"ရဟတ်ယာဉ်" ၏ တည်းဖြတ်မှု မူကွဲများ

အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၁ လ
→‎အခေါ်အဝေါ်: စာလုံးပေါင်း ပြင်ခဲ့သည်
(→‎အခေါ်အဝေါ်: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
 
အင်္ဂလိပ်ဘာသာ 'helicopter' ဟူသော စကားလုံးမှာ ပြင်သစ်ဘာသာ hélicoptère မှဆင်းသက်လာခြင်းဖြစ်ပြီး ၁၈၆၁ ခုနှစ်တွင် Gustave de Ponton d'Amecourt မှ စတင်သုံးနှုန်းခဲ့ခြင်းဖြစ်သည်။ ထိုစာလုံးမှာ ဂရိဘာသာ helix/helik- (ἕλικ-) လည်ပတ်နေသော pteron (πτερόν) = အတောင်ပံ <ref>[http://www.etymonline.com/index.php?term=helicopter "helicopter"]. Online Etymology Dictionary. Retrieved: [[28 November]] [[2007]] </ref><ref>Cottez 1980, p. 181.</ref>ဟူသော စကားလုံးမှတဆင့် လာခြင်းဖြစ်သည်။
 
လေကြောင်းသွားယာဉ်များထဲ၌ ရဟတ်ယာဉ်၏ အဓိကအားသာချက်မှာ ယာဉ်ကိုရှေ့သို့တိုးရန်မလိုဘဲ အပေါ်သို့မတင်နိုင်စွမ်းရှိသည့် လေထဲတွင် လည်ပတ်နေသောဒလက်များပင်ဖြစ်သည်။ ထို့ကြောင့် ရဟတ်ယာဉ်သည် ပြေးလမ်းမလိုအပ်ဘဲ ဒေါင်လိုက် အတက်အဆင်း ပြုလုပ်နိုင်သည်။ ထိုအကြောင်းများကြောင့် ရဟတ်ယာဉ်ကို သာမန်အတောင်ပံတပ်လေယာဉ်ပျံများ အတက်အဆင်းမပြု နိုင်သည့် လူသူမရှိသော သို့မဟုတ် လူဦးရေအလွန်ထူထပ်သော နေရာများတွင် မကြာခဏဆိုသလိုအသုံးပြုလေ့ရှိသည်။ ဒလက်မှ မတင်အားသည် ရဟတ်ယာဉ်ကို တစ်နေရာထဲတွင် ရပ်တန့်ပျံသန်းရာတွင် အခြား ဒေါင်လိုက်အတင်အဆင်းပြုဒေါင်လိုက်အတက်အဆင်းပြု နိုင်သော(VTOL) လေကြောင်းသွားယာဉ်များထက် ပိုမို ထိရောက်ခြင်းဖြစ်စေနိုင်ပြီး အခြားအတောင်ပံတပ် လေကြောင်းသွားယာဉ်များ မလုပ်ဆောင်နိုင်သော လုပ်ငန်းဆောင်တာများကို ပြီးမြောက်စေနိုင်သည်။
ရဟတ်ယာဉ်များသည် သယ်ယူပို့ဆောင်ရေး ကဏ္ဍ ၊ ဆောက်လုပ်ရေး ကဏ္ဍ ၊ မီးသတ်ခြင်း ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စစ်ဘက်ကဏ္ဍတို့တွင် ကျယ်ပြန့်စွာ အသုံးပြုသော ယာဉ်များ ဖြစ်ကြသည်။
 
အမည်မသိ အသုံးပြုသူ

လမ်းညွှန်မီနူး