၃၂၆၀၈
တည်းဖြတ်မှုများ
အရေးမကြီး (Minor Encoding fixes by Lionslayer::.) |
|||
==သာသနာပြု လုပ်ငန်းများ==
ရသေ့ ဦးခနီ္တအား တောင်ခွင် သာသနာပိုင် ဆရာတော်ကြီးက 'သာသနာ့ ဟိတ ဓဇ နာယက' ဟူသော ဘွဲ့တံဆိပ်ဖြင့် ချီးမြှင့်ခဲ့သည်။ ယင်းသို့ ချီးမြှင့်သည်နှင့် လျော်စွာ ဦးခနီ္တသည် ရွှေမြင်တင်တောင် အဝန်း၌ စေတီ ၄၉ ဆူ၊ ကျောင်းပေါင်း ၃၄ ကျောင်း၊ တန်ဆောင်ပေါင်း ၁၆၊ ရုပ်ပွားတော်ကြီး ၁၅ ဆူ တို့နှင့် အခြား အဆောက်အအုံ များကို ၈ နှစ် ကာလ အတွင်း တည်ဆောက် ခဲ့သည်။ တောင်ပခြုပ် ၌လည်း ချမ်းသာရ စေတီ၊ ဆုတောင်းပြည့် စေတီ၊ ကျိုက်ထီးရိုး စေတီ၊ ကျောက်ဆင် စေတီ တို့ကို တည်ထား ပြုစု ခဲ့သည်။ ၁၂၆၂ ခုနှစ်၌
ဒုတိယ ကမာ္ဘစစ်ကြီး အပြီး၌ ရသေ့ကြီး ဦးခနီ္တသည် စစ်ဒဏ်ကြောင့် မိမိ ကောင်းမှုများ ပျက်စီး သည်ကို အသစ် ပြန်လည် ပြင်ဆင် မွမ်းမံ ခဲ့သည်။ ဤသို့ ပြင်ဆင် မွမ်းမံရင်းပင် အဆောက်အအုံ အသစ်များ ကိုလည်း ထပ်မံ တည်ဆောက်ရန် စီမံ စိုင်းပြင်း ခဲ့သည်။ ယင်းသို့ စီမံ ဆဲ၌ပင် ၁၃၀၇ ခုနှစ် လောက်က စွဲကပ်သော လေငန်း ရောဂါ ဝေဒနာကြောင့် ကိုယ်တခြမ်း အနည်းငယ် သေနေရာမှ ၁၃၁ဝ ပြည့်နှစ် ပြာသို လပြည့်ကျော် ၁၄ ရက် ည အသက် ၈၁ နှစ် အရွယ်တွင် ဥတုဇရုပ် ကလာပ် ချုပ်ငြိမ်းခြင်းသို့ ရောက်သည်။ ရသေ့ကြီး၏ ရုပ်ကလာပ်ကို ၂ နှစ်တိုင်တိုင် ပူဇော် ကန်တော့ ကြ၍ နိုင်ငံတော် အစိုးရက ထောက်ပံ့ အလှူတော်ငွေ ၅၀၀ဝ ကျပ် အရပ်ရပ်
|