နယ်သာလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
No edit summary
စာကြောင်း ၃၁ - စာကြောင်း ၃၁ -
| ပွဲများ =
| ပွဲများ =
| အမျိုးအစား = စည်းမျဉ်းခံ ဘုရင်စနစ်အောက်မှ ပါလီမန် စနစ်
| အမျိုးအစား = စည်းမျဉ်းခံ ဘုရင်စနစ်အောက်မှ ပါလီမန် စနစ်
| ခေါင်းဆောင်_ရာထူး(၁) = ဘုရင်မ
| ခေါင်းဆောင်_ရာထူး(၁) = ဘုရင်
| ခေါင်းဆောင်_အမည်(၁) = [[ဘီယထွင့် (နယ်သာလန်ဘုရင်မ)|Beatrix]]
| ခေါင်းဆောင်_အမည်(၁) = ဝိလမ်-အလက်ဇန္ဒား
| ခေါင်းဆောင်_ရာထူး(၂) = ဝန်ကြီးချုပ်
| ခေါင်းဆောင်_ရာထူး(၂) = ဝန်ကြီးချုပ်
| ခေါင်းဆောင်_အမည်(၂) = Mark Rutte
| ခေါင်းဆောင်_အမည်(၂) = Mark Rutte

၁၀:၀၈၊ ၂၆ မေ ၂၀၂၀ ရက်နေ့က မူ

နယ်သာလန် နိုင်ငံ
နယ်သာလန်(Netherlands) Nederland(Dutch)
နယ်သာလန်နိုင်ငံ၏ အလံတော်
အလံတော်
နယ်သာလန်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နယ်သာလန်နိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
အမ်စတာဒမ်မြို့
ရုံးသုံး ဘာသာစကားများဒတ်ချ်
အမျိုးအစားစည်းမျဉ်းခံ ဘုရင်စနစ်အောက်မှ ပါလီမန် စနစ်
အစိုးရ
• ဘုရင်
ဝိလမ်-အလက်ဇန္ဒား
• ဝန်ကြီးချုပ်
Mark Rutte
တည်ထောင်
• လွတ်လပ်ရေး ကြေငြာခြင်း
ဇူလိုင်လ ၂၆ ရက် ၊ ၁၅၈၁
• လွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း
ဇန်နဝါရီလ ၃၀ရက် ၁၆၄၈
ဧရိယာ
• စုစုပေါင်း
၄၁,၈၄၈ စတုရန်း ကီလိုမီတာ (၁၆,၁၅၈ စတုရန်းမိုင်) (အဆင့်: ၁၃၅)
• ရေထု (%)
၁၈.၄၁
လူဦးရေ
• ခန့်မှန်း
၁၆,၆၂၅,၈၀၀ (အဆင့် - ၆၁)
• သိပ်သည်းမှု
၄၀၀.၄/km² (၁,၀၃၇/sq mi) (အဆင့် - ၂၈)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၆၅၈.၂၂၈ ဘီလီယံ
• Per capita
US $ ၃၉,၉၃၈
HDI၀.၈၉၀
အလွန်မြင့် · 
ငွေကြေးယူရို (€)
အချိန်ဇုန်+၁
တယ်လီဖုန်းကုဒ်+၃၁ , +၅၉၉
Internet TLD.nl

နယ်သာလန်နိုင်ငံသည် ဥရောပတိုက်ရှိ၊ စည်းမျဉ်းခံဘုရင်စံနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံငယ်လေးတခု ဖြစ်၏။ ယင်းနယ်သာလန်နိုင်ငံကို ဟော်လန်နိုင်ငံ၊ နိုင်ငံသားတို့ကို ဒတ်ချ်လူမျိုးဟု ခေါ်သည်။ နယ်သာလန်နိုင်ငံသည် ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းနှင့် ဘယ်လ်ဂျီယမ်နိုင်ငံမြောက်ပိုင်းအကြား၊ မြောက်ပင်လယ်ကမ်းခြေပေါ်တွင် တည်ရှိ၍ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၅၇၆၅ ရှိသည်။

သမိုင်း

မြေမျက်နှာသွင်ပြင်

ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင်ပင် နယ်သာလန်နိုင်ငံ၏ များစွာသော မြေမျက်နှာပြင် အစိတ်အပိုင်းတို့သည် ဆက်စပ်လျက် ရှိသော မြောက်ပင်လယ်ပြင်အောက် ပေ ၂၀ ခန့်နိမ့်ကျလျက်ရှိသည်။ ယင်းသို့ ပင်လယ်ရေမျက်နှာပြင်အောက် နိမ့်ကျနေသောကြောင့် နယ်သာလန်နိုင်ငံသားတို့သည် အမြဲတစေ ပင်လယ်ပြင်နှင့် ခုခံစစ်ပွဲ ဆင်နွှဲနေရသော တပ်သားများ ဖြစ်လာရလေသည်။ ထာဝစဉ်တိုက်ပွဲဝင်နေရသော တပ်သားများ ဖြစ်သည့်အလျောက် နယ်သာလန်နိုင်ငံသားတို့သည် ထကြွလုံ့လဥဿဟနှင့် ပြည့်စုံကုံလုံသော အမျိုးသားများဖြစ်လေသည်။ နိုင်ငံသားတို့၏ လုံ့လစွမ်းပကားကြောင့် နယ်သာလန်နိုင်ငံသည် သေးငယ်သော နိုင်ငံဖြစ်လင့်ကစား နိုင်ငံများအလယ်တွင် ထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပေသည်။

နယ်သာလန်နိုင်ငံသူ နိုင်ငံသားတို့သည် မိမိတို့ မှီတင်းနေထိုင်ရာ မြေနိမ့်ပိုင်းသို့ ပင်လယ်မှရေများ စီးဝင်မလာစေရန်၊ နည်းအသွယ်သွယ် ဖြင့် ကြိုးပမ်းတကုတ် အားထုတ်ကြရသည်။ ဒိုက်ခေါ် ပေ ၂၀၀၊ ၃၀၀ မျှ ထုထည်ရှိ၍ မြင့်မားလှသော ပင်လယ်ရေကာတာကြီးများကို ခိုင်မာစွာ ဆောက်လုပ်ရ၏။ မြေနိမ့်မှရေများကို လေရဟတ်များဖြင့် အဆင့်ဆင့်သယ်ဆောင်ကာ ပင်လယ်တွင်းသို့ ထုတ်ယူသွင်းပစ်ရ၏။ သို့ဖြစ်ရကား နယ်သာလန်နိုင်ငံကမ်းခြေတလျှောက်ရှိ မြို့ရွာများတွင် လေရဟတ်ကြီးငယ်များဖြင့် ပြည့်နှက်လျက် ရှိပေသည်။ ထိုလေရဟတ်များသည်ပင် နယ်သာလန်နိုင်ငံ၏ ကိုယ်ပိုင်အမှတ်အသားတခု ဖြစ်လာခဲ့သည်။

လေရဟတ်ငယ်ကလေးများသည် နေ့ရောညဉ့်ပါ လည်ပတ်၍ မြေနိမ့်ပိုင်းမှ ရေကိုတူးမြောင်းငယ်များသို့ ပို့ဆောင်ပေး၏။ တူးမြောင်းငယ်များမှ ရေကို တူးမြောင်းကျယ်ကြီးများသို့ လေရဟတ်ကြီးများ၊ လျှပ်စစ်မိုတာများ၊ ဒီဇယ်အင်ဂျင်စက်များဖြင့် ပို့ဆောင်ကာ ပင်လယ်ထဲသို့ ရေကို ထုတ်ပစ်ရလေသည်။ တခါတရံ မုန်တိုင်းထန်သောအခါ လှိုင်းလုံးကြီးများသည် ကြီးမားသောအရှိန်ဖြင့် တူးမြောင်းကြီးများမှ ရေကို လာလမ်းသို့ တွန်းပစ်တတ်၏။ ယင်းသို့သောဝီရိယလုံ့လဖြင့် ပင်လယ်ရေနှင့် အစဉ်စစ်ခင်းနေသည့် အခိုက်မှာပင် ပင်လယ်ရေလွှမ်း မိုးသော အဖြစ်မျိုးကိုလည်း ကြုံတွေ့ရသေး၏။ ၁၉၅၃ ခုနှစ်တွင် ရေလွှမ်းမိုး၍ အကြီးအကျယ်ပျက်စီးခဲ့ရသည်။

နိုင်ငံရေး

အစိုးရ

စ‌‌ီးပွားရေး

သယ်ယူပို့ဆောင်ရေး

၁၉၅၀ ခုနှစ်များကတည်းကစ၍ ဒတ်ချ်လမ်းမများ​ပေါ်တွင် သွားလာလှုပ်ရှားမှု မြင့်တက်များပြားလာခဲ့ကာ ယခုအချိန်တွင် တစ်နှစ်တွင် ကီလိုမီတာ ၂၀၀ ဘီလီယံ​ကျော်[၁]မျှ သွားလာကြပြီး ​လေးပုံသုံးပုံမှာ ကားဖြင့်သွားလာကြသည်ကို ​တွေ့ရသည်။[၂]နယ်သာလန်နိုင်ငံတွင်းရှိ ခရီးအားလုံး၏ ထက်ဝက်ခန့်မှာ ကားဖြင့်သွားကြခြင်းဖြစ်ပြီး ၂၅%မှာ စက်ဘီးဖြင့်၊ ၂၀%မှာ လမ်း​လျှောက်၍ သွားကြပြီး ၅% နှုန်းမှာ အများပြည်သူ သယ်ယူပို့​ဆောင်​ရေးကို အသုံးပြုကြသည်။[၂]


လမ်းပန်းဆက်သွယ်ရေး

A1 motorway, in Gelderland


၂,၇၅၈ ကီလိုမီတာရှိ​သော အ​ဝေး​ပြေးလမ်းမကြီး[၃] အပါအဝင် စုစု​ပေါင်း လမ်းကွန်ယက်သည် ၁၃၉,၂၉၅ ကီလိုမီတာရှိ​သော နယ်သာလန်နိုင်ငံသည် ကမ္ဘာ​ပေါ်ရှိ လမ်းကွန်ယက် အထူထပ်ဆုံး​သော နိုင်ငံများမှတစ်ခုဖြစ်ပြီး ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့ထက် ပို၍ထူထပ်​သော လမ်းကွန်ယက်ရှိ၍ ဘယ်လ်ဂျီယမ်နိုင်ငံ​လောက်​တော့ ထူထပ်မှု မရှိ​သေး​ချေ။[၄]


ပြန်လည်ပြည့်စွမ်းနိုင်​သော ဝန်းကျင်ဖြစ်လာ​စေ​ရေး ရင်းနှီးမြှပ်နှံမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် နယ်သာလန် အစိုးရသည် လျှပ်စစ်ကားများအတွက် နိုင်ငံတစ်ဝန်းတွင် ပြန်လည်အားသွင်းနိုင်​သော ​နေရာ ၂၀၀ ​ကျော်အား တည်​ဆောက်မည့် စီမံကိန်းကို စတင်ခဲ့သည်။ ဤဝန်​ဆောင်မှုကို ဆွစ်ဇာလန်ကုမ္ပဏီ ABB နှင့် ဒတ်ချ်ကုမ္ပဏီ Fastned တို့မှ တာဝန်ယူ ​ဆောင်ရွက်မည်ဖြစ်ပြီး အချင်းဝက် ၅၀ ကီလိုမီတာတွင် အနည်းဆုံး အားသွင်းနိုင်​သော ​နေရာဌာန ၁ ခု အနည်ဆုံး ထားရှိပြီး နယ်သာလန်နိုင်ငံရှိ အိမ်တိုင်းအတွက် ရည်ရွယ်ပါသည်။[၅]


အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေး

A regional train operated by Nederlandse Spoorwegen (NS)

သွားခဲ့သော ခရီးမိုင်အရှည်၏ ၁၃ ရာခိုင်နှုန်းမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြု၍ သွားလာခဲ့ခြင်းဖြစ်ပြီး အများစုမှာ ရထားကို အသုံးပြု၍ သွားလာခဲ့ခြင်းဖြစ်သည်။[၂] အခြားသော ဥရောပနိုင်ငံများကဲ့သို့ပင် ဒတ်ချ်မီးရထားကွန်ယက်သည် ၃,၀၁၃ ကီလိုမီတာရှိပြီး အ​တော်ကို ထူထပ်ပါသည်။[၆] မီးရထားကွန်ယက်ကို ခရီးသည်သယ်ယူပို့​ဆောင်​ရေးအတွက် အဓိကထား အသုံးပြုပြီး အဓိက မြို့ကြီးနှင့် တခြား​သော မြို့များကို ဆဆက်သွယ်ပေးထားသော မီးရထားဘူတာရုံ ၄၀၀ ​ကျော်ရှိသည်။ မီးရထားသွားလာမှုနှုန်းမှာသွားလာမှုနည်း​သော မီးရထားလိုင်း[မှတ်စု ၁]တွင် တနာရီတွင် ရထား ၂ စီးခန့်ရှိပြီး ပုံမှန်သွားလာမှုရှိ​သော မီးရထားလိုင်းတွင် တနာရီ မီးရထား ၄ စင်းခန်ရှိကာ သွားလာမှုထူထပ်​သော လိုင်းတွင် တနာရီ ၈ စင်းမျှရှိသည်။[၇] ဒတ်ချ် နိုင်ငံ​တော် မီးရထားကွန်ယက်တွင် ​ကျောင်းသားများအတွက် အခမဲ့ဖြစ်ပြီး ထိုအခမဲ့စနစ်တွင် အမ်စတာဒမ်မီသရိုပိုလစ်တန်ဧရိယာမှ ဘယ်လ်ဂျီယမ်နယ်စပ်ကို ဖြတ်သန်း​၍ လန်ဒန်နှင့် ပဲရစ်ကို ​ပြေးဆွဲ​သော HSL-Zuid အမြန်မီးရထားလိုင်းပါ ပါဝင်သည်။

စက်ဘီးစီးခြင်း

Bike passage at Rotterdam Centraal station

စက်ဘီးဖြင့် ခရီးသွားခြင်းသည် နယ်သာလန်နိုင်ငံတွင် ကျယ်ပြန့်စွာ အသုံးပြုသည် အပြုအမူဖြစ်ပြီး သွားလာမှုခရီးမိုင်အရှည်မှာ ရထားဖြင့်သွား​သော ခရီးမိုင်အရှည် နီးပါးဖြစ်သည်။[၂] ဒတ်ချ်တို့တွင် စက်ဘီးအ​ရေအတွက် ၁၈ မီလီယံမျှ ပိုင်ဆိုင်ကြပြီး[၈][၉] နိုင်ငံသားဦး​ရေအရ တစ်ဦးလျှင် စက်ဘီးတစ်စီးထက်မက ပို၍ပိုင်ဆိုင်ကြသည်ဖြစ်ရာ လမ်းမ​ပေါ်တွင် သွားလာကြ​သော ကားအ​ရေအတွက် ၉ မီလီယံခန့်ထက် နှစ်မျှ ပို၍များပြားသည်။ [၁၀] ၂၀၁၃ ခုနှစ်တွင် ဥ​ရောပစက်ဘီးစီးဖက်ဒ​ရေးရှင်း၏အဆိုအရ နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံတို့ကို ဥ​ရောပတွင် စက်ဘီးစီးခြင်းကို နှစ်သက်ဆုံးသော နိုင်ငံများအဖြစ် သတ်မှတ်ခဲ့​သော်လည်း[၁၁] ဒတ်ချ်(၃၆%)သည် ဒိန်းမတ်(၂၃%)ထက် သမာရိုးကျ​နေ့ရက်များတွင် စက်ဘီးဖြင့် ခရီးသွားလာခြင်းကို ပြုမှုကြသည်။[၁၂][မှတ်စု ၂] စက်ဘီးစီးခြင်းအတွက် လိုအပ်​သော အ​ခြေခံ အ​ဆောက်အဦများ ပြည့်စုံပြီး သွားလာမှုများပြား​သော လမ်းများ၌တွင်ပင် စက်ဘီးစီးလမ်းများအတွက် ၃၅,၀၀၀ ကီလိုမီတာ ခန့်အရှည်ရှိသော သီးခြားခွဲထားသော လမ်းများကို ပြုလုပ်ထားသည်။ သွားလာမှုရှုပ်​ထွေး​သော လမ်းဆုံများတွင် စက်ဘီးစီးသူများအတွက် သီးခြားမီးပွိုင့်များကို တပ်ဆင်ထားသည်။[၁၅] မြို့​တော်ရှိ စင်တာများ၊ မီးရထား ဘူတာရုံများတွင် စက်ဘီးများ ထားရှိရန် ရပ်နား​နေရာများကို ပြုလုပ်၍ထားသည်။


​ရေ​ကြောင်း သယ်ယူပို့ဆောင်ရေး

​​ရော်တာဒမ် ဆိပ်ကမ်းသည် ဥ​ရောပတွင် အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး မျူစ်မြစ်နှင့် ရိုင်းမြစ်တို့၏ ​​ကောင်း​မွန်​သော ​ရေ​ကြောင်းလမ်းများမှ တဆင့် ကုန်းတွင်းပိုင်း မြစ်ညာရှိ ဆွစ်ဇာလန်နိုင်ငံ၊ ဘာဆဲမြို့နှင့် ဂျာမနီနိုင်ငံ အတွင်းပိုင်း၊ ပြင်သစ်တို့ကို ​ရောက်ရှိနိုင်သည်။ ၂၀၁၃ ခုနှစ်အရ ​ရော်တာဒမ်ဆိပ်ကမ်းသည် ကမ္ဘာ​ပေါ်ရှိ ရှစ်ခု​မြောက် အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်းဖြစ်ပြီး ၄၄၀.၅ မက်ထရစ်တန်ရှိသည့် ကုန်ပစ္စည်းကို နှစ်စဉ် သယ်ယူပို့​ဆောင်မှု ပြု​နေရသည်။[၁၆] ဆိပ်ကမ်း၏ အဓိက လုပ်ငန်း​ဆောင်တာတို့တွင် ​ရေနံဓါတုပစ္စည်းများ သယ်ယူပို့​ဆောင်​ရေးနှင့် သင်္ဘောတစင်းမှ တစင်းသို့ ကုန်စည် ​ပြောင်း​ရွေ့​ပေးခြင်းတို့ ပါဝင်သည်။ ဆိပ်ကမ်း၏ လုပ်ငန်း​ဆောင်တာများတွင် ဥ​ရောပပင်မကုန်​မြေမှ နိုင်ငံရပ်ခြားသို့ ကုန်စည်ပို့​ဆောင်မှုများအကြား အ​ရေကြီး​သော ကုန်စည်ချိန်း​ပြောင်းရာ​နေရာအဖြစ်လည်း လုပ်​ဆောင်သည်။ ​ရော်တာဒမ်မှ ကုန်စည်များကို သင်္ဘော၊ မြစ်ကူးရေယာဉ်၊ ရထား သို့မဟုတ် ကားလမ်းများဖြင့် ပို့​ဆောင်သည်။ ၂၀၀၇ ခုနှစ်တွင် ​ရော်တာဒမ်မှ ဂျာမနီသို့ အမြန်ကုန်တင်ရထားလမ်း​ကြောင်းသစ်ဖြစ်​သော Betuweroute ကို တည်​ဆောင်နိုင်ခဲ့သည်။

လေကြောင်း သယ်ယူ​ပို့​ဆောင်​ရေး

အမ်စတာဒမ်မြို့ အ​နောက်​တောင်ဘက်ရှိ ရှီပိုးလ်​လေဆိပ်(Schiphol airport) နယ်သာလန်နိုင်ငံ၏ အဓိက အပြည်ပြည်ဆိုင်​လေဆိပ်ဖြစ်ပြီး ခရီးသည် အဝင်အထွက်အရဥ​ရောပတွင် တတိယ​မြောက် အလုပ်အများဆုံးသော ​လေဆိပ်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ​တော်ဝင် ရှီပိုးအုပ်စု ​လေဆိပ်မှ ခရီးသည် ၇၀ မီလီယံ ခရီးသွားလာ​ရေးကိူ ​ဆောင်ရွက်​ပေးနိုင်ခဲ့သည်။[၁၇]

လူမှုအခြေပြ

၁၉၀၀ မှ ၂၀၀၀ ခုနှစ်ထိ နယ်သာလန်နိုင်ငံ၏ လူဦးရေ

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရရက်နေ့စာရင်းအရ နယ်သာလန်နိုင်ငံတွင် ခန့်မှန်းလူဦး​ရေ ၁၇,၄၂၄,၉၇၈ ရှိပြီး မြို့ပြနိုင်ငံ အဆင့်သာရှိသော နိုင်ငံငယ်များဖြစ်သည့် မိုနာကိုနိုင်ငံဆန်မာရီနိုနိုင်ငံနှင့် ဗာတီကန်စီးတီးတို့အား ထည့်သွင်းတွက်ချက်ခြင်းမပြုပါက ဥရောပတွင် ပဉ္စမမြောက်လူဦးရေ သိပ်သည်းမှု အများဆုံးနိုင်ငံ ဖြစ်သည်။[၁၈] ကမ္ဘာပေါ်တွင် ၁၂ နိုင်ငံမြောက် လူဦးရေ သိပ်သည်းမှုအများဆုံးသော နိုင်ငံဖြစ်ပြီး သိပ်သည်းမှုမှာ ၅၂၁ per square kilometre (၁,၃၅၀ per square mile) ရှိသည်။ ထို့ပြင် ကမ္ဘာပေါ်တွင် ၆၄ နိုင်ငံမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်သည်။ ၁၉၀၀ မှ ၁၉၅၀ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေသည် နှစ်ဆနီးပါး မြင့်တက်သွားကာ ၅.၁ မှ ၁၀ မီလီယံအထိ မြှင့်တက်ခဲ့သည်။ ၁၉၅၀ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း လူဦးရေသည် ဆက်လက်မြှင့်တက်လာခဲ့ရာ ၁၅.၉ မီလီယံထိ ရောက်ရှိလာခဲ့ပေမယ့် တိုးတက်နှုန်းမှာ နှေးကွေး‌သွားခဲ့သည်။[၁၉] ခန့်မှန်းလူဦးရေ တိုးတက်မှုနှုန်းမှာ ၂၀၁၃ ခုနှစ်တွင် ၀.၄၄% ရှိသည်။[၂၀]

Population pyramid of the Netherlands in 2017

အမျိုးသမီးများ၏ တစ်နှစ်အတွင်း ကလေးအရှင်မွေးဖွားနှုန်း(fertility rate)သည် ၂၀၁၈ ခုနှစ် ခန့်မှန်းနှုန်းအရ အမျိုးသမီးတစ်ဦးလျှင် ကလေး ၁.၇၈ နှုန်းရှိပြီး[၂၀] အခြား ဥရောပနိုင်ငံများစွာနှင့် နှိုင်းယှဉ်လျှင် မြင့်မားနေသောလည်း သက်ကြီးရွယ်အိုနိုင်ငံသားများအတွက် အစားထိုးလိုလားချက်(sub-replacement fertility)ဖြစ်သော အမျိုးသမီးတစ်ဦးလျှင် ကလေး ၂.၁ နှုန်းနှင့်ယှဉ်လျှင် နိမ့်၍နေပြီး ၁၈၇၉ ခုနှစ်မှ နှုန်းဖြစ်သည့် အမျိုးသမီးတစ်ဦးလျှင် ကလေး ၅.၃၉ နှုန်းနှင်စာလျှင်လည်း နိမ့်ကျ၍နေသေးသည်။.[၂၁] ထို့ပြင် နယ်သာလန်နိုင်ငံသည် ကမ္ဘာပေါ်ရှိ သက်ကြီးရွယ်အို လူဦးရေများစွာရှိသော နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး နိုင်ငံသားအားလုံး၏ ပျမ်းမျှအသက်သည် ၄၂.၇ နှစ် ဖြစ်သည်။[၂၀] မျှော်မှန်းသော သက်တမ်းမှာ နယ်သာလန်နိုင်ငံ၌ မြင့်မားလျက်ရှိပြီး အမျိုးသမီးများအတွက် ၈၃.၂ နှစ်ဖြစ်ပြီး အမျိုးသားများအတွက် ၇၈.၉ နှစ် (၂၀၁၃ ခုနှစ် ခန့်မှန်းအရ) ဖြစ်သည်။[၂၀] နိုင်ငံတွင် ရွေ့ပြောင်းနေထိုင်သူနှုန်းမှာ တစ်နှစ်တွင် အခြေချနေထိုင်သူ ၁၀၀၀ တွင် ရွေ့ပြောင်းနေထိုင်သူ ၂.၀ နှုန်းရှိသည်။[၂၀] နယ်သာလန်နိုင်ငံ၏ လူဦးရေတွင် အဓိကမှာ ဒတ်ချ်လူမျိုးများဖြစ်ပြီး ၂၀၀၅ ခုနှစ် ခန့်မှန်းအရ လူဦး​ရေ၏ ၈၀.၉% မှာ ဒတ်ချ်လူမျိုးများဖြစ်ပြီး အင်ဒိုနီးရှား ၂.၄%၊ ဂျာမန် ၂.၄%၊ တူရကီ ၂.၂%၊ ဆူရာနမ် ၂.၀%၊ ​မော်ရိုကို ၀.၈%၊ နယ်သာလတ် ကာရစ်ဘီယံ​ဒေသနှင့် အာရူးဘားမှ ၀.၈%နှင့် အခြားလူမျိုး ၇.၄%ရှိသည်။[၂၂] နယ်သာလန်နိုင်ငံ၌ ​နေထိုင်ကြ​သော ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ​သော လူများမှာ အခြား​သော နိုင်ငံများမှ အလုပ်နှင့် အခြား​သော အ​ကြောင်းအရာများဖြင့် ​​ရောက်ရှိလာကြသူများဖြစ်ပြီး အမ်စတာဒမ်မြို့နှင့် ဟိတ်မြို့တို့တွင် အဓိက​နေထိုင်ကြပြီး ယခုအခါတွင် ထိုမြို့များ၏ လူဦး​ရေ၏ ၁၀% ခန့်ရှိ၍ ​နေပြီဖြစ်သည်။[၂၃][၂၄]


ဒတ်ချ်လူမျိုးများသည် နိုင်ငံသားအလိုက်ဆိုရင် ကမ္ဘာ​ပေါ်တွင် အရပ်အရှည်ဆုံး​သော သူများဖြစ်ပြီး[၂၅] ၂၀၀၉ ခုနှစ်တွင် ပျမ်းမျှအရပ်မှာ အရွယ်​ရောက်ပြီးသား ​ယောကျ်ား​လေးတစ်​ယောက်၏ အရပ်မှာ ၁.၈၁ မီတာ (၅ ft ၁၁.၃ in) ရှိပြီး အရွယ်​ရောက်ပြီး အမျိုးသမီးမှာ ၁.၆၇ မီတာ (၅ ft ၅.၇ in) ရှိသည်။ [၂၆] ​တောင်ပိုင်းတွင်ရှိ​သော နိုင်ငံသားများမှာ ပျမ်းမျှအားဖြင့် ​မြောက်ပိုင်းတွင်​နေထိုင်သူများထက် အရပ် ၂ cm (၀.၈ လက်မ) ခန့် ပို၍ ပုသည်။

ယဉ်ကျေးမှု

ဒတ်ချ် ယဉ်ကျေးမှု၏ လက္ခဏာနှင့် ပြယုဂ်အချို့

အနုပညာ၊ ဒဿနိကဗေဒနှင့် စာပေ

နယ်သာလန်နိုင်ငံသည် ပန်းချီဆရာကျော်များစွာ နေထိုင်ခဲ့ဖူးသော နိုင်ငံတစ်ခု ဖြစ်သည်။ ၁၇ ရာစုတွင် ဒတ်ချ်သမ္မတနိုင်ငံ ခေတ်ကောင်းရောက်ရှိစဉ်အချိန်က များစွာသော ပန်းချီဆရာများဖြစ်သည့် ရမ်းဗရန့်ဂျိုဟန်နက် ဗာမီယာ၊ ဂျန် စတင်း(Jan Steen)၊ ဂျက်ကော့ ဗန် ရူအစ်ဒယ်(Jacob van Ruisdael) အစရှိသော ပန်းချီဆရာများစွာ ပေါ်ထွန်းခဲ့သည်။ ဗင်းဆင့် ဗန်ဂိုးပင်တာ မွန်ဒရီယွန်တို့သည် ၁၉ ရာစုနှင့် ၂၀ ရာစုတွင် ကျော်ကြားခဲ့သော ဒတ်ချ် ပန်းချီဆရာများဖြစ်သည်။ ထို့ပြင်  မော်ရစ် ကော်နယ်လစ် အက်ရှာ(M. C. Escher)ကဲ့သို့ ကျော်ကြားသော ဂရပ်ဖစ် ပညာရှင်များလည်းရှိသည်။ ဝီလျံ ဒီ ကော်နင်း(Willem de Kooning)သည် ရော်တာဒမ်မြို့တွင် မွေးဖွား၍ သင်ကြားခဲ့သောလည်း အမေရိကန်အနုပညာရှင်တစ်ယောက်အဖြစ် ခံယူထားသူ ဖြစ်သည်။

နယ်သာလန်နိုင်ငံသည် ရော်တာဒမ်မြို့မှ အီရက်ဇမတ်နှင့် ဆပင်နိုဇာကဲ့သို့သော ဒဿနိကပညာရှင်များ ပေါ်ထွန်းရာ မြေလည်း ဖြစ်သည်။ ဒေးကား၏ အရေးပါသော အတွေးအခေါ်များသည်လည်း နယ်သာလန်နိုင်ငံ၌ ၎င်း လေဒင့်တက္ကသိုလ်တွင် ပညာသင်စဉ်တွင် ဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ရာစုနှစ်များစွာအတွင်း ထိုတက္ကသိုလ်တွင် ပထဝီပညာရှင် ဂျိမ်း ဟတ်တန်(James Hutton)၊ ဗြိတိသျှဝန်ကြီးချုပ် ဂျွန် စတူးအတ် (John Stuart)၊ အမေရိကန်သမ္မတ ဂျွန် ကွင်စီ အဒမ်စ်၊ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင်များ ဖြစ်ကျသော ဟန်းဒရစ် လိုရန်ဇ်(Hendrik Lorentz) နှင့် အန်ရီကို ဖာမီ(Enrico Fermi) တို့ ပညာသင်ကြားခဲ့ကြသည်။ ဒတ်ချ် သိပ္ပံပညာရှင် ခရစ္စတင်းယန်း ဟေဂန်(Christiaan Huygens)(၁၆၂၉–၁၆၉၅) သည် စေတန်ဂြိုဟ်၏ ဂြိုဟ်ရံလဖြစ်သော တိုင်တန်လကို ရှာဖွေတွေ့ရှိခဲ့ပြီး အလင်းသည် လှိုင်းသဏ္ဍန်ဖြင့် သွားသည်ဟု ယုံကြည်စွာ ငြင်းဆိုခဲ့သူ ဖြစ်သည်။ ထို့ပြင် ချိန်သီးနာရီကို တီထွင်ခဲ့ပြီး သင်္ချာညီမျှခြင်းများကို အသုံးပြုခဲ့သော ပထမဆုံးသော ရူပဗေဒပညာရှင်လည်းဖြစ်သည်။ အန်တိုနီ ဗန် လေဗင်ဟုပ်(Antonie van Leeuwenhoek) သည် မိုက်ခရိုစကုပ်ဖြင့် ကြည့်၍မြင်နိုင်သော ဆဲလ်တစ်လူံတည်းရှိသော သက်ရှိများ အကြောင်းကို ပထမဆုံး တွေ့ရှိ ဖော်ထုတ်ခဲ့သူ ဖြစ်သည်။

ဒတ်ချ်ရွှေခေတ်တွင် အခြားသော အနုပညာလက်ရာများနှင့်အတူ ယော့ ဗန် ဒန် ဗွန်ဒယ်(Joost van den Vondel) နှင့် ပီတာ ကော်နယ်လစ်ဇွန် ဟော့(P. C. Hooft) တို့၏ လက်ရာများဖြင့် စာပေသည်လည်း ကျော်ဇောခြင်းအတိ ရှိခဲ့လေသည်။ ၁၉ ရာစုတွင်လည်း မူတာတူလီ(Multatuli) ရေးသည့် ယခုအခါ အင်ဒိုနီးရှားနိုင်ငံဖြစ်လာသည့် ဒတ်ချ်ကိုလိုနီနယ်များတွင် ဆိုးရွားစွာ ပြုမူဆက်ဆံခဲ့သည်တို့ကို ရေးသားခဲ့သော စာများသည်လည်း ထင်ရှားသည်။ ၂၀ ရာစုတွင် ထင်ရှားသော စာရေးဆရာများတွင် ဂေါ့ဒ်ဖရီး ဘိုးမန်း(Godfried Bomans)၊ ဟာရီ မူလစ်ချ်(Harry Mulisch)၊ ယန် ဝေါကာ(Jan Wolkers)၊ ဆိုင်မွန် ဗက်ဒေ့(Simon Vestdijk)၊ ဟယ်လာ ဟာဆယ်(Hella S. Haasse)၊ ဆီး နိုတီဘွန်း(Cees Nooteboom)၊Gerard Reve နှင့် ဝီလျံ ဖရက်ဒရစ် ဟားမန်း(Willem Frederik Hermans) တို့ ပါဝင်သည်။ ဂျူးလူမျိုးတို့ မျိုးတုန်းသတ်ဖြတ်မှုဖြစ်စဉ်အတွင်းတွင် အသတ်ခံခဲ့ရသော အာနယ်ဖရန့်ခ်၏ Diary of a Young Girl သည် ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်ပြီး ဒတ်ချ်ဘာသာမှ အခြားသော ထင်ရှားသော ဘာသာတို့ဖြင့် ပြန်ဆိုထုတ်ဝေခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည်။

ဒတ်ချ်ရိုးရာဗိသုကာလက်ရာများကို အမ်စတာဒမ်မြို၊ လေဒင့်မြို့(Leiden)၊ ဒဲ့ဖ်မြို့(Delft)တို့တွင် ကောင်းစွာ ထိန်းသိမ်းထားပြီး တူးမြောင်းများတစ်လျှောက်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုမှအဆောက်အဦများကို တွေ့မြင်နိုင်သည်။ သစ်ဖြင့်ဆောက်လုပ်ထားသော ကျေးလက်ဗိသုကာလက်ရာများကို ဇာအမ်ဒမ်မြို့(Zaandam) နှင့် မာကန်ရွာ(Marken) တို့တွင် တွေ့နိုင်သည်။ ဒတ်ချ် အဆောက်အဦများ၏ ပုံတူလက်ရာများကို ဂျပန်နိုင်ငံနာဂါဆာကီမြို့ရှိ Huis Ten Bosch ပန်းခြံတွင် တွေ့ရှိနိုင်သည်။ ဟော်လန်ရွာငယ်ပုံစံကို တရုတ်နိုင်ငံ၊ ရှန်ယန်းမြို့တွင် တည်ဆောက်ပြီးစီးလျက်ရှိသည်။ လေရဟတ်၊ ကျူးလစ်ပန်း၊ သစ်သားရှူးဖိနပ်၊ ဒဲ့ဖ် အိုးထည်များနှင့် ဆေးခြောက်ပင် (cannabis) တို့သည် နယ်သာလန်နိုင်ငံကို လာရောက်လည်ပတ်ကြသော ခရီးသွား ဧည့်သည်များအကြားတွင် ရေပန်းစားသော အ‌ကြောင်းအရာများ ဖြစ်သည်။

နယ်သာလန်နိုင်ငံတွင် တင်းကျပ်သည့် လူမှုရေးဆိုင်ရာ ရှည်လျားသော သမိုင်းများရှိ‌ခဲ့သော်ငြား ယနေ့အခါတွင် မူယစ်ဆေးနှင့် သက်ဆိုင်သော မူဝါဒ၊ ညင်သာစွာ သေဆုံးခြင်းအား တရားဝင် ခွင့်ပြုပေးမှုတို့ကြောင့် လွတ်လပ်သော လစ်ဘရယ်နိုင်ငံတစ်ခုအဖြစ် ဆို၍ ရနေပြီဖြစ်သည်။ ၃၀၀၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လိင်တူခြင်း လက်ထပ်ထိန်းမြှားခြင်းအား တရားဝင်ခွင့်ပြုပေးခဲ့ပြီး လိင်တူလက်ထပ်ခြင်းအား ခွင့်ပြုပေးခဲ့သည့် ပထမဆုံးသောနိုင်ငံဖြစ်လာခဲ့သည်။[၂၇]

ဒတ်ချ်လူမျိုးနှင့် ဂေဟဗေဒစနစ်

တခြားသောနှစ်များ အနေဖြင့်လည်းကောင်း ၂၀၁၈ ခုစနှစ် အနေဖြင့်ပါ နယ်သာလန်နိုင်ငံသည် နိုင်ငံသားတစ်ဦးချင်းစီအလိုက်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ဥရောပသမဂ္ဂနိုင်ငံများတွင် ထုတ်လွှတ်မှု အများဆုံး‌သော နိုင်ငံများထဲတွင်ပါဝင်ပြီး ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံ သို့မဟုတ် ဘယ်လ်ဂျီယမ်နိုင်ငံတို့ထက်ပင် မြင့်မားသည်။ [၂၈] သို့ပေသော်ငြား နယ်သာလန်နိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူဦးရေ စီမံခန့်ခွဲမှု(population management)တွင် ဦးဆောင်နိုင်ငံတစ်ခုအဖြစ် ဂုဏ်သတင်း ကျော်ကြားဆဲပင် ဖြစ်သည်။[၂၉] ၂၀၁၅ ခုနှစ်တွင် အမ်စတာဒမ်မြို့နှင့် ရော်တာဒမ်မြို့တို့သည် Arcadis Sustainable Cities Index တွင် အဆင့် ၄ နှင့် ၅ အသီးသီး ရရှိခဲ့သည်။[၃၀][၃၁]

Sustainability သည် ဒတ်ချ်လူမျိုးတို့အတွက် ပဓာနအရေးပါသော ကိစ္စရပ်ဖြစ်သည်။ ဒတ်ချ်အစိုးရ၏ ရည်မှန်းချက်မှာ ပြန်လည်ပြည့်ဖြိုးရေး၊ ယုံကြည်စိတ်ချရမှုနှင့် မျှတသော စွမ်းအင်စနစ်တို့ဖြစ်ပြီး ၂၀၅၀ ခုနှစ်တွင် ကာဗွန်အောက်ဆိုဒ် ထုတ်လွတ်မှုကို ထက်ဝက်ထိလျော့ချရေးနှင့် ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်မှ ၄၀ ရာနှုန်းထိ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေးတို့ ပါဝင်သည်။[၃၂]

အစိုးရသည် လေ့လွင့်မှုနည်းသော ထိရောက်သည့် စွမ်းအင်သုံးစွဲမှု(energy efficency)၊ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ချရေးတွင် ယူရိုဘီလျံနှင့်ချီ ရင်းနှီးမြုပ်နှံခဲ့သည်။ နိုင်ငံတော်အနေဖြင့် ဒတ်ချ်ကုမ္ပဏီများအား sustainable business/projects/facilities များတည်ဆောက်ရန် တိုက်တွန်းထားပြီး နိုင်ငံတော်မှ ဘဏ္ဏာရေးအကူအညီများပေးသည့်အပြင် စိတ်ဝင်စားသူများမှလည်း တသီးပုဂ္ဂလိကအနေဖြင့်လည်း အကူအညီပေးလျက်ရှိသည်။[၃၂]

ဂီတ

ဖိုင်:RUB9281213-111 1.jpg
၁၉ ရာစုမှ တော်ဝင် ဂီတခန်းမ

နယ်သာလန်နိုင်ငံတွင် အမျိုးစုံသော ဂီတရိုးရာများ ရှိပါသည်။ ဒတ်ချ်ရိုးရာ ဂီတအမျိူအစားကို "Levenslied" ဟု ခေါ်ပြီး ဘဝရဲ့သီချင်း ဟု အဓိပ္ပါယ်ရသည်။ ဤသီချင်းများသည် ပုံမှန်အားဖြင့် ရိုးရှင်းသော တေးသွားနှင့် ရမ်သမ်ရှိပြီး ရိုးရှင်းသော နှစ်ကြောင်းဆက်ကာရန်နှင့် ကောရပ် ဖွဲ့စည်းပုံရှိသည်။ ပေါ့ပါးသော တေးသွားသံစဉ်ပုံစံရှိပြီး လွမ်းဆွက်တမ်းသသော တေးသွားပုံစံဖြစ်လည်း ရေးဖွဲ့လေ့ရှိကာ အချစ်အကြောင်း၊ သေခြင်းတရားနှင့် အထီးကျန်ဆန်မှုတို့အကြောင်းပါဝင်သည်။ အကော်ဒီယံနှင့် လေမှုတ်အော်ဂန်ကဲ့သို့သော ရိုးရာတူရိယာများသည် levenslied ဂီတအတွက် အဓိကကျသော တူရိယာများဖြစ်ပြီး နောက်ပိုင်းခေတ်များတွင် ဂီတပညာရှင်များသည် synthesiser များနှင့် ဂစ်တာများကို အသုံးပြု၍လာခဲ့သည်။  ယန် စမစ်(Jan Smit)၊ ဖရန့် ဘောင်အာ(Frans Bauer) နှင့် အန်ဒရဲ ဟာ့ဇ်(André Hazes) တို့သည် ဤဂီတအမျိုးအစားကို သီဆိုသူအနုပညာရှင်များထဲတွင် ပါဝင်ကြသည်။

ပေါ့ အဆိုတော် Anouk (၂၀၁၃ ခုနစ်)
အကြီးဆုံး ဒတ်ချ်ဂီတဖျော်ဖြေရေးကွင်း ဖြစ်သော Johan Cruyff Arena

ခေတ်ပေါ် ဒတ်ချ် ရော့ခ်နှင့် ပေါ့ပ်ဂီတ(Nederpop) တို့သည် ၁၉၆၀ ခုနှစ်များထွန်း ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး ‌‌အမေရိကန်နှင့် ဗြိတိန်တို့၏ ခေတ်ပေါ်ဂီတတို့မှ ကြီးစွာလွှမ်းမိုးမှု ရှိခဲ့သည်။ ၁၉၆၀ ခုနှစ်များနှင့် ၇၀ ခုနှစ်များတွင် စာသားအားလုံးနီးပါးသည် အင်္ဂလိပ်စာသားများဖြင့်ပြီး အချို့သီချင်းများမှာ အတီးချည်းသပ်သပ်ဖြစ်သည်။ Shocking Blue၊ Golden Earring၊ Tee Set၊ George Baker Selection နှင့် Focus စသော တီးဝိုင်းအဖွဲ့များသည် နိုင်ငံတကာထိပါ အောင်မြင်မှုများ ရရှိခဲ့သည်။ ၁၉၈၀ ခုနှစ်များအရောက်တွင် အကြီးအကျယ် အောင်မြင်ခဲ့သည့် Doe Maar တီးဝိုင်းအဖွဲ့အား အတုယူ၍ များစွာသော ပေါ့ပ်ဂီတသမားများသည် ဒတ်ချ်ဘာသာဖြင့် စတင်ရေးဖွဲ့လာခဲ့ကြသည်။ ယနေ့အခါတွင် ဒတ်ချ် ရော့ခ်နှင့် ပေါ့ပ်ဂီတသည် ဘာသာစကားနှစ်ခုစလုံးဖြင့် ရှင်သန်၍လာခဲ့ပြီး အချို့သော အနုပညာရှင်များသည် ဘာသာစကားနှစ်ခုလုံးဖြင့်ပင် အသံသွင်းခြင်းများ ပြုလုပ်၍ လာခဲ့သည်။


လက်ရှိတွင် Symphonic metal တီဝိုင်းအဖွဲ့များဖြစ်သော Epica, Delain, ReVamp, The Gathering, Asrai, Autumn, Ayreon and Within Temptation နှင့် ဂျက်စ်နှင့် ပေါ့ပ် အဆိုတော် Caro Emerald တို့သည် နိုင်ငံတကာ အောင်မြင်မှုများရနေသော အဖွဲ့များဖြစ်သည်။ မက်တယ်တီးဝိုင်းအဖွဲ့များဖြစ်သော Hail of Bullets, God Dethroned, Izegrim, Asphyx, Textures, Present Danger, Heidevolk and Slechtvalk တို့သည်လည်း ဥရောပ၏ အကြီးမားသော မက်တယ်ဂီတဖျော်ဖြေပွဲများတွင် ဝင်ရောက်တီးခတ်ကြသည့် အထူးဧည့်တီးဝိုင်းအဖွဲ့များ ဖြစ်ကြသည်။ ခေတ်ပြိုင် ဒေသတွင်း နာမည်ကျော်ကြားကြသူများတွင် ပေါ့ပ်အဆိုတော် Anouk၊ ကျေးလက်ပေါ့ပ်အဆိုတော် DeLange၊ South Guelderish နှင့် Limburgish ဘာသာစကားဖြင့်ဆိုသော Rowwen Hèze တီးဝိုင်းအဖွဲ့၊ ရော့ခ်ဂီတအဖွဲ့ဖြစ်သော BLØF နှင့် Nick & Simon အတွဲတို့ ပါဝင်ကြသည်။ စွယ်စုံရ အဆိုတော် တစ်ဦးဖြစ်သည့် Trijntje Oosterhuis သည် နိုင်ငံ၏ အကျော်ကြားဆုံးသော အနုပညာရှင်များထဲတွင်ပါဝင်ပြီး ကျော်ကြားသည့် အမေရိကန် တေးရေးဆရာများဖြစ်ကြသည့်  Vince Mendoza and Burt Bacharach တို့နှင့်တွဲဖက်ပြီး အယ်ဘမ်များစွာ သီဆိုခဲ့သည်။

၁၉၉၀ ခုနှစ်များ အစောပိုင်းကာလတွင် ဒတ်ချ်နှင့် ဘယ်လဂျီယမ် house music တို့ပေါင်းစပ်ပြီး Eurodance ဟုခေါ်သော ဂီတအမျိုးအစား ပေါ်ပေါက်လာကာ 2 Unlimited ဟုခေါ်သော အဖွဲ့ပေါ်ထွက်လာခဲ့ပြီး ဓာတ်ပြားအချပ်ရေ ၁၈ မီလီယံခန့် ရောင်းချခဲ့သည့် စာရင်းဝင်ခဲ့ရာ ထိုအဆိုတော်နှစ်ယောက်ပါဝင်သော တီးဝိုင်းအဖွဲ့သည် ယနေ့ထိ ဒတ်ချ် ဂီတသမိုင်းတွင် အအောင်မြင်ဆုံး ဖြစ်ခဲ့သည်။[၃၃] "Get Ready for This" ကဲ့သို့သော သီချင်းမျိုးသည် ယနေ့အချိန်ထိ နာမည်ကျော်ကြားလျက်ရှိပြီး NHL ကဲ့သို့သော အမေရိကန် အားကစားပြိုင်ပွဲများတွင် အသုံးပြုဆဲပင်ဖြစ်သည်။ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်းကာလတွင် ဒတ်ချ်ဘာသာဖြင့် ရပ်နှင့် ဟစ်ဟော့ဂီတ (Nederhop) များပေါ်ထွန်းလာခဲ့ပြီး နယ်သာလန်နှင့် ဘယ်လ်ဂျီယမ်နိုင်ငံတို့တွင် ကျော်ကြားလာခဲ့သည်။ ဤဂီတအမျိုးအစားတွင်မြောက်အာဖရိကန်၊ ကာရစ်ဘီယံ အနုပညာရှင်များမှ ကြီးစွာ လွှမ်းမိုးမှုရှိခဲ့သည်။

၁၉၉၀ ခုနှစ်များကတည်းကစပြီး Dutch electronic dance music (EDM) ကမ္ဘာအနှံသို့ trance, techno နှင့် gabber မှ hardstyle ထိ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ပျံ့နှံခဲ့သည်။ နယ်သာလန်နိုင်ငံမှ ကမ္ဘာအကောင်းဆုံး dance music DJs သမားအချို့တွင် Armin van Buuren, Tiësto, Hardwell, Martin Garrix, Dash Berlin, Julian Jordan, Nicky Romero, W&W, Don Diablo and Afrojack တို့ပါဝင်ပြီး ရှေ့ဆုံး လေးယောက်မှာ ကမ္ဘာအကောင်းဆုံးသော ဒီဂျေသမားများစာရင်းဖြစ်သည့် DJ Mag Top 100 DJs တွင် ပါဝင်ကြသည်။ Amsterdam Dance Event (ADE) သည့် ကမ္ဘာ့အကြီးကျယ်ဆုံးသော electronics music conference ဖြစ်ပြီး အီလက်ထရောနစ်ဂီတနှင့် ၎င်း၏မျိုးကွဲများစွာအတွက် အကြီးမားဆုံးသော ဖျော်ဖြေပွဲကြီးဖြစ်သည်။ [၃၄][၃၅]

နယ်သာလန်နိုင်ငံသည် ယူရိုဗားရှင်း သီချင်းဆိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ထားခဲ့သော နိုင်ငံတစ်ခုလည်းဖြစ်သည်။ ထိုပြိုင်ပွဲသည် ၁၉၅၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သော ပြိုင်ပွဲတစ်ခုဖြစ်ပြီး လက်ရှိအချိန်အထိ ၅ ကြိမ်အနိုင်ရရှိထားခဲ့ရာ နောက်ဆုံးအကြိမ် အနိုင်ရရှိခဲ့သည်မှာ ၂၀၁၉ ခုနှစ်တွင် ဖြစ်သည်။


ဂန္တဝင်ဂီတတွင်လည်း Jan Sweelinck ကို ဒတ်ချ်၏ အကျော်ကြားဆုံးသော တေးပြုစာဆိုဟု ခေါ်ဆိုကြပြီး Louis Andriessen ကိုတော့ သက်ရှိထင်ရှား တေးပြုစာဆိုများတွင်တော့ အကောင်းဆုံးဟု ဆိုကြသည်။ Ton Koopman သည် ဒတ်ချ် ဂီတမှူး၊ အော်ဂင်နှင့် harpsichord ပညာရှင်ဖြစ်ပြီး ဟိတ်မြို့ တော်ဝင်ဂီတအကယ်ဒမီမှ ပါမောက္ခတစ်ဦးလည်းဖြစ်သည်။ ထင်ရှားသော တယောပညာရှင်များမှာ Janine Jansen နှင့် André Rieu တို့ဖြစ်ကြပြီး နောက်တွင် ၎င်းတည်ထောင်ထားသော Johann Strauss Orchestra နှင့်တွဲဖက်၍ ဂန္တဝင်ဂီတနှင့် ဝေါ့ဇ်ဂီတ (Waltz music) တို့ကို ကမ္ဘာအနှံလှည့်လည် ဖျော်ဖြေခဲ့သည်။ ဒတ်ချ်တို့၏ ကျော်ကြားဆုံးသော ဂန္ထဝင်ဂီတတေးသွားမှာ "Canto Ostinato" ဖြစ်ပြီး Simeon ten Holt မှ ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ [၃၆][၃၇][၃၈] ချီးကျူးဖွယ်ရာ ဗျပ်စောင်းပညာရှင်မှာ Lavinia Meijer ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ထုတ်ဝေခဲ့သော အယ်ဘမ်မှာ Philip Glass ၏ တေးသွားများဖြစ်ပြီး ၎င်း၏ခွင့်ပြုချက်ဖြင့် သူမမှ ဗျပ်စောင်းဖြင့်တီးခတ်နိုင်သော တေးသွားများအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။[၃၉] အမ်စတာဒမ်မြို့ရှိ Concertgebouw (၁၈၈၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော) အဆောက်အဦးသည် တော်ဝင်ဂီတဖျော်ဖြေပွဲများ ကျင်းပရာနေရာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး အနုလက်ရာများဖြစ်တည်ဆောက်ထားသော ဂီတအဆောက်အဦများထဲမှ တစ်ခုဟု ဆိုကြသည်။[၄၀]

ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အစီအစဉ်

အချို့သော ဒတ်ခ်ျရုပ်ရှင်များ အထူးသဖြင့် Paul Verhoeven ရိုက်ကူးခဲ့သောTurkish Delight ("Turks Fruit", ၁၉၇၃), Soldier of Orange ("Soldaat van Oranje", ၁၉၇၇), Spetters (၁၉၈၀) and The Fourth Man ("De Vierde Man", ၁၉၈၃) စသော ရုပ်ရှင်များသည် နိုင်ငံတကာသို့ဖြန့်ဖြူးခြင်းနှင့် အသိအမှတ်ပြုခံရခြင်းတို့ ရရှိခဲ့သည်။ Verhoeven သည် ဆက်လက်၍ ဟောလီးဝုဒ်ရုပ်ရှင်များဖြစ်သည့် RoboCop (၁၉၈၇), Total Recall (၁၉၉၀) နှင့် Basic Instinct (၁၉၉၂) တို့ကို့ရိုက်ကူးခဲ့ပြီး Black Book ("Zwartboek", ၂၀၀၆) ဒတ်ချ်ရုပ်ရှင်ဇာတ်ကားဖြင့် ဒတ်ချ်ရုပ်ရှင်လောကသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။


အခြား ကျော်ကြားသော ဒတ်ချ်ရုပ်ရှင်ဒါရိုက်တာများမှာ Jan de Bont (Speed), Anton Corbijn (A Most wanted Man), Dick Maas (De Lift), Fons Rademakers (The Assault) တို့ဖြစ်ပြီး မှတ်တမ်းရုပ်ရှင် ဖန်တီးသူများဖြစ်ကြသော Bert Haanstra နှင့် Joris Ivens တို့ပါဝင်သည်။ ရုပ်ရှင်ဒါရိုက်တာ Theo van Gogh သည် ၂၀၀၄ ခုနှစ်တွင် ကမ္ဘာသိ ဖြစ်ရပ်ဆိုးဖြင့် ကျော်ကြားသူဖြစ်ပြီး Submission ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးပြီးချိန်တွင် အမ်စတာဒမ်လမ်းမပေါ်၌ Mohammed Bouyeri ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။


နိုင်ငံတကာ အတိုင်းအတာဖြင့် အောင်မြင်မှု ရရှိခဲ့သော နယ်သာလန်နိုင်ငံမှ ရုပ်ရှင်ကင်မရာမန်းများမှာ Hoyte van Hoytema  (Interstellar၊ Spectre၊ Dunkirk) နှင့် Theo van de Sande (Wayne's World နှင့် Blade) တို့ဖြစ်သည်။ Van Hoytema မှာ National Film School in Łódź (ပိုလန်) ကျောင်းထွက်ဖြစ်ပြီး Van de Sande မှာ နယ်သာလန် ရုပ်ရှင်အကယ်ဒမီ(Netherlands Film Academy)တွင် သင်ကြားခဲ့သူဖြစ်သည်။ နိုင်ငံတကာတွင် အောင်မြင်မှုရရှိခဲ့သော ဒတ်ခ်ျ သရုပ်ဆောင်များမှာ Famke Janssen (X-Men), Carice van Houten (Game of Thrones), Michiel Huisman (Game of Thrones), Rutger Hauer (Blade Runner), Jeroen Krabbé (The Living Daylights) နှင့် Derek de Lint (Three Men and a Baby) တို့ဖြစ်ကြသည်။


နယ်သာလန်နိုင်ငံ၌ ရုပ်မြင်သံကြားဈေးကွက်သည် စီးပွားရေးနှင့် အများနှင့်သက်ဆိုင်သော ရုပ်သံလွင့်ဌာနများဖြင့် ကောင်းစွာဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ ပြည်ပရုပ်သံလိုင်းများမှ အစီအစဉ်များ၊ နိုင်ငံခြားဘာသာစကားဖြင့် အင်တာဗျူးများကို မူလအသံအား စာတန်းထိုးဖြင့် ထုတ်လွှင့်သည်။ ကလေးများအတွက် အစီအစဉ်များကိုသာ နိုင်ငံခြားဘာသာစကားနှင့်အသံများမှ မိမိဘာသာစကားသို့ ပြောင်းလဲထုတ်လွှင့်သည်။[၄၁]


နယ်သာလန်မှ ထုတ်လွှင့်သော ရုပ်သံအစီအစဉ်များသည် သီးခြားအစီအစဉ်နှင့် ဖရန့်ချိုင်းပုံစံဖြင့် နိုင်ငံတကာသို့ ထုတ်လွှင့်လျက်ရှိပြီး ဒတ်ခ်ျမီဒီယာ တိုင်ကွန်များဖြစ်ကြသော John de Mol နှင့် Joop van den Ende တို့တည်ထောင်သော Endemol ကော်ပိုရေးရှင်းသည် နိုင်ငံတကာ ရုပ်သံထုတ်လွှင့်မှုတွင် ထင်ရှားသော အစီအစဉ်များဖြင့် ကျော်ကြားသော ရုပ်သံလွှင့်ကုမ္ပဏီဖြစ်သည်။ Endemol ကုမ္ပဏီ၏ ရုံးချုပ်သည် အမ်စတာဒမ်မြို့၌တည်ရှိပြီး နိုင်ငံပေါင်း ၃၀ ကျော်တွင် ကုမ္ပဏီ ၉၀ ကျော်ဖြင့် ဖွဲ့စည်းထားသည်။ Endemol နှင့် ၎င်း၏ ကုမ္ပဏီခွဲများသည် reality နှင့် talent show၊ ဂိမ်းကစားပွဲများကို တမ္ဘာလုံးအတိုင်းအတာဖြင့် ထုတ်လွှင့်ကြပြီး ထိုရှိုးပွဲများထဲတွင် Big Brother နှင့် Deal or No Deal ကဲ့သို့သော အစီအစဉ်များလည်း ပါဝင်သည်။ နောင်တွင် John de Mol သည် ၎င်း၏ကိုယ်ပိုင်ကုမ္ပဏီအဖြစ် Talpa ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ထိုကုမ္ပဏီမှ The Voice နှင့် Utopia ကဲ့သို့သော ရုပ်သံအစီအစဉ်များကို ပြသခဲ့သည်။


အားကစား

Euro 2012 ပြိုင်ပွဲတွင် ဒိန်းမတ် အမျိုးသား ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားနေသော နယ်သာလန် အမျိုးသား ဘောလုံးအသင်း

နယ်သာလန်နိုင်ငံ၏ ၁၆.၈ သန်းသော လူဦးရေတွင် ၄.၅ သန်းခန့်မှာ နိုင်ငံတဝန်းရှိ အားကစားကလပ် ၃၅,၀၀၀ မှ တခုခုတွင် မှတ်ပုံတင်ထားကြပြီး အသက် ၁၅ နှစ်မှ ၇၅ နှစ်အကြား လူဦးရေ သုံးပုံနှစ်ပုံမှာ အပါတ်စဉ်တိုင်း အားကစား တစ်မျိုးမျိုး ပါဝင်လုပ်ဆောင်ကြသည်။[၄၂] ဘောလုံးအားကစားသည် နယ်သာလန်နိုင်ငံတွင် ပါဝင်သူအများဖြစ်ပြီး ၎င်းနောက်၌ မြတ်ခင်းပြင် ဟော်ကီ (field hockey) နှင့် ဘောလီဘောတို့သည် ဒုတိယနှင့် တတိယလိုက်သည့် လူကြိုက်များသော အဖွဲ့လိုက်အားကစားများ ဖြစ်သည်။ နယ်သာလန် အမျိုးသား ဘောလုံးအသင်းသည် ဒတ်ခ်ျအားကစားလောကတွင် အကျော်ကြားဆုံးသော ပုံရိပ်လက္ခဏာများထဲမှ တစ်ခုဖြစ်ပြီး အထူးသဖြင့် ၁၉၇၀ ခုနှစ်များတွင် သမိုင်းတစ်လျှောက် အကောင်းဆုံးသော ဘောလုံးသမားများထဲက တစ်ယောက်ဖြစ်သော Johan Cruyff သည် ၎င်း၏ နည်းပြဖြစ်သော Rinus Michels နှင့် ပူးပေါင်း၍ Total Football ဟုခေါ်သော နည်းဗျူဟာဖြင့် ကစားခဲ့စဉ်ကတည်းက ဟုဆိုရပေမည်။[၄၃]


အားကစားအဖွဲ့အစည်းများကို ၁၉ ရာစုအကုန် ၂၀ ရာစုအစောပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အာကစားဖက်ဒရေးရှင်းများတည်ထောင်ခြင်း၊ စည်းကမ်းများ သတ်မှတ်ခြင်းနှင့် အားကစားကလပ်များ ပေါ်ထွန်းလာခဲ့သည်။ ဒတ်ချ် အမျိုးသား အိုလံပစ် ကော်မတီအား ၁၉၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်မတိုင်မှီအထိ နယ်သာလန်နိုင်ငံသည် ​နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ဆုတံဆိပ် ၂၆၆ ခု၊ ​ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် ဆုတံဆိပ် ၁၁၀ ခု ရရှိခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတကာပြိုင်ပွဲများတွင် ဒတ်ချ် နိုင်ငံ့အသင်းနှင့် အားကစားသမားများသည် များစွာ​သော အားကစားနယ်ပယ်များတွင် ​အောင်မြင်မှုများစွာ ရရှိခဲ့ကြသည်။ ကမ္ဘာ့ဖလားသမိုင်းတွင် ဒတ်ချ်အမျိုးသမီး ​မြတ်ခင်းပြင်​ဟော်ကီအသင်းသည် ​အ​အောင်မြင်ဆုံး​သော အသင်းဖြစ်သည်။ နယ်သာလန် ​ဘေ့စ်​ဘောအသင်းသည် ဥ​ရောပ ချန်ပီယံရှစ်ပြိုင်ပွဲ ၃၂ ပွဲတွင် အကြိမ် ၂၀ မျှ ဗိုလ်စွဲခဲ့​သော အသင်းလည်း ဖြစ်သည်။ ဒတ်ချ် K-1 kickboxers သည်လည်း K-1 World Grand Prix ပွဲ ၁၉ခုတွင် ၁၅ ကြိမ်မျှ ဖလားရရှိခဲ့သည်။


၂၀၁၄ ခုနှစ် ​ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင် ဒတ်ချ် speed skater အသင်းဝင်​ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြိုင်ပွဲ ၁၂ ခုတွင် ၈ ခု၊ ဆုတံဆိပ် ၃၆ ခုတွင် ၂၃ ခုရရှိခဲ့ပြီး ထိုအထဲမှပြိုင်ပွဲ ၄ ခုမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်းဖြစ်သည့်အတွက်​ကြောင့် အိုလံပစ်ပြိုင်ပွဲသမိုင်းတွင် အားကစားတမျိုးထဲ၌ အကြီးကျယ်ဆုံး​သော ​အောင်မြင်မှုရရှိခြင်း ဖြစ်သည်။ ​​မော်​တော်ဆိုင်ကယ်ပြိုင်ပွဲဖြစ်​သော TT Circuit Assen တွင်လည်း ရှည်လျားလှ​သော သမိုင်း​ကြောင်းများရှိ၍​နေသည်။ Assen သည် သည် ​မော်​တော်ဆိုင်ကယ် ကမ္ဘာ့ချန်ပီယံရှစ် စတင်ကျင်းပခဲ့စဥ် ၁၉၄၉ ခုနှစ်ကတည်းက ပြိုင်ပွဲကျင်းပခဲ့​နေရာလည်း ဖြစ်သည်။ Dutch TT အတွက် ပတ်လမ်းများကို တည်​​ဆောက်ရန် အဆိုပြုခဲ့သည်မှာ ၁၉၅၄ ခုနှစ်တွင်ဖြစ်ပြီး ထို့မတိုင်မှီက အများပြည်သူ့လမ်းများတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။


ခရီးရှည် စက်ဘီးပြိုင်ပွဲကြီးဖြစ်သည့် 1968 Tour de France ပြိုင်ပွဲတွင် Jan Janssen အနိုင်ရရှိခဲ့ခြင်း၊ Joop Zoetemelk မှ 1985 UCI Road World Championship အနိုင်ရရှိခြင်း၊ မကြာ​သေးမှီက 2017 Giro d'Italia ပြိုင်ပွဲတွင် Tom Dumoulin အနိုင်ရရှိတို့​ကြောင့် နယ်သာလန်သည် ခရီးရှည်စက်ဘီးစီးပြိုင်ပွဲကြီး ၃ ခုတွင် ​အောင်မြင်မှုရရှိထား​သော နိုင်ငံဖြစ်သည်။ ဂန္တဝင် စက်ဘီးစီးသမားကြီးဖြစ်သူ Joop Zoetemelk သည် 1979 Vuelta a Espana နှင့် 1980 Tour de France ပြိုင်ပွဲများတွင် အနိုင်ရရှိထားသူဖြစ်ပြီး Tour de France ပြိုင်ပွဲတွင် စံချိန်များစွာ ချိုးထားသူဖြစ်သည်။


လက်ရှိဖော်မြူလာ ဝမ်းတွင် ပြိုင်ပွဲဝင်​နေ​သော Max Verstappen သည် Grand Prix ရရှိခဲ့​သော ပထမဆုံး​သော ဒတ်ချ်လူမျိုးဖြစ်သည်။ ၁၉၅၈ ခုနှစ်မှ၁၉၈၅ ခုနှစ်ထိ Dutch Grand Prix ကို ကျင်းပခဲ့​သော Zandvoort ကမ်း​ခြေမြို့တွင် ပြိုင်ပွဲများအား ၂၀၂၀ ခုနှစ်တွင် ပြန်လည်ကျင်းပမည် ​ကြေငြာခဲ့သည်။[၄၄] ဒတ်ချ်အမျိုးသား ​ဘောလုံးအသင်းသည် ​အောင်မြင်မှုများ ရရှိခဲ့​သော အသင်းဖြစ်ပြီး ၁၉၉၂ ​နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ​ငွေတံဆိပ်၊ မကြာ​သေးမီနှစ်များက အတ္တလန္တာမြို့တွင် ကျင်းပခဲ့​သော ၁၉၉၆​ နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ​ရွှေတံဆိပ် ရရှိခဲ့သည်။ ​အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့သည်မှာ အမျိုးသမီး ​ဘောလီ​ဘောအသင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ဥ​ရောပချန်ပီယံရှစ်၊ ၂၀၀၇ ခုနှစ်တွင် World Grand Prix ရရှိခဲ့သည်။


ကိုလိုနီခေတ်ယဉ်ကျေးမှုအမွေအနှစ်

၁၆၆၄ ခုနှစ်တွင် နယူးအမ်စတာဒမ်မြို့ အဖြစ်တည်​ထောင်ခဲ့ပြီး ဗြိတိသျှတို့အုပ်ချုပ်​သောကာလအ​ရောက်တွင် နယူးယောက်မြို့အဖြစ် ​ခေါ်ဆိုခဲ့သည်။

၁၇ ရာစု မဂိုအင်ပါယာအား ​အနိုင်ကျင့်အမြတ်ထုတ်ချိန်မှ ၁၉ ရာစု ကိုလိုနီပြုချိန်ထိ ၂၀ ရာစုအ​စောပိုင်း ဒတ်ချ်အရှေ့အင်ဒီးနယ်၏ လွမ်းမိုးမှုထူ​ထောင်နိုင်ခြင်းဖြင့် ဒတ်ချ်အ​င်ပါယာ၏ ပိုင်ဆိုင်မှုများသည် ကျယ်ပြန့်လာပြီး ၎င်းတို့၏အကြီးမြတ်ဆုံး​သော အချိန်သို့​ရောက်လာခဲ့သည်။ ယ​နေ့​​ခေတ် အင်ဒိုနီးရှားနိုင်ငံဖြစ်လာသည့် ဒတ်ချ်အ​ရှေ့အင်ဒီးနယ်သည် ကမ္ဘာ​ပေါ်ရှိ တန်ဖိုးကြီးမား​သော ဥ​ရောကိုလိုနီနယ်များထဲမှတစ်ခုဖြစ်ပြီး နယ်သာလန်အတွက် အလွန်အ​ရေးပါဆုံး​သော နယ်တစ်ခုဖြစ်ခဲ့သည်။[၄၅] နှစ် ၃၅၀ ​ကျော် ကြာခဲ့​သော ယဉ်ကျေးမှုများသည် နယ်သာလန်နိုင်ငံတွင် ထင်ရှား​သော ယဉ်ကျေးမှုအမှတ်လက္ခဏာများအဖြစ် ကျန်ရှိခဲ့သည်။


၁၇ ရာစု ဒတ်ချ် ​ရွှေ​ခေတ်အ​ရောက်တွင် အာရှကုန်သွယ်​ရေး လက်ဝါးကြီးအုပ်မှုတို့မှ ရရှိလာ​သော ဘဏ္ဍာ​​ငွေရရှိမှုတို့မှ နယ်သာလန်သည် မြို့ပြအသွင်​ပြောင်းလဲ​ရေး အ​တော်ကို​ ​ဆောင်ရွက်နိုင်ခဲ့သည်။ ကုန်သည်တို့၏ ဝင်​ငွေ​ပေါ် မှီတည်​နေ​သော လူမှုအ​ခြေအ​နေသည် ​မြေရှင်ပ​ဒေသရာဇ်စနစ်ကို ​လျော့ချနိုင်ခဲ့ပြီး ဒတ်ချ်လူမှုအဖွဲ့အစည်း၏အ​ရွေ့ကို ​ပြောင်းလဲ​စေခဲ့သည်။ ၁၈၁၅ တွင် ဒတ်ချ်​တော်ဝင်မိသားစုအား ထူ​ထောင်နိုင်ခဲ့ပြီး ၎င်းတို့၏ကြွယ်ဝမှုအများစုသည် ကိုလိုနီကုန်သွယ်မှုမှ ရရှိခဲ့သည်။ [၄၆]


၁၇ ရာစုအ​ရောက်တွင် ဒတ်ချ်အ​ရှေ့အိန္ဒိယကုမ္ပဏီသည် ၎င်းတို့၏ အ​ခြေစိုက်စခန်းကို စီလုံ (ယ​နေ့​ခေတ် သီရိလင်္ကာနိုင်ငံ)တွင် တည်​ထောင်နိုင်ခဲ့သည်။ ​နောက်တွင် ဒတ်ချ်တို့သည် မလဘာကိုသိမ်းပိုက်ပြီး ကုန်သွယ်​ရေးစခန်းတည်​ထောင်နိူင်ခဲ့ကာ အိန္ဒိယတွင် အ​ခြေ​ချ​နေရာနှင့် ကုန်သွယ်​ရေးစခန်းများတည်​ထောင်ခြင်းကို ​ဆောင်ရွက်ခဲ့ကြသည်။ သို့​ပေ​သော်ငြား တြာဗန်ကိုနိုင်ငံ(Kingdom of Travancore)နှင့် ဖြစ်ပွား​သော ကိုလာချယ်တိုက်ပွဲ(Battle of Colachel)တွင် ရှုံးနိမ့်ခဲပြီး အိန္ဒိယသို့ နယ်ချဲ့ခြင်း ရပ်တန့်သွားခဲ့သည်။ ဒတ်ချ်တို့သည် ထိုသို့​သော ရှုံးနိမ့်မှုမှ မကုစားနိုင်​တော့ပဲ ဘန်​ဂေါနယ်တွင် ကိုလိုနီပြု စခန်းချခြင်းများကို ဆက်လက်​ဆောင်ရွက်နိုင်ခြင်း မရှိ​တော့​ချေ။[၄၇][၄၈]


၁၆ ရာစုနှစ်တွင် တည်​ထောင်ခဲ့​သော ​လေဒင့်တက္ကသိုလ်ကဲ့သို့ တက္ကသိုလ်များတွင် အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှလေ့လာရေးဌာနများ ​ပေါ်ထွန်းလာခဲ့သည်။ ​[မှတ်စု ၃] လေဒင့်တက္ကသိုလ်မှ Christiaan Snouck Hurgronje ကဲ့သို့ ပညာရှင်များ ​မွေးထုတ်​ပေးနိုင်ခဲ့ပြီး အင်ဒိုနီးရှားဘာသာစကားနှင့် ယဥ်​ကျေးမှုကို အထူးပြု​လေ့လာကြသူများ ယခုထက်တိုင်​အောင် ရှိ​သေးသည်။ ​လေဒင့်တက္ကသိုလ် အထူးသဖြင့် အ​ရှေ့​တောင်အာရှနှင့် ကာရစ်ဘီယံ​လေ့လာ​ရေး နယ်သာလန်​ တော်ဝင်အင်စတီကျူ(KITLV)များသည် ယ​နေ့အချိန်ထိတိုင်​အောင် အင်ဒိုနီးရှား​လေ့လာ​ရေးတွင် ဉာဏနှင့် သမိုင်းဆိုင်ရာလေ့လာမှုများအတွက် ပညာရေးဆိုင်ရာ နေရာများအဖြစ် ရှိ၍နေသည်။ နယ်သာလန်နိုင်ငံ၌ အခြားလေ့လာနိုင်သေးသော နေရာများမှာ အမ်စတာဒမ်ရှိ မနုဿဗေဒဆိုင်ရာ Tropenmuseum ပြတိုက်ဖြစ်ပြီး အင်ဒိုနီးရှား အနုပညာ၊ ယဉ်ကျေးမှု၊ လူမျိုးခွဲ‌ဗေဒ၊ မနုဿဗေဒနှင့်ဆိုင်သော များပြားလှစွာသော စုဆောင်းမှုများ ရှိ၍နေသည်။

ဒတ်ချ်ဆရာဝန်မှ ဒေသခံအင်ဒိုနီးရှားအမျိုးသမီးအား ကာကွယ်ဆေးထိုးပေးနေပုံ


တော်ဝင်ဒတ်ချ်အရှေ့အင်ဒီးတပ်(KNIL)အား အစဉ်အလာထိန်းသိမ်းသောအားဖြင့် Van Heutsz တပ်ရင်းအဖြစ် တော်ဝင်နယ်သာလန်တပ်မတော်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။ KNIL မှ အနားယူခဲ့သော စစ်မှုထမ်းဟောင်းများအတွက် နေရာဖြစ်သော ဘရွန်ဘက်နန်းတော်ပြတိုက်(Bronbeek Museum)သည် Arnhem မြို့တွင် ယနေ့ထက်တိုင် တည်ရှိနေ‌သည်။


ဒတ်ချ်စာ​ပေတွင် ဒတ်ချ်အင်ဒီးစာ​ပေဟု​ခေါ်​သော အ​ရေးပါ​သော အစိတ်အပိုင်း တည်ရှိ​နေပြီး ၎င်းစာ​ပေအမျိုးအစားတွင် ကိုလိုနီ​ခေတ်အား ကွန့်မြူးစရာအ​ရေးပါ​သောအရာဌာနအဖြစ် ဖြစ်​စေခဲ့​သော "The Hidden Force " အား​ရေးသားသူ Louis Couperus တို့ပါဝင်သည်။[၄၉] ဒတ်ချ်စာ​ပေ၏ လက်ရာမွန်များထဲမှ တစ်ခုဖြစ်​သော "Max Havelaar" အား ၁၈၆၀ ခုနှစ်တွင် Multatuli မှ ​ရေးသားခဲ့သည်။[၅၀]


အင်ဒိုနီးရှားဟင်းလျာနှင့် စား​သောက်ကုန်များကို နယ်သာလန်နိုင်ငံ၌ အလွယ်တကူရရှိနိုင်ပါသည်။ ကိုလိုနီ​ခေတ်လက်ရာလွှမ်း​နေ​သော Rijsttafel၊ Nasi goreng နှင့် ဆာတေး ကဲ့သို့​သော ဟင်းလျာများသည် နိုင်ငံတွင်း လူကြိုက်များ​သော ဟင်းလျာများ ဖြစ်သည်။ နယ်သာလာန်နိုင်ငံအတွင်းရှိ မည်သည့်မြို့တွင်မဆို မြို့အရွယ်အစား မည်မျှရှိသည်ဖြစ်​စေ ""တိုကို(toko)ဟု​ခေါ်​သော ဒတ်ချ်-အင်ဒိုနီးရှားဆိုင် သို့မဟုတ် တရုတ်-အင်ဒိုနီးရှားဆိုင် ရှိ၍​နေသည်။ ထို့ပြင် 'ပါဆာ မာလန်(Pasar Malam)ဟု​ခေါ်​သော ည​စျေးပွဲ​တော်များကို တနှစ်ပတ်လုံး ဖွင့်လှစ်ကြသည်

မှတ်စုများ

  1. Only 11 stations are served less than twice an hour during weekdays.
  2. Up from 31% vs. 19% naming the bike their main mode of transport for daily activities in 2011.[၁၃][၁၄]
  3. Some of the university faculties still include: Indonesian Languages and Cultures; South-east Asia and Oceania Languages and Cultures; Cultural Anthropology.

ကိုးကား

  1. "SWOV Fact sheet" (PDF) (သတင်းထုတ်ပြန်ချက်)။ Leidschendam, the Netherlands: SWOV, Dutch Institute for Road Safety Research။ July 2013။ 15 April 2010 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ ၁၀ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး Text "Mobility on Dutch roads" ignored (အကူအညီ); zero width space character in |accessdate= at position 4 (အကူအညီ); |accessdate= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Waard၊ Jan van der; Jorritsma၊ Peter; Immers၊ Ben (October 2012)။ New Drivers in Mobility: What Moves the Dutch in 2012 and Beyond? (PDF) (အစီရင်ခံစာ)။ Delft, the Netherlands: Organisation for Economic Co-operation and Development International Transport Forum။ 17 January 2013 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ ၁၀ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး zero width space character in |accessdate= at position 4 (အကူအညီ); |accessdate= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  3. CIA World Factbook။ U.S. Central Intelligence Agency (2012)။ ၁၀ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. Road density (km of road per 100 sq. km of land area)။ The World Bank Group (2014)။ ၂၀ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  5. Toor၊ Amar (10 July 2013)။ Every Dutch citizen will live within 31 miles of an electric vehicle charging station by 2015The Verge။ Vox Media, Inc။ 11 July 2013 တွင် ပြန်စစ်ပြီး။
  6. CIA World Factbook။ U.S. Central Intelligence Agency (2012)။ ၁၇ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  7. "NS to up frequency of Amsterdam to Eindhoven trains to six an hour - DutchNews.nl" (in en-GB)၊ DutchNews.nl၊ 21 June 2017။ 
  8. (RVO)၊ Netherlands Enterprise Agency (17 July 2015)။ Holland Publicationshollandtrade.com။ 24 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  9. Cycling in the Netherlands
  10. CBS StatLine – Motor vehicles; general overview per period and technological features
  11. European Cyclists' Federation – The first EU wide ECF Cycling Barometer launched။ 14 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  12. Quality of Transport report (PDF) (အစီရင်ခံစာ)။ European Commission။ December 2014။ p. 11။ 8 September 2015 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) ။ ၁၇ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး Cite has empty unknown parameter: |coauthors= (အကူအညီ); zero width space character in |accessdate= at position 4 (အကူအညီ); |accessdate= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  13. "Why is cycling so popular in the Netherlands?"၊ BBC News 
  14. Future of Transport report (PDF) (အစီရင်ခံစာ)။ European Commission။ March 2011။ p. 8။ 5 February 2015 တွင် မူရင်းမှ မော်ကွန်းတင်ပြီး (PDF) ။ ၁၇ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး zero width space character in |accessdate= at position 4 (အကူအညီ); |accessdate= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  15. CROW Fietsberaad။ 17 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  16. Port of Rotterdam Statistics 2013။ Port of Rotterdam။ ၁၇ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  17. Bijna 64 miljoen—zo veel passagiers zag Schiphol nog nooit – NOS (in Dutch)။ Nederlandse Omroep Stichting (9 January 2017)။ 9 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  18. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named auto
  19. CBS Statline – Population; history. Statistics Netherlands. Retrieved on 8 March 2009.
  20. ၂၀.၀ ၂၀.၁ ၂၀.၂ ၂၀.၃ ၂၀.၄ The World Factbook – Netherlands။ Central Intelligence Agency။ ၁၈ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  21. Max Roser (2014)၊ "Total Fertility Rate around the world over the last centuries"Our World In Data, Gapminder Foundation၊ 7 August 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး၊ ၂၀ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး
  22. Garssen, Joop, Han Nicolaas and Arno Sprangers (2005)။ Demografie van de allochtonen in Nederland (in Dutch)။ Centraal Bureau voor de Statistiek။ ၂၀ မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  23. Expats in Nederland။ 19 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  24. Feiten en cijfers over immigratie – Pagina 5Ons Amsterdam
  25. Enserink၊ Martin။ "Did natural selection make the Dutch the tallest people on the planet?"၊ 7 April 2015။ 
  26. Reported health and lifestyle။ Centraal Bureau voor de Statistiek။ ၂၀ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  27. "Same-Sex Marriage Legalized in Amsterdam"၊ CNN၊ 1 April 2001။ ၂၀ ဧပြီ ၂၀၂၀ တွင် ပြန်စစ်ပြီး။ Archived from the original on 3 March 2016။ 
  28. Fossil CO2 emissions of all world countries - 2018 ReportEU Science Hub (2018)။ ၁၅ ဧပြီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  29. IAMEXPAT News။ ၁၅ ဧပြီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  30. "Arcadis Sustainable Cities Index Report"၊ 2015။ 
  31. Arcadis Sustainable Cities Index။ ၁၅ ဧပြီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  32. ၃၂.၀ ၃၂.၁ Sustainable enterprise | RVO.nl။ 15 June 2016 တွင် ပြန်စစ်ပြီး။
  33. 2 Unlimited။ ၂၀ ဧပြီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  34. Amsterdam Dance Eventlocal-life.com
  35. The international Dance industry assembles in Amsterdam next weekDutch Daily News (12 October 2012)။
  36. Canto Ostinato by Simeon ten Holt
  37. international Archives » Page 2 of 3 » Andre Rieu
  38. Top 25 Tours of 2009Billboard (11 December 2009)။
  39. Lavinia Meijer – Philip Glass : Metamorphosis & The Hours, Allmusic.com
  40. Chicago Symphony Tops U.S. OrchestrasNPR.org (21 November 2008)။
  41. Webcasting Worldwide: Business Models of an Emerging Global Medium. Routledge; 2013. ISBN 978-1-135-24977-9. p. 101–103.
  42. Sport in Nederland (in nl)။ 25 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၆ ဧပြီ ၂၀၂၀ တွင် ပြန်စစ်ပြီး။ . ned.univie.ac.at
  43. Ledental sportbonden opnieuw gestegen (in nl) (24 July 2006)။ 12 August 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၆ ဧပြီ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  44. Zandvoort secures F1 return as Dutch GP venue (14 May 2019)။ ၁​ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  45. Hart, Jonathan (2008)။ Empires and Colonies။ Polity။ pp. 201–။ ISBN 978-0-7456-2614-7။ ၅ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး zero width space character in |accessdate= at position 3 (အကူအညီ); |accessdate= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  46. အမှန်​တော့ ယ​နေ့ထိ ဒတ်ချ်​တော်ဝင်မိသားစု နယ်သာလန်နိုင်ငံ၌ အချမ်းသာဆုံးမိသားစုဖြစ်ပြီး ၎င်းတို့ကြွယ်ဝမှု၏အ​ခြေခံအ​ကြောင်းတစ်ခုမှာ ကိုလိုနီ​ခေတ်ကုန်သွယ်​ရေးဖြစ်သည်။"In Pictures: The World's Richest Royals"၊ Forbes၊ 30 August 2007။ ၅ ​မေ ၂၀၂၀ တွင် ပြန်စစ်ပြီး 
  47. Koshy၊ M. O. (1989)။ The Dutch Power in Kerala, 1729–1758။ Mittal Publications။ p. 61။ ISBN 978-81-7099-136-6
  48. [၁] Archived 12 March 2016 at the Wayback Machine. 9th Madras Regiment
  49. Nieuwenhuys, Rob Mirror of the Indies: A History of Dutch Colonial Literature translated from Dutch by E. M. Beekman (Publisher: Periplus, 1999) Book review.
  50. Etty, Elsbeth (July 1998). "Novels: Coming to terms with Calvinism, colonies and the war." NRC Handelsblad