မင်းကြီးရန်နောင်: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
"'''မင်းကြီး ရန်န..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
 
အရေးမကြီး copyedit
စာကြောင်း ၁ - စာကြောင်း ၁ -
{{copyedit}}
'''မင်းကြီး ရန်နောင်'''

သက္ကရာဇ် ၈၈၈ ခုမှ ၉၁၃ ခုအထိ ၂၅ နှစ်ခန့်အတွင်း အထက်မြန်မာနိုင်ငံ အင်းဝ၌ ရှမ်းများ လွှမ်းမိုး အုပ်စိုးလေသည်။ သက္ကရာဇ် ၈၈၈ ခုတွင် အင်းဝ၌ ရှမ်းသိုဟန်ဘွား နန်းတက်၏။ ထိုအခါ မြန်မာတို့သည် အင်းဝတွင် မနေနိုင် ၊ မနေလိုကြ၍ မြန်မာအားကြီးရာ ပြည် ၊ တောင်ငူ (အထူးသဖြင့် တောင်ငူ) သို့ ပြောင်းရွှေ့ ခိုဝင်ကြကုန်၏။

၁၉:၁၅၊ ၂၄ မေ ၂၀၂၀ ရက်နေ့က မူ

ရှမ်းသိုဟန်ဘွားသည် အလွန်ဆိုးသော မင်းဖြစ်၏။ ထို့ကြောင့် မြန်မာတို့သည် မခံမရပ်နိုင်ဖွယ်များသော် သိုဟန်ဘွား၏ အတိုင်ပင်ခံ ဖြစ်သော မြန်မာ အမတ်ကြီး မင်းကြီးရန်နောင်အား တိုင်ကြားကြကုန်၏။

ဤမင်းကြီးရန်နောင်မှာ အလွန် ဖြောင့်မတ်၏။ မိမိ အမျိုးသားတို့ကို အကယ်စင်စစ် ချစ်ခင်လှ၏။ သိုဟန်ဘွား နန်းတက်စက မြန်မာတို့နေရာ ပြည် နှင့် တောင်ငူသို့ ချီတက် တိုက်ခိုက်မည်ဟု မင်းကြီးရန်နောင်အား တိုင်ပင်ရာ ဤရှမ်းမင်း လုပ်ကြံသော် ပြည် ၊ တောင်ငူ တို့ ခံနိုင်မည်မဟုတ် ၊ ပျက်ခဲ့လျှင်လည်း ရှမ်းတို့သာ မြန်မာနိုင်ငံလုံး အုပ်စိုးကြတော့မည်။ ကျန်သည့် မြန်မာနိုင်ငံ ကျန်ပါစေတော့ကြံ၍ မင်းကြီး ရန်နောင်က " သွားရောက်တိုက်ခိုက်ရန် မလိုပါ ၊ ဘုန်းတော်ကြောင့် အလိုလို ညွတ်လာကြပါလိမ့်မည် " ဟု လျှောက်လေ၏။ သိုဟန်ဘွား လည်း မတိုက်တော့ချေ။

မင်းကြီးရန်နောင်သည် ပြည် နှင့် တောင်ငူ တို့သို့ " ရှမ်းမင်းနှင့် အညီအညွတ် ဖြစ်စေလော့ " ဟု တိတ်တဆိတ် စေ၏။ ပြည် ၊ တောင်ငူ တို့ကလည်း လက်ဆောင်ပဏ္ဏာပို့၍ မဟာမိတ်ပြုကြ၏။ အင်းဝနှင့် တောင်ငူစပ် ၊ ပြည်စပ်တို့တွင် ရှမ်းတို့ သွားရောက်နေမည် စိုး၍ ကန် ၊ ချောင်း ၊ ဆည်မြောင်း တို့ကိုလည်း ဖို့စေ၏။

အထက်က ဆိုခဲ့သည့်အတိုင်း မြန်မာတို့ မခံမရပ်နိုင်လွန်း၍ မင်းကြီးရန်နောင်အား တိုင်ကြားကြသောအခါ မတရားကို မနှစ်မြို့သော ဤမြန်မာလူမျိုး မင်းကြီးရန်နောင်သည် မတရားမင်းကို လုပ်ကြံအံ့ဟု အောက်ပါအတိုင်း စီရင်လေသည်။

သက္ကရာဇ် ၉၀၄ ခုတွင် သိုဟန်ဘွားသည် ဥယျာဉ်တော်၌ ယာယီတဲနန်း စံတော်မူမည် ရှိရာ မင်းကြီးရန်နောင်က မြန်မာအမှုထမ်း တို့အား မိမိစွဲဆောင်သော ဓားများကို တဲတော်အတွင်း မိမိတို့ ခစားမည့်နေရာ တိတ်တဆိတ် မြှုပ်ထားစေ၏။ " ငါ ထလျှင် မင်းတို့က ဓားကို ယူ၍ ရှမ်းအမတ်တို့ကို ခုတ်လေ " ဟု မှာထားနှင့်၏။ ယာယီနန်းတွင် မင်းကြီးရန်နောင် စီမံချက်အရ မြန်မာတစ်သိုက် ၊ ရှမ်းတစ်သိုက် လက်နက်မပါ အယဉ်အကျေး ဝတ်ဆင်၍ အသီးသီး ခစားကြရ၏။ ယာယီနန်းတွင် စုံလင်ခစားမိကြသော် မင်းကြီးရန်နောင်က ဓားရလိုသည်နှင့် ဓားကောင်းအကြောင်းကို စပ်၍ပြော၏။

သိုဟန်ဘွား က " အစ်ကို ရှေးက ဆင်ကိုပင် ထိသည် ဆိုသည်။ ထိုဓားကို သိပါမည်လော " ဟု မေး၏။ မင်းကြီးရန်နောင်က " သိပါသည် " ဟု ဆိုသဖြင့် မင်းစဉ်လက်သုံးဓားစုကို ယူ၍ပြစေလျှင် " သည်ဓား ဖြစ်ပါသည် " ဟု ကောက်ဟူ၍ ညွှတ်ကမ်းဟန်နှင့် သိုဟန်ဘွားကို တအား ခုတ်လိုက်လေ၏။ သိုဟန်ဘွား ပြတ်သည့်ပြင် မှီထိုင်နေသော ဝါးပိုးတိုင်နှင့် ကြမ်းလေးချောင်း ပြတ်သေးသော ဟူ၏။

ရှမ်းတို့ သောသောထလျှင် မြန်မာတို့က မြှုပ်ထားသောဓားကို ဖော်ယူ၍ ရှမ်းတို့ကို ခုတ်လေ၏။ သိုဟန်ဘွား အနိစ္စရောက်လျှင် မှူးမတ်ပြည်သူ အများကပင် မင်းကြီးရန်နောင်အား မင်းပြုရန် တောင်းပန်ကြကုန်၏။ မင်းကြီးရန်နောင်ကား " ငါသည် မတရားမင်းကို ချခြင်းသာ ဖြစ်သည်။ ငါကိုယ်တိုင် မင်းမပြုလို ၊ တရားလည်း တရားသော မြန်မာကိုလည်း လိုလားသော အုန်းဘောင်ခုံမှိုင်းကို နန်းတင်ကြလေ " ဆိုသဖြင့် နန်းတင်ကြလေ၏။ မိမိကား နောက်တစ်နှစ်ကြာသော် လောကကို ငြီးငွေ့၍ တောထွက် ရဟန်းပြုသွားလေသတည်း။[၁]

  1. မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ (ဦးဖိုးကျား)