ဆိပ်ဖလူး: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး အပင်ပုသာဖြစ်ပြီး ခြုံပုတ်မဟုတ်ပါ
စာကြောင်း ၁၇ - စာကြောင်း ၁၇ -
ဆိပ်ဖလူးပန်းသည် ညအခါတွင် အလွန်မွှေးပျံ့သောကြောင့် Night-flowering Jasmine ဟု အမည်ခေါ်တွင်သည်။ ရခိုင်လို ရိုးလှသန္တာပင်ဟု ခေါ်သည်။ <ref>{{cite book|author= မောင်သိန်းဇံ| title=ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ| publisher= နက္ခတ္တရောင်ခြည်| page = ၂၈၁ | date = ဇူလိုင်၊ ၂၀၀၀}}</ref>
ဆိပ်ဖလူးပန်းသည် ညအခါတွင် အလွန်မွှေးပျံ့သောကြောင့် Night-flowering Jasmine ဟု အမည်ခေါ်တွင်သည်။ ရခိုင်လို ရိုးလှသန္တာပင်ဟု ခေါ်သည်။ <ref>{{cite book|author= မောင်သိန်းဇံ| title=ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ| publisher= နက္ခတ္တရောင်ခြည်| page = ၂၈၁ | date = ဇူလိုင်၊ ၂၀၀၀}}</ref>
Nyctanthes မျိုးစိတ်ဖြစ်ပြီး အာရှတိုက်တောင်ပိုင်း၊ ပါကစ္စတန်၊နီပေါ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ ဇာတိဖြစ်သည်။
Nyctanthes မျိုးစိတ်ဖြစ်ပြီး အာရှတိုက်တောင်ပိုင်း၊ ပါကစ္စတန်၊နီပေါ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ ဇာတိဖြစ်သည်။
အပင်သည် အပင်ပုချုံပုတ်မျိုးဖြစ်ပြီး ၁၀ မီတာအထိ အမြင့်ရှိသည်။ ပင်စည်သည် မီးခိုးရောင်ရှိသည်။ အရွက်များသည် မျက်နှာချင်းဆိုင်ဖြစ်ပြီး ၆ စင်တီမီတာမှ ၁၂ စင်တီမီတာထိ ရှည်လျားကာ ၂ စင်တီမီတာမှ ၆.၅ စင်တီမီတာထိ ဗြက်ကျယ်သည်။
အပင်သည် အပင်ပုမျိုးဖြစ်ပြီး ၁၀ မီတာအထိ အမြင့်ရှိသည်။ ပင်စည်သည် မီးခိုးရောင်ရှိသည်။ အရွက်များသည် မျက်နှာချင်းဆိုင်ဖြစ်ပြီး ၆ စင်တီမီတာမှ ၁၂ စင်တီမီတာထိ ရှည်လျားကာ ၂ စင်တီမီတာမှ ၆.၅ စင်တီမီတာထိ ဗြက်ကျယ်သည်။


ပန်းပွင့်များသည် အလွန်မွှေးပျံ့ပြီး အဖြူရောင်ပွင့်ဖတ်များ ၅ ခုမှ ၈ ခုအထိရှိပြီးအလယ်တိုင်မှာ လိမ္မော်နီရောင်ရှိသည်။
ပန်းပွင့်များသည် အလွန်မွှေးပျံ့ပြီး အဖြူရောင်ပွင့်ဖတ်များ ၅ ခုမှ ၈ ခုအထိရှိပြီးအလယ်တိုင်မှာ လိမ္မော်နီရောင်ရှိသည်။

၁၃:၀၅၊ ၇ ဩဂုတ် ၂၀၂၀ ရက်နေ့က မူ

ဆိပ်ဖလူးပန်း
မျိုးရိုးခွဲခြားခြင်း
လောက:
(unranked):
(unranked):
(unranked):
မျိုးစဉ်:
မျိုးရင်း:
မျိုးစု:
မျိုးစိတ်:
N. arbor-tristis
ဒွိနာမ
Nyctanthes arbor-tristis


ဆိပ်ဖလူးပန်းသည် ညအခါတွင် အလွန်မွှေးပျံ့သောကြောင့် Night-flowering Jasmine ဟု အမည်ခေါ်တွင်သည်။ ရခိုင်လို ရိုးလှသန္တာပင်ဟု ခေါ်သည်။ [၁] Nyctanthes မျိုးစိတ်ဖြစ်ပြီး အာရှတိုက်တောင်ပိုင်း၊ ပါကစ္စတန်၊နီပေါ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ ဇာတိဖြစ်သည်။ အပင်သည် အပင်ပုမျိုးဖြစ်ပြီး ၁၀ မီတာအထိ အမြင့်ရှိသည်။ ပင်စည်သည် မီးခိုးရောင်ရှိသည်။ အရွက်များသည် မျက်နှာချင်းဆိုင်ဖြစ်ပြီး ၆ စင်တီမီတာမှ ၁၂ စင်တီမီတာထိ ရှည်လျားကာ ၂ စင်တီမီတာမှ ၆.၅ စင်တီမီတာထိ ဗြက်ကျယ်သည်။

ပန်းပွင့်များသည် အလွန်မွှေးပျံ့ပြီး အဖြူရောင်ပွင့်ဖတ်များ ၅ ခုမှ ၈ ခုအထိရှိပြီးအလယ်တိုင်မှာ လိမ္မော်နီရောင်ရှိသည်။ အပွင့်များသည် ၂ ပွင့်မှ ၇ ပွင့်ထိ အဆုပ်လိုက် ပွင့်သည်။ ညနေစောင်းမှ စတင်ကာနံနက်အရုဏ်တက်ချိန်ထိ တစ်ပွင့်ချင်း အပွင့်များပွင့်သည်။ အသီးသည် ၂စင်တီမီတာရှိသော အသည်းပုံသဏ္ဌာန်ရှိပြီး ပြားချပ်သည့်သဏ္ဌာန်ရှိသလို လုံးဝန်းသည့်သဏ္ဌာန်လည်းရှိသည်။အသီးသည် ၂ ခုတွဲဖြစ်ပြီး တစ်ခုစီတွင် အစေ့တစ်စေ့စီပါရှိသည်။

Coral Jasmine (ဆိပ်ဖလူး)

  • Botany Term : Nyctanthes arbor-tristis Linn
  • Species/Family : Oleaceae
ဆိပ်ဖလူးပင်

ပုံသဏ္ဌာန် : အပင် ပင်ငယ်မျိုးဖြစ်၍ ၁၀-၂၀ ပေထိမြင့်၏ ။ ပင်စည်ခေါင်းပွဖြစ်သည်။ အနံ့မွှေး၏ ။ အခေါက်ကြမ်း၍ အညိုနုရောင်ရှိသည်။ ကိုင်းဖြာသည်။ အကိုင်းရိုးနုစဉ်လေးထောင့် ပုံဖြစ်၍ ရင့်လျှင် လုံးဝိုင်းသွားသည်။ ရိုးတံနှင့် အရွက်ပေါ်တွင် အမွှေးကြမ်းများ ရှိ၏ ။ အရွက် ရွက်ဆိုင်ထွက်သည်။ ရွက်ရင်းပိုင်းကျယ်၍ ဝိုင်းပြီး ရွက်ထိပ်သို့ ချွန်သွယ်သွားသည်။ ရွက်နားခွေးသွားစိပ်ကျဲကျဲရှိ၏ ။ ရွက်ကြောထင်ရှား၍ ရွက်ပြားကြမ်းသည်။ အပွင့် အဖြူရောင်ရှိသည်။ ပွင့်ချပ်အနားပတ်လည်နှင့် ပွင့်ချပ် ပြွန် လိမ္မော်ရောင်ရှိသည်။ အနံ့ အလွန်မွှေးကြိုင်သည်။ ပြာသိုလတွင် ပွင့်သည်။ အပွင့်သည် အပင်တွင် တစ်ညသာပွင့်ပြီး ကြွေကျသွားသည်။ အသီး သီးတောင့် ဖြစ်သည်။ ၃/၄ လက်မရှည်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ၊ အပွင့် ၊ အခေါက်၊ ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ။ ။ ပန်းမန်အဖြစ် အလှစိုက်ပျိုးကြသည်။ အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်းများအလိုအရ အပင် ပဉ္စငါးပါးသည် အေးသောသတ္တိရှိ၏ ။ ၀ဖြိုးစေ၏။ ကိုယ်ဝန်ကို ကြီးထွားစေ၏ ။ အပူ ၊ မြင်းသရိုက် ၊ မီးယပ်နာ ၊ ဆံပင်ကျွတ်ရောဂါတို့ကို နိုင်၏။ အရွက်သည် ခါးစပ်၏ ။ သလိပ်ကို ကြေစေ၏ ။ အဖျားကို ပျောက်ကင်းစေနိုင်သည်။ အခေါက်သည် ခါး၏ ။ ချဉ်၏ ။မျက်စိရောဂါ ၊ အဆုတ်ပြွန်ရောင်ခြင်းနှင့် အရေပြားရောဂါတို့ကို ပျောက်ကင်းစေသည်။ အသုံးပြုပုံ- အရွက် ၁ ။ အရွက်ကို ကြိတ်၍ ရသော အရည်ကို ပျားရည် သို့မဟုတ် သကြားနှင့် ရောစပ်သောက်ပါက သည်းခြေရောဂါ ၊ နာတာရှည်ရောဂါ အဖျား ရောဂါများ ပျောက်ကင်း၏။ ၂ ။ ယင်းအရွက်ကြိတ်ရည်တွင် ဆားအနည်းငယ်ခတ်၍ သောက်က သန်များကို ကျစေသည်။ ၃ ။ အရွက်ကို ရေနွေးဖြောသောက်ပါက သူငယ်နာအဖျားနှင့် သူငယ်နာရောဂါများ ပျောက်ကင်းစေ၏ ။ ၄ ။ အရွက်ကို ကြိတ်၍ လိမ်းသော် ပွေးနာပျောက်၏ ။ ၅ ။ အရွက်ကို လတ်ဆတ်သော ချင်းအနည်းငယ်နှင့် ရောစပ်သောက်ပါက ငှက်ဖျားရောဂါ ပျောက်ကင်း၏ ။ ၆ ။ ကလေးငယ်များ ဝမ်းသက် ၊ ဝမ်းသွားပါက ၎င်းအရွက်ကို ညှစ်၍ တိုက်ပါက ပျောက်ကင်း၏ ။ ၇ ။ အရွက်ကို မီးအနည်းငယ်ဖြင့်ပြုတ်သောက်ပါက တင်ကြောနာသောရောဂါ ပျောက်ကင်း၏ ။ ငရုတ်ကောင်းနှင့် ရော၍ ကြိတ်စားလျှင် မီးယပ်သွေးလွန်ရောဂါပျောက်၏ ။ ၈ ။ အရွက်ကို ညှစ်၍ သောက်ပါက မြွေဆိပ်ပြယ်စေသည်။ ၉ ။ အရွက်ကို ရေနှင့် ထက်ဝက်ခန်းကျို၍ သောက်ပါက ဆီးလွန်ရောဂါ ပျောက်၏ ။ ၁၀ ။ အရွက်ကို နွားနို့နှင့်ကြိတ်၍ လိမ်းသော် ယားနာ ပျောက်ကင်း၏ ။ အပွင့် ၁ ။ အပွင့်ကို ပြုတ်၍သောက်ပါက အဆစ်အမျက်ရောင်ရောဂါ ပျောက်ကင်း၏။ အခေါက် ၁ ။ အခေါက်ကို မျက်စိနာရောဂါအတွက် သုံး၏ ။ ၂ ။ အခေါက်ကို ကွမ်းယာ၌ ထည့်စားသော် ချောင်းဆိုးပျောက်၏ ။ ပဉ္စငါးပါး ၁ ။ ပဉ္စငါးပါးကို ပြုတ်သောက်လျှင် အဖျဉ်းကြီးရောဂါပျောက်၏။ [၂]

ကိုးကား

  1. မောင်သိန်းဇံ (ဇူလိုင်၊ ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. http://arogyamonline.com/commodity/materials/?raw=69