ဧရာဝတီတိုင်းဒေသကြီး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
→‎ဧရာဝတီတိုင်းဒေသကြီး: လင့်ခ်များပေါင်းထည့်ခဲ့သည်
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၇၃ - စာကြောင်း ၇၃ -
| blank_name_sec2 = HDI (၂၀၁၇)
| blank_name_sec2 = HDI (၂၀၁၇)
| blank_info_sec2 = 0.530<ref name="GlobalDataLab">{{Cite web|url=https://hdi.globaldatalab.org/areadata/shdi/|title=Sub-national HDI - Area Database - Global Data Lab|website=hdi.globaldatalab.org|language=en|access-date=2018-09-13}}</ref><br/>{{color|#900|နိမ့်}} · ဧကဒသမ
| blank_info_sec2 = 0.530<ref name="GlobalDataLab">{{Cite web|url=https://hdi.globaldatalab.org/areadata/shdi/|title=Sub-national HDI - Area Database - Global Data Lab|website=hdi.globaldatalab.org|language=en|access-date=2018-09-13}}</ref><br/>{{color|#900|နိမ့်}} · ဧကဒသမ
| official_name =
| official_name = လူမျိုးများ=ဗမာ|ကရင်|ရခိုင်|တရုတ်|အိန္ဒိယ
}}
}}
'''ဧရာဝတီတိုင်းဒေသကြီး'''သည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃,၅၆၆ ကျယ်ဝန်းသည်။ လူဦးရေ ၆.၅ သန်းခန့်ရှိပြီး လူနေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ၄၆၆ ယောက် ဖြစ်သည်။ [[ဗမာလူမျိုး|ဗမာ]]နှင့်[[ကရင်လူမျိုး]]တို့ အဓိကအားဖြင့် နေထိုင်ကြပြီး အနောက်ဘက်က ကမ်းရိုးတန်းတလျောက် ရခိုင်လူဦးရေအနည်းငယ် နေထိုင်ကြသည်။ အများစုမှာ [[ဗုဒ္ဓဘာသာ]]ဖြစ်ကြပြီး [[ခရစ်ယာန်ဘာသာ]]ဝင်၊ [[အစ္စလာမ်ဘာသာ]]ဝင် အနည်းငယ် နေထိုင်ကြပါသည်။ ဗမာဘာသာစကားသည် အဓိကဘာသာ‌စကား ဖြစ်ပါသည်။
'''ဧရာဝတီတိုင်းဒေသကြီး'''သည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃,၅၆၆ ကျယ်ဝန်းသည်။ လူဦးရေ ၆.၅ သန်းခန့်ရှိပြီး လူနေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ၄၆၆ ယောက် ဖြစ်သည်။ [[ဗမာလူမျိုး|ဗမာ]]နှင့်[[ကရင်လူမျိုး]]တို့ အဓိကအားဖြင့် နေထိုင်ကြပြီး အနောက်ဘက်က ကမ်းရိုးတန်းတလျောက် ရခိုင်လူဦးရေအနည်းငယ် နေထိုင်ကြသည်။ အများစုမှာ [[ဗုဒ္ဓဘာသာ]]ဖြစ်ကြပြီး [[ခရစ်ယာန်ဘာသာ]]ဝင်၊ [[အစ္စလာမ်ဘာသာ]]ဝင် အနည်းငယ် နေထိုင်ကြပါသည်။ ဗမာဘာသာစကားသည် အဓိကဘာသာ‌စကား ဖြစ်ပါသည်။

၀၈:၂၀၊ ၂၀ နိုဝင်ဘာ ၂၀၂၀ ရက်နေ့က မူ

ဧရာဝတီတိုင်းဒေသကြီး
တိုင်းဒေသကြီး
လူမျိုးများ=ဗမာ
ဧရာဝတီတိုင်းဒေသကြီး၏ အလံတော်
အလံတော်
ဧရာဝတီတိုင်းဒေသကြီး၏ တံဆိပ်တုံး
စည်းတံဆိပ်
မြန်မာနိုင်ငံတွင်း တည်နေရာ
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 16°50′N 95°10′E / 16.833°N 95.167°E / 16.833; 95.167ကိုဩဒိနိတ်: 16°50′N 95°10′E / 16.833°N 95.167°E / 16.833; 95.167
နိုင်ငံ မြန်မာ
ဒေသအောက်မြန်မာနိုင်ငံ
မြို့တော်ပုသိမ်မြို့
အစိုးရ
 • ဝန်ကြီးချုပ်ဦးလှမိုးအောင် (NLD)
 • အစိုးရအဖွဲ့ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့
 • ဥပဒေပြုရေးဧရာဝတီတိုင်းဒေသကြီး လွှတ်တော်
 • တရားလွှတ်တော်ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်
ဧရိယာ
 • စုစုပေါင်း၃၅၁၄၀ စတုရန်းကီလိုမီတာ (၁၃၅၇၀ စတုရန်းမိုင်)
ဧရိယာအဆင့်ဒသမ
လူဦးရေ (၂၀၁၄)[၁]
 • စုစုပေါင်း၆,၁၈၄,၈၂၉
 • အဆင့်ဒုတိယ
 • သိပ်သည်းမှု၁၈၀/km (၄၆၀/sq mi)
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+06:30)
HDI (၂၀၁၇)0.530[၂]
နိမ့် · ဧကဒသမ
ဝက်ဘ်ဆိုဒ်ayeyarwady.gov.mm

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃,၅၆၆ ကျယ်ဝန်းသည်။ လူဦးရေ ၆.၅ သန်းခန့်ရှိပြီး လူနေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ၄၆၆ ယောက် ဖြစ်သည်။ ဗမာနှင့်ကရင်လူမျိုးတို့ အဓိကအားဖြင့် နေထိုင်ကြပြီး အနောက်ဘက်က ကမ်းရိုးတန်းတလျောက် ရခိုင်လူဦးရေအနည်းငယ် နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဖြစ်ကြပြီး ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင် အနည်းငယ် နေထိုင်ကြပါသည်။ ဗမာဘာသာစကားသည် အဓိကဘာသာ‌စကား ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၏ အကျယ်အဝန်းမှာ ၁၃,၅၆၇ စတုရန်းမိုင် ဖြစ်၍ မြို့နယ် ၂၆ မြို့နယ် ဖြင့် ဖွဲ့စည်းထားသည်။

ပထဝီဝင် တည်နေရာ

ဧရာဝတီတိုင်းဒေသကြီးသည် ဧရာဝတီမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြန်မာပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ နယ်နမိတ်ချင်း ထိစပ်နေသော ပြည်နယ်နှင့်တိုင်းများ လင်္ကျာရစ်အားဖြင့် အနောက်မြောက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး နှင့် အရှေ့ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး တို့ဖြစ်သည်။ တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၀ မိနစ် မှ ၁၈ ဒီဂရီ ၃၀ မိနစ် ကြား၊ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၅ မိနစ် မှာ ၉၆ ဒီဂရီ ၁၅ မိနစ် ကြားတွင်တည်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြေပြန့် မြေကျယ်ပေါများ၍ မြစ်ချောင်းများလည်း ကွန်ခြာသဖွယ် ယှက်သန်းနေ ကြသည်။ သို့သော် ရခိုင်ကမ်းမြောင်ဒေသအောက်ပိုင်းနှင့် ရခိုင်ရိုးမတောင်ထိပ်ကြောင့်အရှေ့ ဖက်ပိုင်းတို့လည်း တစ်စိတ်တစ်ဒေသပါဝင်သည်။

ရာသီဥတု

ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။

ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ

ဖိုင်:Ayeyarwaddy.jpg
ဧရာဝတီတိုင်းဒေသကြီးမြေပုံ

ခရိုင်များ

ဧရာဝတီတိုင်းဒေသကြီးအား ခရိုင် (၆) ခုဖြင့် ဖွဲ့စည်းထားသည်။

  1. ပုသိမ်ခရိုင်
  2. ဟင်္သာတခရိုင်
  3. မအူပင်ခရိုင်
  4. မြောင်းမြခရိုင်
  5. ဖျာပုံခရိုင်
  6. လပွတ္တာခရိုင်

မြို့နယ်ရုံးစိုက်ရာမြို့များ

ခရိုင် ၆ ခုအား မြို့နယ် (၂၆) မြို့နယ်နှင့် မြို့နယ်ခွဲ ၇ ခုဖြင့် ဖွဲ့စည်းထားသည်။

မြို့ပေါင်း (၄၅) မြို့၊ ရပ်ကွက်ပေါင်း (၃၀၀) ကွက်၊ ကျေးရွာအုပ်စု (၁၉၁၉) အုပ်စု၊ ရွာပေါင်း (၁၁၈၆၄) ရွာ ရှိသည်။ [၃]

အခြား မြို့ရွာများ

{{columns-list|4|

  • အိုင်သပြု
  • ​​ ရွေးကုန်
  • အဖျောက်
  • အသုတ်
  • ဘော်မိ
  • ဓမိ
  • ကဒုံကနိ
  • ခမောက်စု
  • ကွင်းကောက်
  • ကျိုက်လတ်
  • ကျုံးဒါး
  • ကျုံကဒွန်း
  • ကျုံမငေး
  • လူခေါင်းကျွန်း
  • ဆကာကြီး
  • တဂရက်
  • မြို့ကွင်း
  • နိဗ္ဗာန်
  • အုန်းပင်
  • ပသွယ်
  • ပြင်ခရိုင်
  • ပျဉ်ရွာ
  • စက္ကော့
  • စက်ဆန်း
  • ရှမ်းရွာ
  • ရှောပြာ
  • ရွှေလောင်း
  • ရွှေမြင်တင်
  • ရွှေတောင်မှော်
  • ဆင်မ
  • တောင်ကလေး
  • ရွာသစ်
  • သစ်ပြုတ်
  • သုံးခွ
  • ထူးကြီး
  • အင်ပင်
  • ရေလဲကလေး
  • ဇီးချိုင်
  • မဲဇလီကုန်း
  • မြင်းကကုန်း
  • ဒါးက
  • တလုတ္ထော် *သလပ်ခွာ *ထန်းကုန်း *လက်ပန် *ကံရွာ *လိန်ကုန်း *ဝက်ကြီးကွင်း

စိတ်ဝင်စားဖွယ်နေရာများ

[၄]

လမ်းပန်းဆက်သွယ်ရေး

မြန်မာနိုင်ငံ၏မြောက်ပိုင်း ကချင်ပြည်နယ်၌ မြစ်ဖျားခံသော ဧရာဝတီမြစ်သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းကာ မြစ်ခွဲချောင်းခွဲများစွာ ယှက်ဖြာ ထွက်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဖြစ်ပေါ်စေလျက် ကပ္ပလီ ပင်လယ်ထဲသို့ စီးဝင်သည်။ သို့ဖြစ်၍ ရေလမ်းခရီးသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိက လမ်းပန်းဆက်သွယ်ရေး ဖြစ်သည်။ မီးရထားလမ်း ဟူ၍ ကြံခင်း၊ ဟင်္သာတ၊ ပုသိမ်တစ်လမ်းတည်းသာ ရှိသည်။

လမ်းပန်းဆက်သွယ်ရေး ပို၍ချောမောစေရန် ပုသိမ်အနောက် ရှောပြာချောင်းသာ ကားလမ်းမကြီးကို ဖောက်လုပ်ခဲ့သည်။ ပုသိမ်မုံရွာကားလမ်းမကြီးသည် ထက်အောက် မြန်မာနိုင်ငံ ကူးလူးဆက်ဆံရေးနှင့် ကုန်စည်ပို့ဆောင်ရေးတွင် အလွန်အသုံးကျ အရေးသည်။

တံတားများ

3

စီးပွားရေး

မြေဆီဩဇာကြွယ်ဝသော မြေနုကျွန်းပေါ်ဒေသဖြစ်၍ စပါး၊ မြေပဲ၊ ဂုန်လျှော်၊ ဆေး၊ ငရုတ်၊ ကြက် သွန်၊ ပဲမျိုးစုံတို့ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းသည်။ လယ်ယာလုပ်ငန်းသည် အဓိကစီးပွားရေးလုပ်ငန်း ဖြစ်၍ မြန်မာနိုင်ငံ၌ စပါးထွက်အကောင်းဆုံးသော တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။ ဂုန်လျှော်အများဆုံး ထွက်သောတိုင်းလည်းဖြစ် သည်။ အုန်းသီး၊ ငှက်ပျောသီး အထွက်နှုန်းလည်း အလွန်ကောင်းသည်။ တိုင်းအတွင်း၌ ကျွန်းနှင့် သစ်မာထုတ်လုပ်မှု အတော်အသင့်ရှိ၍ သစ်နှင့် မီးသွေး ထုတ်လုပ်နိုင်သော လမု၊ ကနစို၊ စသော ဒီရေတောများ လည်း ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၏ နာမည်ကြီးသော အခြားလုပ်ငန်းတစ်မျိုးမှာရေထွက်ပစ္စည်း လုပ်ငန်း ဖြစ်သည်။ မြစ်ချောင်းအင်းအိုင် အများအပြားရှိ၍ သားငါးပုစွန်ပေါပေါများများ ထွက်သဖြင့် ငါးပိ၊ ငါးခြောက်၊ ပုစွန် ခြောက်လုပ်ငန်းများလည်း အကြီးအကျယ် လုပ်ကိုင်ကြသည်။ ရေချိုငါးဖမ်းလုပ်ငန်းအပြင် ပင်လယ်ငါးဖမ်း လုပ်ငန်းကိုလည်း ကျယ်⁠ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြသည်။ ကြက်၊ ဘဲမွေးမြူရေး လုပ်ငန်းများလည်း ဖွံ့ဖြိုး သည်။ လပွတ္တာမြို့နယ်မှ ငါးပိငါးခြောက် ပုစွန်ခြောက်လုပ်ငန်းအပြင် ဆားလုပ်ငန်းကိုလည်း ကြီးကြီး ကျယ်ကျယ်လုပ်ကိုင်ကြသည်။

ချည်ထည်လုပ်ငန်း၊ သင်ဖြူး၊ သင်ဖျာလုပ်ငန်းများလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ကိုင်ကြသည်။ ပုသိမ်မြို့မှ ပုသိမ်ထီးလုပ်ငန်းကလည်း နိုင်ငံခြားဧည့်သည်များ စိတ်ပါဝင်စားသော လုပ်ငန်းတစ်ခုဖြစ်သည်။ မြန်အောင်ရေနံလုပ်ငန်းနှင့် ကြံခင်းဘိလတ်မြေစက်ရုံစီမံကိန်းတို့သည် အောင်မြင်လျက်ရှိသည်။ ပုသိမ်မြို့တွင် မှန်ပြားစက်ရုံလုပ်ငန်း တည်ဆောက်ထားသည်။ တိုင်းအတွင်း စက်ရုံ၊ အလုပ်ရုံ ၅၀ နီးပါးရှိရာဆန်စက် နှင့် လျှပ်စစ်ဓာတ်အားပေးစက်များက အများစုဖြစ်သည်။

ပညာရေး

ဧရာဝတီတိုင်းဒေသကြီးအတွက် ဒေသကောလိပ်ကို ပုသိမ်မြို့တွင် ၁၉၇၆ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ပြီးနောက် ၁၉၇၈ ခုနှစ်တွင် ဟင်္သာတမြို့၌ ဒေသကောလိပ်တစ်ခု ထပ်မံဖွင့်လှစ် ပေးခဲ့သည်။[၅]

တက္ကသိုလ်နှင့် ကောလိပ်များ

3

ကိုးကား

  1. Census Report။ The 2014 Myanmar Population and Housing Census။ 2။ Naypyitaw: Ministry of Immigration and Population။ May 2015။ p. 17။
  2. Sub-national HDI - Area Database - Global Data Lab (in en)။ 2018-09-13 တွင် ပြန်စစ်ပြီး။
  3. တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉)
  4. D.P.S. MYANMAR GUIDE MAP. 2000.
  5. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၇၉)
  6. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၇၈)
  7. စွယ်စုံကျမ်းနှစ်ချုပ်(၁၉၈၂)