Jump to content

ခမာလူမျိုး: တည်းဖြတ်မှု မူကွဲများ

၁၂၃၄၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၂ နှစ်
အရေးမကြီး
===ကမ္ဗောဇတန်ခိုးထွားသည့်ခေတ်===
 
စီးပွားရေး ကောင်းစွာတိုးတက်၍ တန်ခိုးကြီးချက်ရှိသော သီရိဝိဇယနိုင်ငံနှင့် မဟာမိတ်ဖြစ်သော ကမ္ဗောဇနိုင်ငံကို အုပ်ချုပ်လာခဲ့သော ထိုမင်းဆက်၏ မင်းများသည် နှစ်ပေါင်း ၇၅ နှစ်မျှ ဆက်လက်အုပ်ချုပ်ခဲ့ကြ၏။ ၉ ရာစုနှစ်များ ကုန်သောအခါတွင် ခမာတို့၏နိုင်ငံမှာ မြောက်ဖက် တရုတ်ပြည်၊ အရှေ့မြောက်ဘက် နန်ချို၊ အနောက်ဖက် မြန်မာပြည်ရှိ ပျူနိုင်ငံတို့အထိ သြဇာလွှမ်းမိုးကျယ်ပြန့်ခဲ့သည်။
 
ဇယဝရမန်မင်းဆက်ကို ဣန္ဒဝါရမန်မင်းဆက်က ဆက်ခံခဲ့၏။ ပထမမြောက် ဣန္ဒဝါရမန်မင်းသည် ကမ္ဘာပေါ်၌ ထင်ပေါ်သော အင်းကော(အန်ကော ဟုလည်း ခေါ်သည်)မြို့တော်ကို စတင်တည်ထောင်ခဲ့သည်။ ထိုမင်းဆက်မှာ ၁၂၅ နှစ်မျှတန်ခိုးကြီးခဲ့ကြ၍ ဘုရားကျောင်းကန်များ များပြားလှသော အင်းကောမြို့ကြီးကို အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် အခမ်းနားအကြီးကျယ်ဆုံးဖြစ်အောင် ဖန်တီးခဲ့ကြလေသည်။
အင်းကောဝတ်ကျောင်းကိုမူ ထိုမင်းဆက်ကို ဆက်ခံသော မင်းဆက်၏ ဒုတိယမြောက် မင်းလက်ထက် ၁၁၁၅ ခုတွင် တည်ဆောက်ခဲ့သည်။ အင်းကောတွင် တွေ့ရသည့် ဆန်းကြယ်လှသော ဗိသုကာပညာ ကျော်ဆစ်လက်ရာ ပန်းပုပညာ စသည်တို့တွင် ဗြာဟ္မဏအယူဝါဒ ဗုဒ္ဓအယူဝါဒတို့နှင့် သက်ဆိုင်သည့် အချက်အလက်တို့ကို တွေ့ရပေသည်။ ကမ္ဗောဇပြည်မှာ ၁၃ ရာစုနှစ် အလယ်လောက်ထိအောင် အင်ဒိုချိုင်းနားတွင် ပြိုက်ဖက်မရှိ ကြီးကျယ်တန်းခိုး ထွားခဲ့လေသည်။
 
===ယိမ်းယိုင်ပြိုပျက်လာခြင်း===
၁၃ ရာစုနှစ်များ၏ နောက်ပိုင်းလောက်တွင် မွန်ဂိုတို့ အာရှအရှေ့တောင်ပိုင်း ဒေသအချို့တို့သို့ ဝင်ရောက်တိုက်ခိုက်သဖြင့် ထိုင်ရှမ်းလူမျိုးများ ရွေ့ပြောင်းနေထိုင်လာရာ ၁၃၅၀ ပြည့်နှစ်လောက်ရောက်သောအခါ အယုဒ္ဓပြည်ကို မေနမ်မြစ်ဝှမ်းအတွင်း ခိုင်မြဲစွာ တည်ထောင်မိကြလေသည်။ ထိုသို့ ပြည်သစ်တည်ထောင်ကြရာတွင် ထိုင်ရှမ်းတို့သည် ခမာတို့အား တိုက်ခိုက်နှိမ်နင်းကြ၏။ ၁၃၅၀ မှ ၁၄၆၀ ပြည်နှစ်အတွင်း ထိုင်ရှမ်းတို့သည် ခမာတို့ကို ၄ ကြိမ် ၅ ကြိမ်မျှ တိုက်ခိုက် အောင်မြင်ခဲ့ကြ၏။
 
ဤသို့အားဖြင့် ယခု ယိုးဒယား၊ လာအိုနယ်၊ ကမ္ဗောဒီးယားနယ်၊ ကိုချင်ချိုင်းနားနယ်အားလုံးကို လွှမ်းမိုးအုပ်ချုပ်ခဲ့သော ကမ္ဗောဇပြည်သည် ရွေ့ပြောင်းနေထိုင်လာကြ ကုန်သော ထိုင်ရှမ်းတို့၏ တိုက်ခိုက်မှုကြောင့် အနောက်ဘက်နှင့် မြောက်ဘက်မှ အဆက်မပြတ် ဆုတ်ခွာလာခဲ့ကြသည်။ အရှေ့ဖက်တွင်လည်း မြောက်ဘက်မှဆင်းလာသော အာနမ်လူမျို့းတို့၏ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာပေးခဲ့ကြရာ အာနမ်တို့သည် ၁၇ ရာစုလောက်မှစ၍ ကိုချင်ချိုင်းနားနယ်တွင် အခြေစိုက်မိကြလေသည်ဟု သမိုင်းဆရာကျော် ဟင်နရီမတ်စပါရိုးက မှတ်ချက်ချထားလေသည်။ ထိုင်ရှမ်းတို့အဆက်မပြတ် တိုက်ခိုက်သည့်အပြင် မြို့တဝိုက်ကို ရေလွှမ်းမိုးသောကြောင့် ခမာတို့မှာ ၁၅ ရာစုလောက်တွင် ခမ်းနားကြီးကျယ်လှသော အင်းကောမြို့ကို စွန့်လွှတ်ထွက်ခွာရွေ့ပြောင်းခဲ့ကြသဖြင့် ကာလကြာမြင့်သော် မြို့ကြီးမှာ ထူထပ်သော သစ်ပင်တို့အတွင်း၌ ပျက်စီးခြင်းသို့တိုင်ခဲ့ရလေသည်။ ဤသည်ကား ခမာတို့၏ တန်ခိုးအာဏာ လုံးဝပျက်စီးခြင်း ဖြစ်သည်သာမက လွပ်လတ်ရေးလည်း ဆုံးရှုံးခဲ့ရသော အချက်ဖြစ်သည်။ နောင်နှစ်ပေါင်း ၄၀၀ မျှ ခမာတို့မှာ မဲခေါင်မြစ်ဝတွင် ပြည်ငယ်ပြည်သိမ် အဖြစ်ဖြင့် အာနမ်နှင့် ယိုးဒယားသို့ တလှည့်စီ အခွန်ပဏ္ဏာ ဆက်၍ နောလာခဲ့ရသည်။ ၁၈၄၄ မှ ၁၈၆၇ ခုထိမူ ယိုးဒယား၏ လက်အောက်ခံ ဖြစ်ခဲ့ရသည်။ ၁၈၆၇ ခုမှစ၍ ပြင်သစ်တို့၏ အုပ်ထိန်းခံ နယ်အဖြစ်ဖြင့် တည်တံ့ခဲ့၏။ သမိုင်းတစ်လျောက်လုံးပင် မိမိတို့ ဘုရင်နှင့် နေလာခဲ့သော်လည်း အုပ်ချုပ်မှု အာဏာမှာမူ ကာကွယ်ပေးသည်ဆိုသော ယိုးဒယားနှင့် ပြင်သစ်ကိုယ်စားလှယ် အရာရှိတို့၏ လက်တွင်း၌ ရှိခဲ့ပေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပြီးနောက် ၁၉၅၄ ခုနှစ်ရောက်မှ ခမာတို့သည် လွတ်လပ်ရေးကို ရရှိကာ ကမ္ဗောဇနိုင်ငံမှာလည်း တကယ်လွတ်လပ်သော အချုပ်အချာ အာဏာပိုင် နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့လေသည်။
 
==ခမာယဉ်ကျေးမှု==
 
ကမ္ဘာ့အရှေ့ဖျားတွင် တစ်ကြိမ်က အထက်တန်းကျလှသော ခမာတို့၏ ယဉ်ကျေးမှု ပေါ်ပေါက်ပြောင်းလဲလာပုံမှာ သီးခြား ဖော်ပြသင့်သော အကြောင်းရပ် တစ်ခုဖြစ်ပေသည်။ ပထမသော် ကျောက်ခေတ်သစ်နှင့် ကြေးဝါခေတ်တို့မှ ယဉ်ကျေးမှု အနည်းငယ်မျှသာ ရရှိခဲ့သည်။ ထို့နောက် အိန္ဒိယပြည်တောင်ပိုင်းမှ ပလ္လဝါယဉ်ကျေးမှု ရောက်ရှိ၍ မိမိတို့အ မွေခံရရှိထားသော အချက်အလက်တို့ကို မတိမ်မြုပ်စေဘဲ ပြုပြင်၍ ပြင်ပယဉ်ကျေးမှုကို လက်ခံခဲ့ကြသည်။ ပုံစံအားဖြင့် ကျောက်ခေတ်က မြင်မားသော ကျောက်တိုင်ကြီးများကို စိုက်ထူသော အားဖြင့် ဘုရားနှင့် ဆက်သွယ်နိုင်သည်ဟု ယုံကြည်သကဲ့သို့ ဗြဟ္မဏ အယူဝါဒကို လက်ခံလာသောအခါ လိင်္ဂကိုးကွယ်မှုကို ကျောက်တိုင်နှင့် ကိုယ်စားပြုကြ၏။ ထို့နောက် သိဝကိုးကွယ်မှုကို လက်ခံရာတွင် သိဝရဂီရိဟု သိဝတောင်အဖြစ် ကောင်းကင်ရှိ ဘုရားနှင့် ဆက်သွယ်မိရန် ပြုပြင်ကိုးကွယ်ကြသည်။ အလားတူပင် ဒေဝရာဇာ ကိုးကွယ်မှုမှာလည်း ယခင်က လိင်္ဂကို ကိုယ်စားပြုခြင်းဖြစ်သည်။ ပိဿနိုး ကိုးကွယ်မှုကို လက်ခံလာပြန်ရာ ပိဿနိုးသည် ဒေဝရာဖာကို ကိုယ်စားပြုရပြန်သည်။
 
ခမာစကားတွင် ပနွမ်းမှာ တောင်ဟုအဓိပ္ပါယ်ရ၍ ယင်းစကားကို ယူကာ ထိုဒေသ၏ ပထမပြည်ကို တရုတ်တို့ ဖူနန်ဟု ခေါ်ကြောင်း၊ နောက်ခေတ်တို့တွင် ထိုဒေသ၏ဘုရင်များကို ခမာစကားဖြင့် ကုရွန်းဗနမ်ဟုခေါ်ကြောင်း၊ အဓိပ္ပါယ်မှာ တောင်ဘုရင် (ဂီရိရာဇာ) ရကြောင်းနှင့် ပြင်သစ်ပညာရှင် စီဒေက ဆိုထားပေသည်။
မဟာယနဗုဒ္ဓအယူဝါဒ ရောက်ရှိလာသော အခါတွင်လည်း ဒေဝရာဇာမှာ လောကီတေသွာဖြစ်လာ၍ ပုံထုလုပ်ရာတွင် အုပ်ချုပ်သူဘုရင်၏ မျက်နှာပုံနှင့် တူစေလေသည်။ ဤကဲ့သို့ ကျောက်ခေတ် သစ်ကြေးဝါခေတ် ယုံကြည်မှုများတွင် အိန္ဒိယယဉ်ကျေးမှု ရောနှောလာသော အခါ၌ မိမိတို့၏ ပင်ကိုယ်ဗီဇ အရည်အချင်းဖြင့် မွမ်းမံ၍ ပြုပြင်ကာ ထူးခြားသော ယဉ်ကျေးမှုတစ်ရပ်မ
၄၂၇၅

တည်းဖြတ်မှုများ