်ရုံဖြင့် သံသရာမှ လွတ်မြောက်မည်လား။ စသည့် အကြောင်းအရာ များစွာကို တွေ့ရှိရမည် ဖြစ်သည်။  ( အသေးစိတ် သိရှိဖတ်ရှုလိုပါက အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏ အနုဿတိ အသင်း (မြန်မာနိုင်ငံ) ISKCON (Myanmar) မှ ထုတ်ဝေထားသော ဘဂဝဒ်ဂီသာကျမ်း(မြန်မာပြန်) ကို ဖတ်ရှု လေ့လာ နိုင်ပါသည်)
ကံနှင့် ကံအကျိုး သည် မည်သို့ စတင်ဖြစ်ပေါ်လာသနည်း။ ကောင်းသော ကံနှင့် မကောင်းသော ကံ အကြောင်း၊ ကံသုံးမျိုး ကရ်မ၊ ဝိကရ်မ နှင့် အကရ်မ ဆိုသည်မှာ အဘယ်နည်း ။အလုပ်လုပ်သော်လည်း အလုပ်မမြောက်သော အလုပ် ဆိုသည်မှာ အဘယ်နည်း။ ကံနှင့် ကံ၏ အကျိုးမှ ကင်းသွားနိုင်သော နည်းလမ်းများ ရှိပါသလား။ ညံ့နေသော ကံကို ကောင်းအောင် လုပ်နိုင်ပါသလား။ ဘုရားရှင် အားကိုးကွယ်ဆည်း ကပ်ခြင်းဖြင့် ကံနှင့် ကံ၏ အကျိူးမှ လုံး၀ ကင်းပြတ်သွားပြီး သံသရာမှ လွတ်နိုင်သလား။ ကောင်းမှု လုပ်ရုံဖြင့် သံသရာမှ လွတ်မြောက်မည်လား။ စသည့် အကြောင်းအရာ များစွာကို တွေ့ရှိရမည် ဖြစ်သည်။  ( အသေးစိတ် သိရှိဖတ်ရှုလိုပါက အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏ အနုဿတိ အသင်း (မြန်မာနိုင်ငံ) ISKCON (Myanmar) မှ ထုတ်ဝေထားသော ဘဂဝဒ်ဂီသာကျမ်း(မြန်မာပြန်) ကို ဖတ်ရှု လေ့လာ နိုင်ပါသည်)

=


== အခြေခံ ယုံကြည်ချက်များ ==
== အခြေခံ ယုံကြည်ချက်များ ==

၁၆:၁၆၊ ၁၂ ဒီဇင်ဘာ ၂၀၂၀ ရက်နေ့က မူ

ဘာသာတရား
ဟိန္ဒူဘာသာ

သမိုင်း
ဆရာ (အစရိယ)
အယူဝါဒ
ဂိုဏ်းများ
နိုင်ငံနှင့်ဒေသများ

ဟိန္ဒူဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာတရားဖြစ်သည်။[၁][၂] သူ၏ကျမ်းစာများသည် ဘီစီ ၃၀ဝ၀ ဝန်းကျင်ကပင် လူတို့၏ ကိုးကွယ်မှုကဏ္ဍတွင် နေရာယူခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာတရား လည်းဖြစ်သည်။ ဟိန္ဒူဘာသာဝင်သူများသည် ကိုယ့်ဘာသာကို သန္တနဓမ္မ (သင်္သကရိုက် - सनातन धर्म၊ လောက၏ ဓမ္မ ဘာသာတရား) ခေါ်သည်။ ဟိန္ဒူလူမျိုးတို့သည် မိမိတို့ ယုံကြည် ကိုးကွယ်သည့် အယူဝါဒကို သန္တနဓမ္မ (ဓမ္မ လောက၏ အမှန်တရား ဖြစ်သော ဘာသာတရား)ဟု ခေါ်ကြသည်။ အကြောင်းမူကား ဟိန္ဒူအယူဝါဒသည် ဘုရားရှင်၏ ပကတိ သစ္စာတရား အဓမ္မ ကို ဆန်ကျင့်၍ ဓမ္မကို လိုက်နာသော အဆုံးအမဟု ယူဆထားသည့် ဝေဒကျမ်း၌ ပါရှိသော အဆုံးအမများကို အခြေခံပြုထားသောကြောင့် ဖြစ်လေသည်။

ဟိန္ဒူအယူဝါဒသည် အခြားသောဝါဒများကဲ့သို့ ပုဂ္ဂိုလ် တစ်ဦးတယောက်က စတင်တည်ထောင်ထားသည့် အယူဝါဒ မဟုတ်ပေ။ သို့ဖြစ်၍ ဟိန္ဒူအယူဝါဒဟူသော အမည်နာမသည် ဗုဒ္ဓအယူဝါဒ၊ ခရစ်ယန် အယူဝါဒ စသည်တို့ကဲ့သို့ စတင်တည်ထောင်သူ၏ အမည်နာမကိုစွဲ၍ တွင်နေသော အမည်နာမမျိုး မဟုတ်ပေ။

အမှန် စင်စစ် ဟိန္ဒူ ဆိုသည့် စကားလုံးကို မည်သည့် ဝေဒကျမ်း နှင့် အခြား ကျမ်းစာတွင်မျှ တွေ့ရှိရမည် မဟုတ်ပါ။ အိန္ဒူ မြစ်၏ တစ်ဖက်ကမ်းတွင် နေသူများကို ဟိုဘက်မှ သူများက ခေါ်ဆိုရာမှ ဟိန္ဒူ ဟု ဖြစ်တည် ခဲ့ခြင်း ဖြစ်သည် ဟု သမိုင်းပညာရှင် အချို့ဆိုကြပါသည်။

ဟိန္ဒူအယူဝါဒ၏ အရင်းအမြစ်ကို စိစစ်လေ့လာကြည့်လျှင် မှုန်ဝါးဝါးသာ တွေ့မြင်ရလိမ့်မည်။ သို့ရာတွင် ဟိန္ဒူအယူဝါဒ သည် ခရစ်နှစ်မစမီ ရှေ့ယခင့်ယခင်က အာရိယန်လူမျိုးများ အိန္ဒိယသို့ ပြောင်းရွှေ့လာကြစဉ် သူတို့နှင့် တပါတည်း ပါလာသည့် ဗြဟ္မဏ အယူဝါဒမှ ကြီးထွားဖွံဖြိုးလာသည့် အယူဝါဒဖြစ်သည်ဟူ၍ကား လက်ခံယုံကြည်ကြသည်။ ဟိန္ဒူအယူဝါဒသည် သမိုင်းခေတ်မတိုင်မီက ပေါ်ပေါက်ခဲ့သော ရှေးအကျဆုံး အယူအဆဝါဒ ဖြစ်သည်ဟု ယူဆထားကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်အတွင်း ဟိန္ဒူအယူဝါဒ လောက၌ သူတော်စင် ရသေ့များ၊ တမန်တော်များ၊ ဒဿနဗေဒပညာရှင်များ အမြောက်အမြား ပေါ်ထွက်ခဲ့သည်။ ယင်းပုဂ္ဂိုလ်များသည် ဟိန္ဒူအယူဝါဒ၏ အဆုံးအမ ဓလေ့ထုံးစံ၊ အစဉ်အလာများကို ထွန်းကားပြန့်ပွားအောင် ပြုမူဆောင်ရွက်ခဲ့ကြလေသည်။

ဟိန္ဒူအယူဝါဒ၏ ဒဿန (အဘိဓမ္မာ)သည် ကျယ်ပြန့်သည်။ ထွေပြားသည်။ ဟိန္ဒူအယူဝါဒ၌ ဒဿန ခြောက်မျိုးကွဲပြားနေသည်။ ယင်းခြောက်မျိုးကို ဆဒဿန (ဒဿနခြောက်မျိုး)ဟု ခေါ်သည်။ ယင်းဒဿနခြောက်မျိုးသည် ဘီစီငါးရာစုနှစ် မတိုင်မီကပင် စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။ ယင်းခြောက်မျိုး ကား ဉာယ၊ ဝိသေသိက၊ သံခယာ၊ ယောဂ၊ ပုဗ္ဗမီမံသာ၊ သို့မဟုတ် မီမံသာ၊ ဝေဒန္တတို့ ဖြစ်သည်။

  • ဉာယ ဒဿနကို တီထွင်သူမှာ ဂေါတမ မဟာရသေ့ ဖြစ်သည်။ ဉာယဒဿနာသည် စူးစမ်းဆင်ခြင်မှုအရ ပေါ်လာသည့်

ယထာဘူတကျသော အတွေးအခေါ် ဖြစ်သည်။

  • ဝိသေသိကဒဿနကို စတင်သူမှာ ကဏာဒ မဟာရသေ့ ဖြစ်သည်။

ဝိသေသိက ဒဿန၏ ရည်ရွယ်ချက်မှာ သတ္တဝါများအား လွတ်မြောက်ငြိမ်းချမ်းမှု ရရှိစေရန် ဖြစ်သည်။

  • သံခယာ

ဒဿနကို စတင်တီထွင်သူမှာ ကပိလ မဟာရသေ့ဖြစ်သည်။ သံခယာဒဿန သည် ထာဝရ ဘုရားသခင် တည်ရှိမှုကို အယူမရှိသော ဒဿန ဖြစ်သည်။

  • ယောဂဒဿနကို စတင်သူမှာ

ဇေမိနီ မဟာရသေ့ ဖြစ်သည်။

  • မီမံသာကို ပုဗ္ဗမီမံသာဟုလည်း

ခေါ်သည်။ မီမံသာဒဿန၏ အဓိက ရည်ရွယ်ချက်မှာ ဝေဒကျမ်းများ၌ ပါရှိသည့် အယူဝါဒရေး ဓလေ့ထုံးစံများကို အကာအကွယ်ပေးရန်နှင့် ထောက်ခံ အားပေးရန် ဖြစ်သည်။

  • ဝေဒန္တဒဿနသည် ဥပနိသျှဒ်မှ ဖြစ်ထွန်း ပေါ်ပေါက်လာခြင်း

ဖြစ်သည်။ ဥပနိသျှဒ်၌ ဝေဒအယူအဆသည် တိုးတက်မှု အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုကြောင့် ဥပနိသျှဒ်ကို ဝေဒ၏ အဆုံး (ဝေဒန္တ)ဟုခေါ်ခြင်း ဖြစ်လေသည်။

အာသ်မာ (အတ္တမာ မဟုတ်ပါ)Soul ( Atma)

ဟိန္ဒူအယူဝါဒအရ နတ်၊ လူ၊ တော၊ တောင်၊ ရေ၊ မြေ စသော ရှိရှိသမျှ အရာဝတ္တုများသည် ပရမတ္တမာ ခေါ် ဘုရား သခင်၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ထိုပြင် ဤမျက်မှောက် ကမ္ဘာလောကသည် မာယာ (အထင်အမှတ် မှားနေခြင်း)မျှသာ ဖြစ်သည်၊ မလွဲမသွေ ပျက်စီးသွားရမည်။ မသိအပ်သည့်၊ မသိရသည့် ပရမတ္တမာခေါ် ဘုရားသခင်သည်ကား ပြောင်းလဲခြင်းမရှိပဲ နိစ္စထာဝရ တည်မြဲနေသောအရာ ဖြစ်သည်။

ဟိန္ဒူလူမျိုးတို့သည် အတ္တမာ (ဝိဉာဉ်)ကို ယုံကြည်ကြသူများ ဖြစ်၏။ ဟိန္ဒူအယူဝါဒအရ အတ္တမာသည် ကံတရား၏ အရှိန်အဟုန် မကုန်မချင်း မရမတ္တမာနှင့် သွားရောက် ရောနှောပေါင်းဆုံမှု မဖြစ်မချင်း၊ အသင်္ချေ အနန္တဘဝသံသရာ၌ ထပ်ခါထပ်ခါ ပဋိသန္ဓေ တည်နေရပေလိမ့်မည်။ လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို မိမိမြင့်ရာသို့လည်း တက်စေနိုင်သည်။ နိမ့်ရာသို့လည်း ကျစေနိုင်သည်။ လူတစ်ဦးတစ်ယောက်သည် မကောင်းမှုကို ပြုလုပ်လျှင် ကွယ်လွန်သွားပြီးသည့်နောက်၌ အတိဒုက္ခ ရောက်ရလေသည်။ သို့မဟုတ် ငရဲခံရလေသည်။

ကုသိုလ်ကောင်းမှုကို ပြုလုပ်လျှင်ကား နတ်ရွာသို့လားရလေသည်။ ငရဲပြည်၌ ခံရသည့် ဒုက္ခသည် လည်းကောင်း၊ နတ်ပြည်၌ စံရသည့် သုခသည်လည်းကောင်း အစဉ်ထာဝရ တည်မြဲမနေပေ။ အာသ်မာ (နာမ် ဝိဉာဉ်)သည် မောက္ခ (သံသရာမှ လွတ်မြောက်ခြင်း)ကို မရမချင်း၊ မိမိ၏ မူရင်း အိမ်ဂေဟာဖြစ်သည့် ဗြဟ္မနှင့် သွားရောက် မပေါင်းမချင်း ဘဝအသစ် ဖြစ်မြဲ ဖြစ်နေပေလိမ့်မည်။ မောက္ခ (လွတ်ငြိမ်းမှု)သည် ယုံကြည် ကိုးကွယ်မှုဖြင့် ရရှိသည့်အရာမဟုတ်။ လက်တွေ့ ကျင့်ကြံအားထုတ်မှ ရရှိနိုင်သည့်အရာ ဖြစ်သည်။

ကိုးကွယ်သည့် ဘုရား နှင့် မယ်တော်များ

ဟိန္ဒူ အယူဝါဒတွင် လွတ်လပ်စွာ ကိုးကွယ်ခြင်း ကို ခွင့်ပြုထားသည်။ သံသရာမှ လွတ်လိုသူများ သည် ဘုရားရှင်ကို ကိုးကွယ်နိုင်သည်။ ရုပ်လောကတွင် အကူအညီ လိုသူများ ဒေဝါနတ်များကို ကိုးကွယ်နိုင်သည်။  

ဘုရားကိုးကွယ်ခြင်း တွင် ကိုးကွယ်မှုလ ၃ မျိုးရှိသည်။ ဘုရားရှင်အား ဘဂဝါးန် ပုဂ္ဂိုလ်ဟု ကိုးကွယ်ခြင်း၊ ဘုရားရှင်၏ နီရာကားရ ရုပ်နာမ် ချုပ်ငြိမ်းခြင်း သဘာဝကို ကိုးကွယ်ခြင်း နှင့် သက်ရှိတိုင်းတွင် တည်ရှိသော ဘုရားရှင် ၏ ပရမတ္တမာ မဟာ အမှန်တရား ကို ကိုးကွယ်ခြင်း ဟူ၍ ဖြစ်သည်။

ဟိန္ဒူအယူဝါဒ၌ ဘုရားများကို ကိုးကွယ်သည့် အလေ့အထ လည်းရှိသည်။ ဝေဒကျမ်းဂန်၏ ဓမ္မဂီတများ၌ ပါရှိသည့် နတ်ကြီးများအနက် ဣန္ဒရ၊ အဂ္ဂနိ၊ သူရိယ စသော နတ်အများအပြားသည် ခေတ်သစ် ဟိန္ဒူအယူ ဝါဒ၌ ခေတ်မစားတော့ပေ။ ဗြဟ္မမှာမူ ခြွင်းချက်ဖြစ်သည်။ ဟိန္ဒူအယူဝါဒသည် ဗြဟ္မဏ အယူဝါဒမှ ပရမတ္တမာခေါ် ဣဿရအယူဝါဒကို အမွေအနှစ်အဖြစ် လက်ခံရယူထားလေသည်။ ယင်းဣဿရသည် နိစ္စထာဝရ တည်ရှိနေသည်။ အရာဝတ္ထုဟူသမျှ မူလဘူတအကြောင်းတရား ဖြစ်သည်။ အရာဝတ္ထုဟူသမျှ အပြီးသတ်အချိန်တွင် ပြန်သွားရသည့် နောက်ဆုံး အိမ်ဂေဟာလည်း ဖြစ်သည်။ ပရမတ္တမာခေါ်သည့် ယင်းဣဿရသည် တြိမုနိခေါ်သည့် ဘုရားသုံးပါးအစု၌ တည်ရှိနေသည် ဟူ၍လည်းကောင်း၊ ဘုရားသုံးပါးအစုမှတစ်ဆင့် ပြုဖွယ်ကိစ္စ ပြုလုပ်သည်ဟူ၍လည်းကောင်း အယူရှိကြသည်။ ဘုရားသုံးပါးကား လောကကို ဖန်ဆင်းသူ ဗရဟ်မာ၊ လောကကို ထိန်းသိမ်း စောင့်ရှောက်သူ ဗစ်ရှ်နူး(ဗစ်သျှနူး)၊ လောကကို ဖျက်ဆီးပြီး လောကအသစ် ဘဝအသစ် တစ်ခုကို ထပ်မံဖန်ဆင်းသူ အဓမ္မအား ဖျက်သုဉ်းသူ သျှီဗား (ရှီဗား)တို့ ဖြစ်ကြသည်။ ယင်းဘုရား သုံးပါးအနက် ဗရဟ်မာ ကို ပူဇော်ပသသည့် ဓလေ့ထုံးစံမှာ အမှန်မဟုတ်ပေ။ အိန္ဒိယတစ်နိုင်ငံလုံး၌ ဗရဟ်မာ ကို ရည်စူး၍ ဆောက်လုပ်ထားသည့် ဘုရားကျောင်းသည် မရှိသလောက် ရှားသည်။ ဗစ်ရှ်နူး နှင့် သျှီဗား ကိုမူ ခေတ်အဆက်ဆက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ပူဇော်ပသလေ့ရှိကြသည်။ ယင်း အဓိက ဘုရားများအပြင် အခြားနတ်များ၊ မြင့်မြတ်သည်ဟု ယူဆသည့် အရာများကိုလည်း ကိုးကွယ်ကြ လေသည်။ ဟိန္ဒူလူမျိုးတို့သည် နွား ကိုလည်း အလေးအမြတ် ပြုကြလေသည်။


ဟိန္ဒူအယူဝါဒ၌ အခမ်းအနား ကျင်းပမှုနှင့် ပူဇော်ဝတ်ပြုမှုများကို ဗြဟ္မဏ(ပုဏ္ဏား)များက ဦးဆောင် ပြုလုပ်ကြသည်။ ဟိန္ဒူလူမျိုးတို့၏ အယူဝါဒနှင့် ပတ်သက်ဆက်နွှယ်နေသော အခမ်းအနားများကို ဆံဆ ကာရ်ဟု ခေါ်သည်။ အခမ်း အနားများအနက် အချို့မှာ ဗြဟ္မဏ၊ ခတ္တိယ အမျိုးဇာတ်များနှင့်သာ သက်ဆိုင်ပြီးလျှင် အချို့ကား အားလုံးနှင့် သက်ဆိုင်သည်။ မမွေးဖွားခင် အမိဝမ်းတွင်း၌ ပဋိသန္ဓေ တည်နေစဉ်က စပြီးလျှင် ကွယ်လွန်ပြီးသည့်နောက်အထိ အခမ်းအနား အမျိုးမျိုးကို ကျင်းပပြုလုပ်ကြသည်။ ယင်းအခမ်း အနားထဲတွင် နာမည်ပေး အခမ်းအနား၊ စလွယ်ချည်ကြိုးသိုင်း အခမ်းအနား၊ လက်ထပ်မင်္ဂလာအခမ်းအနား စသည်တို့ ပါဝင်သည်။ နှစ်စဉ် ကျင်းပသည့် အယူဝါဒရေးရာ ပွဲသဘင်များလည်း ရှိသည်။ ယင်းပွဲသဘင်များအနက် သီတင်းကျွတ်လကွယ်နေ့၌ ကျင်းပသော ဒီပါဝါလီ(ဒီဝါလီ)၊ သို့မဟုတ် ဒီပါဝလီခေါ် မီးထွန်းပွဲသည် ထင်ရှားသော ပွဲသဘင်တစ်ခု ဖြစ်သည်။ ဒီဝါလီပွဲသည် လက္ခမီနတ်သမီးကို ပူဇော်သည့် ပွဲသဘင် ဖြစ်သည်။

မြို့ပြများ၌လည်းကောင်း၊ ကျေးရွာများ၌လည်းကောင်း ဟိန္ဒူဘုရားကျောင်းများ အများအပြား ရှိလေသည်။

ကျမ်းစာများ

ဟိန္ဒူအယူဝါဒ၌ သက္ကတဘာသာဖြင့် ရေးသားထားသည့် ဓမ္မကျမ်းဂန်များ ရှိလေသည်။ ဟိန္ဒူလူမျိုးတို့သည် ယင်းကျမ်းဂန်များအနက် ဝေဒကျမ်းများကို ဘုရားသခင်၏ မုခပါဌ်ဟု ယူဆပြီးလျှင် အထူးသဖြင့် လေးစား မြတ်နိုးကြသည်။ ဝေဒသည် ရိဂ်ဝေဒ၊ ယဇုဝေဒ၊ သာမဝေဒ၊ အထဗ္ဗဝေဒဟူ၍ လေးမျိုး ပြားသည်။ ယင်းလေးမျိုးအနက် ရိဂ်ဝေဒသည် ရှေးအကျဆုံးလည်း ဖြစ်သည်။ အရေးအကြီးဆုံးလည်း ဖြစ်သည်။ ဝေဒကျမ်းများ၌ သံဟိတာ၊ ဗြာဟ္မဏ၊ အာရညက၊ ဥပနိသျှဒ်ဟူ၍လည်း အပိုင်းလေးပိုင်း ခွဲခြားထားသည်။ ဝေဒကျမ်းများအပြင် ပုရာဏ်ကျမ်းများ၊ မဟာကဗျာကျမ်းများလည်း ရှိသည်။ ရာမယဏနှင့် မဟာဘာရတသည် ဟိန္ဒူအယူဝါဒနှင့် စာပေလောက၌ ထင်ရှားကျော်ကြားသော မဟာကဗျာကျမ်းကြီးနှစ်စောင် ဖြစ်သည်။ ရာမယဏကို ဝါလမိကိ(ဝမ္မိကိ)ရသေ့က ရေးသားထားပြီးလျှင် မဟာဘာရတကို ဗျာသရသေ့ ရေးသားသည်။ ရာမာယဏ၌ အယုဒ္ဓယပြည့်ရှင် ဘုရင်ဒသရထ၏ သားတော် ရာမအကြောင်းကို သက္ကတဘာသာ ကဗျာအဖွဲ့ဖြင့် ရေးသားထားသည်။ မဟာဘာရတ၌ကား ဓတရဋ္ဌ၏ သားတော်တစ်ရာနှင့် ပဏ္ဍု၏သားတော် ငါးပါးတို့၏ စစ်ပွဲအကြောင်းကို ရေးသားဖွဲ့ဆိုထားလေသည်။ မဟာဘာရတ၌ ဟိန္ဒူအယူဝါဒ၏ အမြင့်မြတ်ဆုံး ပိဋကတ်တစ်ခုအနေဖြင့် လေးစားမြတ်နိုးအပ်သည့် ဘဂဝဒ်ဂီသာကျမ်း (Bhagavad Gita) လည်း ပါရှိလေသည်။

ဘဂဝဒ်ဂီသာကျမ်း (Bhagavad Gita)

ဘဂဝဒ်ဂီသာကျမ်းကို ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ကျမ်းဟု ဆိုကြသည်။ ဘဂဝဒ်ဂီသာကျမ်းကို ဥပနီသျှဒ် ကျမ်းတို့၏ အနှစ်သာရ အဖြစ် ဂီသိုးပနီသျှဒ် ဟုလည်း ခေါ်သည်။ ဘဂဝဒ်ဂီသာကျမ်းကို ဘုရားရှင် ကရိသ်ျှဏ က ဘီစီ ၃၅၃၄ ခန့်က ကူရူသျှေသရ ဟူသော စစ်မြေပြင်တွင် မိမိတာဝန်ကို သံယောဇဉ်ကြောင့် ထမ်းဆောင်ရန်  ချီတုံချတုံ ဖြစ်နေသော စစ်ဗိုလ်ချုပ်ကြီး အရ်ဂျုန မူတည်ထားပြီး လောကလူသား အားလုံး အတွက် ဟောကြားခဲ့သော ကျမ်းဖြစ်သည်။ ဘဂဝဒ်ဂီသာကျမ်းသည် ဘာသာတစ်ခု လူမျိုး တစ်မျိုး အတွက် မဟုတ်ဘဲ လူသားအားလုံး အတွက် ကျမ်းဖြစ်သည်။

ဘဂဝဒ်ဂီသာကျမ်းသည် ပါဒပေါင်း ၇၀၀ ရှိပြီး ယင်းကို အခန်း ၁၈ ခန်း ဖြင့် ပိုင်းခြားထားသည်။ ဘဂဝဒ်ဂီသာကျမ်း တွင် အောက်ပါ အကြောင်းတရား ငါးပါး ကို ဆွေးနွေးထားပေသည်။

ဘုရား ( ဣသျွှရ)

လောကတွင် ဘုရားရှိသလား၊ ဘုရားသည် သက်ရှိထင်ရှား ရှိသလား၊ ဘုရားရှင်၏ ဂုဏ်တော် များကား အဘယ်နည်း၊ ဘုရားရှင်နှင့် သက်ရှိတို့အကြား မည်သို့ ဆက်စပ်မှု ရှိသနည်း။ ဘုရားကို ဆုတောင်လျှင် ရသလား၊ ဘုရားရှင်အား ဆွမ်းပန်းရေချမ်း၊ ဆီမီး စသည်တို့ ဆက်ကပ်လျှင် အကျိုးရှိမရှိ၊ သံသရာမှ လွတ်မြောက်ခြင်း တွင် ဘုရားရှင်၏ အကူအညီ လို မလို၊ ဘုရားရှင်သည် ကိုးကွယ်ရုံသက်သက်လော။ သို့မဟုတ် ဘုရားရှင်သည် ချစ်မြတ်နိုးရသော ပုဂ္ဂိုလ်လော စသည့် အကြောင်းအရာ ပေါင်းများစွာကို ဆွေးနွေးထားသည်။

သက်ရှိ (ဇီဝ)

သက်ရှိ ဆိုသည်မှာ မိမိဖြစ်သည်။ ထိုမိမိသည် ရုပ်ခန္ဓာကိုယ်လော။ စိတ်လော၊သို့မဟုတ် ရုပ်နှင့် နာမ်လွန်ရာ ဖြစ်သလော၊ လူတစ်ယောက် သေဆုံးသည် ဆိုပါက မည်သူ သေဆုံးသနည်း ၊ နောင်ဘ၀ ကူးသည် ဟုပြောသော အခါ မည်သူက ကူးသနည်း။ ခန္ဓာကိုယ် စဉ်ဆက်မပြတ် ပြောင်းလဲနေသော်လည်း မိ်မိဟု သိနေသော မပြောင်းလဲသည့် အရာသည် မည်သူနည်း။ ထိုသက်ရှိသည် မည်သူနည်း။ ဘုရားရှင် နှင့် ဆက်စပ်မှု ရှိပါသလား။ သံသရာမှ လွတ်မြောက်သော အခါ သက်ရှိသည် ဘယ်ကို ရောက်သွားသနည်း။ စသော လေးနက်သည့် အကြောင်းအရာ များကို ဆွေးနွေး ထားပေသည်။

ပ်ရ ကရိသီး ( သဘာဝတရား)

ရုပ်လောက သဘာဝတရား ဆိုသည် မှာ အဘယ်နည်း ၊ ယင်းသည် အသက်ရှိလော၊ အသက်မဲ့လော။ စကြဝဠာ ၏ ဆန်းကြယ်မှု အားလုံးသည် သူ့ ဖာသာ တိုက်ဆိုင်ပြီး ဖြစ်ပေါ်လာသည်လား။ သဘာဝတရား ၏ မှန်ကန် တိကျသော ဖြစ်စဉ်များအပေါ်တွင် သက်ရှိ၏ လွှမ်းမိုးမှု ရှိသည်လား။ ခြောက်ပေ ပင် မပြည့်သော၊ သက်တမ်း ၁၀၀ ပင်မရှိသော  လူသားများက အလွန်ကြီးမားသော လေယာဉ်ပျံများ ဂြိုလ်တုများ ကွန်ပြုတာများ စမတ်ဖုံးများ ကို ထွင်နိုင်သည် ဟုဆိုလျှင် လူထက် အဆ ၁၀၀ ကြီးသော ၊ အသိဥာဏ် အဆ ၁၀၀ များသော အခြားသတ္တဝါများ စကြဝဠာ တွင် မရှိနိုင်ပြီလော၊ လူ့ထက် အဆပေါင်း မှန်းဆ၍ မရနိုင်သော ဘုရား သည် စကြဝဠာကို ထိန်းချုပ်နိုင်ဟု ဆိုလျှင် ဖြစ်နိုင်ပါမည် လော။ စသည့် မေးခွန်းပေါင်းများစွာ ၏ အဖြေကို လည်း သိရမည် ဖြစ်သည်။

ကာလ ( အချိန်)

ဘဂဝဒ်ဂီသာကျမ်းတွင် နောက်ထပ်ဆွေးနွေးထားသည့် အကြောင်းအရာ သည် အချိန် ဖြစ်သည်။ ထို အချိန်ကို ကာလ်ဟု ဖေါ်ပြသည်။ အချိန်သည့် ဘယ်က စခဲ့သနည်း ။ ဘယ်မှာ ဆုံးမည်နည်း။ စကြဝဠာ အချိန်၊ လူ့အချိန် ၊ နတ်အချိန် ၊ တိရစ္ဆာတို့၏ အချိန် စသည်တို့အကြား မည်မျှ ခြားနားသနည်း။ စကြဝဠာ၏ သက်တမ်းနှင့် လူ့သက်တမ်း၊ အချိန်မရှိသော နေရာ။ လူ့ဘ၀၏ အရေးကြီးဆုံး အချိန်သည် မည်သည့် အချိန် ဖြစ်မည်နည်း။ အဘယ့်ကြောင့်နည်း။ စသည့် အကြောင်းအရာများကို တွေ့ရမည် ဖြစ်သည်။

ကရ်မ ( ကံနှင့် ကံ၏အကျိုး)

ကံနှင့် ကံအကျိုး သည် မည်သို့ စတင်ဖြစ်ပေါ်လာသနည်း။ ကောင်းသော ကံနှင့် မကောင်းသော ကံ အကြောင်း၊ ကံသုံးမျိုး ကရ်မ၊ ဝိကရ်မ နှင့် အကရ်မ ဆိုသည်မှာ အဘယ်နည်း ။အလုပ်လုပ်သော်လည်း အလုပ်မမြောက်သော အလုပ် ဆိုသည်မှာ အဘယ်နည်း။ ကံနှင့် ကံ၏ အကျိုးမှ ကင်းသွားနိုင်သော နည်းလမ်းများ ရှိပါသလား။ ညံ့နေသော ကံကို ကောင်းအောင် လုပ်နိုင်ပါသလား။ ဘုရားရှင် အားကိုးကွယ်ဆည်း ကပ်ခြင်းဖြင့် ကံနှင့် ကံ၏ အကျိူးမှ လုံး၀ ကင်းပြတ်သွားပြီး သံသရာမှ လွတ်နိုင်သလား။ ကောင်းမှု လုပ်ရုံဖြင့် သံသရာမှ လွတ်မြောက်မည်လား။ စသည့် အကြောင်းအရာ များစွာကို တွေ့ရှိရမည် ဖြစ်သည်။  ( အသေးစိတ် သိရှိဖတ်ရှုလိုပါက အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏ အနုဿတိ အသင်း (မြန်မာနိုင်ငံ) ISKCON (Myanmar) မှ ထုတ်ဝေထားသော ဘဂဝဒ်ဂီသာကျမ်း(မြန်မာပြန်) ကို ဖတ်ရှု လေ့လာ နိုင်ပါသည်)

အခြေခံ ယုံကြည်ချက်များ

ကမ္ဘာလောကနှင့် သတ္တဝါများကို ဗြရ်မာက ဖန်ဆင်းသည်။ ဗစ်သျှနူးဘုရားက ကာကွယ်စောင့်ရှောက်သည်။ ရှီဗားဘုရားက ဖျက်သိမ်းခြင်းအမှုပြုသည်။ ဗြရ်မာ၏ ကြင်ယာတော်ဟာ ဆွရဆွတီး၊ ဗစ်သျှနူး၏ ကြင်ယာတော်က လက္ချမီး၊ ရှီဗား၏ ကြင်ယာတော်က ပါရ်းဗတီး အသီးသီးတို့ဖြစ်ကြသည်။ အကုသိုလ်စိတ်အညစ်အကြေးတွေ စင်ကြယ်သွားစေရန် ဂင်္ဂါမြစ် အတွင်း၌ ရေချိုးကြ၏။ ဂင်္ဂါမြစ်သည် ဟိမဝန္တာကေလာရှ့် တောင်ထိပ်တွင် စျာန်သမာပတ်ဝင်စားနေ​ေသာ ရှီဗားဘုရားရှင်၏ ဆံထုံးမှစ၍ စီးဆင်းလာသောကြောင့် မြတ်သောမြစ် ဖြစ်၏။ ထိုကြောင့် ဂင်္ဂါမြစ်၌ ရေချိုးလျှင် ကိလေသာ စင်ကြယ်၏။ ယောဂ ခေါ်သည့် သမထအလုပ်ကို အားထုတ်ခြင်းဖြင့်လည်း ကိလေသာကို စင်ကြယ်စေ၏။ ယောဂ အကျင့်၏ စွမ်းအားဖြင့် ကိလေသာတွေ စင်ကြယ်သွားသောအခါ ရုပ်နာမ်တရား ဖြူစင် တောက်ပြောင်လားပြီးလျှင် သံသရာမှ လွတ်မြောက်၍ ပရမတ္တနှင့် ပြန်လည်ပေါင်းဆုံမိကာ မောက္ခ(နိဗ္ဗာန်)ကို ရသွား၏။

ရှေးကနှင့်မတူတော့

ဝေဒကျမ်းများ၌ အခြေခံခဲ့သော ဟိန္ဒူ=ဗြဟ္မဏ ဘာသာသည် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရသဖြင့် ယခုခေတ် ဟိန္ဒူတို့ ယုံကြည်ကိုးကွယ်သော ဟိန္ဒူဘာသာသည် ဝေဒခေတ် ဘာသာတရားနှင့် အတော်ကြီး ခြားနားနေပြီ ဖြစ်၏။ ဝေဒခေတ်၌ ဣန္ဒြ၊ အဂ္ဂနိ၊ ၀ရုဏ စသော နတ်တို့အား ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းကို အလေးပေးထားသော်လည်း ဥပနိသျှဒ် စသော နောက်ပေါ် ဘာသာရေးကျမ်းများက ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းသည် အရေးမကြီး။ ဗြဟ္မာ=အတ္တကို မြင်အောင် ကြည့်နိုင်ဖို့သာ အရေးကြီးကြောင်း၊ ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်း၊ ယဇ်သီချင်း ဆိုခြင်းဖြင့် မွန်မြတ်လှသော အတ္တကို မတွေ့နိုင် မမြင်နိုင်ကြောင်း ဖော်ပြကြ၏။


တစ်ဆူတည်းမှ ကိုယ်ပွါးသုံးဆူ

ဝေဒကျမ်းများ၌ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့သည် အလွန်ကြီး အရေးမပါကြ။ တလုံးတစည်းတည်းလည်း မဟုတ်ကြပေ။ ခရစ်ပေါ်ပြီးနောက် နှစ်ပေါင်း၄၀၀ခန့်၌ ပေါ်ထွန်းလာသော ဂုတ္တမင်းဆက် မှစ၍ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့ကို တလုံးတစည်းတည်း ပေါင်းစည်း ကိုးကွယ်လာရုံမျှမက တစ်ဆူတည်းသော တန်ခိုးရှင် ဘုရားကြီး၏ ကိုယ်ပွါးသုံးဆူ ဟုပင် ယုံကြည်လာကြ၏။ လက်ဦးတွင် ဖန်ဆင်းရှင် ဗြဟ္မာကို ပို၍ အလေးအမြတ်ထားရာမှ ခေတ်အဆက်ဆက် ဖြတ်သန်းလာရာက တဖြည်းဖြည်း ဗြဟ္မာ၏ အခန်းကဏ္ဍ မှေးမှိန်လာကာ ဗိဿနိုးကို အမြတ်ဆုံး ကိုးကွယ်လာကြ၏။ ရာမာယနကျမ်း ပေါ်လာပြီး နောက်၌မူ ဗိဿနိုးသည် လူ့လောက အတွင်းသို့ ဘုရားဝင်စား အဖြစ် အသွင်အမျိုးမျိုးဖြင့် ဝင်ကာ လောကအကျိုးကို ဆောင်လာသည်အထိ ယုံကြည်ကြ၏။


("Hindu ဘာသာနှင့် လူတန်းစား၄ရပ် (ဇာတ်စနစ်၄ပါး)...အကြောင်းပြည့်စုံစွာ .................ရေးသားသူ Mg Thi Ha Aung .Sumit


Bhagavat Gita အပါဝင်ကျမ်းစာများအရ လူတန်းစား၄ရပ် ပေါ်ပေါက်လာပုံ ××××××××××××××××××

     အရာခပ်သိမ်းသည် ဘုရားမြတ်ထံမှ ပဋိသေန္ဓယူသည်ll အရာခပ်သိမ်း ဘုရားမြတ်ကြောင့်တည်ရှိပြီး အရာခပ်သိမ်းပျက်သုံးက ဘုရားမြတ်ထံသာခိုနားရလေသည် ll 
       ဘုရားရှင်သည် လေးမည်သော လူတန်းစားများ ဖန်တီးတော်မူသည် 

ကောင်းမြတ်သောဂုဏ် ဂုရု အာရ်ကျရ်ယ ဖြစ်သောကြောင့် Brahmanအားပါးစပ်တော်မှ ဖန်ဆင်းတော်မူသည် ll ဒုတိယမှာ ကာကွယ်ထိန်းသိမ်းရသည့်တာဝန်ရယူသူ ရမ္မဂုဏ်၌တည်ရှိသော kshatriyas များအား လက်မောင်းတော်မှဖန်ဆင်းတော်မူသည်llတတိယမှာ အဝိဇ္ဇာဂုဏ်နှင့် ရမ္မက်ဂုဏ်ရောနှောနေသော ကုန်သည်Vaishyas များအားဗိုက်တော်မှဖန်ဆင်းတော်မူသည် ll စတုတ္ထမှာ အဝိဇ္ဇာဂုဏ် ရှိသော Shudras များအား ဘုရားရှင် ပဒုမ္မာခြေတော်မှအသီးသီးဖန်ဆင်းလေသည်ll အကိုးကား..👇👇👇👇 (Bhagavat gita. Chapter 4,sholak 14) (Rig veda,Bhagavatam )

လူတန်းစားလေးရပ်မှာ ခွဲခြားဖိနှိပ်ဖို့လိုအပ်လား ××××××××××××××××××××××××

       လူတန်းစားလေးရပ်ဟာ ဘုရားရှင် ခြေတော်မှဖြစ်လို့ ပါးစပ်တော်မှဖြစ်လို့စသဖြင့် ခွဲခြားဖို့မလိုပါ   ဘုရားရှင်အားဖူးမြော်ပါကလည်း မျက်နှာအားတည့်တည့်မဖူးမြော်ရပဲ ပဒုမ္မာခြေတော်မှ စတင်အထက်သို့ အပေါ်တဖြေးဖြေး ဖူးမြော်ရပါတယ်   ဘုရားရှင်ခန္ဓာက အန္တမင်္ဂလာတွေထုတ်ပေးနေသော ပ်ရမတ် ကြီးပါ  ဒီတော့ဘုရားရှင်အဖို့  အစိပ်ပိုင်းမှန်သမျှဟာအမြင့်မြတ်ဆုံးဟူသည် နှိုင်း၍ပင်မရပါ   အကယ်၍ လူတန်းစား၄ရပ်ကိုဖိနှိပ်နေသူရှိလျှင်ထိုသူဟာ   ဘုရားရှင်ခန္ဓာတော်အား အကန့်သတ်ဖြင့် ဖိနှိပ်နေသူသာလို့ မှတ်ယူ၍ရနိုင်ပါတယ် ll

(Rig veda 5.59.6)မှာလည်း လူဆိုတာအယုတ်အလတ်အနိမ့်အမြင့် မရှိဘူး မိမိကြိုးစားမှုကြောင့်သာမိမိ မောက္ခရောက်နိုင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်ll

(Bhagavat gita chapter 18,shlok41) မှာလည်း လူတန်းစား၄ရပ်မှာ သဘာဝတရား၏ဂုဏ်များနှင့်လိုက်လျောညီထွေစွာ ရရှိထားသောမိမိပင်ကိုယ် အရည်ချင်းများအပေါ်သတ်မှတ်မူတည် ခွဲခြားထားခြင်းဖြစ်ပါသည်လို့ဖော်ပြထားပါတယ်ll

(Bhagavat gita chapter 9.sholak32)မှာ အို ပရိဿ၏သားတော် အမျိုးသမီးများ လူတန်းစား၄ရပ် တို့သည် ဇာတိအရနိမ့်ကျသူများဖြစ်စေ ငါဘုရားထံခိုလှုံပါက ၎င်းတို့သည် အနှိုင်းမဲ့ပန်းတိုင်သို့ရောက်မည်ဟု ဟောကြားထားပါတယ်ခင်ဗျာll

(Rig veda 10.10.11-12 ,yajur veda 31.10-11, Atharvaveda 19.6.5-6) တို့မှာလည်း မနုဓမ္မသတ်ကျမ်းသည် မွေးဖွားခြင်းအပေါ်အခြေခံသည့်အယူစနစ်ပင်မရှိသောခေတ်မှစတင်ခဲ့ပြီး manu ဓမ္မသတ်ဟာလည်း မွေးဖွားခြင်းအပေါ်အခြေခံသည့် မျိူးနွယ်အယူစအားလည်းလက်မခံပေ manu ဘုရင်သည်လည်း veda ရဲ့လှုံဆော်မှုရယူထားသူပီပီ မွေးဖွားခြင်းမှစမျိုးရိုး​ဖြစ်တည်ခြင်းကိုလက်မခံကြောင်း ပြသထားခဲ့သည်ll

ဘုရားရှင်ဟာ ဘဂဝတ်ဂီသာမှာ ခွဲခြားမှုမရှိဖို့ ဒီလိုဟောကြားထားပါသေးတယ် (chapter.5 sholak 18)အရ မာန်မာနကင်းသောသူတော်စဥ်သည် စစ်မှန်သောဥာဏ်ပညာကြောင့်ပညာရှိ၍ ယဥ်ကျေးသိမ်မွေ့သော ဗြဟ္မဏ၁ဦးlနွား၁ကောင်lဆင်၁ကောင်lခွေး၁ကောင်နှင့်ခွေးသားစားသော ကျန္ဓာလတို့အား သမာသဘာဝတူညီစွာမြင်သည်ll (bhagavat Gita . Chapter 10.sholak 20)မှာလည်း ခပ်သိမ်းအပေါင်း အစ အဆုံး အလယ် အရာရာသည် ငါဘုရားကိုယ်တိုင်ပင်ဖြစ်တယ်လို့ဟောကြားထားပါတယ်ll

 လူတန်းစား၄ရပ်တဲ့ လုပ်ဆောင်မှုများ

×××××××××××××××××××××××

     လူတန်းစား၄ရပ်ဟာ သူ့နေရာနဲ့သူအကျိုးကိုပြုနေပါတယ်
      ဘုရားရှင်ပါးစပ်၌ဖန်ဆင်းခံရသော Brahman များဟာ လောကီလောကုတ္တရာသင်ဆရာမြင်ဆရာကြားဆရာများဖြစ်ပြီး သြဝါဒများ ဓမ္မနှင့်အညီနေထိုင်စေရန်များ သင်ကြားပြသသောဆရာဖြစ်သဖြင့်  ၎င်းတို့တို့သင်ကြားမှုလက်ခံထားသူတို့ဟာ ပညာဝမ်း နှင့်  လက်တွေ့ဘဝမှာလည်းအစာဝမ်း ပြည့်တင်းနိုင်ပါသည်ll
       လက်ရုံးတော်မှဖန်ဆင်းခံရသောkshatriyas များဟာ ကာကွယ်စောင့်ရှောက်ခြင်း အပိုင်းကိုတာဝန်ကို ယူဆောင်ထားရပါသည်၎င်းတို့ဟာ လူသားများ lနိုင်ငံတော် များကိုကာကွယ်ပေးမှုကြောင့် ကျွန်တော်တို့အသက်ရှင်ရပ်တည်နိုင်ကာ လောကုတ္တရာတရားများကို ကျင့်ကျံပေါက်ရောက်နိုင်ပါသည်ll
       ဗိုက်တော်မှ ဖန်ဆင်းခံရတော်မူသော vaishyas များဟာ ကျွန်တော်တို့စားသုံးဖို့ အစားစာများ အသုံးဆောင်များ လဲလှယ် ရောင်းချပေးပြီး နိုင်ငံတော်ဘဏ္ဍာနှင့် ရန်းနှီးမြုပ်နှံပြီး ပြည်သူများဘဝတိုးတက်စေဖို့ဆောင်ရွက်ပေးသူများဖြစ်ပါတယ် ll
      ခြေတော်မှဖန်ဆင်းခံရတော်မူသောshudars များမှာမူ  ရွှံ့lဗွက်lနွံ တွင်းဆင်းသက်အပင်ပန်းခံကာ လူသားများရပ်တည်မှုပေါ် အင်မတန်အပင်ပန်းခံ ကြိုးစားအားထုတ်သူများဖြစ်သည် ll

(Sama veda, Rig veda)

     ဘုရားရှင်ခန္ဓာမှာ ပွင့်ထွန်းလာပြီး၎င်းတို့လုပ်ရပ်နှင့်ဆက်စပ်မှုနှင့်  အကျိုးအရာများ

××××××××××××××××××××××××××××××

      ကြည့်ပါ...
            Brahman ဟာ ပါးစပ်တော်မှ ပွင့်ထွန်းလာပြီး  ကျွန်တော်တို့ကို အပြောအဆို ယဥ်ကျေးမှု စသည်ဖြင့် သင်ကြားပေးကာ လူသားများ ပညာဝမ်းပြည့်တင်းအောင် ပညာကျွေးသူများပင်ဖြစ်သည် ထို့ကြောင့် ပါးစပ်နှင့် နှိုင်းယှဥ်ထားသည်ကားမဟုတ်ပါလောll   ထိုသူများမရှိက လူသားတွေအသိဥာဏ်ပင်မဲ့မှာဖြစ်ပါတယ်ll
          Kshatriyas များဟာ လက်ရုံးတော်မှပွင့်လာပြီးကာကွယ်မှုအပိုင်းတာဝန်ယူထားလေသည်  ကျွန်တော်တို့ဟာ မိမိကိုတိုက်ခံလာလျှင် မိမိလက်ဖြင့်ခုခံသကဲ့သို့ ထိုမျိုးနွယ်များဟာလည်းနိုင်ငံတော်ရဲ့လက်မောင်းများ ပင်ဖြစ်ပါတော့သည် ll ထိုသူများမရှိပါက ကာကွယ်မှုအားမရှိကာ   ပြဿနာများကြုံရပါလိမ့်မည်ll
          Vaishyas များဟာဝမ်းဗိုက်နေရာမှပွင့်လာပြီးအစာတည်ရှိသောဝမ်းဗိုက်တာဝန်ယူထားသူပီပီ    အစားစာတွက်ကုန်သွယ်ပေးမှုကိုလုပ်ဆောင်ပေးသည်   llထိုသူများမရှိပါက  လူသားများ စားချင်သည်များမစားရက အာဟာရချို့တဲ့ကာနောက်ဆုံးအသက်ပါဆုံးရှုံးနိုင်ပါသည်ll
           Shudras များဟာ  ပဒုမ္မာခြေတော်မှဖန်ဆင်းခံသည့်မျိုးနွယ်ဖြစ်ပြီး   လူသားဘဝရပ်တည်ဖို့အတွက် အောက်ခြေ ဖောင်ဒေးရှင်း များသာဖြစ်ပါတယ် llထိုသူများမရှိပါကလည်း လောကကြီးဟာညစ်ပတ်မှုအပေါင်းခငြောင်းဟာ လူတန်စား၄ရပ်လုံးမနေသင့်ဖွယ်နေရာဖြစ်လာနိုင်ပါသည်ll   indiaကဗျာဆရာ ဘုန်းတော်ကြီးများဟာလည်း   Shudras မျိုးရိုးကို  ဆွယံန်းစေဝက်သ်(ကိုယ့်ထူးကိုယ်ချွန်)ဟုခေါ်ဆိုပြီး  လူတန်းစားလေးရပ် ရပ်တည်ဖို့ အခြေခံနေရာပင်ဖြစ်ပါသည် ဟု ချီးကျုးဂုဏ်ပြုကြပါသည် ll ယခင် ရာစုများအတွင်း လူများဟာ ဘုရားစကားနားမထောင်ပဲ Shudras များပိုနှိမ့်ချခဲ့သည်များရှိပါသည် အမှန်မှာ ထိုသို့နှိမ့်ချသူများလည်း  shudras များ ရဲ့ကူညီမှုရယူထားသူပါပဲ ll
############################

အပင်နှင့်တိရိစ္ဆာန် များတွင်လည်း ကျမ်းစာများအရ မျိုးနွယ်စနစ်များရှိသလား ×××××××××××××××××××

      ကျမ်းစာများအရ အပင်ဟာလည်းအသတ်ရှိသဖြင့် မျိုးနွယ်ဇာတ်များရှိပါသည် 

Brahmanမျိုးနွယ်အပင်များဟာ Tulasi lညောင်ပင်l နံ့သာဖြူပင် etc...စသည်တို့ဖြစ်ကြသည် ll

   Kshatriyas မျိုးနွယ်အပင်များဟာ ကျွန်းl နံ့သာနီl ဝါဂွမ်း etc...အပင်တို့ဖြစ်ကြသည်ll
   Vaishyas မျိုးနွယ်အပင်များဟာ  သရက်ပင်lတောင်သလဲသီးပင်l ပိန္နဲပင်တို့ဖြစ်ကြသည်ll
   Shudras မျိုးနွယ်အပင်များမှာမူ 
ဓနိ အပင် etc...စသည်တို့ဖြစ်ကြသည်ll
  တိရိစ္ဆာန်များတွင်လည်း

Brahman မျိုးနွယ်တိရိစ္ဆာန်များမှာ ဆိတ် etc... Kshatriyas မျိုးနွယ်တိရိစ္ဆာန်များမှာ ခြင်္သေ့ lကျားlကျားသစ် etc... Vaishyas မျိုးနွယ်တိရိစ္ဆာန်များမှာ နွားlကျွဲ etc... Shudras မျိုးနွယ်တိရိစ္ဆာန်များမှာ မြင်းlကုလားအုတ် etc... တို့ဖြစ်ကြောင်း (ဥပနိသျှဒ်များမှာဖော်ပြထားပါသည်)

ကျမ်းစာအရ Davata များမှာလည်း မျိုးနွယ်၄မျိုးရှိပါသေးတယ်

    Sanatသ် kumarရ်တို့သည် brahman မျိုးနွယ်........ 
     Indra(သကြားမင်း)lvaruna (ဝါရုဏ)နှင့် Rudra တို့သည် Kshatriyas.........
     Ganesh(ဂနေရှ့်ဘုရား)နှင့် vasu dev တို့သည် vaishyas.........
     Puu shar dava သည် Shudras ...စသည်တို့ပင်ဖြစ်ပါသည်ll
   (အကိုးကားprasna Upanishads,Bhagavatam)
   သိပ္ပံနည်းကျ အမြင်
၁၆:၁၆၊ ၁၂ ဒီဇင်ဘာ ၂၀၂၀ (UTC) ၁၆:၁၆၊ ၁၂ ဒီဇင်ဘာ ၂၀၂၀ (UTC)69.160.26.228  ၁၆:၁၆၊ ၁၂ ဒီဇင်ဘာ ၂၀၂၀ (UTC)
         အမျိုးနွယ်၄ခုဟာ သူ့နေရာနဲ့သူအသုံးဝင်အကျိုးပြုသော ကဏ္ဍမှပါဝင်လေသည်    ပုံစံအကျိုးပြုမှုမတူသော်လည်း   အကျုံးဝင်မှု အားထုတ်မှု ကိုယ်ကျိုးမငဲ့သည်များကြောင့် ထပ်တူညီသဖြင့်  အခွင့်ရေးမျှမျှတတရှိသဖြင့် ဤ စနစ်ကား သိပ္ပံနည်းကျအမြင်ဖြစ်သည် ll

(America သိပ္ပံပညာရှင်များအချို့အဆို)

မနုဓမ္မသတ်ကျမ်းအရလဲ လူဆိုတာမွေးမွေးချင်းShudras အနွယ်ပဲမိမိလုပ်ရပ်ကြောင့် သာ​အမျိုးနွယ်ပြောင်းလဲနိုင်တယ် စိတ်ဓာတ်အင်မတန်ယုတ်ညံ့ ရိုင်းဆိုင်းနေသူသည်လည်း စဏ္ဍာလ ခွေးသားစား အနွယ်ဝင်အဖြစ်သို့ရောက်ရှိသွားနိုင်သလို Brahman လိုစိတ်ထားနူးညံ့ပြေပြစ် ဓမ္မနဲ့အညီနေထိုင်သူဟာလည်း Brahman အနွယ်ဖြစ်နိုင်ကြောင်း ကျမ်းစာများကအတိအလင်းပြသထားပါတယ်ll )

ဘုရားဝင်စား အဝတာရများ

ဗစ်သျှနူး ဘုရား ဝင်စားသော ဘုရားဝင်စား=အဝတာရ ၉ဆူရှိ၏။ တစ်ဆူမှာ ရာမ်း ဖြစ်၏။ ဂေါတမဗုဒ္ဓ ကိုလည်း နဝမ အဝတာရဖြစ်၏။

မပြောင်းလဲသေးသော တရား

ဝေဒခေတ်မှ အခြေခံခဲ့သော ဘာသာရေး အယူအဆ အများအပြား ပြောင်းလဲခဲ့သော်လည်း ထိုခေတ်မှစ၍ ယနေ့ထိ မပြောင်းလဲသေးသော အယူအဆ တစ်ခုကား ရှိပါသေးသည်။ ယင်းမှာ ဇာတ်ဝါဒပင်ဖြစ်၏။ ဤ အမျိုးဇာတ် အနိမ့်အမြင့် ခွဲခြားသည့် ဝါဒသည် ဗြဟ္မဏ=ဟိန္ဒူဘာသာမှတပါး တခြားမည်သည့် ဘာသာတရားမှာမျှ မရှိပေ။ ဤဇာတ် ခွဲခြားရေးဝါဒမှာ ဟိန္ဒူဘာသာ၏ ထူခြားသော လက္ခဏာတစ်ရပ် ဖြစ်ပေသည်။ ဝေဒကျမ်းများ၌ လူကို ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒ ဟု အမျိုးဇာတ် လေးပါး ခွဲခြားထား၏။ ဗြဟ္မဏ=ပုဏ္ဏားမျိုးသည် ဗြဟ္မာ၏ ခံတွင်းမှ ဖွား၍ အမြတ်ဆုံး ဖြစ်သည်ဟုဆို၏။ ခတ္တိယ=မင်းမျိုးသည် လက်မောင်းမှ ဖွား၏။ ဝေဿ=ကုန်သည် လယ်လုပ်မျိုးသည် ပေါင်မှ ဖွား၏။ သုဒ္ဒ=အမှိုက်သိမ်းသမား ဖိနပ်ချုပ်သမား စသော လူဆင်းရဲမျိုးသည် ဗြဟ္မာ၏ ခြေဖဝါးမှ ဖွားသောကြောင့် အနိမ့်ဆုံး အယုတ်ဆုံး ဇာတ် ဖြစ်သည်ဟု ဆို၏။ ဇာတ်မြင့်သူက နိမ့်သူကို နှိမ်၏။ အထင်သေး၏။ လူမှုဆက်ဆံရေး ဘာတစ်ခုမှ မလုပ်။ ဇာတ်နိမ့်သူကို မြင်တွေ့နေရတာသည်ပင် အမင်္ဂလာကြီး ဖြစ်နေ၏။ သူတောင်းစား မာတင်္ဂကို မြင်ရ၍ ဒိဌမင်္ဂလိကာ အမင်္ဂလာ ဖြစ်သွားသဖြင့် ခေါင်းလျှော်ပစ်၊ ရေချိုးပစ်ကာ မင်္ဂလာသစ် တင်လိုက်ရ၏။ ယခုခေတ်တွင်မူ ဇာတ် ၄ မျိုး မကတော့ဘဲ အမျိုးဇာတ်ပေါင်း ၂၀၀၀ခန့် ရှိနေပြီဟု သိရသည်။ မထိကောင်းသော ဇာတ်မဲ့များလည်း ရှိသေးသည်။ ဤဇာတ်မဲ့တို့ကို ဇာတ်ရှိ ဇာတ်မြင့်တို့က မတော်တဆ ထိမိလျှင် ထိမိသူမှာ သနသွားသည်ဟု ယုံကြည်ကြသည်။

ကိုးကား

  1. Kurien, Prema (2006). "Multiculturalism and American Religion: The Case of Hindu Indian Americans". Social Forces 85 (2): 723–741. Johns Hopkins University Press. doi:10.1353/sof.2007.0015. 
  2. FL Bakker (1997). "Balinese Hinduism and the Indonesian State: Recent Developments". Bijdragen tot de Taal-, Land- en Volkenkunde Deel 153, 1ste Afl.: 15–41. Brill.