|
|
၁၉၃၅ ခုနှစ် ခန့်တွင် စာ စရေး ခဲ့သည်။ ထိုနှစ်တွင် စျေးနှုန်းဈေးနှုန်း သတင်းစာ ဆောင်းပါး ပြိုင်ပွဲ၌ ဆု ရခဲ့သည်။ ဆုမှာ သုံးကျပ် ဖြစ်သည်။ ကလောင် အမည်မှာ "တောင်တွင်းကြီး သတိုးစိန်" ဖြစ်သည်။ ထို့နောက် ၁၉၃၆ - ၃၇ တွင် ဒီးဒုတ် ဂျာနယ်၌ "ရွှေတွင်းစိန်" ကလောင် အမည်ဖြင့် ဝတ္ထုတို သုံးလေးပုဒ်ခန့် ရေးခဲ့ ဖူးသည်။ "ငွေလင်း" အမည်နှင့် ပထမဆုံး ရေးသား သည်မှာ "ဤယမုန်" ဝတ္ထု ဖြစ်သည်။ ထင်ရှားသည့် စာအုပ်များမှာ ဤယမုန် (၁၉၅၃)၊ ပင်းမြို့သူ (၁၉၆၅)၊ မြို့လုလင်မှ ပုန်ကန်ခြင်း (၁၉၆၆)၊ ရန်ကုန် စစ်တလင်း (၁၉၆၈)၊ သူရဲ တထောင် (?) တို့ ဖြစ်ကြသည်။ "ဤယမုန်" ဖြင့် ၁၉၅၃ ခုနှစ် ရှုမဝ တထောင်ဆု၊ "ပင်းမြို့သူ" ဖြင့် ၁၉၆၅ ခုနှစ် အမျိုးသား စာပေဆု ဝတ္ထုရှည် တတိယဆု တို့ကို ရရှိ ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် တတိယဆင့် ရရှိ ခဲ့သည်။
==ဘဝနိဂုံး==
|